We are Maymily

We are Maymily Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from We are Maymily, Kaytumadi Myothit, Taungoo.

10/03/2026

လူတိုင်းမှာ ကျောင်းသားဘဝရဲ့အမှတ်တရလေးတွေရှိဖူးကြတယ် ဟုတ်?

ဒီအပိုင်းလေးကြည့်ပြီးငယ်ဘဝလေးပြန်တမ်းတမိတယ် 💔

ဒါနဲ့ ဂေါ်သဇင်ဇာတ်လမ်းတွဲကိုရော ကြည့်နေကြလား
ခိုင်သဇင်သွေး ရဲ့ နေရာလေးကအရမ်းသနားဖို့ကောင်းတယ်

08/03/2026

ရွှေမိတဲ့🤩

06/03/2026

မေလေး သရုပ်ဆောင်တာတော်လိုက်တာ
Mood. ၂မျိုးကို တပြိုင်ထဲသရုပ်ဆောင်သွားတာ
အသိစိတ်က အဝါရောင်တွေကို မုန်းနေပေမဲ့
သူ့ရဲ့မသိစိတ်ထဲမှာတော့ အဝါရောင် တွေ နဲ့ပျော်ရွှင်နေတဲ့မျက်နှာအမူအရာကို လုပ်ပြသွားတာ ထိမိ 🤍

06/03/2026
နွေသကြန် ရုပ်ရှင်ဇာတ်ကားကြီး မတ်လ ၂၀ရက်နေ့ ရုံတင်ပါတော့မယ်🤍
04/03/2026

နွေသကြန် ရုပ်ရှင်ဇာတ်ကားကြီး မတ်လ ၂၀ရက်နေ့ ရုံတင်ပါတော့မယ်🤍

03/03/2026

အချစ်နဲ့ ပင်လယ် 🤍

'sfan

28/02/2026

ဇာတ်လမ်းတွဲ တွေ မရိုက်ရင်လည်းမရိုက်ဘူး
ရိုက်ပြီဟေ့ ဆိုရင်လည်း အမိုက်စား character တွေနဲ့ပဲ ပရိသတ်ရှေ့ကိုရောက်လာတတ်တဲ့ အကယ်ဒမီမေမြင့်မိုရ် 🤍

17/02/2026

ကြည့်ပြီးကြပြီလား 🤩🤩

သူမကောင်းတာ သူ့သမိုင်းဖြစ်ပြီးသူနဲ့တုပြီး ကိုယ်က ပြန်မကောင်းပြလိုက်တော့ကိုယ့် သမိုင်းပါ အကျည်းတန်သွားတာပေါ့ ။သူရိုင်းတာ ...
30/08/2023

သူမကောင်းတာ သူ့သမိုင်းဖြစ်ပြီး
သူနဲ့တုပြီး ကိုယ်က ပြန်မကောင်းပြလိုက်တော့
ကိုယ့် သမိုင်းပါ အကျည်းတန်သွားတာပေါ့ ။

သူရိုင်းတာ သူ့အပိုင်းဖြစ်ပြီး
သူနဲ့တုပြီး ကိုယ်က ပြန်ရိုင်းလိုက်တော့
ကိုယ်ကပါ အဆင့်မရှိတဲ့လူ ဖြစ်သွားတာပေါ့ ။

လောကမှာ မတူလို့ မတုသင့်တဲ့အရာတွေ အများကြီးပဲ
ဥပက္ခာပြုသင့်တယ်ထင်ရင် ဥပက္ခာ ပြုတတ်ရမယ် ။
လျစ်လျူရှုသင့်တယ်ထင်ရင် လျစ်လျူရှုနိုင်ရမယ် ။

အရည်အသွေးနိမ့်တဲ့ အရာတွေနဲ့
မပတ်သက်မိအောင်နေခြင်းဖြင့်
မိမိအဆင့်အတန်းကို မြှင့်တင်ပါ ။

လူတချို့က -----တစ်သက်လုံး မဆင်းရဲတော့ဘူး အမှတ်နဲ့ ၊ဘဝင်တွေ မြင့်နေကြတယ် !!လူတချို့က -----တစ်သက်လုံး မမွဲတော့ဘူး အမှတ်နဲ့...
30/08/2023

လူတချို့က -----
တစ်သက်လုံး မဆင်းရဲတော့ဘူး အမှတ်နဲ့ ၊
ဘဝင်တွေ မြင့်နေကြတယ် !!

