TTU - Civil Family

TTU - Civil Family

Share

ᴏғғɪᴄɪᴀʟ ᴄᴏᴍᴍᴜɴɪᴛʏ ᴘᴀɢᴇ ғᴏʀ ᴛ.ᴛ.ᴜ ᴄɪᴠɪʟ ᴇɴɢɪɴᴇᴇʀɪɴɢ sᴛᴜᴅᴇɴᴛs, ᴀʟᴜᴍɴɪ ᴀɴᴅ ғᴀᴄᴜʟᴛʏ.

𝐁𝐨𝐫𝐧 𝐓𝐨 𝐁𝐮𝐢𝐥𝐝 🏗️

Photos from TTU - Civil Family 's post 06/02/2026

𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗦𝗵𝗼𝘄𝗰𝗮𝘀𝗲 : 𝐆𝐞𝐨𝐩𝐨𝐥𝐲𝐦𝐞𝐫 𝐂𝐨𝐧𝐜𝐫𝐞𝐭𝐞 🏗️

နည်းပညာတက္ကသိုလ်(သန်လျင်) ၏ နှစ် ၄ဝ ပြည့် ပတ္တမြားရတု project show မှ ပထမဆုရ Civil Project Team ၏ Geopolymer အကြောင်းကို TTUer သူငယ်ချင်းများနဲ့ မေဂျာ မိသားစုဝင်များအားလုံး ဗဟုသုတတိုးပွား‌နိုင်စေရန် ကျွန်ုပ်တို့ T.T.U Civil Family Page မှပြန်လည် မျှဝေလိုက်ရပါတယ်။

🏗️ ဘိလပ်မြေ မသုံးဘဲ ကွန်ကရစ် ဖျော်လို့ရတယ်ဆိုတာ သင်သိပါသလား?

Geopolymer နည်းပညာကို အသုံးပြုမည်ဆိုလျှင် သေချာပေါက် ရနိုင်ပါတယ်။

Geopolymer ဆိုသည်မှာ သမားရိုးကျ ဘိလပ်မြေ (Cement) အစား
Aluminosilicate ဓာတ်ကြွယ်ဝသော စက်မှုလုပ်ငန်းသုံး ဘေးထွက်ပစ္စည်းများ ကို
Alkaline Activator Solution နှင့် အချိုးကျ ရောစပ်အသုံးပြုပြီး ထုတ်လုပ်ထားသည့် သဘာဝပတ်ဝန်းကျင်နှင့် အလွန်ကိုက်ညီသော ဘိလပ်မြေအစားထိုး ဆောက်လုပ်ရေးပစ္စည်းတစ်မျိုး ဖြစ်ပါသည်။

🏗️ Geopolymer ကို ဘယ်လို ရရှိလာသလဲ?

Geopolymer သည် ဘိလပ်မြေကဲ့သို့ ရေကိုအခြေခံသော Hydration Process ကို မှီခိုခြင်းမရှိဘဲ Alumina နှင့် Silica ကြွယ်ဝသော Raw Materials များဖြစ်သည့်—

1. ကျောက်မီးသွေးပြာ (Fly Ash)
2. သံမဏိဖို အကြွင်းကျန် (Slag / GGBS)
3. ရွှံ့စေးဖြူ (Metakaolin)
4. ဖွဲပြာ (Rice Husk Ash – RHA)

တို့ကို Alkaline Activator Solution (NaOH + Na₂SiO₃) နှင့် ဓာတ်ပြုစေခြင်းမှ ရရှိလာပါသည်။

Activator Solution သည် Raw Materials များထဲတွင် ပါဝင်သော
Alumina နှင့် Silica တို့ကို ပျော်ဝင်စေပြီး
Ion များ၏ ရွှေ့ပြောင်းမှုမှတဆင့် အချင်းချင်း ဆက်သွယ်လာကာ
N-A-S-H Gel ဟုခေါ်သော
ခိုင်မာသော Aluminosilicate Polymer Network (Si–O–Al–O) ကို ဖန်တီးပေးပါသည်။
ဖြစ်ပေါ်လာသည့် Geopolymer Gel သည်
ဘိလပ်မြေ(Cement) တွင် ဖြစ်ပေါ်လာသော C–S–H Gel ကဲ့သို့ပင်
Aggregate များကို မြဲမြံစွာ ဆုပ်ကိုင်နိုင်ပါသည်။

