Fun&easy Japanese Language Centre

Fun&easy Japanese Language Centre Education Service

06/08/2026

Priceless Moments

ကျွန်တော်တို့က
■ "တစ်နေ့ကျရင်" ဆိုတဲ့ စကားနဲ့ အသက်ရှင်နေကြတယ်။
တစ်နေ့ကျရင်အလုပ်တွေ လျှော့သွားမယ်။
တစ်နေ့ကျရင်မိသားစုနဲ့ အချိန်ပိုပေးမယ်။
တစ်နေ့ကျရင်ကိုယ်ချစ်တဲ့သူတွေနဲ့ ခရီးသွားမယ်။

ဒါပေမယ့် ကျနော်တို့ကို အဲဒီ "တစ်နေ့ကျရင်" ဆိုတဲ့ အရာ
အမြဲစောင့်မနေဘူး။တချို့သောတွေ့ဆုံခြင်းကကိုယ့်အတွက် နောက်ဆုံးတွေ့ဆုံခြင်းဖြစ်သွားတယ်။တချို့နေရာတွေကပြန်မရောက်နိုင်တော့တဲ့ နေရာတွေ ဖြစ်သွားတယ်။တချို့အချိန်တွေက ကိုယ်မသိလိုက်ခင်မှာပဲ နောက်ဆုံးအကြိမ် ဖြစ်သွားတယ်။

ကျနော့်ကိုယ်ကျနော်လည်း သတိပေးနေမိတယ်။နောင်တ နည်းဖို့ပေါ့။အမှားတွေ အများကြီး မလုပ်မိဖို့ပေ့ါ။

■ ဒီအချိန်ကို ငါ အပြည့်အဝ ရှင်သန်ခဲ့တယ် လို့ ပြန်ပြောနိုင်ဖို့ လက်ရှိကို အကောင်းဆုံးဖြတ်သန်းတယ်။

တစ်နေ့ ကိုယ့်အတိတ်ကို ပြန်လှည့်ကြည့်တဲ့အခါ ကိုယ်တန်ဖိုးထားမိမှာက ဝယ်ခဲ့တဲ့ ပစ္စည်းတွေ မဟုတ်ဘူး။
အတူရှိခဲ့တဲ့ လူတွေ
အတူဖြတ်သန်းခဲ့တဲ့ အချိန်တွေ
အတူရယ်မောခဲ့တဲ့ အမှတ်တရတွေ
အဲဒီအရာတွေက ဘယ်လောက်ချမ်းသာချမ်းသာ ပြန်ဝယ်လို့ မရတဲ့ Priceless Moments တွေပါ။

နောက်မကျခင် ကိုယ့်ဘေးနားက သူတွေကိုလည်း တန်ဖိုးထားကြောင်း ပြောပြပေးပါ။

🌸Online Study in Japan Fair 2026 For Myanmar (28th&29th August, 2026) တွင်ပါဝင်သွားမဲ့ Myanmar-Japan Center for Human Re...
06/08/2026

🌸Online Study in Japan Fair 2026 For Myanmar (28th&29th August, 2026) တွင်ပါဝင်သွားမဲ့ Myanmar-Japan Center for Human Resources Development Center (MJC)

📌Registration Link : https://forms.gle/UEvGn3NowhL81Eka7

🤗Online Study in Japan Fair 2026 For Myanmar မှာဆိုရင် MJC လည်း ပါဝင်သွားမှာဖြစ်ပါတယ်။
MJC က ပြုလုပ်တဲ့ Long-term Career Development Program for Myanmar Private Sector (LCDP) Scholarship Program ဟာဆိုရင် ဂျပန်နိုင်ငံက နာမည်ကြီးတက္ကသိုလ်တွေမှာ အင်္ဂလိပ်ဘာသာနဲ့ဘွဲ့လွန်တန်းတက်ရောက်ဖို့ရည်ရွယ်ထားသူတွေအတွက် ထောက်ပံ့ပေးတဲ့ scholarship အစီအစဥ်ပဲဖြစ်ပါတယ်။
MJC scholarship program: https://myanmarjapancenter.com/scholarship-program/

ရွေးချယ်တက်ရောက်နိုင်တဲ့ဘာသာရပ်တွေကတော့
🌱 Agricultural/Environment
📈 Management (MBA)
💼 Economics
🔧 Engineering/Information Technology
✈️ Tourism တို့ဖြစ်ပါတယ်။

