Taungoo Education Degree College Students' Union

Taungoo Education Degree College Students' Union တောင်ငူပညာရေးဒီဂရီကောလိပ်
ကျောင်းသားများသမဂ္ဂ၏
တရားဝင်စာမျက်နှာဖြစ်ပါသည်

မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံသို့ Skyline ကောလိပ် ဗကသက တက်ရောက်ခဲ့၂၀၂၃ စက်တင်ဘာ ၁၄၊ ဗကသအမေရိကန် ပြည်ထောင်စု၊ ...
14/09/2023

မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံသို့ Skyline ကောလိပ် ဗကသက တက်ရောက်ခဲ့

၂၀၂၃ စက်တင်ဘာ ၁၄၊ ဗကသ

အမေရိကန် ပြည်ထောင်စု၊ ဘတ်ဖဲလိုးမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နဲ့ ၂၇ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပထမဆုံးအကြိမ် မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံကို Skyline College မြန်မာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က တက်ရောက်ခဲ့ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံ ကို ပြည်ပရောက် မြန်မာများ၊ နိုင်ငံရေးသမားများနဲ့ ကျောင်းသားရဲဘော်ဟောင်းများက ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီး online နဲ့ မြေပြင်မှ လူဦးရေ ၃၀၀ ကျော်တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

Skyline College ဗကသ အနေနဲ့ ညီလာခံမှာ နိုင်ငံရေးနဲ့ ဖက်ဒရယ်ရေးရာများ ဆွေးနွေးခြင်း၊ အကြံပြုချက်များ တင်ပြခြင်း၊ ရန်ပုံငွေရှာဖွေခြင်း၊ ဗကသများအဖွဲ့ချုပ်ရဲ့ မူဝါဒများ ရှင်းလင်းတင်ပြခြင်း၊ အိုးဝေစာစောင်ဖြန့်ဝေခြင်းနဲ့ အခမ်းအနားမှာ နည်းပညာဆိုင်ရာ အကူအညီပေးခြင်း တို့ကို ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #မြန်မာ့နွေဦးတော်လှန်‌ရေး #နိုင်ငံတကာညီလာခံ

“၈၈၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး” (၃၅) နှစ်ပြည့်အထိမ်းအမှတ် ဗကသများအဖွဲချုပ်၏ သဘောထား ထုတ်ပြန်ကြေညာချက်ကြေညာချက်အမ...
08/08/2023

“၈၈၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး” (၃၅) နှစ်ပြည့်အထိမ်းအမှတ် ဗကသများအဖွဲချုပ်၏ သဘောထား ထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် - ၇/ဗကသ/၂၀၂၃
ရက်စွဲ - ၂၀၂၃ ခုနှစ် သြဂုတ်လ ၈ ရက်