ထို့ကြောင့် သက်ဆိုင်ရာ ရောစာများဖြစ်သည့်
သဲ၊ ကျောက်များနှင့် ပေါင်းစပ်အသုံးပြုသောအခါ
Geopolymer Mortar နှင့် Geopolymer Concrete တို့ကို ရရှိစေနိုင်ပါသည်။

🏗️ Geopolymer က ဘာကြောင့် အရေးပါတာလဲ?

🌏 ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း
သမားရိုးကျ ဘိလပ်မြေထက် CO₂ ထုတ်လွှတ်မှု နည်းပါးခြင်း

⚒️ တွင်းထွက်သယံဇာတများကို အလွန်အမင်း ထုတ်ယူအသုံးပြုခြင်းကို လျော့ချနိုင်ခြင်း

🌳 သစ်တောပြုန်းတီးမှုနှင့် ဂေဟစနစ် ထိခိုက်မှုများကို လျော့နည်းစေနိုင်ခြင်း

♻️ အဓိကကုန်ကြမ်းများကို
Industrial By-products များမှ ပြန်လည်အသုံးပြုနိုင်ခြင်း

💪 အချိန်တိုအတွင်း High Early Strength ရရှိနိုင်ခြင်း

🧪 အပူနှင့် ဓာတုဗေဒဆိုင်ရာ ဓာတ်ပြုမှုများကို ကောင်းစွာ ခံနိုင်ရည်ရှိခြင်း

🛡️ သမားရိုးကျ ဘိလပ်မြေထက် ရေရှည်ခိုင်ခံမှု ပိုမိုမြင့်မားခြင်း

စသောဤအချက်အလက်များကြောင့်
Geopolymer သည် သဘာဝပတ်ဝန်းကျင်ရှုထောင့်မှ ကြည့်လျှင်
အလွန်အရေးပါသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတစ်မျိုး ဖြစ်ပါသည်။

🏗️ Geopolymer ကို ဘယ်နေရာတွေမှာ အသုံးပြုနိုင်သလဲ ?

Geopolymer များကို—
• Precast ထုတ်ကုန်များ
• လမ်းများ၊ တံတားများနှင့် အခြေခံအဆောက်အဦများ
• အပူ၊ မီးဒဏ်နှင့် ပင်လယ်ရေကို တိုက်ရိုက်ထိတွေ့နိုင်သော နေရာများ
• ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်များ
တွင် အသုံးပြုနိုင်ပါသည်။

🏗️ သုတေသနနှင့် စမ်းသပ်မှု အတွေ့အကြုံ

နည်းပညာတက္ကသိုလ် (သန်လျင်) ၊
မြို့ပြအင်ဂျင်နီယာဌာနမှ စတုတ္ထနှစ် ကျောင်းသူ/သား (၉) ဦးတို့သည်
Fly Ash, Slag နှင့် Rice Husk Ash (RHA) တို့ကို အခြေခံထားသော
Geopolymer Concrete အမျိုးအစား (၄) မျိုး ကို
Pilot Project အဖြစ် စမ်းသပ်လုပ်ဆောင်ခဲ့ပြီး
7-Day Compressive Strength အနေဖြင့်
အမြင့်ဆုံး 60 MPa (≈ 9000 psi) အထိ ရရှိခဲ့ကြောင်းကို
Lab Report များနှင့်အတူ မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ထို့အပြင်
ဖွဲပြာ (RHA) ကို Geopolymer Mortar တွင် ထည့်သွင်းအသုံးပြုနိုင်ရန်
သုတေသနလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

စာရေးသူ – မောင်လမင်းထူး
(စတုတ္ထနှစ်၊ မြို့ပြအင်ဂျင်နီယာဌာန)

ကိုးကား

Davidovits, J. (2008). Geopolymer Chemistry and Applications (2nd Edition).

