Tr.Thiri Thandwe English Class

Tr.Thiri   Thandwe English Class It always seems impossible until it's done.

New Grammar Time 1 အတန်းလေး ပြီးသွားပါပြီ။အတန်းပြီးဆုံးသည်အထိ ကြိုးစားပေးကြတဲ့သမီးလေးတွေနဲ့ ပံ့ပိုးကူညီပေးတဲ့ ဖေဖေ မေမေတ...
03/09/2025

New Grammar Time 1 အတန်းလေး ပြီးသွားပါပြီ။

အတန်းပြီးဆုံးသည်အထိ ကြိုးစားပေးကြတဲ့သမီးလေးတွေနဲ့ ပံ့ပိုးကူညီပေးတဲ့ ဖေဖေ မေမေတို့ကိုပါ ကျေးဇူးပါရှင်။

Certificate ၊ Report Card နဲ့ အတူတူ လက်ဆောင်သေးသေးလေးလည်း တီချယ်သီရိက ပို့ပေးလိုက်ပါမယ်နော်။

နောက်အတန်းတွေမှာ ပြန်ဆုံကြမယ်နော်။

သားသားမီးမီးတို့အတွက် ကောင်းမွန်တဲ့ပညာရေးကို ပံ့ပိုးပေးချင်တဲ့မိဘများအတွက် သင်တန်းအသစ်လေးအကြောင်း သတင်းကောင်းပါး ပါရစေရှ...
27/08/2025

သားသားမီးမီးတို့အတွက် ကောင်းမွန်တဲ့ပညာရေးကို ပံ့ပိုးပေးချင်တဲ့မိဘများအတွက် သင်တန်းအသစ်လေးအကြောင်း သတင်းကောင်းပါး ပါရစေရှင်။

Online Class လေးပါရှင်။

မိမိရဲ့သားသမီးလေးတွေ အင်္ဂလိပ်စာအခြေခံလည်းရစေချင်တယ်။
အစိုးရ‌ကျောင်းတက်နေပြီး ပြင်ပသင်တန်းလေးနဲ့အားဖြည့်ပေးချင်တယ်။
International School Join ဖို့လည်း အဆင်သင့်မဖြစ်သေးဘူး။
ဆိုရင်တော့ ဒီသင်တန်းလေးတက်ပြီး ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်နော်။
Tr. Thiri English Class မှ အသစ်ထပ်မံဖွင့်လှစ်မယ့် အတန်းလေးတော့ Family and Friends 1 နှင့် Grammar Friends 1 အတန်းလေးပဲဖြစ်ပါတယ်။

💡💡💡ဘယ်သူတွေ တက်လို့ရမလဲ။

အသက်ရှစ်နှစ်မှစပြီး တက်ရောက်နိုင်ပါတယ်။
အခြေခံကစပြီး သင်ကြားပေးမယ့်အတန်းလေးဖြစ်တာမို့ အင်္ဂလိပ်စာကို သေသေချာချာ စနစ်တကျ လေ့လာနိုင်မယ့်အခွင့်အရေး ရရှိနိုင်မှာဖြစ်ပါတယ်။

🔑🔑🔑 ဘာတွေ လိုအပ်မလဲ။

သင်ယူချင်စိတ် ရှိဖို့ပဲ လိုအပ်ပါတယ်။
အိမ်စာများ၊ အတန်းတွင်းလုပ်ဆောင်မှုများကို ပါဝင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
Test များ ကို မပျက်မကွက် ဖြေဆိုရမှာဖြစ်ပါတယ်။

🎁🎁🎁 ဘာတွေ ရနိုင်မှာလဲ။

အတန်းတစ်တန်းမှာ ကျောင်းသား ငါးဦးသာ လက်ခံမှာဖြစ်တဲ့အတွက် ဆရာမကိုယ်တိုင် သေချာဂရုစိုက်နိုင်ပါတယ်။
အိမ်စာစစ်ဆေးခြင်း၊ Feedback ပေးခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း၊ သင်ခန်းစာတစ်ခုပြီးတိုင်း စာမေးပွဲစစ်ဆေးခြင်းများကို သင်ကြားပေးမယ့်ဆရာမကိုယ်တိုင် လုပ်ဆောင်မှာမို့ က‌လေးရဲ့ ပြောင်းလဲတိုးတက်မှုများကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်ပါမယ်။