“၈၈၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး” (၃၅) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း ဗမာပြည်၏ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးသည် ယနေ့အချိန်အထိ ဒီမိုကရေစီအခွင့်အရေးများ ပြည့်ပြည့်ဝဝ မရရှိ မခံစားရသေးသည့်အပြင် မင်းအောင်လှိုင် ဦးဆောင်သော ဖက်ဆစ်တပ်သည်လည်း ၂၀၀၈ စစ်ကျွန်အခြေခံဥပဒေ၏ လက်ဝေခံ အရပ်သားအစိုးရထံမှ အာဏာကိုပင် မတရားထပ်မံသိမ်းယူခဲ့ပြီး စစ်အာဏာရှင်စနစ်ကို ပြောင်ပြောင်တင်းတင်း ကျင့်သုံးထူထောင်လျှက်ရှိနေသည်။ ယနေ့အချိန်တွင် မင်းအောင်လှိုင် ဦးဆောင်သော ဖက်ဆစ်အုပ်စုသည် တပြည်လုံးရှိ ပြည်သူလူထုအား မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်း၊ မြို့ရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ စိုက်ပျိုးသီးနှံများအား အဓမ္မသိမ်းယူခြင်း/ဖျက်ဆီးခြင်း အစရှိသည့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား နေ့စဉ်ရက်ဆက် ဖျက်ဆီးသတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများအား ဆက်တိုက်ကျူးလွန်လျှက်ရှိသည်။
ယခုအချိန်ကာလတွင် ပြည်သူလူထုတရပ်လုံးမှ ပုံသဏ္ဍာန်မျိုးစုံဖြင့် တိုက်ပွဲဝင်နေသည့် နွေဦးတော်လှန်ရေးသည် “၈ လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး” ၏ တိုက်ပွဲအခန်းဆက်ဖြစ်သည်။ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးတရပ်လုံး၏ မွန်းကျပ်နေသည့် အထွေထွေ အကျပ်အတည်းပေါင်းစုံတို့မှ တခုတည်းသော လွတ်မြောက်ရာ ထွက်ပေါက်လမ်းကြောင်းမှာ စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းရေး (စစ်သုံးစစ်ဖျက်သိမ်းရေး) ဖြစ်သည်။ ထိုကြောင့် စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တယား တိုဖြင့် အခိုင်အမာတည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အလုံးစုံချုပ်ငြိမ်းရေးအတွက် အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးတရပ်လုံးအနေဖြင့် လေးနက်မှန်ကန်သည့် နိုင်ငံရေးယုံကြည်ချက်ကို ကိုင်စွဲကာ ပုံသဏ္ဍာန်မျိုးစုံ နည်းလမ်းပေါင်းစုံဖြင့် နောက်မဆုတ်စတမ်း ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ပွဲဝင်သွားကြပါရန် အလေးအနက် တိုက်တွန်နှိုးဆော်အပ်ပါသည်။
ကျွန်ုပ်တို့ ဗကသများအဖွဲချုပ် အနေဖြင့်လည်း အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးနှင့်အတူ တသားတည်းရပ်တည်ကာ တိုက်ပွဲပုံစံမျိုးစုံဖြင့် စစ်အာဏာရှင်စနစ် အလုံးစုံချုပ်ငြိမ်းရေး (စစ်သုံးစစ်ဖျက်သိမ်းရေး) အတွက် နောက်မဆုတ်စတမ်း ရွပ်ရွပ်ချွံချွံ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။

“မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”
“ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး မုချအောင်ရမည်”

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

#ဗကသ #8888 #၈၈၈၈ #၈လေးလုံး

အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက လူထုနိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်၂၀၂၃ ဩဂုတ်လ ၃၊ ဗကသအရာတော်မြ...
04/08/2023

အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက လူထုနိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်

၂၀၂၃ ဩဂုတ်လ ၃၊ ဗကသ

အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီနှင့် အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်း၍ အရာတော်မြို့နယ်တွင် လူအင်အားထောင်ချီသော ဒေသခံပြည်သူလူထုနှင့် နိုင်ငံရေးဆွေးနွေးခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီနှင့် ပတ်သက်သည့် အခြေခံသဘောတရားများ ဟောပြောခြင်း၊ လေကြောင်းရန်အန္တရာယ် ကြိုတင်ကာကွယ်ရန် ဟောပြောခြင်း၊ တော်လှန်ရုပ်ရှင်များ ပြသခြင်းတို့ကို ယနေ့ ဩဂုတ်လ ၃ ရက်နေ့၌ ပြုလုပ်ခဲ့ကြပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #လူထုဆွေးနွေးပွဲ

ဘုတလင် ဗကသရုံးခန်း စီးနင်းခံရ❗❗❗ဘုတလင် ဗကသရုံးခန်း စီးနင်းခံရသည့်ဖြစ်စဉ် အချက်အလက်အမှား ပြင်ဆင်ခြင်းယနေ့ ဇူလိုင်လ ၂၈ ရက်...
28/07/2023

