အရိပ်သန့် Co.,Ltd

အရိပ်သန့် Co.,Ltd

Share

Construction , Decoration & Engineering Local construction

02/02/2026

တောင်ကြီးမြို့ပေါ်တွင် တာဝန်ထမ်းဆောင်ရန်အတွက် site engineer( ၃ )ဦး အလုပ်ခေါ်ယူလိုပါသည်။

အောက်ဖော်ပြပါအချက်အလက်များနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်။

. အင်ဂျင်နီယာ ပညာရပ်ဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လုပ်ငန်းလုပ်ကိုင်လိုသူ။

• လုပ်ငန်းခွင်အတွင်း နေ့စဉ် လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်စီမံခန့်ခွဲခြင်း။

• Drawing နှင့် Specification များအတိုင်း လုပ်ငန်းများ ပြီးစီးစေရန် စစ်ဆေးထိန်းချုပ်ခြင်း။

• ကန်ထရိုက်တာများ၊ အလုပ်သမားများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

• လုပ်ငန်းတိုးတက်မှုကို စောင့်ကြည့်၍ Project Timeline နှင့် ကိုက်ညီစေရန် ဆောင်ရွက်ခြင်း။

• Quality Control နှင့် Safety စည်းကမ်းများကို လိုက်နာစေခြင်း။

လိုအပ်သော အရည်အချင်းများ —

• Civil Engineering (သို့) ဆက်စပ်ဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသူ။

• ဆောက်လုပ်ရေးလုပ်ငန်းခွင် အတွေ့အကြုံရှိသူ (site supervision experience ရှိသူ ဦးစားပေးမည်)။

• Drawing ဖတ်ရှုနားလည်နိုင်ပြီး Site Problem များကို ဖြေရှင်းနိုင်စွမ်းရှိသူ။

• Communication ကောင်းမွန်ပြီး အဖွဲ့လိုက် အလုပ်လုပ်နိုင်သူ။

• လုပ်ငန်းခွင်လုံခြုံရေး စည်းကမ်းများကို နားလည်လိုက်နာနိုင်သူ။

စိတ်ဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါ ဖုန်းနံပါတ်၏ Viber (သို့) email သို့ CV နှင့် ဆက်သွယ်ရန်အချက်အလက်များကို ပေးပို့လျှောက်ထားနိုင်ပါသည်။

📣 မိမိလုပ်ငန်းအတွေ့အကြုံ ၊ အရည်အချင်း နှင့် လုပ်ငန်းလုပ်ကိုင်နိုင်မှုအပေါ် မူတည်၍ ကိုက်ညီသော လစာအားလည်း CV form တွင် တပါတည်း ပူးတွဲဖော်ပြပေးပါရန်။

အရည်အသွေးပြည့်ဝ၍ ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူဦးစားပေးခေါ်ယူပါမည်။

Shortlisted ဖြစ်သူများကိုသာ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပါသည်။

💻 Office Viber
09 788 533 688

💻 Email
[email protected]

Photos from အရိပ်သန့် Co.,Ltd's post 26/10/2025

အရိပ်သန့် "ဥဿဖရားရတု" ၊ ထာဝစဉ် တည်တံ့မည့် အနာဂတ်တစ်ခု

လေးစားအပ်ပါသော မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် မိသားစုဝင်များခင်ဗျား၊
ကျွန်တော်တို့ “အရိပ်သန့် Construction Co., Ltd.” ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ရာမှ ယနေ့ (၂၆.၁၀.၂၀၂၅) ရက်နေ့မှာ (၉) နှစ်ပြည့် ဥဿဖရားရတု ကို အောင်မြင်စွာ ကျရောက်ခဲ့ပြီဖြစ်ပါတယ်။❤️