အင်္ဂလိပ်စာသင်ကြားရေးအတွေ့အကြုံ ဆယ်နှစ်ကျော်ရှိတဲ့ ဆရာမကိုယ်တိုင် သင်ကြားမှာမို့ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်။
သင်တန်းချိန်ကလည်း ကျောင်းပိတ်ရက်မို့ စိတ်အေးလက်အေးသင်ယူခွင့် ရမှာပါရှင်။

သင်တန်းနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို CB/ 09-4300 55 75 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

📣📣📣သင်တန်းစတင်မည့်ရက် - ၆.၉.၂၀၂၅

📣📣📣သင်တန်းရက် - စနေ/ တနင်္ဂနွေ

📣📣📣သင်တန်းချိန် - ၁း၀၀- ၂း၃၀

📣📣📣သင်တန်းကြေး - လေးသောင်းကျပ် (လစဉ်)

အတန်းတစ်တန်းလျှင် ကျောင်းသား ငါးဦးသာ လက်ခံမှာမို့ ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါတယ်။

Hello!!!အားလုံးပဲ မင်္ဂလာပါရှင်။အတန်းသစ်လေး ဖွင့်မယ့်အကြောင်း ပြောပြပေးချင်လို့ပါရှင်😊😊😊Online class ဖြစ်ပါတယ်။ A 2 leve...
25/07/2025

Hello!!!
အားလုံးပဲ မင်္ဂလာပါရှင်။
အတန်းသစ်လေး ဖွင့်မယ့်အကြောင်း ပြောပြပေးချင်လို့ပါရှင်😊😊😊
Online class ဖြစ်ပါတယ်။

A 2 level အတန်းလေးပါ။ Family & Friends 4 နှင့် Grammar Friends 4 ကို သင်ကြားမှာ ဖြစ်ပါတယ်။

အင်္ဂလိပ်စာကို စဉ်ဆက်မပြတ်လေ့လာလိုသူများ၊ အခြေခံပိုင်နိုင်အောင် ပြင်ဆင်လိုသူများ ၊ Family & Friends 3 သင်ကြားပြီးသူများ တက်ရောက်နိုင်ပါတယ်ရှင်။

တီချယ်သီရိကိုယ်တိုင် သင်ကြားမှာမို့ 4 skills ကို ပျော်ရွှင်စွာ လေ့လာသင်ယူခွင့်ရမယ့် အတန်းလေးပဲဖြစ်ပါတယ်။

လစဥ်စာမေးပွဲစစ်ဆေးခြင်း၊ အိမ်စာစစ်ဆေးခြင်းတို့ကို လုပ်ဆောင်နိုင်မှသာ လာခဲ့ပါနော်။ အတန်းတစ်တန်းမှာ ကျောင်းသား (၅) ဦးသာ လက်ခံပြီး သေချာကြပ်မတ်သင်ကြားမှာဖြစ်ပါတယ်။

တက်ရောက်လိုသူများအနေဖြင့် level test ‌ဖြေဆိုရမှာ ဖြစ်ပါတယ်။

အသေးစိတ်ထပ်မံသိရှိလိုပါက CB / 09-43005575 သို့ ဆက်သွယ်နိုင်ပါတယ်ရှင်။

၀ါတွင်းကာလတွင် ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့များတွင် သင်ကြားမှာဖြစ်ပြီး ၀ါပကာလတွင် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် သင်ကြားမှာ ဖြစ်ပါတယ်။

Start Date : August 2, 2025
Time : 10:00 - 11:30 AM
Day : Sabbath day & Sunday
Fee : 40000/- (Per month)

သင်တန်းကြေးကို ကြိုတင်၍ လစဥ်ပေးသွင်းနိုင်ပါတယ်။

Teacher's Qualifications

M.A. in English
Certified in English Language Teaching
Over 10 years of teaching experience