Ministry of Construction,
Building Research Laboratories – Lab Reports
(Fly Ash, Slag, RHA Experiments)


30/01/2026

လက်ရှိကျင်းပလျက်ရှိသော MMU Fun Fair တွင် သံချပ်အား MMU ကျောင်းသားများမှတင်ဆက်သွားခဲ့ပါသည်။

ယခုပြဿနာ၏အစဖြစ်သော ကျွန်တော်တို့ကျောင်းဘက်က major welcome တစ်ခုအတွက် performance တွင် လိုအပ်ချကိအရ အသုံးပြုရန် သူငယ်ချင်းအချင်း necktie ငှါးမိရာမှ ထို necktie အား LGBT သရုပ်ဖော် performance တစ်ခုတွင်အသုံးပြုမိသည့်အတွက် MMU ကျောင်းသားများ မကျေမနပ်ဖြစ်ခဲ့သည့်အပေါ် ကျွန်တော်တို့ TTU ၏ Mechanical Engineering Official page မှတရားဝင်တောင်းပန်စာ ထုတ်ပြန်ပေးကာ လူကြီးလူကောင်းဆန်ဆန်တောင်းပန်ဖြေရှင်းခဲ့သည်။

သို့သော် ထိုသို့ဖြေရှင်းပေးပြီးသည့်တိုင် MMU ကျောင်းသားများဘက်မှ ကျေနပ်မှုမရှိဘဲ ပုံကြီးချဲ့ကာ page များမှ post များတင်၍ မိမိတို့ကျောင်း အားအမျိုးမျိုးဝေဖန်တိုက်ခိုက်ခဲ့သည့်အပြင် MMU ကျောင်းသားများမှလည်း မိမိတို့ TTU ကျောင်းသားများအား ရိုင်းစိုင်းသောစကားများဖြင့် ပြောဆိုတိုက်ခိုက်ခဲ့ပါသည်။ သို့သော်လည်းကျွန်တော်တို့အနေဖြင့် ထိုသို့ ပြောဆိုတိုက်ခိုက်မှုများကို မိမိတို့ဘက်မှ ကျောင်းသားများအကြားဖြစ်သောပြဿနာတစ်ခုအဖြစ် လူကြီးလူကောင်းဆန်ဆန်လျစ်လျူရှုပေးခဲ့သည်။

သို့သော် ယနေ့တွင်ထွက်ပေါ်လာသော သံချပ်မှာမူကျောင်းနှစ်ကျောင်းက သူငယ်ချင်းအချင်းချင်းဖြစ်သောကိစ္စမှနေ၍ MMU ၏ official ကျင်းပပြုလုပ်သော Fun fair တွင် တစ်ခြားကျောင်းတစ်ကျောင်းလုံး(TTU)ကို‌ စောင်းမြောင်းပုတ်ခတ်ပြောဆိုကာ “အရှက်မရှိ” ဟူသော စကားလုံးများဖြင့်စော်ကားထားသည်ကို MMU ဘက်မှသက်ဆိုင်ရာ organizers များ ဆရာ၊ ဆရာမများ အနေဖြင့်ခွင့်ပြုပေးထားသည်မှာ အင်မတန်အကျည်းတန်၍ စိတ်မကောင်းဖြစ်စရာကိစ္စရပ်တစ်ခုဟု ထင်မြင်မိပါသည်။

Necktie ကိစ္စသည် ကျွန်တော်တို့ဘက်မှတောင်းပန်ပြီးဖြစ်သော်လည်း LGBT character တစ်ယောက်အနေနှင့် MMU necktie ဝတ်လို့မရဘူးလားဟု မေးခွန်းထုတ်ချင်ပါသည် ။ ယခုလက်ရှိ ကမ္ဘာကြီးမှာ 21st century ရောက်နေပြီဖြစ်ကာ LGBT လူတန်းစားများအားအထင်သေးကာ မဆက်ဆံသင့်တော့ဘဲ human rights နှင့်အညီတစ်ပြေးတည်းဆက်ဆံသင့်ပါသည်။
ထို့အပြင်ကျောင်းသားအချင်းချင်း ပြဿနာဖြစ်ကြလျှင်တောင် ကျောင်းတစ်ကျောင်း၏ စီနီယာများမှ ဝင်ထိန်းပေးရမည့်အစားတရားဝင် တိုက်ခိုက်ခွင့်ပေးထားသည့်အပေါ် MMU fun fair organizersများ နှင့် ဆရာ၊ ဆရာမ များတွင် ကျောင်းတစ်ကျောင်းနှင့်တစ်ကျောင်းအကြား ထားရှိရမည့် ကျင့်ဝတ်များကိုသိလျက်နှင့် စိတ်ခံစားမှုကိုရှေ့တန်းတင်ကာ တမင်သပ်သပ် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခဲ့သလား ဟုထောက်ပြရင်း MMU မှယနေ့ထွက်ပေါ်လာသောသံချပ်အပေါ် ရှုံ့ချပါကြောင်း၊ ထိုသံချပ်အပေါ် သက်ဆိုင်ရာorganizers များနှင့် ဆရာ၊ဆရာမ များမှ စိစစ်၍ အရေးယူဆောင်ရွက်ရန် မိမိတို့ TTU ကျောင်းသားများဘက်မှ တိုက်တွန်းလိုက်ရပါသည်။

