Learn Japanese With Aki

Learn Japanese With Aki

Share

秋と一生懸命勉強しましょう�

Photos from Learn Japanese With Aki's post 10/03/2025

こんにちは☀!皆さん
久しぶりね。
ဝါတာရှိ aki ဖြစ်ပါတယ်ရှင့်...
လာမယ့်၁၆ရက်နေ့မှာ ဝါတာရှိရဲ့မွေးနေ့ရောက်တော့မှာမို့ Giveaway လေးတွေပေးမယ်နော်...
ပုံမှာပြထားတဲ့စာအုပ်လေးတွေရယ်
Gaishoku class လေးတွေကအစ Giveaway ပေးမှာပါရှင့်...
Giveaway မှာပါဝင်ချင်သူများအနေဖြင့်
Page Like & Follow လုပ်ထားရပါမယ်ရှင့်
Post လေးကိုshare ပေးရပါမယ်ရှင့်
စာအုပ်ကိုတော့ ၁ယောက်ပဲမဲဖောက်ပေးမှာပါရှင့်
အတန်းလေးကိုတော့ ၃ယောက်အထိဖောက်ပေးသွားမှာပါရှင့်❣
Share ထားတဲ့Ssနှင့်တကွကိုယ်လိုချင်တဲ့ဟာလေးကို မန့်ပေးရုံပါပဲရှင့်✨


10/03/2025

FYI

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များ ထုတ်ယူခြင်းနှင့်ပတ်သတ်၍

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များအား အောက်ဖော်ပြပါအတိုင်း ထုတ်ယူ နိုင်မည် ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ လာရောက်ထုတ်ယူရာတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) မူရင်း ယူဆောင်လာရမည်ဖြစ်ပြီး ပျောက်ဆုံး၊ ပျက်စီးပါက မှတ်ပုံတင်မိတ္တူတစ်စောင် နှင့် ခုံနံပါတ် ယူဆောင် လာရပါမည်။

သင်တန်းကျောင်းများအနေဖြင့် မိမိတို့၏ ကျောင်းသားများအတွက် တစုတပေါင်းတည်း ထုတ်ယူမည်ဆိုပါက level အလိုက် ကျောင်းသားစာရင်း၊ Test Voucher မူရင်းနှင့် မှတ်ပုံတင်မိတ္တူများကို ပြည့်စုံစွာယူဆောင်လာပြီး ထုတ်ယူနိုင်ပါသည်။

(ရန်ကုန်စာဖြေဌာနတွင်လျှောက်ထားသူများထုတ်ယူရန်)

၁၄.၃.၂၀၂၅ မှ ၂၃.၃.၂၀၂၅ ရက်နေ့အတွင်း (ပိတ်ရက်မရှိ)

နေရာ
- ရန်ကုန်ပညာရေးတက္ကသိုလ် (Learning Hub)
အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် ၄ မှ ဝင်ရန်။)
အချိန်
- မနက် ၉း၃၀ နာရီ မှ ညနေ ၃း၀၀ နာရီအထိ

၂၃.၃.၂၀၂၅ ရက်နေ့နောက်ပိုင်း (တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊တနင်္ဂနွေ ပိတ်ပါသည်။)

နေရာ
- JLPT Centre
အမှတ်(၂ဘီ-၃)၊ နှင်းဥယျာဥ်အိမ်ရာ ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။
အချိန်
- မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ

(မန္တလေးစာဖြေဌာနတွင်လျှောက်ထားသူများထုတ်ယူရန်)

၁၄.၃.၂၀၂၅ မှ ၂၃.၃.၂၀၂၅ ရက်နေ့အတွင်း (ပိတ်ရက်မရှိ)
နေရာ
- MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
အချိန်
- မနက် ၉း၃၀ နာရီ မှ ညနေ ၃း၀၀ နာရီအထိ

၂၃.၃.၂၀၂၅ ရက်နေ့နောက်ပိုင်း (တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊တနင်္ဂနွေ ပိတ်ပါသည်။)
နေရာ
- MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
အချိန်
- မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