💁‍♀️ဘယ်သူတွေလျှောက်ထားနိုင်မလဲ?
✅ အသက် ၂ ၂ မှ ၃၉ အတွင်းရှိ ပုဂ္ဂလိကကဏ္ဍတစ်ခုခုတွင် လုပ်ကိုင်နေသူ။
✅လုပ်ငန်းအတွေ့အကြုံ( ၂ ) နှစ် နဲ့အထက်ရှိသူ။
✅ မြန်မာ-ဂျပန်စင်တာ (MJC) မှ သင်တန်းများကို တက်ရောက်ဖူးသူများ သိုမဟုတ် MJC ရဲ့ business course များ နဲ့ activities တွေကို တက်ရောက်ခဲ့တဲ့ ကုမ္ပဏီတွေမှ ဝန်ထမ်းများ။(UMFCCI တွင် business management course များတက်ရောက်ဖူးသူများ။)
စသဖြင့် လျှောက်ထားရန်လိုအပ်တဲ့ အခြားအသေးစိတ်အချက်အလက်တွေကို အောက်ပါ website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
🔺Website : https://myanmarjapancenter.com/scholarship-program/information/

🖥Myanmar-Japan Center for Human Resources Development Center (MJC) Group Consultation
📅Date : August 28, 2026 (Friday)
⏰Time : 3:30 P.M - 4:25 P.M (Myanmar Time)

🇯🇵 Online Study in Japan Fair 2026 For Myanmar ကို အောက်ဖော်ပြပါလင့်ခ်တွေ မှတစ်ဆင့် စာရင်းပေးသွင်းပြီး အခမဲ့ပါဝင်ဆင်နွှဲလိုက်ကြရအောင်။
📌Registration Link : https://forms.gle/UEvGn3NowhL81Eka7

✨“Online Study in Japan Fair 2026 For Myanmar" ရဲ့ Special Website ကနေတဆင့် ပွဲအကြောင်းနဲ့ သက်ဆိုင်ရာတက္ကသိုလ်တွေ။စကော်လားရှစ်အစီအစဥ်တွေအကြောင်း လေ့လာနိုင်ပါတယ်။✨
🚩Special Website :https://www.okayama-u.ac.jp/user/myanmar/prepare2026.html

အားလပ်ချိန် မှာ ဂျပန်ဘာသာစကားသင်ကြားလိုသူများအတွက် သွားလာရလွယ်ကူတဲ့ နေ မှာ သင်တန်း ရှိပါတယ်။ဒီသင်တန်းဟာဆိုလို့ရှိရင် ဂျပ...
03/08/2026

အားလပ်ချိန် မှာ ဂျပန်ဘာသာစကားသင်ကြားလိုသူများအတွက် သွားလာရလွယ်ကူတဲ့ နေ မှာ သင်တန်း ရှိပါတယ်။

ဒီသင်တန်းဟာဆိုလို့ရှိရင် ဂျပန်ဘာသာစကား ကို အခု မှ စ တင် လေ့လာ မယ့် သင်တန်းသားရဲ့ရည်မှန်းချက်နဲ့ကိုက်ညီမယ် Courseကို စီစဉ်ပြီးတော့ study plan နဲ့စနစ်တကျသင်ကြားပေးပါတယ်။

Our Mission ရည်မှန်းချက် (理念)

လူတစ်ဦးချင်းစီ၏ အိပ်မက်ကို ဂျပန်ဘာသာဖြင့် အနာဂတ်ဆီသို့ လမ်းညွှန်ပေးမည်။

ဘာသာစကားကို သင်ယူ၍ အနာဂတ်ကို ဖွင့်လှစ်ကြပါစို့။

ဂျပန်ဘာသာအားဖြင့် လူများနှင့် အနာဂတ်ကို ချိတ်ဆက်ပေးမည်။

သင့်အိပ်မက်ဆီသို့ ဦးတည်ရာ လမ်းညွှန်အဖြစ် ရပ်တည် ပါ မည်။

You're very welcome! 😊

Michibiki Nihongo Center (みちびき日本語センター) သည် အောက်ပါ အဓိပ္ပာယ်ပြည့်ဝသော (Brand Identity) တစ်ခုဖြစ်ပါသည်။