ဒီ (၉) နှစ်တာကာလတစ်လျှောက်မှာ အတူလက်တွဲပြီး ကုမ္ပဏီရဲ့ အုတ်မြစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့ကြတဲ့ မိသားစုဝင် ဝန်ထမ်းများ တစ်ဦးချင်းစီတိုင်းကိုလည်း အရိပ်သန့်မိသားစုမှ အထူးဂါရဝပြု ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အခက်အခဲ၊ အောင်မြင်မှုတိုင်းဟာ သင်တို့ရဲ့ စေတနာ၊ ကြိုးစားမှုတွေနဲ့ တည်ဆောက်ခဲ့တာပါ။

ဒါ့အပြင် ကုမ္ပဏီစတင်တည်ထောင်ချိန်ကစလို့ ယနေ့ထိတိုင် ယုံကြည်မှုအပြည့်နဲ့ ရွေးချယ်လက်တွဲခဲ့ကြတဲ့ Clients များ အားလုံးကိုလည်း အထူးပင် ကျေးဇူးဥပကာရတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။
သင်တို့ရဲ့ ယုံကြည်မှုတွေကြောင့်သာ ဒီ (၉) နှစ်ပြည့် ခရီးကို အခိုင်အမာ လျှောက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။✨

ကျွန်တော်တို့ အရိပ်သန့်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ __
🏡 အေးချမ်းတဲ့ အရိပ်အာဝါသတစ်ခု
🏡 နွေးထွေးတဲ့ အသိုက်အမြုံလေးတစ်ခု
🏡 ခိုင်မာပြီး လုံခြုံတဲ့အဆောက်အအုံလေးတစ်ခု ကို စိတ်တိုင်းကျ ဖန်တီးပုံဖော်ပေးနိုင်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်ဖို့အတွက် (၉) နှစ်တိုင်တိုင် စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့ပါတယ်။

ယခု (၉) နှစ်ပြည့် ဥဿဖရားရတုမှသည် နောင်လာမယ့် နှစ်ပေါင်းများစွာသော အနာဂတ်ခရီးမှာလည်း ပိုမိုကောင်းမွန်ပြီး၊ တည်တံ့ခိုင်မာသော လက်ရာမြောက် အဆောက်အအုံများ၊ နေအိမ်များကို ဖန်တီးရင်း ဆက်လက်ကြိုးစားသွားပါဦးမည်။🙇🏻‍♂️

"သင်တို့ရဲ့ ယုံကြည်မှုကို အခြေခံပြီး၊ နားခိုရာ အေးချမ်းတဲ့ အရိပ်လေးတစ်ခုကို အရိပ်သန့်မှ ဂုဏ်ယူစွာ ဖန်တီးပုံဖော်ပေးပါရစေခင်ဗျာ။"

အရိပ်သန့် Construction Co., Ltd.
(၂၆.၁၀.၂၀၂၅)

📍၆၀/က၊ ကမ္ဘောဇလမ်း၊သစ်တောရပ်ကွက်၊ တောင်ကြီးမြို့။

☎️ဖုန်းနံပါတ်-09450061841, 09788533688, 081-201584.
🕘ရုံးချိန် မနက် ၉:၀၀ မှ ညနေ ၅:၀၀ အတွင်း အပါတ်စဉ်တနင်္လာနေ့မှ စနေနေ့အထိ ဆက်သွယ်နိုင်ပါသည်။

09/07/2025
17/04/2025

မြန်မာ့နှစ်သစ်ကူး အခါသမယမှစ၍ အားလုံး

စိတ် ချမ်းသာကြပါစေ...

ကိုယ် ကျန်းမာကြပါစေ...

စီးပွားလာဘ်လာဘများတိုးတက်ပြီး လိုအင်ဆန္ဒဟူသမျှပြည့်စုံကြပါစေ...

ကပ်သုံးပါး ကင်းလွတ်ကြပြီး အနာဂါတ်ကောင်းကို ပိုင်ဆိုင်နိုင်ကြပါစေ...

ချစ်ခင်တန်ဖိုးထားရသောသူများ မိသားစုများနှင့်အတူ ပျော်ရွှင်ကျန်းမာ ပြည့်စုံစွာဖြတ်သန်းရသော နေ့ကောင်းနေ့ရက်လေးများစွာ အမြဲပိုင်ဆိုင်နိုင်ကြပါစေ...