လူတချို့က -----
တစ်သက်လုံး မမွဲတော့ဘူး အမှတ်နဲ့ ၊
မောက်မာနေကြတယ် !!

လူတချို့က -----
တစ်သက်လုံး အသာစံရမယ် အမှတ်နဲ့ ၊
အထက်စီးဆန် ဆက်ဆံနေကြတယ် !!

လူတချို့က -----
တစ်သက်လုံး အောက်ခြေခံဘဝ
မဖြစ်တော့ဘူးအမှတ်နဲ့ ၊
နိုင့်ထက်စီးနင်း ပြုမူနေကြတယ် !!

လူတချို့က -----
တစ်သက်လုံး မငတ်တော့ဘူး အမှတ်နဲ့ ၊
အောက်ခြေလွတ်နေကြတယ် !!

လူတချို့က -----
တစ်သက်လုံး ပြီးပြည့်စုံမယ် အမှတ်နဲ့ ၊
သွေးနားထင် ရောက်နေကြတယ် !!

လူတချို့က -----
တစ်သက်လုံး ချစ်ခင်နေမယ် အမှတ်နဲ့ ၊
ယုံကြည်မှုတွေ အလွဲသုံးစား
လုပ်ပြလာနေကြတယ် !!

လူတချို့က -----
တစ်သက်လုံး အကြည်ညိုမပျက်ဘူး
အထင်နဲ့ ၊
အရှက်မဲ့ပြ လာနေကြတယ် !!

လူတချို့က -----
တစ်သက်လုံး ကိုးကွယ်နေမယ် အမှတ်နဲ့ ၊
ချယ်လှယ်ချင်တိုင်း ချယ်လှယ်
လာနေကြတယ် !!

လူတချို့က -----
တစ်သက်လုံး ငတုံးတွေအတိုင်း
ရှင်သန်မယ် အမှတ်နဲ့ ၊
လှည့်စားလာကြတယ် !!

လူတချို့က -----
တစ်သက်လုံး အမှန်တွေချည်းပဲ -
ရွေးလုပ်ခဲ့တယ် အမှတ်နဲ့ ၊
စကားကြီးစကားကျယ်
ပြောထွက်လာကြတယ် !!

လူတချို့က------
တစ်သက်လုံး မသေတော့ဘူးအမှတ်နဲ့ !
ကျိန်ဆဲနေကြတယ်!!

အဲ့ဒီလူမျိုးတွေထဲ ---
သင်ကိုယ်တိုင် မပါမိစေနဲ့မိတ်ဆွေ။
=====================

𝐂𝐫𝐞𝐝𝐢𝐭: #ပညာရှိဖိုးအို

မိမိကိုယ်ကိုယ် တာဝန်ယူတက်တဲ့စိတ်တာဝန်ယူတက်တဲ့စိတ်ဟာ ကိုယ့်ဘဝကို ကိုယ်ကျေနပ်ဖို့အတွက် အရေးအကြီးဆုံးလိုအပ်ချက် ဖြစ်တယ်။တာဝ...
28/08/2023

မိမိကိုယ်ကိုယ် တာဝန်ယူတက်တဲ့စိတ်

တာဝန်ယူတက်တဲ့စိတ်ဟာ ကိုယ့်ဘဝကို ကိုယ်ကျေနပ်ဖို့အတွက် အရေးအကြီးဆုံးလိုအပ်ချက် ဖြစ်တယ်။
တာဝန်ယူခြင်းမှာ ကိုယ်ကျင့်တရားတွေ၊
မိမိကိုယ်ကိုယ် လေးစားခြင်းတွေနဲ့
တခြားသူတွေအပေါ် ထားတဲ့ မေတ္တာစိတ်တွေ
ပါဝင်နေတယ်။ဒါပေမယ့်
တာဝန်ယူမှုဟာ ဘယ်တော့မှ မျက်ကန်းတောတိုး
မဖြစ်သင့်ဘူး။