🗻 ဖူဂျီတောင် (Mount Fuji) – ဂျပန်နိုင်ငံ၏ အမှတ်အသား၊ တည်ငြိမ်မှုနှင့် မြင့်မားသော ရည်မှန်းချက်များကို ကိုယ်စားပြုပါသည်။

🌅 နေလုံးနီ (Red Sun) – "နေထွက်ရာအရပ်၏နိုင်ငံ" ဟု လူသိများသော ဂျပန်နိုင်ငံနှင့် တောက်ပသော အနာဂတ်ကို ကိုယ်စားပြုပါသည်။

⛩️ တိုရီတံခါး (Torii Gate) – ဘဝ၏ အဆင့်သစ်တစ်ခုသို့ ဝင်ရောက်ခြင်း၊ အခွင့်အလမ်းသစ်များကို ကြိုဆိုခြင်း၏ သင်္ကေတဖြစ်ပါသည်။

🛣️ လမ်း (Path) – ကျောင်းသားများ၏ အိပ်မက်များနှင့် ရည်မှန်းချက်များဆီသို့ လမ်းညွှန်ပေးခြင်းကို ဖော်ဆောင်ပါသည်။

⭐ လမ်းညွှန်ကြယ် (Guiding Star) – 「みちびき」 (Michibiki) ၏ အဓိပ္ပာယ်ဖြစ်သော "လမ်းညွှန်ခြင်း" ကို ကိုယ်စားပြုပါသည်။

🧭 ကွန်ပတ်စ် (Compass) – မှန်ကန်သော လမ်းကြောင်းနှင့် ဦးတည်ချက်ကို ရှာဖွေပေးသည့် သင်္ကေတဖြစ်ပါသည်။

📖 ဖွင့်ထားသော စာအုပ် (Open Book) – ပညာရေး၊ အသိပညာနှင့် သင်ယူမှုကို ကိုယ်စားပြုပါသည်။

🌸 ချယ်ရီပန်း (Cherry Blossoms) – ဂျပန်ယဉ်ကျေးမှုနှင့် အသစ်သော အစပြုမှုများကို ဖော်ညွှန်းပါသည်။

🌉 တံတား (Bridge) – မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ချိတ်ဆက်ပေးသည့် တံတားတစ်စင်းကို ကိုယ်စားပြုပါသည်။

---

みちびき日本語センター (Michibiki Nihongo Center) သည် သင်ရဲ့ ဘဝ သစ် တစ်ခုအဖြစ် တည်ဆောက်နိုင်မည့် အလားအလာကောင်းများစွာ ရှိပါသည်။

ကျွန်ုပ်တို့သည် みちびき日本語センター သည်
ဂျပန်နိုင်ငံတွင် မိမိတို့၏ အနာဂတ်အိပ်မက်များကို အကောင်အထည်ဖော်လိုသော ကျောင်းသား၊ ကျောင်းသူများအတွက် ယုံကြည်စိတ်ချရသော လမ်းညွှန်ပေးနိုင်သည့် ပညာရေးစင်တာတစ်ခု ဖြစ်လာပါစေကြောင်း ဆန္ဒပြုအပ်ပါသည်

Michibiki Nihongo center
みちびき日本語センター

Sat Sun Special Class
Online face to face Class
Private Lesson Course

သင်တန်းစုံစမ်းရန်
09790534029

ဆုတောင်းပြည့် ကမာကူရကြေးဆင်းတုတော်ကြီးရဲ့သမိုင်းဂျပန်နိုင်ငံကို ရောက်ရှိလာကြတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများနဲ့ နို...
02/08/2026

ဆုတောင်းပြည့် ကမာကူရကြေးဆင်းတုတော်ကြီးရဲ့
သမိုင်း

ဂျပန်နိုင်ငံကို ရောက်ရှိလာကြတဲ့ ဗုဒ္ဓဘာသာဝင်
မြန်မာနိုင်ငံသားများနဲ့ နိုင်ငံတကာမှ
လာရောက်လည်ပတ်သူများဟာ
ဂျပန်နိုင်ငံကို ရောက်ရှိချိန်မှာ ကမာကူရ ဘုရားအား
သွားရောက်ဖူးမျှော် ကြည်ညိုကြစမြဲ ဖြစ်သည်။