Photos from အရိပ်သန့် Co.,Ltd's post 25/01/2025

Three & half storeyed RCC Building Project @ Yay Aye Quin Qtr ,Taunggyi .

Proudly Constructed by Pure Image Construction Co.,Ltd

အရိပ်သန့် ဆောက်လုပ်ရေး ကုမ္ပဏီမှ အရည်အသွေး စံချိန်စံညွှန်းပြည့်မီကောင်းမွန်စွာဖြင့် အစအဆုံးတာဝန်ယူတည်ဆောက်ပြီးစီးအပ်နှံခဲ့သော luxury house project လေးဖြစ်ပါတယ်။

-အကြမ်းထည်တည်ဆောက်ခြင်းအတွက် အပြင်အုတ်ရိုးများအားလုံးသည် ၉ လက်မအထူရှိနံရံများဖြစ်ခြင်း ကြောင့် အိမ်အတွင်း အပူအအေးမျှတခြင်း။

-မြန်မာမှုလုပ်ငန်းများအားလုံးကို မြန်မာမှုဗိသုကာပညာရှင်များဖြင့် အနုစိပ်ပုံဖော်ထားခြင်း။

-ရေတင်ခြင်းလုပ်ငန်းများအားလုံးသည် အဝီစိcompressor မောင်းခြင်း၊လေထုတ်ခြင်းမှအစ
ground tank ,overhead tank အထိ အစအဆုံး auto system ဖြစ်ခြင်းကြောင့် ရေတင်ခြင်းကိစ္စအတွက် အလုပ်ရှုပ်စရာမလိုခြင်း။

-မီးဆင်ခြင်းလုပ်ငန်းတွင်လည်း ခြံတွင်းမီးများအားလုံး ညပွင့် နေ့ပိတ် auto system တပ်ဆင်ထားခြင်း။

- Quality ထူးခြားကောင်းမွန်သော ဆေးသုတ်ခြင်းလုပ်ငန်းများ ။

-Ceiling လုပ်ငန်းများနှင့် ကြွေပြား cornerများအား rose gold color stainless steel များဖြင့် လှပသပ်ရပ်စွာ ထည့်သွင်းပုံဖော်ထားခြင်း။

-cabinet များ ၊ steel handrail များ ၊ fence သံပန်း သံတံခါးများ ၊ kitchen cabinet များ ၊ roof top bar & teak furniture များအားလုံးကို အရည်အသွေးပြည့်မီ​စွာအကောင်းဆုံး customize ပြုလုပ်ထားခြင်း။

- ခြံဝင်း campus area များအား ကြွေပြား ခင်းခြင်းလုပ်ငန်းများ။

- landscaping လုပ်ငန်းများ။

- ခြံဝင်းအတွင်း အလှဆင်ခြင်းလုပ်ငန်းများ။ အစရှိသည့်လုပ်ငန်းများကို ကျွမ်းကျင်သောပညာရှင်များပေါင်းစပ်ပြီးအကောင်းဆုံး အရည်အသွေးများဖြင့် တာဝန်ယူတည်ဆောက်ထားပါသည်။

အရိပ်သန့်ဆောက်လုပ်ရေး ကုမ္ပဏီမှ အဆောက်အဦများအား အင်ဂျင်နီယာစံချိန်စံညွှန်းပြည့်မီစွာဖြင့် အသေးစိတ်ဂရုစိုက်တည်ဆောက်ပေးလျှက်ရှိပါသည်။

လူကြီးမင်းတို့တည်ဆောက်လိုသောအဆောက်အဦများအားယုံကြည်စွာဖြင့် လုပ်ငန်းအပ်နှံနိုင်ရန်ဖိတ်ခေါ်အပ်ပါသည်။

အသေးစိတ်စုံစမ်းလိုသည်များကို

အရိပ်သန့် Co.,Ltd : 60/ A , Kanbawza Street , Thittaw Qtr , Taunggyi.