၉.၇.၂၀၂၅ ၊ ဓမ္မစင်္ကြာအခါတော်နေ့တွင် Tr.Thiri English Class မှ အတန်းများအားလုံး ပိတ်ကြောင်း အသိပေးအပ်ပါသည်။
08/07/2025

၉.၇.၂၀၂၅ ၊ ဓမ္မစင်္ကြာအခါတော်နေ့တွင် Tr.Thiri English Class မှ အတန်းများအားလုံး ပိတ်ကြောင်း အသိပေးအပ်ပါသည်။

New Grammar Time - 1 အတန်းမှာ တက်ကြွစွာပါ၀င်သင်ယူနေတဲ့ ကလေးလေးများပါရှင်။🥰🥰🥰🥰🥰အတန်းတစ်တန်းမှာ ကျောင်းသားငါးဦးသာ လက်ခံပြ...
26/06/2025

New Grammar Time - 1 အတန်းမှာ တက်ကြွစွာပါ၀င်သင်ယူနေတဲ့ ကလေးလေးများပါရှင်။

🥰🥰🥰🥰🥰

အတန်းတစ်တန်းမှာ ကျောင်းသားငါးဦးသာ လက်ခံပြီး ထိထိရောက်ရောက် သေသေချာချာ သင်ကြားတာ ဖြစ်ပါတယ်။

အတန်းစုံစမ်းရန်

09-43005575

Tr. Thiri English Class မှ အသစ်ဖွင့်လှစ်မည့် သင်တန်းလေးပါရှင်။Online class ပါ။အင်္ဂလိပ်စာသင်ကြားရေးအတွေ့အကြုံဆယ်နှစ်ကျော...
01/06/2025

Tr. Thiri English Class မှ အသစ်ဖွင့်လှစ်မည့် သင်တန်းလေးပါရှင်။
Online class ပါ။
အင်္ဂလိပ်စာသင်ကြားရေးအတွေ့အကြုံဆယ်နှစ်ကျော်ရှိသော တီချယ်သီရိကိုယ်တိုင် သင်ကြားပေးမှာဖြစ်ပါတယ်။
📗📗📗Four Skills + Grammar ( Level - 3)

Family & Friends - 3 & Grammar Friends - 3 ကို အသုံးပြုသင်ကြားမှာဖြစ်ပါတယ်။

တက်ရောက်လိုသူကျောင်းသားများအနေဖြင့် Placement Test ဖြေဆိုရမှာဖြစ်ပြီး စာမေးပွဲကြေးပေးသွင်းရန်မလိုပါ။

မေးမြန်းလိုသည်များရှိပါက အောက်ဖော်ပြပါဖုန်းနံပါတ်သို့ ဆက်သွယ်နိုင်ပါသည်။

တန်းခွဲတစ်ခုလျှင် ကျောင်းသား (၅) ဦးသာ လက်ခံပါမည်။

မိမိတို့၏ သားသမီးများ English Skill ကို အခြေခံမှစပြီး စနစ်တကျပြင်ဆင်နိုင်ဖို့အတွက် အခုပဲဆက်သွယ်လိုက်ပါနော်။
Ph No. - 09 4300 55 75

Starting Date - 5.6.2025

Time - 5:00 - 6:30 PM

Day - Thursday & Friday

Fee - 40000 MMK (per month)

သင်တန်းကြေးကို ကြိုတင်၍ လစဉ်ပေးသွင်းနိုင်ပါသည်။
Teacher's qualifications
B.A (Hons;)
M.A (English)
Cert in English Language Teaching (Young Learners)

အတန်းချိန်လေး သတိပြုပေးပါရှင်။Two-Shift Timetable ဖြင့် တက်ရောက်ရသော ကလေးများအတွက် ရည်ရွယ်ပါတယ်။ Tr. Thiri English Class...
25/05/2025

အတန်းချိန်လေး သတိပြုပေးပါရှင်။

Two-Shift Timetable ဖြင့် တက်ရောက်ရသော ကလေးများအတွက် ရည်ရွယ်ပါတယ်။

Tr. Thiri English Class မှ တန်းခွဲသစ်ကို ဇွန်လတွင် စတင်ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