တိုကျိုမြို့ မှ၁နာရီကျော်ခန့် ရထားခရီးဖြင့် သွားရတဲ့
The Great Buddha of Kamakura ဂျပန်အခေါ်Kamaku Daibutsu ကမာကူရ ကြေးဆင်းတုတော်ကြီးသည်
အေဒီ ၁၂၅၂ခုနှစ်
ဂျပန်သမိုင်းရဲ့ ကမာကူရခေတ်(အေဒီ1185–1333)ရဲ့ တည်ထားခဲ့ခြင်း ဖြစ်သည်။

ကြေးဆင်းတုတော် အဖြစ် တည်ထားကိုးကွယ်မှု မပြုမှီ (၉)နှစ်ခန့်အလိုက သစ်သား ဆင်းတုအဖြစ်
တည်ထားကိုးကွယ်ခဲ့ပြီး ပျက်စီးယိုယွင်းသွားတဲ့
အတွက် ယခုမျက်မှောက် ဖူးမြင်ရတဲ့အတိုင်း
ကြေးဆင်းတုတော်အဖြစ် တည်ထားကိုးကွယ်ခဲ့ခြင်း
ဖြစ်သည်။

ဂျပန်နိုင်ငံအတွင်း Nara မြို့ရှိ Todaiji ဗုဒ္ဓရုပ်ပွားတော်
ပြီးလျှင် ဒုတိယမြောက် အကြီးဆုံး
ဆင်းတုတော်ဖြစ်သည်။

#ထူးခြားချက်များ.*~*~*~*~*~*~*~

*အနှစ် ၇၀၀ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ယခင်က
အမိုးအကာနှင့် အာရုဏ်ခံ တန်ဆောင်းရှိခဲ့တဲ့
ကမာကူရ ဆင်းတုတော်ကြီးဟာ 1334 ခုနှစ်
မုန်တိုင်းဝင်ရောက်စဉ်က ပျက်ဆီးခဲ့သည်ပြီး
ပြန်လည်ပြုပြင်ခဲ့ရသည်။အေဒီ 1369ခုနှစ်မှာ
မုန်တိုင်းထပ်မံဝင်ရောက်တဲ့ အတွက်
အမိုးအကာများ ထပ်မံပျက်စီး ခဲ့သဖြင့်
ပြန်လည် ပြုပြင်ခဲ့ရပြန်သည်။
နောက်ဆုံးအကြိမ် September 20,
1498 မှာတော့ ဆုနာမိရေလှိုင်းဒဏ်ကြောင့်
အမိုးအကာများ ရေလှိုင်းများနဲ့ မျောပါသွားခဲ့ကာ
ယခုအချိန်ထိ အမိုးအကာများ
ပြန်လည်တည်ဆောက်ခြင်း အလျဉ်းမရှိတော့ပဲ
ဟင်းလင်းပြင်မှာ စံပယ်တော်မူလျှက် ရှိပါသည်။
အမိုးအကာအောက်၌ တည်ထားကိုးကွယ်၍ မရသော မြန်မာနိုင်ငံမှ တချို့သော တန်ခိုးကြီး ဆင်းတုတော်များကဲ့သို့ အမိုးအကာအောက်၌ စံပယ်တော် မမူဟု မှတ်ယူရပေမည်လားပင်။ဂျပန်ရောက် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများနဲ့ ဂျပန်သို့ လာရောက်လည်ပတ် ကြတဲ့ ဗုဒ္ဓဘာသာနိုင်ငံများမှ နိုင်ငံခြားသားများဟာ ကမာကူရ ဘုရား တန်ခိုးကြီးပြီး ဆုတောင်း ပြည့်သည်ဟု အထူးယုံကြည်ကြသည်...။
နှစ်စဉ် ဒီဇင်ဘာ ၃၁ရက်နေ့မှာတော့ ညလုံးပေါက် ကြည်ညိုဖူးမျှော်နိုင်အောင် ဖွင့်လှစ်ထားရှိပေးပြီး နှစ်သစ်ကူး တရက်နေ့မှာတော့ ဂျပန်၊ မြန်မာဘုရားဖူးများဖြင့် နှစ်သစ်ကူးအတွက် ကြိတ်ကြိတ်တိုး လာရောက်ဖူးမျှော်ကြသည်။ကမာကူရသို့ တခေါက်သွားရောက် ကြည်ညို ဖူးမျှော်သူတိုင်း နောက်တကြိမ်ဂျပန်နိုင်ငံသို့ ပြန်လည် လာရောက် ရသည်ဟု အများလက်ခံ ယုံကြည်ကြသည်။
ဗောဓိတထောင် ဆရာတော်ကြီး၏ ကမာကူရ*ဆင်းတုတော် ဝန်းအတွင်းမှ ဖြစ်ရပ်ဆန်း.*၁၉၉၉ခုနှစ် အစပိုင်းက ယခုပျံလွန်တော် မူသွားပြီဖြစ်တဲ့ ကျေးဇူးရှင် မုံရွာမြို့မှ ဗောဓိတထောင် ဆရာတော်ကြီးဟာ ယခုမြန်မာနိုင်ငံနှင့် ကမ္ဘာတွင် အမြင့်ဆုံးဖြစ်သည့် ဗောဓိတထောင် မတ်ရပ် ဆင်းတုတော်ကြီးအား တည်ထားကိုးကွယ်ရန်အတွက် လိုအပ်တဲ့ သံဆိုင်းများအား အိန္ဒိယနိုင်ငံမှ သံတံတားဟောင်း တစင်းအားဝယ်ယူရန် သွားရောက်ကြည့်ရှုခဲ့ပြီး အပြန်မှာ ဂျပန်နိုင်ငံသို့ ဝင်ရောက်ခဲ့ပါသည်။ ထိုစဉ်က တပည့်ဒကာတော်များနှင့် ကမာကူရ ရုပ်ပွားတော်ကြီးသို့ သွားရောက် ဖူးမြော်ခဲ့သည်။