Photos from TTU - Civil Family 's post 30/01/2026

𝐂𝐎𝐍𝐆𝐑𝐀𝐓𝐔𝐋𝐀𝐓𝐈𝐎𝐍𝐒 🏗️🏆
𝗧.𝗧.𝗨 𝗥𝗨𝗕𝗬 𝗝𝗨𝗕𝗟𝗜𝗘𝗘 𝗣𝗥𝗢𝗝𝗘𝗖𝗧 𝗦𝗛𝗢𝗪 𝗪𝗜𝗡𝗡𝗘𝗥𝗦

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော နည်းပညာတက္ကသိုလ်(သန်လျင်) ၏
နှစ် (၄၀) ပြည့် ပတ္တမြားရတု နှင့် Project Show အခမ်းအနားတွင် "Geopolymer Concrete" အကြောင်းကို ရှင်းလင်းပြသခြင်းဖြင့် Civil Major ကိုယ်စားပြု Project Team အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး 𝑻.𝑻.𝑼 𝑹𝒖𝒃𝒚 𝑱𝒖𝒃𝒍𝒊𝒆𝒆 𝑷𝒓𝒐𝒋𝒆𝒄𝒕 𝑺𝒉𝒐𝒘 𝑾𝒊𝒏𝒏𝒆𝒓𝒔 ဆုကို ဆွတ်ခူးရရှိခဲ့သော Civil Engineering Fourth Year Senior ကျောင်းသားကျောင်းသူများဖြစ်ကြသည့်
မောင်လမင်းထူး၊ မောင်မင်းဝေယံဖြိုး၊ မောင်ရဲမင်းဟိန်း၊ မောင်မာန်၊ မောင်ပြည့်ဖြိုးသိန်း၊ မောင်မင်းသန့်စည်သူ၊ မမေသူသူခိုင်၊ မကြယ်စင်မှူး နှင့် မအေးခိုင်မိုးတို့အား နည်းပညာတက္ကသိုလ်(သန်လျင်) မြိုပြအင်ဂျင်နီယာဌာနမှ ဆရာကြီးဆရာမကြီးများ၊ ကျောင်းသားကျောင်းသူများ၊ နှင့် မေဂျာ မိသားစုဝင်များအားလုံးနှင့်အတူ ကျွန်ုပ်တို့ T.T.U Civil Family Page မှ အောင်မြင်မှုအတွက်ထပ်တူထပ်မျှ ဝမ်း‌မြောက်မိ‌ကြောင်း ထပ်ဆင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