Phone No : 09 4500 61 841 , 09 788 533 688 , 081 201584 သို့

ရုံးချိန် နံနက် ၉:၀၀ မှ ညနေ ၅: ၀၀ နာရီအတွင်းဆက်သွယ်နိုင်ပါသည်။

Photos from အရိပ်သန့် Co.,Ltd's post 28/04/2024

အရိပ်သန့်မှ တာဝန်ယူဆောက်လုပ်ပြီးစီးအပ်နှံခဲ့သော

ရှမ်းပြည်တောင်ပိုင်း ၊လွိုင်လင်မြို့ ၊ ရတနာစည်ကျောင်းတိုက်အတွင်းရှိ

" စိန်ရတနာကျောင်းဆောင် "

" 9600 sqft "

အလှူရှင်မိသားစုလည်း သက်ရှည်ကျန်းမာစွာဖြင့် ယခုထက်ပိုမိုပြီး အလှူရေစက် မပြတ် လှူနိုင်တန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းအပ်ပါတယ်

အရိပ်သန့်ဆောက်လုပ်ရေး ကုမ္ပဏီမှ အဆောက်အဦများအား အင်ဂျင်နီယာစံချိန်စံညွှန်းပြည့်မီစွာဖြင့် အသေးစိပ်ဂရုစိုက်တည်ဆောက်ပေးလျှက်ရှိပါသည်။

လူကြီးမင်းတို့တည်ဆောက်လိုသောအဆောက်အဦများအားယုံကြည်စွာဖြင့် လုပ်ငန်းအပ်နှံနိုင်ရန်ဖိတ်ခေါ်အပ်ပါသည်။

အသေးစိပ်စုံစမ်းလိုသည်များကို

အရိပ်သန့် Co.,Ltd : 60/ A , Kanbawza Street , Thittaw Qtr , Taunggyi.

Phone No : 09 4500 61 841 , 09 788 533 688 , 081 201584 သို့

ရုံးချိန် နံနက် ၉:၀၀ မှ ညနေ ၅: ၀၀ နာရီအတွင်းဆက်သွယ်နိုင်ပါသည်။

Photos from အရိပ်သန့် Co.,Ltd's post 25/04/2024

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ရှိ ဆောက်လုပ်အပ်နှံခဲ့ပြီးဖြစ်တဲ့ အရမ်းကိုအေးချမ်းပြီး နေချင်စဖွယ်ကောင်းတဲ့ အိမ်လေး....

Photos from အရိပ်သန့် Co.,Ltd's post 21/03/2024

အရိပ်သန့် ဆောက်လုပ်ရေးမှ တာဝန်ယူဆောက်လုပ်ပြီးစီးအပ်နှံခဲ့သည့်

မဟာရွှေပြည်ကျော်ကျောင်းဆောင် ( 39168 sq-ft )

လှည်းရိုးကျောင်းတိုက် ၊ လှည်းရိုးရပ်ကွက် ၊ အောင်ပန်းမြို့။

25/09/2023

အရိပ်သန့် Co.,Ltd တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများအလိုရှိသည်။

(၁) ရုံးစာရေး မ (၁)ဦး
(၂) စတို ကျား (၁) ဦး
(၃) site ကြီးကြပ် ကျား (၂) ဦး

(၁) ရုံးစာရေး နှင့် စတို အတွက် လိုအပ်သောအရည်အချင်းများ

👉အသက် ၂၅ နှင့် ၃၅ ကြား ဖြစ်ရမည်။

👉လုပ်ငန်း အတွေ့အကြုံရှိဖူးရမည်။

👉အထက်တန်းအောင်မြင်ထားသူဖြစ်ရမည်။

👉ရုံးစာရေး နေရာအတွက် လျှောက်ထားသူသည်ကွန်ပျူတာအခြေခံ microsoft excel သုံးတတ်သူဖြစ်ရမည်။

