AGAPE Preschool Center 1

AGAPE Preschool Center 1 We provide quality education and have supported children’s education for over a decade.

🌈 ကစားရင်း သင်ယူ၊ ဖန်တီးရင်း ကြီးပြင်း။ကြိုးပန်းချီ လှုပ်ရှားမှုမှတစ်ဆင့် ကလေးတို့ရဲ့ စိတ်ကူးစိတ်သန်း၊ ဖန်တီးနိုင်စွမ်းန...
30/07/2026

🌈 ကစားရင်း သင်ယူ၊ ဖန်တီးရင်း ကြီးပြင်း။
ကြိုးပန်းချီ လှုပ်ရှားမှုမှတစ်ဆင့် ကလေးတို့ရဲ့ စိတ်ကူးစိတ်သန်း၊ ဖန်တီးနိုင်စွမ်းနှင့် လက်ချောင်းသေးသေးလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးလျက်ရှိပါတယ်။
ယနေ့ရဲ့ လက်ရာလေးများက မနက်ဖြန်ရဲ့ အိပ်မက်ကြီးများအတွက် အခြေခံအုတ်မြစ် ဖြစ်လာပါစေ။ 🌱💜

Agape Preschool Center 1
📍21/244, မြိုင်သဇင်လမ်း၊ တောင်ငူမြို့
☎️ ဆက်သွယ်ရန်ဖုန်း - 09941783509

🌱 ပန်းလေးတွေလို လှပစွာ ပွင့်လန်းနိုင်ဖို့…ယနေ့ရဲ့ Craft Activity မှာ သားသားမီးမီးလေးတွေက ကိုယ်တိုင်ဖန်တီးထားတဲ့ လက်ရာလေး...
30/07/2026

🌱 ပန်းလေးတွေလို လှပစွာ ပွင့်လန်းနိုင်ဖို့…
ယနေ့ရဲ့ Craft Activity မှာ သားသားမီးမီးလေးတွေက ကိုယ်တိုင်ဖန်တီးထားတဲ့ လက်ရာလေးတွေကို ဂုဏ်ယူစွာ ပြသခဲ့ကြပါတယ်။
သင်ယူမှုတိုင်းက ပျော်ရွှင်မှုနဲ့အတူ အမှတ်တရကောင်းတွေ ဖြစ်လာစေပါတယ်။ ✨

Agape Preschool Center 1
📍21/244, မြိုင်သဇင်လမ်း၊ တောင်ငူမြို့
☎️ ဆက်သွယ်ရန်ဖုန်း - 09941783509

✨ ✨ယနေ့ကျ​ရောက်သော ဝါဆိုလပြည့်နေ့ မင်္ဂလာအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ကောင်းမှုကုသိုလ်များ တိုးပွားကာ လို...
29/07/2026

✨ ✨ယနေ့ကျ​ရောက်သော ဝါဆိုလပြည့်နေ့ မင်္ဂလာအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ကောင်းမှုကုသိုလ်များ တိုးပွားကာ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။ မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ ဖြစ်ပါစေကြောင်း AGAPE Preschool Center 1 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏 ✨

🎨💜 Tiny hands, big dreams! ✨Pre-2 သားသားမီးမီးတို့ရဲ့ Craft Time မှာ လက်မှုဖန်တီးရင်း ပျော်ရွှင်စွာ သင်ယူနေကြတဲ့ အခိုက်အ...
20/07/2026

🎨💜 Tiny hands, big dreams! ✨

Pre-2 သားသားမီးမီးတို့ရဲ့ Craft Time မှာ လက်မှုဖန်တီးရင်း ပျော်ရွှင်စွာ သင်ယူနေကြတဲ့ အခိုက်အတန့်လေးများ။ ✂️🌈

ဖန်တီးမှုတိုင်းက သင်ယူမှုတစ်ခုဖြစ်ပြီး အိပ်မက်ကြီးတွေကို လက်သေးသေးလေးတွေနဲ့ စတင်တည်ဆောက်နေပါတယ်။ 💕

