14/08/2026
ငွေကုန်ကြေးကျမများတဲ့ No TOPIK E-Visa Pathway Program တက်ချင်သူတွေအတွက် Hannam University (한남대학교) အကြောင်းကို ဝေမျှပေးချင်ပါတယ် 🇰🇷
ကိုရီးယားမှာ ကျောင်းပြီးရင် အလုပ်အကိုင် အခွင့်အလမ်းကောင်းမွန်ပြီး လက်တွေ့ကျတဲ့ မေဂျာတွေကို အချိန်တိုအတွင်း သင်ယူချင်တဲ့ ကျောင်းသားကျောင်းသူတွေအတွက်သတင်းကောင်းလေးတစ်ခု ယူဆောင်လာပါပြီ။
Daejeon မြို့ရဲ့ အထင်ကရ သမိုင်းဝင် တက္ကသိုလ်တစ်ခုဖြစ်တဲ့ Hannam University ရဲ့ Graduate School of Culture and Arts မှာ 2027 ခုနှစ် မတ်လကျောင်းဝင်ခွင့်အတွက် E-Visa (D-2-3) စနစ်နဲ့ မာစတာတန်းတွေကို စတင်ခေါ်ယူနေပြီပဲဖြစ်ပါတယ် 😍
📌 တည်နေရာ။
တောင်ကိုရီးယားနိုင်ငံ၊ Daejeon မြို့ Daedeok-gu မှာ တည်ရှိပါတယ်။ Daejeon မြို့ဟာ ကိုရီးယားရဲ့ နည်းပညာနဲ့ ပညာရေးဗဟိုချက်ဖြစ်တာကြောင့် international students တွေအတွက် သွားလာရေး လွယ်ကူပြီး အေးချမ်းတဲ့ စာသင်ပတ်ဝန်းကျင်ကောင်းကို ရရှိစေမှာဖြစ်ပါတယ်။
🎓 လျှောက်ထားနိုင်မဲ့ မေဂျာတွေကတော့ —
* Department of Golf Business Administration and Industry
* Department of Make-up and Hair Styling
* Department of Beverage Culture & Management
📌 ကျောင်းလခနှင့် Scholarship System
Hannam University ရဲ့ အားသာချက်ကတော့ နိုင်ငံခြားသားကျောင်းသားအားလုံးအတွက် 40% Scholarship ပေးအပ်ထားတာကြောင့် ကျောင်းလခ သက်သာခြင်းပဲ ဖြစ်ပါတယ်။
မေဂျာအလိုက် 1 semester ကျောင်းလခများ (40% 장학금 အကျုံးဝင်ပြီးသားနှုန်းထားများ) မှာ အောက်ပါအတိုင်း ဖြစ်ပါတယ် —
* Golf Business Administration and Industry - ဝမ် 2,304,200
* Make-up and Hair Styling - ဝမ် 2,491,100
* Beverage Culture & Management - ဝမ် 1,966,450
အခြားကုန်ကျစရိတ်များအနေနဲ့
Admission fee ဝမ် 778,740
Application fee ဝမ် 70,000
E-visa fee ဝမ် 80,000 နဲ့
တစ်နှစ်စာ အာမခံကြေး ဝမ် 58,000 ရှိမှာဖြစ်ပါတယ်။
တကယ်လို့ TOPIK Level 1, 2 သို့မဟုတ် TOPIK မရှိသေးသူတွေအနေနဲ့ ကျောင်းဝင်ပြီးနောက် Offline ကိုရီးယားဘာသာစကား သင်တန်း နာရီ 300 တက်ရောက်ရမှာဖြစ်ပြီး သင်တန်းကြေး ဝမ် 2,100,000 ကျသင့်မှာဖြစ်ပါတယ်။ ✨
📌 ဘာကြောင့် Hannam University ကို ရွေးချယ်သင့်တာလဲ။
Daejeon ဒေသရဲ့ နာမည်ကြီးပြီး ယုံကြည်စိတ်ချရတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပြီး ခေတ်ရေစီးကြောင်းအရ အလုပ်အကိုင် အခွင့်အလမ်း အလွန်များပြားတဲ့ မေဂျာတွေကို သီးသန့်သင်ကြားပေးတာကြောင့် ဖြစ်ပါတယ်။
အထူးသဖြင့် E-Visa (D-2-3) စနစ်နဲ့ ဗီဇာလျှောက်ထားနိုင်တာကြောင့် ဗီဇာရလဒ်လည်း ကောင်းမွန်ပါတယ်။ ကျောင်းဝန်းထဲမှာပဲ အဆောင်နေထိုင်နိုင်ပြီး ၄ လစာ အဆောင်ခမှာ အမျိုးသား ဝမ် 600,000 နဲ့ အမျိုးသမီး ဝမ် 700,000 သာ ရှိတာကြောင့် စရိတ်စကလည်း အလွန်သက်သာပါတယ်။
ဒါကြောင့် ဘွဲ့တစ်ခုရပြီး၊ ကိုရီးယားမှာ ဘွဲ့လွန်ဆက်တက်ဖို့ စိတ်ဝင်စားတဲ့ ယော်ရောဘွန်းတို့က Free Consultation ယူရင်း အခမဲ့လာရောက်တိုင်ပင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
PH 09420075023 AT
#한남대학교