ဘုတလင် ဗကသရုံးခန်း စီးနင်းခံရ❗❗❗

ဘုတလင် ဗကသရုံးခန်း စီးနင်းခံရသည့်ဖြစ်စဉ် အချက်အလက်အမှား ပြင်ဆင်ခြင်း

ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့တွင် ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရုံးခန်းကို ဖက်ဆစ်တပ်က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ကျဆုံးသွားသည့် ဗကသရဲဘော်များသည် ဥက္ကဌ ကိုကျော်ဝင်းသန့် (အသက် ၁၈ နှစ်)၊ ဒုဥက္ကဌ ကို‌ကြယ်စင်ငြိမ်းချမ်း (အသက် ၁၉ နှစ်) နှင့် သတင်းပြန်ကြားရေးမှူး ကိုသုတနေ (အသက် ၁၉ နှစ်) တို့ ဖြစ်ကြသည်။ ကနဦးထုတ်ပြန်မှုတွင် ဆက်သွယ်ရေး အခက်အခဲများကြောင့် အချက်အလက်အတည်ပြုနိုင်မှု အားနည်းကာ သတင်းပြန်ကြားရေးမှူးကို အတွင်းရေးမှူးဟု မှားယွင်းဖော်ပြခဲ့ခြင်းအား ပြန်လည်ပြင်ဆင်အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်

#ဗကသ #ဘုတလင်

တောင်ငူပညာရေးဒီဂရီကောလိပ်ဝါရင့် CDMဆရာမတစ်ဦး၏ဆေးဝါးကုသမှုစရိတ်အတွက်တောင်ငူပညာရေးဒီဂရီကောလိပ် CDMကျောင်းသား၊ကျောင်းသူမျာ...
22/12/2022

တောင်ငူပညာရေးဒီဂရီကောလိပ်
ဝါရင့် CDMဆရာမတစ်ဦး၏
ဆေးဝါးကုသမှုစရိတ်အတွက်
တောင်ငူပညာရေးဒီဂရီကောလိပ် CDMကျောင်းသား၊
ကျောင်းသူများမှ စုပေါင်း၍
CDMersများနှင့်အတူ ရပ်တည်နေ​သေးကြောင်း
ပြသခဲ့ပါသည်။

09*******03 - 40,000Ks(Kpay)
09*******03 - 10,000Ks(Wave)
09********* - 30,000Ks(Kpay)
09*******59 - 30,000Ks(Kpay)
09*******29 - 100,000Ks(Kpay)
Total Amount = 210,000Ks

ဤနေရာတွင် တစ်ဦးတစ်ယောက်တည်းမှ
မ, တည် လှူဒါန်းခြင်းမျိုးမဟုတ်ဘဲ
ကိုယ်စားလှယ်များမှ တစ်ဆင့်အလှူခံပေးထားခြင်းမျိုးသာ ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ တောင်ငူပညာရေးဒီဂရီကောလိပ်
CDM ကျောင်းသား၊ကျောင်းသူများအနေဖြင့်
CDMersများအတွက် ဝင်ရောက်လှူဒါန်းလိုပါက
Page Chat Boxတွင် အသေးစိတ်မေးမြန်းနိုင်ပါသည်ခင်ဗျာ။

စုပေါင်းလှူဒါန်းပေးခဲ့ကြသူများအားလုံး
ဘဝရဲ့လမ်းခရီးများတွင် ခလုတ်မထိ၊
ဆူးမငြိဘဲ သာယာဖြောင့်ဖြူးစွာ
လျှောက်လှမ်းနိုင်ကြပါစေကြောင်း
ဆုမွန်ကောင်း ခြွေလျက်...


#22/12/2022

၂၀၂၂ ခုနှစ်၊ ဇူလိူင်လ ၂ရက်နေ့တွင် KNU တပ်မဟာ ၃မုန်းဒေသ ​ကျောက်ကြီးမြို့နယ်(ပဲခူးတိုင်းအ​ရှေ့ခြမ်း)အတွင်းKNLA, တပ်ပေါင်းစ...
08/07/2022

