Learn with Tr.floral

Learn with Tr.floral education

10/03/2023

Cambridge Math + အစိုးရသင်ရိုး သင်္ချာ (summer course) batch- 1
❣❣❣❣❣❣
ကျွန်မတို့ သင်တန်းကျောင်းအနေနဲ့
cambridge math ကို အစိုးရသင်ရိုးသင်္ချာဘာသာရပ်နဲ့
ပေါင်းဖွင့်ဖြစ်ရတဲ့ အကြောင်းလေးကတော့ ...
✅✅✅
ပထမဦးဆုံးအနေနဲ့
ကိုယ်ပိုင်ကျောင်းသို့မဟုတ် International school တွေတက်နေကြတဲ့ ကလေးတွေ အတွက်တော့ cambridge math ဘာသာရပ်လေး သင်ကြားခွင့်ရကြပါတယ်...
အဲ့ဒီ့ကျောင်းတွေကမဟုတ်တဲ့ ကလေးတွေကိုလည်း cambridge math လေးနဲ့ ထိတွေ့ခွင့်ရစေချင်ပါတယ်ရှင်...
✅✅✅
နောက်တစ်ချက်က
Cambridge Math သည် real life သင်ရိုးဖြစ်ပြီး
သချာ်ကို အပြင်လောကတွင် အသုံးချနိုင်ရန် ရည်ရွယ်ရေးဆွဲထားသောသင်ရိုး​လေးဖြစ်တဲ့အတွက် သင်္ချာဘာသာရပ်ကို လေ့လာရခြင်းရဲ့ အဓိပ္ပါယ်ပြည့်ဝမှုကို ကလေးတို့ အနေနဲ့
ခံစားမိစေပါတယ်ရှင်
✅✅✅✅
ဒါ့အပြင် နောင်တစ်ချိန်ချိန်မှာ IGCSE ဖြေဆိုမယ်ဆိုရင်
IGCSE road map ရဲ့ အစဖြစ်တဲ့ cambridge course တွေကို ငယ်စဉ်ကတည်းက သင်ကြားခဲ့ရတဲ့အတွက် အသက် ၁၄ _ ၁၆ လောက်မှ IGCSE Maths ဘာသာရပ်တွေကို စတင်လေ့လာရတဲ့ ကလေးတွေထက် နှာတစ်ဖျားသာနေမှာဖြစ်ပါတယ်...
✅✅✅
နောက်ဆုံးတစ်ချက်ကတော့ cambridge math ရဲ့ သင်ရိုးသည် ကျွန်မတို့ မြန်မာကျောင်းဖတ်စာအုပ်ရဲ့ သင်ရိုးနဲ့ တော်တော်လေးဆင်တူတဲ့အတွက်.. ကျောင်းသင်ခန်းစာလေးတွေပါ တစ်ခါတည်းအတူတူ​လေ့ကျင့်သွားမယ်ဆိုရင်
နောက်နှစ်အတန်းအတွက်ပါ အဆင်သင့်ဖြစ်နေစေမှာဖြစ်ပါတယ်ရှင်..
IS နဲ့ ကိုယ်ပိုင်ကျောင်းက ကလေးတွေအတွက်လည်း မြန်မာသင်ရိုးကို လေ့ကျင့်ပြီးသားဖြစ်စေပြီး သင်ရိုးနှစ်ခုစလုံးရဲ့ ကောင်းကျိုးတွေရရှိစေမှာ ဖြစ်တဲ့အတွက် Cambridge Math + အစိုးရသင်ရိုး သင်္ချာတန်းလေးကို
ဖွင့်လှစ်နိုင်ဖို့ စီစဉ်ရခြင်းဖြစ်ပါတယ်ရှင်...
ကျောင်းသားတိုင်း က​လေးတိုင်းရဲ့ အရည်အသွေးမြှင့်တင်နိုင်ဖို့ နည်းလမ်းကောင်းများကို ကျွန်မတို့သင်တန်းကျောင်းအနေနဲ့ အစဉ်အမြဲရှာဖွေပေးနိုင်ဖို့ ကြိုးစား​​လျှက်ရှိနေပါတယ်ရှင်....