(၂) site ကြီးကြပ်နေရာအတွက် လိုအပ်ချက်များ

👉အသက် ၃၀ မှ ၄၀ ကြားဖြစ်ရပါမည်။

👉တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးထားသူဖြစ်ရမည်။

👉အသောက်အစားကင်းပြီး စည်းကမ်းရှိသူဦးစားပေးပါမည်။လိုအပ်ပါက နယ်ထွက်နိုင်ရပါမည်။

CV form တွင်

👉နာမည် ၊ အသက် ၊ နေရပ်လိပ်စာ

👉ပညာအရည်အချင်း ၊ လုပ်ငန်းအတွေ့အကြုံ

👉မိမိတတ်မြောက်ထားသော အရည်အချင်းများနှင့် လုပ်နိုင်စွမ်း

👉 မျှော်မှန်းလစာ

စသည်တို့ကို ပြည့်စုံစွာထည့်သွင်းဖော်ပြပေးရပါမည်။

လျှောက်ထားသူသည် မြန်မာနိုင်ငံသားမှတ်ပုံတင်ကဒ် လက်ဝယ်ရှိရပါမည်။

ဆောက်လုပ်ရေး လုပ်ငန်းအတွေ့အကြုံရှိသူ၊တောင်ကြီးမြို့တွင်းနေထိုင်သူကို ဦးစားပေးရွေးချယ်ပါမည်။

သိရှိလိုသည့်အချက်အလက်များကိုလည်း အရိပ်သန့်ရုံး viber (09 788 533 688) သို့ ပေးပို့၍မေးမြန်းနိုင်ပါသည်။

👉မိမိလျှောက်လိုသော လုပ်ငန်းနေရာပေါ်မူတည်၍ မိမိလုပ်နိုင်စွမ်းနှင့် လုပ်အားခ လစာကို CV form တွင် ပြည့်စုံစွာ ထည့်သွင်းရေးသားဖော်ပြပေးရပါမည်။

👉မခန့်အပ်ဖြစ်သော လျှောက်ထားသူများအား သီးသန့်ပြန်လည် ဆက်သွယ်ကြေငြာပေးမည်မဟုတ်ပါ။

ဆက်သွယ်ရန်
အရိပ်သန့် Co.,Ltd
၆၀/က၊ကမ္ဘောဇလမ်း၊သစ်တောရပ်၊တောင်ကြီးမြို့။
office phone& Viber no ( 09 788 533 688 )
E-mail : : [email protected]
E-mail : : [email protected]

Photos from အရိပ်သန့် Co.,Ltd's post 04/07/2022

✅ Renovation & Decoration project @ Mahar Mini Condominium ,Nyaung Shwe Haw Gone Qtr, Taunggyi .

👉အခန်းဖွဲ့များပြန်လည် ဖွဲ့စည်းခြင်း။

👉ရေချိုးခန်း အိမ်သာများအား ကြွေပြားအဟောင်းများခွာ၍အသစ်ပြန်လည်ကပ်ပေးခြင်း။

👉ရေချိုးခန်းသုံး ပစ္စည်းများအားလုံး အသစ်လဲလှယ်ခြင်း။

👉ဝရံတာ ချဲ့ခြင်း၊ aluminium slide door ပြုလုပ်တပ်ဆင်ခြင်း။

👉မျက်နှာကျက်ပြုလုပ်ခြင်းလုပ်ငန်းများ။

👉ကျွန်းပါကေးခင်းခြင်း။

👉မီးလိုင်းများအားလုံးကို အသစ်ပြန်လည် ပြောင်းခြင်း။

👉မီးပျက်ချိန်တွင် ၈နာရီကြာချိန်ခန့် လျှပ်စစ်မီးတစ်အိမ်လုံးအသုံးပြုနိုင်သည့် battery & invertor တပ်ဆင်ပေးခြင်း။

