22/02/2026
မနက်ဖြန် 23.2.2026 (Monday) ကျင်းပမယ့် ထမနဲထိုးပွဲမှာ
TTU Basketball Team အတွက် —
🏆 Main Sponsor – Mercury Online Shopping Mall
🥤🍿 Co-Sponsor – CoCo Snacks & Juice
တို့ အတူရှိနေမှာဖြစ်ပါတယ်။
✨ Mercury Online Shopping Mall မှာ
• Mercury App Install လုပ်ထားသူများအတွက် Lucky Draw အစီအစဉ်များ
• Mercury App Account ဖွင့်ထားသူ Customer များအတွက် Promotion နှင့် လက်ဆောင်အစီအစဉ်များ
ကို စီစဉ်ပေးသွားမှာဖြစ်ပါတယ်။
🥤 CoCo Snacks & Juice မှာတော့
• ပွဲတော်အတွင်း Snacks နှင့် Juice များ ရောင်းချပေးသွားမှာဖြစ်ပြီး
• ပျော်ရွှင်စရာ အရသာမျိုးစုံနဲ့ ပွဲတော်ကို ပိုပြီးစည်ကားစေမှာဖြစ်ပါတယ်။
အားလုံးကို ပျော်ရွှင်ဖွယ် ထမနဲထိုးပွဲမှာ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် 💙🏀
Hello TTUers!📢
Join us for our special event tomorrow!
Let’s celebrate our traditions and make a great memory together. See you all there! ✨
📍 Location: TTU
🗓️ Date: 23.2.2026(Monday)
16/02/2026
‼️မနက်ဖြန်မှာ ယှဉ်ပြိုင်မယ့် Quarter Final ပွဲစဉ်များ အချိန်ဇယားထွက်ပါပြီ။
17.2.2026(Tuesday)
Recreation Centre,YU
15/02/2026
🏀 ကျေးဇူးတင်ရှိကြောင်း ဖော်ပြခြင်း
ရန်ကုန်တက္ကသိုလ်မှ ဦးစီးကျင်းပသည့် ကျောင်းပေါင်းစုံ Basketball ပြိုင်ပွဲ တွင်
နည်းပညာတက္ကသိုလ် (သန်လျင်) ကိုယ်စားပြု ကစားသမားများအတွက်
Mercury Online Shopping Mallမှ စပွန်ဆာပေးကာ အားပေးကူညီခဲ့သည့်အတွက်
အထူးကျေးဇူးတင်ရှိကြောင်း လေးစားစွာဖြင့် ဖော်ပြအပ်ပါသည်။ 🙏✨
Mercury Online Shopping Mall ၏ ပံ့ပိုးကူညီမှုကြောင့်ကျောင်းသား/သူကစားသမားများလည်းစိတ်ဓာတ်ခွန်အားတိုးမြင့်ပီး အားကစားစိတ်ဓာတ်များ တိုးတက်မြင့်မားစေခဲ့ပါသည်။ 💪🏀
အထူးကျေးဇူးတင်ရှိပါသည် Mercury Online Shopping Mall❤️
14/02/2026
Be ready for the Tmr tournament TTUers!!🗣️💯
13/02/2026
အခုဆိုရင်တော့ ကျွန်တော်တို့TTU Basketball Club မှကျောင်းသားတွေဟာဆိုရင် ရန်ကုန်တက္ကသိုလ် ၁၀၅နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်တဲ့ ဘတ်စကတ်ဘောဖိတ်ခေါ်ဖလားပြိုင်ပွဲကို TTUကျောင်းရဲ့ကိုယ်စားပြုအနေနဲ့သွားရောက်ယှဉ်ပြိုင်ကြမယ်ဆိုတာ အားလုံးသိရှိပြီးဖြစ်မှာပါ အဲ့တော့ပြိုင်ပွဲမှာ ကျွန်တော်တို့ကစားသမားတွေ၀တ်ဆင်ကြမယ့် jerseyကို မိတ်ဆက်ပြသမှာဖြစ်ပါတယ် အနက်ရောင်ကိုမှ ပန်းရောင်အစပ်နဲ့ အ၀ါရောင်အစပ်ဆိုပြီး ဒီဇိုင်းနှစ်မျိုးရှိမှာဖြစ်ပါတယ် ဒါ့အပြင်အဆိုပါjerseyများကို၀ယ်ယူအားပေးပြီး ၀တ်ဆင်ချင်တဲ့သူတွေအတွက်လည်း ကျွန်တော်တို့basketball clubမှ ရောင်းချပေးဦးမှာဖြစ်ပါတယ်
ဈေးနှုန်းတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်
Shirt only - 33000
One set - 46000
၀ယ်ယူချင်တယ်ဆိုရင်တော့ tele acc ဆီမှာလာရောက်မှာယူပေးကြပါနော် (ပုံလေးတွေကတော့ Jersey Example design ဖြစ်ပါတယ်)
အဲ့တော့ TTUရဲ့ကိုယ်စားပြုအသင်းရဲ့ jerseyကို၀တ်ဆင်ပြီး TTUအသင်းကိုအားပေးလိုက်ကြရအောင်
10/02/2026
တက္ကသိုလ် (၉) ခုရဲ့ အားမာန်တွေနဲ့အတူ ဆုံတွေ့ကြစို့!