လက်မှုလှုပ်ရှားမှုများမှတစ်ဆင့် ကလေးများ၏ ✋ Fine Motor Skills၊ 🎨 Creativity နှင့် 🧠 Imagination တို့ကို ဖွံ့ဖြိုးတိုးတက်စေပြီး ကိုယ်တိုင် ဖန်တီးနိုင်တဲ့ ပျော်ရွှင်မှုကိုလည်း ခံစားစေပါတယ်။

AGAPE Preschool Center (1) 🌱

📍21/244, မြိုင်သဇင်လမ်း၊ တောင်ငူမြို့
☎️ ဆက်သွယ်ရန်ဖုန်း - 09941783509

📢 ကျောင်းပိတ်ရက် အသိပေးကြေညာချက်လေးစားအပ်ပါသော မိဘများနှင့် ကျောင်းသား/ကျောင်းသူများရှင်၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ ...
18/07/2026

📢 ကျောင်းပိတ်ရက် အသိပေးကြေညာချက်

လေးစားအပ်ပါသော မိဘများနှင့် ကျောင်းသား/ကျောင်းသူများရှင်

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ တနင်္ဂနွေနေ့သည် အာဇာနည်နေ့ဖြစ်ပါသောကြောင့် L.A မှ AGAPE campus နှင့် Myo Gyi campus ရှိ English စာအတန်းများကို (၁) ရက် ပိတ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

📢 School Closure Notice

Dear Parents and Students,

Please be informed that L.A English classes in both AGAPE campus and Myo Gyi campus will be closed on (Martyrs Day) Sunday, July 19, 2026.
Thank you for your understanding and cooperation.


🩺 ကျန်းမာသောကလေးငယ်များမှသာ ပျော်ရွှင်စွာ သင်ယူနိုင်ပါသည်။Agape ကျောင်းတွင် ကျောင်းသား/သူများ၏ ကျန်းမာရေးကို အထူးအလေးထား...
16/07/2026

🩺 ကျန်းမာသောကလေးငယ်များမှသာ ပျော်ရွှင်စွာ သင်ယူနိုင်ပါသည်။

Agape ကျောင်းတွင် ကျောင်းသား/သူများ၏ ကျန်းမာရေးကို အထူးအလေးထားပြီး School Health Check-up Program ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယခုအစီအစဉ်တွင်
👁️ အမြင်အာရုံစစ်ဆေးခြင်း
🦷 သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးခြင်း
🩺 အရေပြားကျန်းမာရေးစစ်ဆေးခြင်း
❤️ အထွေထွေကျန်းမာရေးစစ်ဆေးခြင်းတို့ကို ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းများမှ စနစ်တကျ စစ်ဆေးပေးခဲ့ပါသည်။

ထို့အပြင် ကျောင်းသား/သူများအတွက် ကျောင်းကျန်းမာရေးပညာပေး ဟောပြောခြင်း ကိုလည်း ပြုလုပ်ပေးခဲ့ပြီး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ ရောဂါကာကွယ်ရေးနှင့် ကျန်းမာသောနေထိုင်မှုပုံစံများအကြောင်း အသိပညာများကို မျှဝေပေးခဲ့ပါသည်။

Agape ကျောင်းသည် ပညာရေးအရ ထူးချွန်မှုကိုသာမက ကျန်းမာရေး၊ လုံခြုံရေးနှင့် ကျောင်းသား/သူများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကိုလည်း အစဉ်ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။

💚 ကျန်းမာသော ခန္ဓာကိုယ်၊ တောက်ပသော အနာဂတ်၊ အောင်မြင်သော သင်ယူမှုများအတွက် Agape နှင့်အတူ လက်တွဲလိုက်ပါ။

🎨Painting dreams, one dot at a time🖌️သားသားမီးမီးတို့ရဲ့ လက်ရာတိုင်းဟာ ဖန်တီးနိုင်စွမ်း၊ စိတ်ရှည်မှုနဲ့ ယုံကြည်မှုကို ပြ...
16/07/2026