ဆရာတော်ကြီးမှ ကမာကူရ ဘုရားကြီးအား
လက်အုပ်ချီ မတ်ရပ် ဖူးမျှော်ကြည်ညိုရင်းမှ
တပည့်ဒကာများအား မင်းတို့တွေ အသံတွေ ဆူညံသံတွေ မကြားကြဘူးလားဟေ့ဟု ဆိုလေသည်။ နောက်ပါ ဒကာများမှ မည်သည့်အသံမှ ကြားရခြင်းမရှိကြောင်း ပြောဆိုရာမှာတော့ ဆရာတော်က အနီးပတ်ဝန်းကျင်မှ အစောင့်အရှောက် နတ်များ ဆရာတော်ထံမှ တဖွဲ့ပြီး တဖွဲ့ အမျှလာရောက်ယူကာ သာဓုခေါ်သံများ
ဆူညံနေကြောင်း မိန့်ကြားလေသည်။ ထိုစဉ်က
ယခုကဲ့သို့ Digital အမျိုးအစားကင်မရာများ မရှိပဲ..
ဖလင်ကင်မရာများဖြင့် ဆရာတော် လက်အုပ်ချီ
ဖူးမျှော်နေပုံအား ဓာတ်ပုံမှတ်တမ်းတင် ရိုက်ကူးခဲ့သည်။

ထိုနေ့ညပိုင်း၌ မိမိကိုယ်တိုင် ဆရာတော်ကြီးအား
သွားရောက်ဖူးမျှော်ရာမှာတော့
ဆရာတော်တည်းခိုရာ နေအိမ်မှ အိမ်ရှင်ဖြစ်သူမှ
ဆရာတော်အား ကမာကူရ ဘုရားဝင်းအတွင်း
ရိုက်ကူး မှတ်တမ်းတင်ထားသည့် မှတ်တမ်းဓာတ်ပုံအား
ပြသလေသည်။
၎င်းမှ ဆရာတော်အား မှတ်တမ်းတင်
ရိုက်ကူးထားသည့် မတ်တပ်ရပ်လက်အုပ်ချီ
ပူဇော်ကန်တော့နေသည့် ဓာတ်ပုံ၏ မြင်ကွင်းဝန်းကျင်၌
အဖြူရောင် အလင်းတန်းများစွာအား ဓာတ်ပုံအတွင်း၌ ထင်ရှားပြတ်သားစွာ စာရေးသူကိုယ်တိုင်
မျက်မြင် ကိုယ်တွေ့ တွေ့မြင်ခဲ့ရသည်။