𝑫𝒐𝒖𝒃𝒍𝒆 𝑻𝒊𝒕𝒍𝒆𝒔 𝒐𝒏 𝑹𝒖𝒃𝒚 𝑱𝒖𝒃𝒍𝒊𝒆𝒆 💪🏻🏆👑
𝑻𝒉𝒂𝒏𝒌 𝒚𝒐𝒖 𝒇𝒐𝒓 𝒆𝒗𝒆𝒓𝒚𝒕𝒉𝒊𝒏𝒈.
𝑾𝒆'𝒍𝒍 𝒇𝒐𝒓𝒆𝒗𝒆𝒓 𝒓𝒆𝒎𝒆𝒎𝒃𝒆𝒓 𝒚𝒐𝒖𝒓 𝒆𝒇𝒇𝒐𝒓𝒕𝒔 𝒕𝒐 𝒘𝒓𝒊𝒕𝒆 𝒐𝒖𝒓 𝒃𝒆𝒍𝒐𝒗𝒆𝒅 𝑴𝒂𝒋𝒐𝒓'𝒔 𝒏𝒂𝒎𝒆 𝒂𝒏𝒅 𝒚𝒐𝒖𝒓𝒔 𝒊𝒏𝒕𝒐 𝒕𝒉𝒊𝒔 𝒃𝒓𝒂𝒏𝒅 𝒏𝒆𝒘 𝒄𝒉𝒂𝒑𝒕𝒆𝒓 𝒐𝒇 𝒐𝒖𝒓 𝒖𝒏𝒊𝒗𝒆𝒓𝒔𝒊𝒕𝒚.

𝐁𝐨𝐫𝐧 𝐓𝐨 𝐁𝐮𝐢𝐥𝐝
𝐁𝐮𝐢𝐥𝐭 𝐓𝐨 𝐌𝐚𝐤𝐞 𝐇𝐢𝐬𝐭𝐨𝐫𝐲 🏗️🏆👑

Photos from TTU - Civil Family 's post 29/01/2026

𝗖𝗜𝗩𝗜𝗟 𝗖𝗢𝗡𝗤𝗨𝗘𝗥𝗦 𝗧𝗛𝗘 𝗦𝗧𝗔𝗚𝗘 👸🏻✨🚀

ယနေ့ကျင်းပပြုလုပ်ခဲ့သော
2025 - 2026 Academic Year T.T.U The Whole Welcome ပွဲကြီးတွင်
" 𝐓.𝐓.𝐔 𝐓𝐡𝐞 𝐖𝐡𝐨𝐥𝐞 𝐐𝐮𝐞𝐞𝐧 𝟐𝟎𝟐𝟔 𝐓𝐢𝐭𝐥𝐞 👑✨ "
အားဆွတ်ခူးရရှိသွားသော First Year Civil မှ ညီမငယ်
မထက်မြတ်ရတနာ အား နည်းပညာတက္ကသိုလ်(သန်လျင်) မြို့ပြအင်ဂျင်နီယာဌာနမှ ဆရာကြီးဆရာမကြီးများ၊ ကျောင်းသားကျောင်းသူများ၊ နှင့် မေဂျာ မိသားစုဝင်များ အားလုံး၏ကိုယ်စား ကျွန်ုပ်တို့ T.T.U Civil Family Page မှအထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။

2025 - 2026 Academic Year T.T.U The Whole Welcome ပွဲကြီး ဖြစ်မြောက်ရေးအတွက်အဖက်ဖက်မှ ဝိုင်းဝန်းပါဝင်ကူညီအားပေးခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများ၊ မေဂျာပေါင်းစုံမှညီအစ်ကိုမောင်နှမ TTUer များအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိအပ်ပါသည်။

Born to Build
Built to make history 💪🏻
Vamos Civil 🚀✨

25/01/2026

⏳👀✨....

Hello TTuers!
TTU: The Whole Welcome is officially set.
Mark your calendar for January 29th,2026🗓️
Stay tuned for more event announcement📢


06/01/2026

𝟮𝟬𝟮𝟲 𝗧.𝗧.𝗨 𝗖𝗜𝗩𝗜𝗟 𝗠𝗔𝗝𝗢𝗥 𝗪𝗘𝗟𝗖𝗢𝗠𝗘 🎆🦺

Technological University (Thanlyin)၊ 2026 Academic Year ရဲ့ Fresher လေးများကို ကြိုဆိုသောအားဖြင့် ကျွန်တော်တို့ Department of Civil Engineering ရဲ့ Major Welcome ပွဲကြီးကို အောက်ပါ အစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားတော့မှာဖြစ်ပါတယ်။