Grammar တန်းလေးဖြစ်ပြီး New Grammar Time – 2 အသုံးပြုသင်ကြားမှာ ဖြစ်ပါတယ်။

အသက် ၁၂ နှစ်အထက်၊ Movers Level ကလေးများအတွက် သင့်လျော်ပါတယ်။

တက်ရောက်လိုသူကလေးများအနေဖြင့် Level Test ဖြေဆိုရမှာဖြစ်ပါတယ်။ ဖြေဆိုမှုအတွက် စာမေးပွဲကြေးပေးဆောင်ရန် မလိုပါရှင်။

အင်္ဂလိပ်စာသင်ကြားရေးအတွေ့အကြုံ ဆယ်နှစ်ကျော်ရှိတဲ့ တီချယ်ကိုယ်တိုင် Fun exercises, games & activities များဖြင့် ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်မှာဖြစ်ပါတယ်။

သားသား၊ မီးမီးတို့အတွက် အင်္ဂလိပ်စာကို အခြေခံကစပြီး စနစ်တကျနဲ့ အကောင်းဆုံးပြင်ဆင်ဖို့အတွက် အခုပဲ ဆက်သွယ်လိုက်ပါနော်။

ဆက်သွယ်ရန် - ၀၉ - ၄၃၀၀ ၅၅ ၇၅

Starting Date - 3.6.2025

Time - 1:00 – 2:30 pm

Day - Tuesday & Wednesday

Fee - 40000 MMK (per month)

သင်တန်းကြေးကို ကြိုတင်၍ လစဉ်ပေးသွင်းနိုင်ပါတယ်။

Teacher's qualifications

B.A (Hons;)
M.A (English)
Cert in English Language Teaching (Young Learners)

မိမိကလေးရဲ့ပညာရေးကို စိတ်ဝင်စားသူ မိဘများ အတွက်ပါ ။Grammar အတန်းသစ်လေး ဖွင့်ပါမယ်ရှင်။အသက်ရှစ်နှစ် မှ ဆယ်နှစ်အရွယ်ကလေးမျ...
17/04/2025

မိမိကလေးရဲ့ပညာရေးကို စိတ်ဝင်စားသူ မိဘများ အတွက်ပါ ။

Grammar အတန်းသစ်လေး ဖွင့်ပါမယ်ရှင်။

အသက်ရှစ်နှစ် မှ ဆယ်နှစ်အရွယ်ကလေးများ ၊ Grade 2 & 3 တက်ရောက်မည့်ကလေးများအတွက် ရည်ရွယ်ပါတယ်။

မိမိတို့ရဲ့ကလေးများကို အင်္ဂလိပ်စာအခြေခံမှစပြီး စနစ်ကျကျ တတ်မြောက်စေလိုပါက တက်သင့်သော အတန်းလေးပါရှင်။

Grammar သင်ခန်းစာများကို တီချယ်၊ သူငယ်ချင်းများနှင့် အတူတူ ပျော်ရွှင်စွာသင်ယူနိုင်မှာဖြစ်ပါတယ်။

သင်ခန်းစာနှစ်ခုပြီးတိုင်း စာမေးပွဲစစ်ဆေးခြင်း၊ နေ့စဥ်သင်ခန်းစာများစစ်ဆေးပေးခြင်း၊ သိလိုသည်များကို တိုက်ရိုက်မေးမြန်းခြင်းတို့အား တီချယ်ကိုယ်တိုင် လုပ်ဆောင်ပေးမှာဖြစ်တဲ့အတွက် ကျောင်းသားဦးရေ (၅) ဦးသာ လက်ခံမှာဖြစ်ပါတယ်။

အင်္ဂလိပ်စာသင်ကြားရေးအတွေ့အကြုံ ဆယ်နှစ်ကျော်ရှိသည့် တီချယ်ကိုယ်တိုင် သင်ကြားမှာဖြစ်ပါတယ်။