တခြားသူတဦး၏ ရိုက်ကူးခဲ့သည့်
ဓာတ်ပုံအတွင်း အလင်းတန်းများအပြင် လူအသွင်သဏ္ဍာန်များပင် ပေါ်ပေါက်နေသည်ဟု
ကြားသိခဲ့ရသည်။ဂျပန်သို့ အလုပ်အကိုင်ဖြင့် ဖြစ်စေ၊ အလည်အပတ်ဖြင့် ဖြစ်စေ လာရောက်လိုသူများ
မိမိတို့နေအိမ်အတွင်း ကမာကူရ ဆင်းတုတော်အား
ယုံယုံကြည်ကြည် ပူဇော်ကိုးကွယ်ခြင်းဖြင့်
ဂျပန်နိုင်ငံသို့ ရောက်ရှိနိုင်ကြောင်း၊ ဆုတောင်းလည်း ပြည့်ကြောင်း မြန်မာလူမျိုး အများစု က
ယုံကြည်ကိုးကွယ်ကြလေသည်။

Credit Moe Japan fb Page

ထမင်းကို မစေးပဲ မွယွနေအောင် ဒီလိုတည်ဒီနည်းက စားသောက်ဆိုင်မှာ သွားစားရင်းသူတို့မီးဖိုချောင်မှာ အဲ့အကြောင်းကို ပြောသံကြားတ...
02/08/2026

ထမင်းကို မစေးပဲ မွယွနေအောင် ဒီလိုတည်
ဒီနည်းက စားသောက်ဆိုင်မှာ သွားစားရင်း

သူတို့မီးဖိုချောင်မှာ အဲ့အကြောင်းကို ပြောသံကြားတာနဲ့

အိမ်ရောက်တော့ သူတို့နည်းနဲ့ ချက်ကြည့်ဦးမယ်ဆိုပြီး

အမြဲ ချက်ဖြစ်သွားတဲ့နည်းပါ

ထမင်း မစားဖြစ်ရင်လည်း လုံးဝ မစားဘူး
စားရင်လည်း ဆန်များများထည့်ပြီး ဒီလိုပဲချက်ပြီး
အားရပါးရ ကြိတ်တာ

ထမင်းချက်ရင်
ဆီနဲနဲ ရှာလကာရည်နဲနဲ ဆားနဲနဲ ဖြူးပြီးတည်

ဆီ ဘာလို့ထည့်လဲဆိုရင်
ဆန်ချက်တဲ့ခါ ရေဆူတာနဲ့ ကစီဓာတ်တွေထွက်လာတယ်
ဘာဆီဖြစ်ဖြစ် ဆီသန့်ထည့်လိုက်တာနဲ့ အဲ့ဆန်မှာ အလွှာလို
နဲနဲလေး သွားဖုံးနေတော့ စေးကပ်ကြီး မဖြစ်တော့ဘူး

ရှာလကာရည် ထည့်ချက်တာက
ထမင်းပိုဖွေးစေတယ် စေးတာ ပျော့တာရော သိပ်မရှိဘူး
ရေတော့ ချင့်တည်ပေါ့လေ

ပြီးရင် ထမင်းကြာကြာထားလည်း ခံတယ်

ဆားကျတော့ ထမင်းမှာပါတဲ့ အရသာကို နဲနဲပိုပေါ်သွားတာ

🌟 ဂျပန်နိုင်ငံမှာ Takarakuji (宝くじ) အွန်လိုင်းကနေ အလွယ်တကူ ထီထိုးနည်း🌟ဂျပန်ရောက် မြန်မာတို့အတွက် လူကြိုက်များတဲ့ Takaraku...
02/08/2026

🌟 ဂျပန်နိုင်ငံမှာ Takarakuji (宝くじ)