🗓️ - 𝟾.𝟷.𝟸𝟶𝟸𝟼 , 𝚃𝙷𝚄𝚁𝚂𝙳𝙰𝚈
⏳ - 𝟾 : 𝟹𝟶 𝙰𝙼 𝚝𝚘 𝟹 : 𝟹𝟶 𝙿𝙼
📍 - 𝚃.𝚃.𝚄 𝙲𝚘𝚗𝚟𝚘𝚌𝚊𝚝𝚒𝚘𝚗 𝙷𝚊𝚕𝚕

ဒီပွဲကြီးမှာဆိုရင်
👑ကျွန်တော်တို့ Civil Department ရဲ့ King / Queen Selection ညီငယ်၊ ညီမငယ်လေးများရဲ့ Performance တွေ

🎶 Civil Major ကျောင်းသားကျောင်းသူလေးများရဲ့ Entertainment အစီအစဉ်တွေအပြင်

🎉 အမှတ်တရဖြစ်စေမယ့် အခြားအခြားသော Activity တွေ၊ အစီအစဥ်တွေကိုပါ ထည့်သွင်းပြုလုပ်ကျင်း‌ပပေးသွားမှာဖြစ်တဲ့အတွက်

ကျွန်တော်တို့ရဲ့ Civil King / Queen Selection ညီငယ်၊ ညီမငယ်လေးများကို လာရောက်ကြည့်ရှူအားပေးပြီး မြို့ပြ စီစီ ဂျူဂျူများအားလုံးနဲ့ အတူ အမှတ်တရတွေဖန်တီးရင်း 2026 Civil Major Welcome ပွဲကြီးမှာပါဝင်ဆင်နွှဲနိုင်ကြဖို့ရာ နည်းပညာတက္ကသိုလ် (သန်လျင်) မှ တာဝန်ရှိ ဆရာကြီး ဆရာမကြီးများနဲ့ ရပ်နီးရပ်ဝေးမှ ကျောင်းသားကျောင်းသူ ညီအစ်ကို မောင်နှမ သူငယ်ချင်းများအားလုံးကို T T U မြို့ပြအင်ဂျင်နီယာဌာန မိသားစုဝင်များ ကိုယ်စား ကျွန်တော်တို့ TTU - Civil Family မှ နွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်။

05/01/2026

အခုလာ‌‌ တော့မယ့် ၈ /၁/ ၂၀၂၆ကြာသပတေးနေ့လေးမှာဆိုရင် TTU Civil Major ရဲ့ Fresher Welcome လေးကျင်းပပြုလုပ်ကျင်းပမှာဖြစ်ပါတယ်။ TTU က
ညီအစ်ကိုမောင်နှမများအားလုံးလာရောက်အားပေးဖို့အတွက်ဖိတ်ကြားအပ်ပါတယ်ရှင်🫶🏼🤍

27/12/2025

နည်းပညာတက္ကသိုလ်(သန်လျင်) နှစ် ၄၀ ပြည့် ပတ္တမြားရတု နှင့် Unity Fair ကျင်းပရေးကော်မတီ ဖွဲ့စည်းခြင်း

၂၀၂၆၊ ဇန်နဝါရီလ တွင် ကျင်းပပြုလုပ်မည့် နည်းပညာတက္ကသိုလ်(သန်လျင်) နှစ် ၄၀ ပြည့် ပတ္တမြားရတု အခမ်းအနား နှင့် Unity Fair အတွက် ကျင်းပရေး ကော်မတီကို အောက်ဖော်ပြပါ သက်ဆိုင်ရာ မေဂျာကိုယ်စားပြုကျောင်းသား/သူ များနှင့် ဖွဲ့စည်းလိုက်ပါသည်။ အခမ်းအနား နှစ်ရပ်လုံးနှင့် ပတ်သက်၍ ကော်မတီဝင်များမှ တိုက်ရိုက်ထုတ်ပြန်သော သတင်းများသည်သာ အတည်ဖြစ်ပါသည်။ အခမ်းအနားကျင်းပရာတွင် ကြော်ငြာ(Sponsor)၊ Collaboration၊ Media အစရှိသော ကိစ္စရပ်များအတွက် ၀၉၄၄၄၃၀၆၂၈၀၊ ၀၉၄၅၃၈၃၈၁၀၀ တို့ကို ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။

