KPM Japanese

KPM Japanese Let’s teach Japanese happily

မနက်ဖြန် ၇နာရီခွဲမှာ JLPT result တွေကြည့်လို့ရပါပြီ 皆さんတို့ …
24/08/2025

မနက်ဖြန် ၇နာရီခွဲမှာ JLPT result တွေကြည့်လို့ရပါပြီ 皆さんတို့ …

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲ ရလဒ် ကြည့်ရှုနိုင်မည့်ရက် ကြေငြာခြင်း။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ကျင်းပခဲ့သော JLPT စာမေးပွဲ၏ Online Result များအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ၊ ၂၅ရက်နေ့ ( တနင်္လာနေ့) မြန်မာစံတော်ချိန် နံနက် ၇:၃၀ နာရီ (ဂျပန်စံတော်ချိန် နံနက် ၁၀း၀၀ နာရီ) မှ စတင်၍ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Certificateများရောက်ရှိပါက ထုတ်ယူနိုင်ရန် ထပ်မံကြေငြာပေးပါမည်။

Result ကြည့်ရှုရမည့် link - https://www.jlpt.jp/e/guideline/results_online.html

(ဖော်ပြပါလင့်မှတဆင့် > other countries သို့ဝင်ရောက်၍ > Test Result ကိုနှိပ်ကာ > မိမိ ခုံနံပါတ် နှင့် Passcode 8 လုံး ရိုက်ထည့်ကြည့်ရှုရပါမည်။)

Passcode 8 လုံး မပြည့်သူများ၊ လုံး၀ မဖြည့်သွင်းခဲ့သူများ၊ သတ်မှတ်ထားသည့် ဂဏန်းများမဟုတ်ပဲ Alphabet များပါ၀င်နေသည့် Passcode များ ဖြစ်ပါက Online Result ကြည့်ရှုနိုင်မည် မဟုတ်ပါ။

Online Result များအား ၂၀၂၅ ခုနှစ် အောက်တိုဘာလ၊ ၃၁ရက်‌နေ့ (သောကြာနေ့) မြန်မာစံတော်ချိန် နေ့လည်၂:၃၀ နာရီ (ဂျပန်စံတော်ချိန် ညနေ ၅း၀၀ နာရီ) အထိ ကြည့်ရှုနိုင်ပါသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလစာမေးပွဲလျှောက်လွှာများမှာ စာမေးပွဲကျင်းပရာတွင် အဆင့်ဆင့်လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များအရ သတ်မှတ်ထားသည့်ရက်အတွင်း လျှောက်လွှာများကို အချိန်မှီပေးပို့ရမည် ဖြစ်ပါသဖြင့် ဇူလိုင်လ စာမေးပွဲရလဒ်များမထွက်ရှိခင် အချိန်တွင် လျှောက်လွှာလက်ခံရခြင်းဖြစ်သည်ကို နားလည် ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်ရန်
01-757 10 15 (Ext 1)

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

22/08/2025

KPM Japanese へようこそ!😺😺
Taungoo မှာရှိတဲ့ ဂျပန်စာသင်ချင်တဲ့ကျောင်းသားတွေအတွက် By 1 သင်ကြားပေးမှာဖြစ်ပါတယ် N5 / N4 နှင့် Tokutei gaishokku(စားသောက်ဆိုင်) သင်ချင်တဲ့ချင်တဲ့ကျောင်းသားကျောင်းသူများလာအပ်လို့ရပါပြီ ကျောင်းသား ကျောင်းသူများအနေနဲ့စာသင်တဲ့အချိန်တစ်လပြည့်မှ မကြိုက်ဘူးဆိုရင်ဆက်မတက်လို့ရပါတယ် တစ်လ တက်ပြီးမှပိုက်ဆံသွင်းရမှာပါဗျ
Tokutei gaishokku သင်ချင်တဲ့ကျောင်းသားတွေကတော့ တစ်ပတ်တက်ပြီးမှမကြိုက်ရင်ဆက်မတက်လို့ရပါတယ်
Tokutei gaishokku ကတော့ တစ်ပတ်တက်ပြီးမှပိုက်ဆံသွင်းရမှာပါဗျ
N5 level -200000kyats
N4 level -250000kyats
Tokutei gaishokku-150000kyats
စာအုပ်ဖိုးများမပါဝင်ပါ
မေးခွန်းဟောင်းများနဲ့အခန်းဖြတ်အလိုက်စာမေးပွဲလုပ်ပေးတာဖြစ်တဲ့အတွက်စာမလိုက်နိုင်မှာစိတ်ပူစရာမလိုပါဘူးဗျ
နေရာကတော့ ဘုရင့်နောင်လမ်းထဲမှာရှိတဲ့ကျွန်တော့်အိမ်မှာလာသင်ရမှာဖြစ်ပါတယ်ခင်ဗျ
အချိန်ဇယားနဲ့ပတ်သတ်ပြီးအမြန်ဆုံးအတန်းပြီးချင်ရင်ပြီးချင်သလိုသင်ကြားပေးသွားမှာဖြစ်တဲ့အတွက်ခန့်မှန်းပြီးဆုံးချိန်မထည့်ပေးတာပါ ကိုယ်သင်ချင်တဲ့အချိန်ကိုကြိုက်သလိုရွေးချယ်ခွင့်ရှိပါတယ်
စိတ်ဝင်စားပါက page messenger (သို့)၀၉၉၇၈၂၀၇၃၁၁ကိုဆက်သွယ်၍စုံစမ်းနိုင်ပါတယ်

Address

19/567 Bayintnaung Street
Taungoo
08101

Website

Alerts

Be the first to know and let us send you an email when KPM Japanese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category