အွန်လိုင်းကနေ အလွယ်တကူ ထီထိုးနည်း
🌟
ဂျပန်ရောက် မြန်မာတို့အတွက် လူကြိုက်များတဲ့

Takarakuji (宝くじ) တရားဝင်ဝဘ်ဆိုက် ကနေ

ဖုန်းလေးတစ်လုံးရှိရုံနဲ့ အိမ်မှာတင် အလွယ်တကူ

ထီထိုးလို့ရမယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်

ခင်ဗျာ။ 😉

ဆိုင်တွေမှာ သွားပြီး တန်းစီစရာမလိုသလို၊

ထီပေါက်ရင်လည်း ကိုယ့်ဘဏ်အကောင့်ထဲကို

ပိုက်ဆံအလိုအလျောက် တိုက်ရိုက်ဝင်လာမှာဖြစ်လို့

"ထီလက်မှတ် ပျောက်သွားမှာ" သို့မဟုတ် "

ထီပေါက်တာ မသိလိုက်ဘဲ ကျန်ခဲ့မှာ

" မျိုးတွေ လုံးဝပူစရာမလိုတော့ပါဘူး!

ပြီးတော့ ဝယ်ယူတဲ့ ယန်း ၁၀၀ တိုင်းအတွက်

နောက်တစ်ကြိမ် ထီပြန်ဝယ်လို့ရမယ့်

၁ ပွိုင့် (၁ ယန်းဖိုး) လည်း ရဦးမှာနော်။ 🎉

📌 ထီမထိုးခင် ကြိုတင်ပြင်ဆင်ရမည့်အရာများ

အွန်လိုင်းကနေ အကောင့်ဖွင့်ပြီး ထိုးဖို့အတွက်

အောက်ပါအချက်အလက်တွေ လိုအပ်ပါတယ်။

၁။ အီးမေးလ်လိပ်စာ (Email Address)

၂။ ကိုယ်ရေးအချက်အလက် (အမည်နှင့် ဂျပန်နိုင်ငံရှိ နေရပ်လိပ်စာ)

၃။ ငွေပေးချေမည့်ကတ် သို့မဟုတ် စနစ် (3D Secure ပါဝင်သော Credit Card, PayPay သို့မဟုတ် Softbank/au/Docomo တို့လို Carrier Billing)

၄။ ထီပေါက်ရင် ငွေလွှဲပေးမယ့် ဘဏ်အကောင့် (မိမိအမည်ပေါက်ဖြစ်ရပါမယ်)

💻 Takarakuji Official Website မှာ အကောင့်ဖွင့်ပြီး ထိုးနည်းအဆင့်ဆင့်

1️⃣ တရားဝင်ဝဘ်ဆိုက်သို့ သွားပါ
Takarakuji ရဲ့ တရားဝင်ဝဘ်ဆိုက် (https://www.takarakuji-official.jp/) သို့ သွားပြီး 「新規会員登録」 (အသစ်အကောင့်ဖွင့်ရန်) ကို နှိပ်ပါ။ မိမိ အီးမေးလ်ကို ရိုက်ထည့်ပြီး အတည်ပြုလင့်ခ် ပို့ခိုင်းပါ။

2️⃣ ကိုယ်ရေးအချက်အလက် ဖြည့်စွက်ပါ
အီးမေးလ်ထဲကို ရောက်လာတဲ့ Link ကိုနှိပ်ပြီး အမည်၊ နေရပ်လိပ်စာနဲ့ လျှို့ဝှက်နံပါတ် (Password) တို့ကို သတ်မှတ်ဖြည့်စွက်ပါ။

3️⃣ ငွေပေးချေမှုနှင့် ဘဏ်အကောင့် ချိတ်ဆက်ပါ
ထီဖိုးပေးချေမည့်စနစ် (Credit Card/PayPay စသည်) ကို ရွေးချယ်ဖြည့်သွင်းပါ။ ထို့နောက် ထီပေါက်ပါက အနိုင်ရငွေ တိုက်ရိုက်ဝင်မည့် မိမိရဲ့ ဘဏ်အကောင့် (ဥပမာ- Yucho ဘဏ်၊ みずほ ဘဏ်စသည်) ကို ချိတ်ဆက်ပါ။

4️⃣ ထီအမျိုးအစား ရွေးချယ်ပြီး ဝယ်ယူပါ
အကောင့်ဖွင့်ပြီးပါက 「ネット購入」 (အွန်လိုင်းဝယ်ယူခြင်း) စာမျက်နှာသို့ သွားပြီး မိမိစိတ်ကြိုက်ထီကို ရွေးချယ်ဝယ်ယူနိုင်ပါပြီ။