ရန်ကုန်တက္ကသိုလ်ရဲ့ (၁၀၅) နှစ်ပြည့် သမိုင်းဝင် အထိမ်းအမှတ်ပွဲကို အရှိန်အဟုန်အပြင်းဆုံး ဆင်နွှဲဖို့ အဆင်သင့်ပဲလား?
ဒီပြိုင်ပွဲမှာ ရန်ကုန်ရဲ့ ထိပ်သီးတက္ကသိုလ် (၉) ခုက အားကစားသမားတွေဟာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်မှုတွေ၊ မလျှော့သော ဇွဲလုံ့လတွေနဲ့အတူ ကွင်းအတွင်းမှာ အစွမ်းကုန် ယှဉ်ပြိုင်ကြတော့မှာပါ။
ရက်စွဲကို မှတ်ထားလိုက်တော့!
ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ
မနက် ၈ နာရီကနေ စတင်ပြီး တစ်နေကုန် အကြိတ်အနယ် ပွဲစဉ်တွေ ရှိနေမှာနော်!
ဘယ်တက္ကသိုလ်က ရန်ကုန်ရဲ့ ဘုရင်ဖြစ်လာမလဲ? ဘယ်အသင်းက ချန်ပီယံဆုဖလားကို သိမ်းပိုက်ပြီး သမိုင်းသစ် ရေးထိုးသွားမလဲ?
04/02/2026
📣Announcement
‼️ ရန်ကုန်တက္ကသိုလ်မှ ကြီးမှူးကျင်းပသော တက္ကသိုလ်ကျောင်းပေါင်းစုံ ဘတ်စကတ်ဘော ဖိတ်ခေါ်ဖလားပြိုင်ပွဲ ကြေညာချက်🏀
တက္ကသိုလ်ကျောင်းပေါင်းစုံ ဘတ်စကတ်ဘော ဖိတ်ခေါ်ပြိုင်ပွဲ ကို ၁၃.၂.၂၀၂၆ မှ ၁၇.၂.၂၀၂၆ အထိ (၅ ရက်ကြာ အစိုးရ ရုံးပိတ်ရက်အတွင်း ) ရန်ကုန်တက္ကသိုလ် မှ ကြီးမှူးကျင်းပသွားမည်ဖြစ်ပါကြောင်း ဦးစွာ အသိပေးကြေညာအပ်ပါသည်။
အထက်အကြောင်းအရာပါ ကိစ္စနှင့် စပ်လျဉ်း၍ အောက်ဖော်ပြပါ ကျောင်းများကို ဖိတ်ခေါ်စာ ပေးပို့လိုပါ၍ အောက်ပါ ကျောင်းများ၏ official email သို့မဟုတိ ကျောင်းသို့ ဆက်သွယ်ရန် ဖုန်းနံပါတ် အား ဤ page ၏ chatbox တွင် လာရောက် ပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည် ခင်ဗျာ။
၁။ ဆေးတက္ကသိုလ် (၁) ရန်ကုန်
၂။ ဆေးတက္ကသိုလ် (၂) ရန်ကုန်
၃။ ရန်ကုန်နည်းပညာတက္ကသိုလ်
၄။ နည်းပညာတက္ကသိုလ်(သန်လျင်)
၅။ နည်းပညာတက္ကသိုလ်(မှော်ဘီ)
၆။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
(မှတ်ချက် ။ ။ စာရင်းတွင် မပါရှိသော ရန်ကုန်မြို့အတွင်းရှိ ကျန်ကျောင်းများအား email ပို့ထားပြီး ဖြစ်ပါသည်။ )
‼️** ဤဖိတ်ခေါ်ပြိုင်ပွဲတွင် ယခုဖြစ်ပေါ်နေသော အခြေအနေများကြောင့် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များအား ဖိတ်ခေါ်နိုင်ခြင်း မရှိသေးဘဲ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များကိုသာ ဖိတ်ခေါ်ကျင်းပသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။နောက်လာမည့် ပြိုင်ပွဲများတွင် တစ်နိုင်ငံလုံး ဖိတ်ခေါ်သွားနိုင်ရန် ကြိုးစားသွားပါမည်။🙏🏻