(ဧပြီလ အတန်းလေးစပါမယ်ရှင်
သင်တန်းမတက်ရောက်နိုင်တဲ့ရက်တွေအတွက် recording file လေးကြည့်ရှုပြီး ပြန်လည်သင်ယူနိုင်တာမို့ သင်ခန်းစာတွေလွတ်သွားတာမျိုးဖြစ်မှာမပူရတော့ဘူးပေါ့ရှင်)

10/03/2023

year 1,2,3 math ဆိုတာ ကျွန်မတို့ လူကြီးတွေအတွက် အဖြေကိုလွယ်လွယ်လေးရှာနိုင်ပါတယ်...
ဒါပေမယ့် ကလေးတစ်ယောက်ကလည်း အတူတူပဲ လွယ်လွယ်လေး တွက်ချက်နိုင်မယ် သင်ယူနိုင်မယ်လို့ယူဆပြီး
ကလေးတွေ ဘယ်လိုပုံစံမျိုးသင်ယူကြတယ်.. ကလေးတွေရဲ့ မှတ်နိုင်စွမ်း, သင်ကြားမှုကို အာရုံစူးစိုက်နိုင်တဲ့ ကာလ,
သင်ယူပုံ အဆင့်ဆင့်စတဲ့ အချက်တွေကို မသိပဲ သင်ကြားတဲ့အခါ ဆရာရော ကျောင်းသားရော ပင်ပမ်းပြီး ကျောင်းသားအနေနဲ့ ကြောက်လို့သာ သင်ယူနေရတာမျိုး, ဘာသာရပ်
(math )ကိုကြောက်ရွံ့သွားတာမျိုးဖြစ်တတ်ပါတယ်ရှင်...

10/03/2023

သချာ်ဘာသာရပ်ဆိုတာ သဘောမပေါက်လျှင် အလွန်ကို ခက်ခဲပီး အလွန်ပျင်းဖို့ကောင်းတဲ့ဘာသာရပ်တစ်ခုဖြစ်သလို
သဘောပေါက်သွားလျှင် အလွန်ကိုပဲ လွယ်ကူလှတဲ့ ဘာသာရပ် တစ်ခုဖြစ်ပါတယ်...
သဘောမပေါက်တဲ့အခါ အလွန်ကိုပဲ စိတ်ညစ်စရာကောင်းတဲ့ ဘာသာရပ်မို့ ကျွန်မတို့ ကျောင်းသားဘဝက
သင်လေချာလေ ဘာသာရပ်လို့တောင် နောက်ပြီးခေါ်ခဲ့ဖူးကြတာပါ...
သဘောပေါက်နားလည်ဖို့ဆိုတာကလည်း နည်းလမ်းမသိရင် ခက်ခဲပြီး နှစ်ပေါင်းများစွာ ဒုက္ခရောက်နေတက်ပြီး သဘောပေါက်သွားလျှင် တစ်ခဏပဲ ကြာတတ်တာမျိုးဖြစ်နေပြန်ရော...
သချာ်ဘာသာရပ်သည် ကျက်စာလည်းမဟုတ် အလွတ်ကျက်လို့ရတဲ့ဘာသာရပ်လည်း မဟုတ်တဲ့အတွက်သဘောမပေါက်လျှင် ဘယ်လောက်ညာဏ်ကောင်းကောင်း ဘာမှမတတ်နိုင်တဲ့ဘာသာရပ်ပါ...

သချ်ာဘာသာရပ်နဲ့ပတ်သက်ပြီး ကျွန်မတို့ ဆရာ ဆရာမတွေအနေနဲ့ လုပ်ပေးနိုင်တာဆိုလို့ ကိုယ့်ကျောင်းသားတွေကို သဘောပေါက်နိုင် နားလည်နိုင်တဲ့ ညာဏ်အလင်းဖွင့်ပေးရုံမှ တစ်ပါး အခြားမရှိပေ...

Address

Kyonkadat
Thanbyuzayat
123

Telephone

+959445346509

Website

Alerts

Be the first to know and let us send you an email when Learn with Tr.floral posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Learn with Tr.floral:

Shortcuts

Share