👉solar boiler တပ်ဆင်ခြင်း နှင့် ရေပိုက်လိုင်းများ အသစ်ပြုလုပ်ပေးခြင်း။

👉အလိုအလျောက် ရေတင် စနစ် ပြုလုပ်ပေးခြင်း။

👉ဘုရားစင်ပြုလုပ်ပေးခြင်း။

👉TV စင်၊ မှန်တင်ခုံ ၊နံရံကပ်ဘီဒိုများ ပြုလုပ်ပေးခြင်း။

👉ဆေးသုတ်ခြင်းလုပ်ငန်းများ။

👉လုံခြုံရေးသံပန်းများ ပြုလုပ်တပ်ဆင်ပေးခြင်း။

👉Steel Folding Door ပြုလုပ်တပ်ဆင်ပေးခြင်း။

✅ အရိပ်သန့်ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သော အဆောက်အဦများကို အင်ဂျင်နီယာစံချိန်စံညွှန်းပြည့်မှီစွာဖြင့် အသေးစိတ်ဂရုစိုက်တည်ဆောက်ပေးလျှက်ရှိပါသည်။

လူကြီးမင်းတို့တည်ဆောက်လိုသောအဆောက်အဦများအားယုံကြည်စွာဖြင့် လုပ်ငန်းအပ်နှံနိုင်ပါရန်ဖိတ်ခေါ်အပ်ပါသည်။

👉 အသေးစိတ်စုံစမ်းလိုသည်များကို

🏠 အရိပ်သန့် Co.,Ltd : 60/ A , Kanbawza Street , Thittaw Qtr , Taunggyi.

📲 Phone No : 09 4500 61 841 , 09 788 533 688 , 081 201584 သို့

📅 အပါတ်စဉ် တနင်္လာနေ့ မှ စနေနေ့အထိ

🕘 👉🕔 ရုံးချိန် နံနက် ၉:၀၀ မှ ညနေ ၅: ၀၀ နာရီအတွင်းဆက်သွယ်နိုင်ပါသည်။

Photos from အရိပ်သန့် Co.,Ltd's post 02/05/2022

Project @ Hsi Hseng , Taunggyi .

Two Storeyed RCC Building

အရိပ်သန့် ဆောက်လုပ်ရေး ကုမ္ပဏီမှ အရည်အသွေး စံချိန်စံညွှန်းပြည့်မှီကောင်းမွန်စွာဖြင့်

-အကြမ်းထည်တည်ဆောက်ခြင်း လုပ်ငန်းများ။

- ကျွန်းပါကေးခင်းခြင်း၊ မျက်နှာကျက်ပြုလုပ်ခြင်း၊ကျွန်းလက်ရန်းများ ၊ ကျွန်းစားပွဲများ ၊partation များနှင့် ပရိဘောဂလုပ်ငန်းများ။

- Dream တံဆိပ်Aluminium များဖြင့် tempered glass two layer ပြတင်းပေါက် များ ပြုလုပ်တပ်ဆင်ပေးခြင်းလုပ်ငန်းများ။

- အင်ဂျင်နီယာစံချိန်စံညွှန်းပြည့်မှီသော ရေ သွယ်တန်းခြင်း၊ မီးဆင်ခြင်းလုပ်ငန်းများ။

- Quality ထူးခြားကောင်းမွန်သော ဆေးသုတ်ခြင်းလုပ်ငန်းများ ။

-ကြွေပြားကပ်ခြင်းလုပ်ငန်းများ။

-kitchen counter ပြုလုပ်ခြင်း။

- ခြံဝင်း campus area များအား terrazzo ခင်းခြင်းလုပ်ငန်းများ။

-Stainless Steel ကြောင်လိမ်လှေကားပြုလုပ်ခြင်းလုပ်ငန်း။

- ခြံဝင်းအတွင်း အလှဆင်ခြင်းလုပ်ငန်းများ။ အစရှိသည့်လုပ်ငန်းများကို အကောင်းဆုံး အရည်အသွေးများဖြင့် တာဝန်ယူတည်ဆောက်ထားပါသည်။

အရိပ်သန့်ဆောက်လုပ်ရေး ကုမ္ပဏီမှ အဆောက်အဦများအား အင်ဂျင်နီယာစံချိန်စံညွှန်းပြည့်မီစွာဖြင့် အသေးစိတ်ဂရုစိုက်တည်ဆောက်ပေးလျှက်ရှိပါသည်။

လူကြီးမင်းတို့တည်ဆောက်လိုသောအဆောက်အဦများအားယုံကြည်စွာဖြင့် လုပ်ငန်းအပ်နှံနိုင်ရန်ဖိတ်ခေါ်အပ်ပါသည်။

အသေးစိတ်စုံစမ်းလိုသည်များကို

အရိပ်သန့် Co.,Ltd : 60/ A , Kanbawza Street , Thittaw Qtr , Taunggyi.