ဆက်သွယ်ရန် - 01-757 10 15 (Ext- 1) ရန်ကုန်
09-255 162 533 မန္တလေး

Photos from Learn Japanese With Aki's post 13/02/2025

ဟိတ် 皆さんတို့
မနက်ဖြန် Valentine ရောက်ပြီနော်
ဖွင့်ပြောချင်တဲ့သူတွေကို မပြောရဲရင် ဂျပန်လိုပြောကြည့်🤪...
Valentine နဲ့ပတ်သက်တဲ့ kotoba လေးတွေပုံနဲ့တကွ မှတ်ကြရအောင်💗...

Photos from Learn Japanese With Aki's post 18/01/2025

Flying colors (2015)
jlpt result ကိုရင်ခုန်စွာစောင့်မျှော်နေရင်းနဲ့ မိုတီဇာတ်ကားတွေတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်...
ဆယကဆိုတဲ့ခပ်ညံ့ညံ့ကောင်မလေးက ဘယ်လိုဖြစ်ပြီး တိုကျိုမြို့ရဲ့ ခဲအိုတက္ကသိုလ်ကို ဝင်ခွင့်ရသွားလည်းဆိုတာစိတ်ဝင်တစားကြည့်ရမယ့်ကားလေးပါ..
မင်ဆိုရင် ကြည့်ပြီးတော့ကြက်သီးတွေပါထတယ်...
flying color က 素晴らしい (すばらしい)ဆိုတဲ့အဓိပ္ပါယ်လေးလည်းရှိသေးတယ်နော် မိနစံတို့😘

16/01/2025

JLPT Result ထွက်ရန် ၃ရက်ပဲလိုတော့သည့်အကြောင်းတွေးမိသောအခါ



08/01/2025

နှစ်သစ်မှာ အတန်းသစ်လေးတစ်ခုနဲ့စပါမယ်ရှင့်...
ရုံးချိန်လွတ် Zoom Class လေး🍁

31/05/2024

ဂျပန်စာ N5, N4 သင်ပြီး ထိုင်းရောက်သွားသော မြန်မာလူမျိုးများအတွက်

08/05/2024

Japan စာသင်ရတာပျော်စရာကြီးနော်...
လက်တွေ့ဂျပန်စာ- 国に帰ります🥲 လောက်တဲ့အထိရှုပ်ထွေးပုံများ

13/04/2024

သင်္ကြန်ပိတ်ရက်စာကျက်မယ်ဆိုပြီးlinkတွေစုထားတဲ့သူများ be like:
Crd pic

13/04/2024

皆さん、おはいよぅございます✨
⇒情けは人の為ならず⇐
[なさけはひとのためならず]

The good you do for others is good you do yourself, compassion is not for other people's benefit.

ကိုယ့်စေတနာ ကိုယ့်အကျိုးပေး၊ ကိုယ်ပြုသည့်ကံပဲ့တင်သံကိုယ်ထံပြန်လာမည်ဟုအဓိပ္ပါယ်ရတဲ့စာသားလေးဖြစ်ပါတယ်...
တခြားသူအပေါ်ကောင်းပေးတာ၊ စေတနာထားတာတွေရဲ့အကျိုးတွေက တစ်ပတ်ပြန်လည်ပြီးမိမိထံကိုပဲ ပြန်ရောက်လာမှာပါ...

Sensei tsukimi ရဲ့ ''one good year can change your whole life" စာအုပ်လေးထဲက Day1 အား လေးစားစွာဖြင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင့်✨

မင်္ဂလာရှိတဲ့ မြန်မာ့သင်္ကြန်အကြိုနေ့လေးဖြစ်ပါစေလို့ aki မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်...🙏

01/04/2024

ဒီညတော့ စာမလုပ်ပဲအိပ်လိုက်ပါတော့မယ်လေ...
My ကိုယ်စောင့်နတ် be like:

01/04/2024

ဟိတ် kanji ပယ်ချင်ကြသေးလား😗

Want your school to be the top-listed School/college in Thanlyin?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon
Thanlyin