TTU EC Family-Students

TTU EC Family-Students

Share

𝐍𝐨 𝐑𝐞𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞 𝐜𝐚𝐧 𝐝𝐫𝐨𝐩 𝐎𝐮𝐫 𝐏𝐨𝐭𝐞𝐧𝐭𝐢𝐚𝐥

30/01/2026

လက်ရှိကျင်းပလျက်ရှိသော MMU Fun Fair တွင် သံချပ်တစ်ခုအား MMU ကျောင်းသားများမှတင်ဆက်သွားခဲ့ပါသည်။

ယခုပြဿနာ၏အစဖြစ်သော ကျွန်တော်တို့ကျောင်းဘက်က major welcome တစ်ခုအတွက် performance တွင် လိုအပ်ချကိအရ အသုံးပြုရန် သူငယ်ချင်းအချင်း necktie ငှါးမိရာမှ ထို necktie အား LGBT သရုပ်ဖော် performance တစ်ခုတွင်အသုံးပြုမိသည့်အတွက် MMU ကျောင်းသားများ မကျေမနပ်ဖြစ်ခဲ့သည့်အပေါ် ကျွန်တော်တို့ TTU ၏ Mechanical Engineering Official page မှတရားဝင်တောင်းပန်စာ ထုတ်ပြန်ပေးကာ လူကြီးလူကောင်းဆန်ဆန်တောင်းပန်ဖြေရှင်းခဲ့သည်။

သို့သော် ထိုသို့ဖြေရှင်းပေးပြီးသည့်တိုင် MMU ကျောင်းသားများဘက်မှ ကျေနပ်မှုမရှိဘဲ ပုံကြိးချဲ့ကာ page များမှ post များတင်၍ မိမိတို့ကျောင်း အားအမျိုးမျိုးဝေဖန်တိုက်ခိုက်ခဲ့သည့်အပြင် MMU ကျောင်းသားများမှလည်း မိမိတို့ TTU ကျောင်းသားများအား ရိုင်းစိုင်းသောစကားများဖြင့် ပြောဆိုတိုက်ခိုက်ခဲ့ပါသည်။ သို့သော်လည်းကျွန်တော်တို့အနေဖြင့် ထိုသို့ ပြောဆိုတိုက်ခိုက်မှုများကို မိမိတို့ဘက်မှ ကျောင်းသားများအကြားဖြစ်သောပြဿနာတစ်ခုအဖြစ် လူကြီးလူကောင်းဆန်ဆန်လျစ်လျူရှုပေးခဲ့သည်။

သို့သော် ယနေ့တွင်ထွက်ပေါ်လာသော သံချပ်မှာမူကျောင်းနှစ်ကျောင်းက သူငယ်ချင်းအချင်းချင်းဖြစ်သောကိစ္စမှနေ၍ MMU ၏ official ကျင်းပပြုလုပ်သော Fun fair တွင် တစ်ခြားကျောင်းတစ်ကျောင်းလုံး(TTU)ကို‌ စောင်းမြောင်းပုတ်ခတ်ပြောဆိုကာ “အရှက်မရှိ” ဟူသော စကားလုံးများဖြင့်စော်ကားထားသည်ကို MMU ဘက်မှသက်ဆိုင်ရာ organizers များ ဆရာ၊ ဆရာမများ အနေဖြင့်ခွင့်ပြုပေးထားသည်မှာ အင်မတန်အကျည်းတန်၍ စိတ်မကောင်းဖြစ်စရာကိစ္စရပ်တစ်ခုဟု ထင်မြင်မိပါသည်။

Necktie ကိစ္စသည် ကျွန်တော်တို့ဘက်မှတောင်းပန်ပြီးဖြစ်သော်လည်း LGBT character တစ်ယောက်အနေနှင့် MMU necktie ဝတ်လို့မရဘူးလားဟု မေးခွန်းထုတ်ချင်ပါသည် ။ ယခုလက်ရှိ ကမ္ဘာကြီးမှာ 21st century ရောက်နေပြီဖြစ်ကာ LGBT လူတန်းစားများအားအထင်သေးကာ မဆက်ဆံသင့်တော့ဘဲ human rights နှင့်အညီတစ်ပြေးတည်းဆက်ဆံသင့်ပါသည်။
ထို့အပြင်ကျောင်းသားအချင်းချင်း ပြဿနာဖြစ်ကြလျှင်တောင် ကျောင်းတစ်ကျောင်း၏ စီနီယာများမှ ဝင်ထိန်းပေးရမည့်အစားတရားဝင် တိုက်ခိုက်ခွင့်ပေးထားသည့်အပေါ် MMU fun fair organizersများ နှင့် ဆရာ၊ ဆရာမ များတွင် ကျောင်းတစ်ကျောင်းနှင့်တစ်ကျောင်းအကြား ထားရှိရမည့် ကျင့်ဝတ်များကိုသိလျက်နှင့် စိတ်ခံစားမှုကိုရှေ့တန်းတင်ကာ တမင်သပ်သပ် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခဲ့သလား ဟုထောက်ပြရင်း MMU မှယနေ့ထွက်ပေါ်လာသောသံချပ်အပေါ် ရှုံ့ချပါကြောင်း၊ ထိုသံချပ်အပေါ် သက်ဆိုင်ရာorganizers များနှင့် ဆရာ၊ဆရာမ များမှ စိစစ်၍ အရေးယူဆောင်ရွက်ရန် မိမိတို့ TTU ကျောင်းသားများဘက်မှ တိုက်တွန်းလိုက်ရပါသည်။