Phone No : 09 4500 61 841 , 09 788 533 688 , 081 201584 သို့

ရုံးချိန် နံနက် ၉:၀၀ မှ ညနေ ၅: ၀၀ နာရီအတွင်းဆက်သွယ်နိုင်ပါသည်။

Photos from အရိပ်သန့် Co.,Ltd's post 22/03/2022

Project Owner : : Shwe Myanmar Beverages Company Limited

Project Type : : 60' x 180 ' Steel Structure Warehouse

Project Location : Nyaung Shwe Haw Gone Qtr, Taunggyi.

-အလျား ၁၈၀ ပေ ၊ အနံ ၆၀ ပေ၊ အမြင့် ၂၆ ပေရှိဂိုဒေါင်တည်ဆောက်ခြင်းလုပ်ငန်း။

- ရုံးခန်းအဟောင်းအား ခိုင်ခံ့မှုပိုမိုကောင်းမွန်စေရန်ကျောက်ရိုးများဖြင့်ပြန်လည် ထောက်ပေးခြင်း၊ ပြုပြင်ခြင်းနှင့် အလှဆင်ခြင်း၊ လုံခြုံရေး ဂိတ်အဆောက်အဦးများ တည်ဆောက်ခြင်း လုပ်ငန်းများ။

- ခြံဝင်း အတွင်း အလှဆင်ခြင်းနှင့် ဆေးသုတ်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ။

- Campus တစ်ခုလုံး လုံခြုံရေးအတွက် CCTV နှင့် security မီးများ တပ်ဆင်ခြင်း လုပ်ငန်းများ။

- ခြံစည်းရိုးအဟောင်းဖြိုဖျက်ပြီး ခေတ်မီခိုင်ခံ့သေသပ်သော ခြံစည်းရိုးများ၊ခြံဝင်းတံခါးများ ပြုလုပ်ပေးခြင်း ။

အစရှိသည့်လုပ်ငန်းကိစ္စအဝဝကို အရိပ်သန့် ဆောက်လုပ်ရေး မိသားစုအားယုံကြည်စိတ်ချစွာဖြင့် လုပ်ငန်းအပ်နှံပါသော ရွှေမြန်မာ ကုမ္ပဏီ အား ကျေးဇူးအထူးတင်ရှိပါသည်။

အရိပ်သန့်ဆောက်လုပ်ရေး ကုမ္ပဏီမှ အဆောက်အဦများအား အင်ဂျင်နီယာစံချိန်စံညွှန်းပြည့်မီစွာဖြင့် အသေးစိတ်ဂရုစိုက်တည်ဆောက်ပေးလျှက်ရှိပါသည်။

လူကြီးမင်းတို့တည်ဆောက်လိုသောအဆောက်အဦများအားယုံကြည်စွာဖြင့် လုပ်ငန်းအပ်နှံနိုင်ရန်ဖိတ်ခေါ်အပ်ပါသည်။

အသေးစိတ်စုံစမ်းလိုသည်များကို

အရိပ်သန့် Co.,Ltd : 60/ A , Kanbawza Street , Thittaw Qtr , Taunggyi.

Phone No : 09 4500 61 841 , 09 788 533 688 , 081 201584 သို့

ရုံးချိန် နံနက် ၉:၀၀ မှ ညနေ ၅: ၀၀ နာရီအတွင်းဆက်သွယ်နိုင်ပါသည်။

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

၆၀/က၊ ကမ္ဘောဇလမ်း ၊ သစ်တောရပ်ကွက် ၊ တောင်ကြီးမြို့ ။
Taunggyi
72

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 08:00 - 17:00