ကိုယ်လုပ်တာ၊ ကိုယ်ပြောတာတွေနဲ့ ကိုယ့်ခံစားချက်တွေဟာ ကိုယ်နဲ့သာ သက်ဆိုင်တယ်၊ ကိုယ်သာ
ကိုင်တွယ်ရမယ်လို့ ဆုံးဖြတ်လိုက်တာက
ဖြောင့်မတ်မှန်ကန်တဲ့ အရည်အချင်းပါ။
သို့ပေမယ့် သူများအမှားကို ကိုယ့်အမှားလုပ်၊
သူတစ်ပါး အပြစ်ကို ကိုယ့်အပြစ်လို့ သတ်မှတ်နေတာကျတော့ ဒါဟာ တာဝန်ယူတာ မဟုတ်တော့ဘူး။
တုံးအတာ ဖြစ်သွားပြီ။

လောကမှာ တုံးအတဲ့ သူတွေက လူတွေသိပ်ကြိုက်
ကြတယ်။ရိုးရိုးအအ ဆိုသူတွေ၊မသိနားမလည်မှု များတဲ့သူတွေ၊စဥ်းစားဥာဏ်နည်းတဲ့သူတွေကို အသုံးချဖို့
စောင့်နေတဲ့သူတွေဆိုတာ သပ်သပ်ကို ရှိတယ်။
သူတို့ကလည်း သူတို့လုပ်သမျှကို
လွဲချလို့ရမယ့်သူတွေကိုပဲ ရှာနေတာ၊ သူတို့ပြောတာကို
ဟုတ်ကဲ့ လုပ်မယ့်သူတွေကို အမြဲလိုချင်နေတာ၊
အဲ့ဒါကို ကိုယ်က သူတို့အပြစ်တွေကို
အားနာနာနဲ့ အတင်းတွေတာဝန်ဝင်ယူနေရင်
အချီကြီး ခံသွားရမှာ ကိုယ်ပဲ။

သူများအမှားကို ကိုယ့်အမှားပါလို့
လုံးဝတာဝန်ယူပစ်လိုက်တာ အသိဥာဏ်နည်းရာ
ရောက်တယ်။ သူများအမှားကို ထောကျပွရမယျ။
သူနားလည်အောင် ရှင်းပြရမယ်။
ကိုယ်ကူညီနိုင်တာကို ကူညီပြီး
တက်နိုင်သလောက် ပူးပေါင်းဆောင်ရွှက်ပေးတာမျိုး
လုပ်ပေးတာက ဆက်ဆံရေးကို တိုးတက်စေနိုင်ပေမယ့်
ကိုယ်ချစ်တဲ့ သူတွေအပြစ်လုပ်ထားရင်တောင်
ကိုယ့်အနေနဲ့ သူတို့ကို မထိခိုက်စေချင်လို့
သူတို့အစား တာဝန်ဝင်ယူပေးနေရင် အဲ့လိုလုပ်တာက
ကြာရင် ဘယ်သူ့အတွက်မှ မကောင်းတာကို
သိလာလိမ့်မယ်။