၂၀၂၂ ခုနှစ်၊ ဇူလိူင်လ ၂ရက်နေ့တွင်
KNU တပ်မဟာ ၃
မုန်းဒေသ ​ကျောက်ကြီးမြို့နယ်(ပဲခူးတိုင်းအ​ရှေ့ခြမ်း)အတွင်း
KNLA, တပ်ပေါင်းစုများနှင့်
တရားမဝင်အကြမ်းဖက်စစ်ကောင်စီတို့၏
နှစ်ဖက်တိုက်ပွဲများကြောင့်
ကျေးရွာဒေသခံများသည်
မိမိတို့၏ အိုးအိမ်စည်းစိမ်များကို စွန့်လွှတ်၍
ရှောင်ခွာပြေးလွှားကာ နီးစပ်ရာမြို့နယ်များတွင်
ခိုလှုံစစ်ရှောင်နေကြရပါသည်။

သို့ဖြစ်ပါ၍
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင်
အကျွန်ုပ်တို့ တောင်ငူပညာရေးဒီဂရီကောလိပ်မှ
ကျောင်းသား၊ကျောင်းသူများ၊ ဆရာမများနှင့်
အရပ်ဖက်ပြည်သူအချို့ စုပေါင်း၍
ထိုစစ်ဘေးရှာင်ပြည်သူများအတွက်
တစ်တက်တစ်အား နိုင်ရာကဏ္ဍမှ
ပူးပေါင်းပါဝင်အားဖြည့်ခဲ့ကြပါသည်။

လှူဒါန်းပါဝင်ပေးခဲ့ကြသော လူပုဂ္ဂိုလ်အသီးသီးအား ကျေးဇူးအထူးတင်ရှိပါတယ်။
ယခုကဲ့သို့ ပါဝင်လှူဒါန်း​ပေးမှုကြောင့်
စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်းများဖြင့်
ပြည့်စုံကြပြီး လိုရာပန်းတိုင်ကို အမြန်ဆုံးရောက်ရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ...

09******327 - 50,000Ks(K)
09******216 - 23,000Ks(W)
09******274 - - 6,315Ks(W)
09******774 - - 5,000Ks(W)
09******632 - 15,000Ks(K)
09******313 - 35,000Ks(K)
09******859 - 30,000Ks(W)
09******129 - 11,000Ks(K)
09******056 - 25,000Ks(K)
09******854 - 10,000Ks(K)

Amout = 210,315 Ks

ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ် (၆၀) ပြည့် အထိမ်းအမှတ် သဘောထား ထုတ်ပြန်ကြေညာချက်ကြေညာချက်အမှတ် - ၂/ဗကသ/၂၀၂၂နေ့...
07/07/2022

ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ် (၆၀) ပြည့် အထိမ်းအမှတ် သဘောထား ထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် - ၂/ဗကသ/၂၀၂၂
နေ့စွဲ - ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်

ယနေ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့သည် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ်ကို ပြတ်သားစွာ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သော နှစ် (၆၀) ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ ဆဲဗင်းဂျူလိုင် (၇၊ ၇၊ ၁၉၆၂) ကျောင်းသား အရေးတော်ပုံကြီးသည် ဗမာပြည်စစ်အာဏာရှင်စနစ်ကို ပထမဦးဆုံး စတင်တိုက်ပွဲဆင်ခဲ့သည့် အရေးတော်ပုံကြီးဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုမှ တိုင်းပြည်အာဏာကို အဓမ္မနည်းဖြင့် တကျော့ပြန် ပေါ်ပေါ်ထင်ထင် သိမ်းပိုက်ခဲ့သဖြင့် ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစရှိသည့် ကဏ္ဍပေါင်းစုံသည် ယခင်ကထက် နိမ့်ကျခဲ့ရသည်။ ဖက်ဆစ်စစ်တပ်နှင့် လက်ပါးစေများမှ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးသတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ထင်ထင်ရှားရှားကျူးလွန်နေသည်။