Mobile uploads 24/01/2026

Go,our girl!🤍

Name - Ma Yoon Thitsar
Major - EC

Mobile uploads 24/01/2026

Are you ready to support our EC king? 👀

Name - Mg Swan Aung Htet
Major - EC

17/01/2026

Guess who?👀

Guess Who? 🕵️‍♂️✨
အားလုံးသိချင်နေကြတဲ့​ကျွန်တော်တို့ TTU ရဲ့ The whole welcome2026 မှာ ပါဝင်ဖျော်ဖြေကြမယ့် special guests များထဲကမှ ပထမဆုံးတစ်ယောက်က ဘယ်သူဖြစ်မလဲဆိုတာ အားလုံးခန့်မှန်းလို့ရအောင် hints များနဲ့အတူဖော်ပြပေးလိုက်ပါတယ်

ပထမဆုံးအနေနဲ့ သူဟာ
မြို့ပြရဲ့အငွေ့အသက်တွေကြားမှာ ပရိသတ်တွေကို အမြဲစွဲလမ်းစေမယ့် သီချင်းတွေကို ဖန်တီးခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင်နှစ်စဉ် ဧပြီလရောက်တိုင်းလည်း ပရိတ်သတ်များရဲ့ အာရုံစိုက်မှုကို အပြည့်အဝရရှိထားတဲ့သူတစ်ဦးဆိုလည်းမမှားပါဘူးခင်ဗျာ။

ဒီအချက်လေးတွေနဲ့ ကျွန်တော်တို့ရဲ့ပထမဆုံး special guest ကဘယ်သူလဲဆိုတာအားလုံးအတူတူခန့်မှန်းပေးကြပါဦးခင်ဗျာ။

နောက်ထပ် special guests တွေလည်းများစွာကျန်ရှိသေးတာမလို့ စောင့်မျှော်ပေးကြပါဦးခင်ဗျာ📢


17/01/2026

The wait is over!
Be ready to rock 👊🏻

Hello TTuers!
TTU: The Whole Welcome is officially set.
Mark your calendar for January 29th,2026🗓️
Stay tuned for more event announcement📢


11/01/2026

ECers တို့ရေ မနက်ဖြန် 12.1.2026 (တနင်္လာနေ့)မှာ ကျရောက်မယ့် EC majorရဲ့ fresher welcomeလေးမှာဆိုရင် Main Sponsorဖြစ်တဲ့ UAB bankနဲ့ပါတ်သတ်တဲ့ UAB pay‌ account,UAB bank account နဲ့ VISA cardတို့ ဖွင့်လှစ်ပေးဖို့အတွက် UAB counter ‌ရှိနေမှာပါနော်

Accountလေးတွေဖွင့်ဖို့အတွက်ကတော့ 1သောင်းကျပ််သာကျသင့်မှာဖြစ်ပြီး မှတ်ပုံတင်လိုအပ်မှာဖြစ်တဲ့အတွက် မှတ်ပုံတင်လေးကို မဖြစ်မနေယူခဲ့ပေးဖို့မမေ့ကြပါနဲ့နော်☝🏻

11/01/2026

𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐭𝐡𝐚𝐧𝐤𝐬 𝐭𝐨 𝐨𝐮𝐫 𝐦𝐚𝐢𝐧 𝐬𝐩𝐨𝐧𝐬𝐨𝐫 𝘂𝗮𝗯 𝗯𝗮𝗻𝗸
🤝🏻💐

EC Fresher Welcome အခမ်းအနားကို ပိုမိုပြည့်စုံစေရန် အဓိကအားဖြင့် ပံ့ပိုးကူညီခဲ့သော
uab bank အား EC Family မှ အထူးလေးနက်စွာ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

uab bank မှ ပါဝင်အားဖြည့်မှုနှင့်အတူ ECers တို့ရဲ့စုပေါင်းအင်အားများကြောင့် ‌fresher လေးများအတွက်အမှတ်တရပွဲလေးဖြစ်လာပါတော့မယ်။

နောင်အနာဂတ်တွင်လည်း uab bank
အောင်မြင်မှုများ ဆက်လက်ရရှိပါစေကြောင်း
ဝမ်းမြောက်ဝမ်းသာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🌱🤍

10/01/2026

ကဲ ECers တို့ရေ King နဲ့ Queenကိုဘယ်သူတွေရရှိမလဲဆိုတာကိုစိတ်လှုပ်ရှားစွာနဲ့ အားပေးကြရမယ့်အပြင် Entertainment ပေါင်းများစွာကိုလည်း ကြည့်ရှူခံစားရမယ့် EC majorရဲ့ Fresher Welcomeလေးကို လာရောက်အားပေးဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်နော် ⛱️🤍

09/01/2026

🧸💕 EC Fresher Welcome မှာ ပွဲလာပုရိတ်သတ်တွေကို ပန်းစည်း၊ အရုပ်၊ အစားအစာ စသည်များ ပါဝင်ရောင်းချချင်ကြတဲ့ ကျောင်းသား၊ကျောင်းသူများအတွက် EC Family မှ ဆိုင်ခန်းများစီစဉ်ထားရှိပေးထားလို့ အခုပဲ ဆက်သွယ်စာရင်းပေးပြီး ဆိုင်ခန်းနေရာများရယူထားနိုင်ပါပြီခင်ဗျာ 💝🌷

Photos from TTU EC Family-Students 's post 08/01/2026

ကဲ ECersတို့ရေ အခုတစ်ခါမှာတော့ တစ်ယောက်နဲ့တစ်ယောက်လိုက်ဖက်ပြီး Chemistry မိလွန်းတဲ့ ညီငယ်ညီမငယ်လေးတွေရဲ့ Couple Photoလေးပဲဖြစ်ပါတယ်နော် 👩‍❤️‍👨🤍

Want your school to be the top-listed School/college in Thanlyin?

Click here to claim your Sponsored Listing.

Location

Website

Address

Thanlyin Technological University
Thanlyin
11291

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00