Pearson သင်ရိုးဖြစ်တဲ့ New Grammar Time 1 ကို သင်ကြားပါမယ်။

Online အတန်းလေးဖြစ်ပြီး Zoom အသုံးပြုသင်ကြားမှာ ဖြစ်ပါတယ်။

သင်တန်းစတင်မည့်ရက်မှာ ၆.၅.၂၀၂၅ ဖြစ်ပါတယ်။

သင်တန်းရက်များ - Tue & Wed

သင်တန်းချိန် - 6:00-7:30 Pm

သင်တန်းကြေး - 40000/- (လစဥ်)

သင်တန်းကြေးအား လစဥ်ပေးသွင်းနိုင်ပါတယ်။

စုံစမ်းလိုပါက CB သို့ 09-43005575 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

Teacher's Qualification

Tr.Thiri
B.A (Hons;)
M.A(English)
Cert in English Language Teaching ( Young Learners)

Grammar အတန်းလေးပါ။တီချယ်သီရိကို သတိတရနဲ့ ယုံကြည်စွာအပ်နှံတဲ့ ဖေဖေ၊ မေမေတို့ကို ကျေးဇူးပါရှင်။😊😊😊😊😊
06/03/2025

Grammar အတန်းလေးပါ။

တီချယ်သီရိကို သတိတရနဲ့ ယုံကြည်စွာအပ်နှံတဲ့ ဖေဖေ၊ မေမေတို့ကို ကျေးဇူးပါရှင်။

😊😊😊😊😊

Online အတန်းလေးပါရှင်။New Grammar Time -1သင်တန်းရက် - အင်္ဂါ ၊ ကြာသပတေးFamily and friends - 4သင်တန်းရက် - ဗုဒ္ဓဟူး ၊ သော...
22/02/2025

Online အတန်းလေးပါရှင်။

New Grammar Time -1
သင်တန်းရက် - အင်္ဂါ ၊ ကြာသပတေး

Family and friends - 4
သင်တန်းရက် - ဗုဒ္ဓဟူး ၊ သောကြာ

နှစ်တန်းဖွင့်ပါမယ်ရှင်။

4.3.2025 စပါမယ်။

သင်တန်းချိန်ကတော့ 10:00AM - 11:30 AM ပါ။

သင်တန်းကြေး - 40000/-

အသေးစိတ်သိလိုပါက ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

0943005575

ဒီသင်တန်းလေးကတော့ အသက် ၁၂ နှစ်အထက် ကလေးကြီးတွေ အတွက်ပါ။အစိုးရသင်ရိုးကိုအထောက်အကူပြုပေးပြီး အခြေခံကောင်းများရရှိစေဖို့အတွ...
08/02/2025

ဒီသင်တန်းလေးကတော့ အသက် ၁၂ နှစ်အထက် ကလေးကြီးတွေ အတွက်ပါ။

အစိုးရသင်ရိုးကိုအထောက်အကူပြုပေးပြီး အခြေခံကောင်းများရရှိစေဖို့အတွက် ရည်ရွယ်ပါတယ်ရှင်။

Oxford သင်ရိုးဖြစ်တဲ့ Family & Friends -4 ကို အသုံးပြုသင်ကြားမှာဖြစ်ပြီး လိုအပ်တဲ့ Grammar သင်ခန်းစာတွေကိုပါ ဖြည့်စွက်သင်ကြားသွားမှာ ဖြစ်ပါတယ်ရှင်။

4 skills ကို တီချယ်နဲ့အတူတူ အပြန်အလှန်ဆွေးနွေးရင်း ၊ Fun activities များဖြင့် ပျော်ပျော်ရွှင်ရွှင်သင်ယူနိုင်ဖို့ အခုပဲ စာရင်းသွင်းလိုက်ရအောင်နော်။

Start Date : 5.3.2025

Day : Wed & Fri

Time : 10:00AM - 11:30AM

Teaching Platform : Zoom

Fee: 40000/- (monthly)

Course : Family and friends - 4

Age - over 12

လူဦးရေကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါတယ်ရှင်။

သင်တန်းနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုပါက CB သို့မဟုတ် 09-43005575 သို့ ဆက်သွယ်နိုင်ပါတယ်ရှင်။

ပညာရေးမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ အကောင်းဆုံးမျိုးစေ့ပါ။

ဖေဖေ ၊ မေမေတို့ရဲ့ ချစ်ရတဲ့သားသား မီးမီးလေးတွေအတွက် အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်ဖို့ တီချယ်သီရိရဲ့ အင်္ဂလိပ်စာသင်တ...
06/02/2025

ဖေဖေ ၊ မေမေတို့ရဲ့ ချစ်ရတဲ့သားသား မီးမီးလေးတွေအတွက် အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်ဖို့ တီချယ်သီရိရဲ့ အင်္ဂလိပ်စာသင်တန်းလေးကို အခုပဲ စာရင်းပေးသွင်းလိုက်ပါနော်။

ဒီသင်တန်းလေးကတော့ Grammar ကို အခြေခံမှစပြီး ပိုင်နိုင်ကျွမ်းကျင်စေဖို့ အထောက်အကူပြုမှာပဲ ဖြစ်ပါတယ်။

​အခြေခံပိုင်နိုင်မှုမရှိရင် အတန်းတွေမြင့်လာတဲ့အခါ သားသားမီးမီးတို့ရဲ့ သင်ယူမှုလမ်းကြောင်းကို နှောင့်နှေးစေပါတယ်။

အချိန်လွန်မှ ဒီလိုအခက်အခဲတွေကို မကြုံရစေဖို့ အခုကတည်းက ပြင်ဆင်လိုက်ရအောင်နော်။

စိတ်ဝင်စားတယ်ဆိုရင် သင်တန်းနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်လေးတွေကို လေ့လာကြည့်ပါဦးနော်။

ဒီသင်တန်းလေးကို အသက်ရှစ်နှစ်အရွယ် မှစပြီး တက်ရောက်နိုင်ပါတယ်ရှင်။ Pearson Edexcel ကနေ ပြဌာန်းထားတဲ့ New Grammar Time 1 ကို အသုံးပြုပြီး သင်ကြားမှာဖြစ်ပါတယ်ရှင်။

သင်တန်းစတင်မည့်နေ့ - 4.3.2025 (Tue)

သင်ကြားမည့်ရက် - အင်္ဂါ / ကြာဿပတေးနေ့

သင်ကြားမည့်အချိန် - 10:00 AM - 11:30 AM

သင်တန်းကြေး - 40000/- (လစဥ်)

Zoom အသုံးပြုပြီး သင်ကြားမှာဖြစ်ပါတယ်။

တီချယ်နဲ့အတူ အပြန်အလှန်ဆွေးနွေးရင်း Activity များလုပ်ဆောင်ရင်း ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

စာမေးခြင်း၊ အိမ်စာစစ်ဆေးခြင်းတို့အတွက် Viber မှလည်း ဆက်သွယ်နိုင်မှာပါ။

သင်ကြားပေးမယ့်ဆရာမသည် အင်္ဂလိပ်စာသင်ကြားရေးအတွေ့အကြုံ (၁၀) နှစ်ကျော်ရှိပြီး M.A (English), Certificate in English Language Teaching (Young Learners) ရရှိထားသူဖြစ်တဲ့အတွက် မိမိတို့ကလေးများရဲ့ပညာရေးလမ်းကြောင်းကို ကောင်းစွာပံ့ပိုးပေးနိုင်တာ အသေအချာပါပဲရှင်။

သင်တန်းနဲ့ပတ်သက်ပြီး ထပ်မံသိရှိလိုပါက CB သို့မဟုတ် 09-43005575 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

တစ်တန်းလျှင် ကျောင်းသား (၁၂) ဦးသာ လက်ခံမှာ ဖြစ်ပါတယ်ရှင်

လူဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံးစာရင်းပေးသွင်းဖို့ လိုပါတယ်နော်။

Address

No. 55, Yadanar Street
Thandwe

Telephone

+95943005575

Website

Alerts

Be the first to know and let us send you an email when Tr.Thiri Thandwe English Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category