(ကော်မတီဝင်များမှအပ မည်သည့်ကျောင်းသား၊ အဖွဲ့အစည်းများမှ ထုတ်ပြန်သော သတင်းအချက်အလက်များကို အတည်မမှတ်ယူကြပါရန်)

Photos from TTU - Civil Family 's post 27/12/2025

လာမယ့် 8/1/2026မှာ ကျင်းပပြုလုပ်မယ့် သန်လျင်နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာဌာနရဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် King selection/ Queen selection မောင်ငယ်ညီမငယ်လေးတို့ရဲ့ couple photos လေးတွေဖြစ်ပါတယ်ရှင်✨🫶🏼

Photos from TTU - Civil Family 's post 26/12/2025

ကဲကဲ... မနေ့ကမင်မင်တို့ရဲ့အချောအလှညီမငယ်လေးတွေကိုမိတ်ဆက်ပေးပြီးပြီဆိုတော့ဒီနေ့မှာတော့မင်မင်တို့TTU Civil Major ရဲ့ King selection မောင်လေးတွေနဲ့မိတ်ဆက်ပေးပါတော့မယ်နော်
အနာဂတ်ရဲ့အင်ဂျင်နီယာလောင်းလေးတွေကိုယူတို့အတွေးမမှားကြနဲ့နော်👀
Popular award ကို react voting ယူမှာဖြစ်လို့ ကိုယ်သဘောကျတဲ့ contestant မောင်လေးတွေကို react ပေးသွားကြပါဦး🫣

Photos from TTU - Civil Family 's post 25/12/2025

Hello အားလုံးပဲ မင်္ဂလာပါ
အခုချိန်ဟာဆိုရင်အကုန်လုံးစောင့်မျှော်နေကြတဲ့TTU Civil Major ရဲ့မောင်မယ်သစ်လွင်ကြိုဆိုပွဲလေးမကြာမီရောက်လာတော့မှာဆိုတော့မင်မင်တို့ဘက်ကနေမင်မင်တို့ရဲ့မောင်လေးညီ‌မလေးချောချောလေးတွေကိုမိတ်ဆက်ပေးဖို့အချိန်ကျရောက်လာပြီပေါ့နော်
ဒီနေ့မိတ်ဆက်ပေးမှာကတော့မင်မင်တို့မေဂျာရဲ့အချောအလှ Queen Selectionညီမငယ်လေးတွေပဲဖြစ်ပါတယ်🫶🏼
Popular award ကို react voting ယူမှာဖြစ်လို့ ကိုယ်သဘောကျတဲ့ contestant ညီမလေးတွေကိုလည်း react ပေးသွားကြပါဦးနော်🫣

06/10/2025

𝗦𝗧𝗔𝗧𝗘𝗠𝗘𝗡𝗧 | 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐅𝐮𝐥𝐥-𝐌𝐨𝐨𝐧 𝐃𝐚𝐲 🪷🏮

ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၇ ခု၊ သာသနာတော်နှစ် ၂၅၆၉၊ ခရစ်နှစ် ၂၀၂၅၊ အောက်တိုဘာလ (၆)ရက်နေ့ တွင် ကျရောက်သော သီတင်းကျွတ်လပြည့်နေ့အခါသမယဝယ် နည်းပညာတက္ကသိုလ် (သန်လျင်) ၏ ဆရာကြီး ဆရာမကြီးများ၊ ကျောင်းသားကျောင်းသူများနှင့်တကွ ‌မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာ‌ခြင်းတို့ဖြင့် ပြည့်စုံ၍ စီးပွားလာဘ်လာဘ ကောင်းချီးမင်္ဂလာများ ဒီရေအလားတိုးတက်ပွားများကြပါစေကြောင်း 𝑻.𝑻.𝑼 မြို့ပြအင်ဂျင်နီယာဌာန မိသားစုဝင်များကိုယ်စား 𝑻.𝑻.𝑼 𝑪𝒊𝒗𝒊𝒍 𝑭𝒂𝒎𝒊𝒍𝒚 မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

#သီတင်းကျွတ်လပြည့်နေ့

Want your school to be the top-listed School/college in Thanlyin?

Click here to claim your Sponsored Listing.

Location

Website

Address

Thanlyin