ပြည်သူလူထု၏ သွေးများဖြင့် စွန်းပေနေသော ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းပြီး လူထုအာဏာတည်ဆောက်ရမည်။ စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား တို့ဖြင့် အခိုက်အမာတည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အမြစ်ဖြတ်ချေမှုန်း သုတ်သင်ရန်မှာ ကျွန်ုပ်တို့ ဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး၏ အဓိက တာဝန်တရပ်ဖြစ်သည်။ ထို့ကြောင့် စစ်သုံးစစ်ကို အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထု တရပ်လုံးက ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့် အုံကြွဆန့်ကျင် တော်လှန်ကြပါရန် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က လေးလေးနက်နက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း ဆဲဗင်းဂျူလိုင်စိတ်ဓာတ်အား ဆက်လက်ဆွဲကိုင်ကာ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးနှင့်အတူ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်သွားမည် ဖြစ်သည်။

“ဆဲဗင်းဂျူလိုင်စိတ်ဓာတ် ကိုင်စွဲ တိုက်ပွဲအလီလီ ဆင်နွှဲ”

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

"တောင်ငူပညာ​​ရေးဒီဂရီကောလိပ် CDM ကွန်ရက်"တောင်ငူပညာရေးဒီဂရီကောလိပ်၏   CDM ဆရာမများ၊ CDM ကျောင်းသားကျောင်းသူများ၊CDMရုံးဝ...
03/07/2022

"တောင်ငူပညာ​​ရေးဒီဂရီကောလိပ် CDM ကွန်ရက်"

တောင်ငူပညာရေးဒီဂရီကောလိပ်၏ CDM ဆရာမများ၊ CDM ကျောင်းသားကျောင်းသူများ၊
CDMရုံးဝန်ထမ်းများ၊
CDMနေ့စားဝန်ထမ်းများ အချင်းချင်း
ချိတ်ဆက်မှုပိုမိုအားကောင်းစေရန် ရည်သန်၍

တောင်ငူ ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂနှင့်
တောင်ငူပညာရေးဒီဂရီကောလိပ် CDMဆရာမများပူးပေါင်းကာ

Taungoo Education Degree College CDM Network Pageအား
2 July 2022တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။



https://www.facebook.com/101760632601895/posts/102943902483568/

"တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းသား၊ကျောင်းသူများ၏ မှတ်တိုင်တစ်ခု"စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တွန်းလှန်နိုင်ရန်နှင့် ပြ...
13/05/2022

"တောင်ငူပညာရေးဒီဂရီကောလိပ်
ကျောင်းသား၊ကျောင်းသူများ၏ မှတ်တိုင်တစ်ခု"

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တွန်းလှန်နိုင်ရန်နှင့်
ပြည်သူ့အာဏာကို ပြည်သူလူထုလက်သို့ ပြန်လည်အပ်နှံနိုင်ရန် ဦးလည်မသုံ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော
"မင်းဘူးမြို့နယ်ပြည်သူ့တော်လှန်ရေးတပ်ဦး (MPRF)"ထံသို့
တစ်တက်တစ်အား ပါဝင်ခဲ့ပါသည်။

******216 - 11000Ks (Wave)
******274 - 5000Ks (Wave)
******327 - 50000Ks (Kpay)
******422 - 15000Ks (Wave)
******056 - 19000Ks (Kpay)

Total = 100,000Ks

လှူဒါန်းပါဝင်ပေးခဲ့ကြသော တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းသား၊ကျောင်းသူများအား
ကျေးဇူးအထူးပင်တင်ရှိပါသည်ခင်ဗျာ။
ယခုလိုလှူဒါန်းပါဝင်မှုကြောင့် စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာဖြင့်
ဘဝရဲ့ ခရီးလမ်းတွေမှာ အဆင်ပြေချောမွေ့စွာဖြင့် ဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းခြွေလျက်...