🎨Painting dreams, one dot at a time🖌️

သားသားမီးမီးတို့ရဲ့ လက်ရာတိုင်းဟာ ဖန်တီးနိုင်စွမ်း၊ စိတ်ရှည်မှုနဲ့ ယုံကြည်မှုကို ပြသနေတဲ့ ခြေလှမ်းလေးတွေပါ။
AGAPE Preschool မှာ ကလေးတိုင်းရဲ့ အရည်အချင်းကို ပျော်ရွှင်စွာ ရှာဖွေဖော်ထုတ်ပေးနေပါတယ်။ 💕

Agape Preschool Center 1
📍21/244, မြိုင်သဇင်လမ်း၊ တောင်ငူမြို့
☎️ ဆက်သွယ်ရန်ဖုန်း - 09941783509

🪄creating colorful memories, one fish at a time 🐠✨လက်ရာလေးတိုင်းမှာ သင်ယူမှုရှိတယ်အရောင်စုံဖန်တီးမှုများကနေ ကလေးငယ်တို့ရ...
13/07/2026

🪄creating colorful memories, one fish at a time 🐠

✨လက်ရာလေးတိုင်းမှာ သင်ယူမှုရှိတယ်
အရောင်စုံဖန်တီးမှုများကနေ ကလေးငယ်တို့ရဲ့ စိတ်ကူးစိတ်သန်း၊ လက်ချောင်းကြွက်သားဖွံ့ဖြိုးမှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တစ်နေ့တစ်နေ့ တိုးတက်လာစေပါတယ်။
AGAPE Preschool မှာ ပျော်ရွှင်စွာ သင်ယူရင်း အမှတ်တရကောင်းတွေ ဖန်တီးလိုက်ပါ။ ⭐️

Grade 3 မှ သားသားမီးမီးများရဲ့ သိပ္ပံလက်တွေ့သင်ခန်းစာအပင်တစ်ပင်ဖြစ်ထွန်းဖို့ လိုအပ်တဲ့ နေ၊ရေ၊လေနဲ့ နေရောင်ခြည်တို့ သမမျှ...
03/07/2026

Grade 3 မှ သားသားမီးမီးများရဲ့ သိပ္ပံလက်တွေ့သင်ခန်းစာ

အပင်တစ်ပင်ဖြစ်ထွန်းဖို့ လိုအပ်တဲ့ နေ၊ရေ၊လေနဲ့ နေရောင်ခြည်တို့ သမမျှတစွာလိုအပ်ပုံအကြောင်းလက်တွေ့သင်ယူကြပါတယ်။

ယခုလို လက်တွေ့သင်ကြားခြင်းဖြင့် စာတွေ့လက်တွေ့ ပေါင်းစပ်မိပြီး ကလေးများဟာ သိပ္ပံဘာသာရပ်ကို ပိုမိုစိတ်ဝင်စားလာမှာဖြစ်ပါတယ်။

🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆
Laying the foundation for the future
🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆

Agape Preschool Center 1
21/244, မြိုင်သဇင်လမ်း၊ တောင်ငူမြို့
ဖုန်း - 09941783509

02/07/2026

ကစားရင်း သင်ယူတတ်တဲ့ သဘာဝရှိတဲ့ ကလေးလေးတွေကို များများ ကစားခိုင်းရပါမယ်။

ဒီနေ့မှာတော့ Pre-1 မှ သားသားမီးမီးလေးများက ဘောလုံးသယ်ယူပြေးကစားခြင်း လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပါတယ်။

သူတို့ရဲ့ ပိုလျှံနေတဲ့ energy တွေကို စည်းစနစ်တကျလှုပ်ရှားရင်း အသုံးပြုနိုင်ဖို့လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်စိတ်နှစ်ပါး ဟန်ချက်ညီညီဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။

🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆
Laying the foundation for the future
🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆

Agape Preschool Center 1
21/244, မြိုင်သဇင်လမ်း၊ တောင်ငူမြို့
ဖုန်း - 09941783509

Address

Taungoo
Taungoo

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959941783509

Website

Alerts

Be the first to know and let us send you an email when AGAPE Preschool Center 1 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to AGAPE Preschool Center 1:

Shortcuts

Share

Category