လူတစ်ယောက်က သူ့တာဝန်သူယူလိုက်တဲ့အချိန်မှာ
ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရစိတ်ကို ခံစားရတယ်။
သူတစ်ပါးကို အပြစ်ပုံချတာ၊
ကံကြမ္မာနဲ့ အခြေအနေတွေကို မကောင်းပြောနေတာ
တွေက ခနတော့ စိတ်သက်သာသွားသလို
ရှိကောင်းရှိမယ်။ဒါပေမယ့် ကိုယ်စိုက်ပျိုးတာကို
ကိုယ်ရိတ်သိမ်းရမယ်ဆိုတဲ့ စကားလိုပဲ။
နောက်ဆုံးကျတော့ ပြဿနာတွေကို
တကယ်ပြေလည်သွားစေမယ့် ရေရှည်ဖြေရှင်းနည်းက
ကိုယ့်ကိုယ်ကိုယ် ဘာမှားနေလဲ ပြန်ကြည့်၊
ဘာတွေကို သင်ယူဖို့လိုနေပြီလဲ၊ ဘာတွေပြောင်းလဲရမလဲ၊ အဲ့ဒီအပြောင်းအလဲတွေ တကယ်ဖြစ်ဖို့
ဘယ်လို အလေ့အကျင့်တွေကို ကျင့်ရမလဲ
ဒါတွေကို စဥ်းစားတာကသာ အဖြေမှန်ကို ပေးနိုင်လိမ့်မယ်။

ကိုယ်အလုပ်မဖြစ်တာတွေ အတွက် ဘဝကို
ဆင်ခြေပေးလို့ရတယ်။ လက်ရှိအခြေအနေတွေက
ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လို
နှေးကွေးစေကြောင်းကို အကြောင်းပြဖို့က
ကျွန်တော်တို့ အတွက် သိပ်မခက်ဘူး။
ဒါပေမယ့် ဒီလိုလုပ်တာက နောက်ဆုံး
ကိုယ့်ကိုပဲ ကိုယ်လုပ်ချင်တာတွေကနေ
နောက်ကျကျနေစေခဲ့တာ မဟုတ်လား၊
ဆင်ခြေဆင်လက်ပေးခြင်းကနေ ဘာတွေများ
ကောင်းတာ ရလာနိုင်လို့လဲ။

အရင်တုန်းက ကိုယ်ကြောင့် အခုရှိနေတဲ့ ကိုယ်
ဖြစ်လာရတာပဲ။ Albert Einstein ကပြောဖူးတယ်။
"ပြဿနာတွေကို အဖြေရှာရာမှာ အဲ့ဒီပြဿနာတွေ
စဖြစ်တုန်းက အခြေအနေအနေတွေ အတိုင်းစဥ်းစား
လို့ မရတော့ဘူး"တဲ့။ ဆိုလိုတာက
လက်ရှိကိုယ့်အကျင့်တွေ၊ ကိုယ်ရဲ့ စီးပွားရေးအခြေအနေတွေ၊ ကိုယ့်ပတ်ဝန်းကျင် ဒါတွေကို
လုံးဝချက်ချင်းပြောင်းဖို့ဆိုတာ မလွယ်ဘူး။ဒါပေမယ့်
အကြောင်းပြချက်တွေပေးနေရုံနဲ့လည်း
ဘာမှ ထူးသွားမှာ မဟုတ်ဘူး။ ပိုပြီး ဒုက္ခရောက်လာဖို့ပဲ ရှိမယ်။ အရေးကြီးတာ ကျွန်တော်တို့ ကိုယ်ကိုယ်
အပြည့်အဝ တာဝန်ယူပြီး ကိုယ်လုပ်နိုင်တာကို
မပျက်မပျက် လုပ်ဆောင်သွားဖို့ပဲ ရှိပါတယ်။
ဒီလိုလုပ်နိုင်ခြင်းသည်ပင် လူတစ်ယောက်ရဲ့
ကြီးမားတဲ့ အရည်အချင်းလို့ ပြောနိုင်ပါတယ်။


#စိတ်ဓာတ်ကျတိုင်းဖတ်ဖို့

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့စိတ်ခွန်အားပေးစာပေများဖတ်ရှုနိုင်ရန် Page ကို Like နှိပ်ထားကြပါ

https://www.facebook.com/စိတ်ဓာတ်ကျတိုင်းဖတ်ဖို့-103727735921631/

💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓

Address

Kaytumadi Myothit
Taungoo

Website

Alerts

Be the first to know and let us send you an email when We are Maymily posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share