"စစ်အာဏာရှင်စနစ် အမြစ်မပြတ်သေးသရွေ့
နိုင်ရာကဏ္ဍကနေ တစ်တက်တစ်အားပါဝင်ကူညီကြပါစို့"

တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ                           ၂၀၁၉အောင်ပထမနှစ်နှင့် ၂၀၂၀အောင်ပထမနှစ်        ကျေ...
11/05/2022

တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ


၂၀၁၉အောင်ပထမနှစ်နှင့် ၂၀၂၀အောင်ပထမနှစ်
ကျောင်းသား၊ကျောင်းသူများထံ အသိပေးခြင်း

​ကြေညာချက်အမှတ် - ၁/၂၀၂၂
နေ့စွဲ-၁၀/၅/၂၀၂၂

စစ်အာဏာသိမ်းမှု တစ်နှစ်ကျော်ကြာလာခဲ့ပြီဖြစ်သော်လည်း
လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု CDMကြောင့် စစ်ကောင်စီယန္တရားအား ကောင်းစွာမလည်ပတ်နိုင်သည်မှာ
ယနေ့အချိန်ထိပင်ဖြစ်ပါသည်။

မလည်ပတ်နိုင်သော စစ်ကောင်စီယန္တရား၏ တစ်စိတ်တစ်ဒေသဖြစ်သော ပညာရေးကဏ္ဍတွင်မူ
အရည်အချင်းမပြည့်ဝသူများ၊ တိုးဝှေ့ခြင်းကိုဝါသနာပါကြသောသူများဖြင့်သာ စစ်ကောင်စီယန္တရား လည်ပတ်လျက်ရှိပေသည်။

တရားမဝင် အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်၏အာဏာကို အဓမ္မလုယူပြီးချိန်မှစ၍ အကြမ်းဖက်နှိမ်နင်းမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို ယနေ့ထိ ကျူးလွန်လျက်ရှိပေသည်။ စစ်အာဏာရှင်တို့၏ လူမဆန်စွာ နှိမ်နင်းသတ်ဖြတ်မှုများကြောင့် ကျောင်းသားလူငယ်များ၊ ဆရာ၊ဆရာမများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ နေ့စဥ်နှင့်အမျှ ဆုံးရှုံးနေခဲ့ရပါသည်။

သို့ဖြစ်ပါ၍ တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသက်သွင်းရန်ကြိုးစားနေသော စစ်အာဏာရှင်တို့၏ ယန္တရားများတွင် ပူးပေါင်းပါဝင်ခြင်းမပြုကြဘဲ CDMersများနှင့်အတူ အဆုံးထိ ဆက်လက်တိုက်ပွဲဝင်ပေးကြပါရန် အသိပေးတောင်းခံအပ်ပါသည်။

ထို့ပြင် တရားမဝင်အကြမ်းဖက်စစ်ကောင်စီမှ ဖော်ဆောင်သောပညာရေးသည် လုံးဝ တရားမဝင်သည်ဖြစ်ရာ
စစ်အာဏာရှင်တို့ဖွင့်လှစ်သော ကျောင်းများတွင် တက်ရောက်မည့် ၂၀၁၉အောင် ပထမနှစ်နှင့် ၂၀၂၀အောင် ပထမနှစ် ကျောင်းသား၊ကျောင်းသူများကိုလည်း အကျွန်ုပ်တို့ တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂမှ လုံးဝ(လုံးဝ) အသိအမှတ်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ

Dear  CDMers ...စစ်အာဏာသိမ်းမှု တစ်နှစ်ကျော်လာခဲ့ပြီဖြစ်သော်လည်းယနေ့အချိန်ထိ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ဖြင့် အခိုင်အမာ...
16/04/2022

Dear CDMers ...

စစ်အာဏာသိမ်းမှု တစ်နှစ်ကျော်လာခဲ့ပြီဖြစ်သော်လည်း
ယနေ့အချိန်ထိ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ဖြင့် အခိုင်အမာရပ်တည်နေသော တောင်ငူပညာရေးဒီဂရီကောလိပ်မှ CDMဝန်ထမ်းများနှင့် တစ်နိုင်ငံလုံးရှိCDMဝန်ထမ်းများ၊
စစ်ကျွန်ပညာရေးအပေါ် သပိတ်မှောက်ကျောင်းမတက်ကြသော CDMကျောင်းသား၊ကျောင်းသူများအား
အကျွန်ုပ်တို့ တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂမှ
အစဥ်ကျေးဇူးတင်လျက်ရှိကြောင်း ဦးစွာပဏာမ အသိပေး​ပြောကြားလိုပါသည်။

CDMများသည် နေ့စဥ်နှင့်အမျှ လုံလုံခြုံခြုံမနေရခြင်း၊
ညဘက်များတွင်လည်း ခွေးဆွဲအန္တရာယ်ကို သတိထားပြီး နေထိုင်ရခြင်း၊ မိမိ၏ ဝါသနာပါရာအလုပ်များကို စွန့်လွှတ်ထားရခြင်းကြောင့် စားဝတ်နေရေးခက်ခဲခြင်း စသည့်အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ကို
အကျွန်ုပ်တို့ စိတ်နှလုံးမချမ်းမြေ့စွာ ကြားသိနေရပါသည်။

တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းသား၊ကျောင်းသူများအနေဖြင့် TGOEDC CDMerများအပေါ် တက်နိုင်သလောက်
ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းကာလများတွင် TGOEDC CDMerများအပေါ် မေ့လျော့နေသလိုဖြစ်ခဲ့ရသည့်အတွက်လည်း
နူးညွတ်စွာ တောင်းပန်အပ်ပါသည်။

ယခုအချိန်များသည် တော်လှန်ရေးကာလအရှိန်မြင့်လာသည်နှင့်အတူ အောင်ပွဲရရန် အလွန်ပင်နီးကပ်လာသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကိုလည်း CDMerများအပေါ် အသိပေးတင်ပြအပ်ပါသည်။

ထို့ကြောင့် အမှန်တရားကိုချစ်မြတ်နိုးသော CDMerများအနေဖြင့် ခွေးရူးရူးကာ လမ်းပျောက်နေပြီဖြစ်သော တရားမဝင်အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်ကာ ပြည်သူလူထုနှင့်အတူ အမှန်တရားအတွက် အဆုံးထိတိုက်ပွဲဝင်သွားကြရင်း
စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ဆီသို့ ချီတက်ကြပါစို့ဟုရေးသားရင်း တိုက်တွန်းနှိုးဆော်ဂုဏ်ပြုလိုက်ရပါသည်။

တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ

"တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းသား၊ကျောင်းသူများ၏ စုပေါင်းထောင်ဝင်စာ"စစ်အာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီ...
14/04/2022

"တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းသား၊ကျောင်းသူများ၏ စုပေါင်းထောင်ဝင်စာ"

စစ်အာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်သစ်အတွက် ရဲဝံ့စွာတိုက်ပွဲဝင်ရင်း
သံတိုင်နောက်သို့ ရောက်ရှိနေကြသော ဖမ်းဆီးခံကျောင်းသားရဲဘော်များ၏ ထောင်ဝင်စာနှင့် စားသောက်ဖွယ်၊
လိုအပ်ပစ္စည်းအသုံးအဆောင်များ စီစဥ်ပို့ဆောင်ပေးနိုင်ရန်အတွက်

အကျွန်ုပ်တို့ တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းသား၊ကျောင်းသူများမှ ယနေ့ကျရောက်သော
"၁၄၊၄၊၂၀၂၂ခုနှစ် သင်္ကြန်အကျနေ့" တွင်
တစ်တက်တစ်အား ပါဝင်အားဖြည့်ပေးခဲ့ပါသည်။

"ကျွန်တော်တို့မှာ ကျွန်တော်တို့ပဲရှိပါတယ်"

ငွေစာရင်းရှင်းတမ်း
Kpay
******636 - 5000Ks
******889 - 20000Ks

Wavepay
******114 - 2000Ks
******056 - 3000Ks

25000+5000 = 30,000Ks

"စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖို့
နိုင်ရာဏ္ဍကနေ တစ်တက်တစ်အား ပါဝင်ကူညီကြပါစို့"

#14/4/2022

Address

Taungoo

Website

Alerts

Be the first to know and let us send you an email when Taungoo Education Degree College Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category