🎟️ ဝယ်ယူနိုင်တဲ့ ထီအမျိုးအစားများ နှင့် ထိုးနည်း

🍀 ၁။ ဂျမ်ဘိုထီများ (Jumbo Takarakuji - ジャンボ宝くじ)
တစ်နှစ်ကို (၅) ကြိမ်ကျင်းပပြီး ဆုကြေးအလွန်ကြီးမားတဲ့ ထီအမျိုးအစားဖြစ်ပါတယ်။ (ဥပမာ - Nenmatsu Jumbo, Summer Jumbo စသည်)။ ဒီထီကို ဝယ်တဲ့အခါ အောက်ပါအတိုင်း ရွေးချယ်နိုင်ပါတယ် -
連番 (Renban - အစဉ်လိုက်ဂဏန်းများ): အုပ်စုတူပြီး ဂဏန်းအစဉ်လိုက် (ဥပမာ - ၁ မှ ၁၀ အထိ) ဖြစ်လို့ ပထမဆုကြီးရော ဘေးဆု (前後賞) တွေပါ တစ်ပြိုင်တည်း ပေါက်နိုင်ခြေ ရှိပါတယ်။

バラ (Bara - ကွဲပြားသောဂဏန်းများ): အုပ်စုတွေရော၊ ဂဏန်းတွေပါ မတူအောင် ကွဲပြားပြီး ဝယ်တာဖြစ်လို့ အနည်းဆုံးဆုသေးလေးတွေ ပေါက်နိုင်ခြေ ပိုများပါတယ်။

🍀 ၂။ ဂဏန်းရွေးချယ်ရတဲ့ ထီများ (LOTO 7, LOTO 6, Numbers)
မိမိနှစ်သက်ရာ ဂဏန်းတွေကို ကိုယ်တိုင်ရွေးချယ်ပြီး ထိုးရတဲ့ ထီအမျိုးအစားတွေပါ။
ကိုယ်တိုင်ရွေးချယ်ခြင်း: ကိုယ့်ရဲ့ မွေးနေ့ သို့မဟုတ် ကံကောင်းစေမယ့် ဂဏန်းတွေကို ကိုယ်တိုင် ရွေးချယ်နှိပ်ပြီး ဝယ်နိုင်ပါတယ်။
Quick Pick (クイックピック): ဘာဂဏန်းရွေးရမှန်း မသိရင်တော့ ကွန်ပျူတာကနေ ဂဏန်းတွေကို ကျပန်း (Random) အလိုအလျောက် ရွေးပေးမယ့် စနစ်ကို သုံးနိုင်ပါတယ်။

🎁 ထီပေါက်ရင် ဘယ်လိုလုပ်ရမလဲ?
အွန်လိုင်းကနေ ဝယ်ထားတဲ့အတွက် ထီပေါက်၊
မပေါက်ကို ဝဘ်ဆိုက်ထဲမှာ အလွယ်တကူ စစ်ဆေးနိုင်သလို၊ ပေါက်တဲ့ငွေကိုလည်း ချိတ်ဆက်ထားတဲ့ ဘဏ်အကောင့်ထဲကို အလိုအလျောက် တိုက်ရိုက်လွှဲပေးသွားမှာဖြစ်လို့ အေးဆေးပါပဲ!

အားလုံးပဲ ကံထူးကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🤞✨

#ဂျပန်ရောက်မြန်မာများ #ထီထိုးနည်း #ထီပေါက်ပါစေ #ဂျပန်နေထိုင်မှုဘဝ

02/08/2026

Seasonal flower

✨🌏👩🏻‍💻2027 September Intake ဝင်ခွင့်အောင်မြင်သူတိုင်း ကျောင်းလခ တစ်ဝက်လျော့ချပေးတဲ့ စကော်လာရှိတဲ့ University of Hyogo ရဲ...
02/08/2026

✨🌏👩🏻‍💻2027 September Intake ဝင်ခွင့်အောင်မြင်သူတိုင်း ကျောင်းလခ တစ်ဝက်လျော့ချပေးတဲ့ စကော်လာရှိတဲ့ University of Hyogo ရဲ့ Englishလိုသင်ယူနိုင်မဲ့ Global Business Course (GBC)👩🏻‍💻🌏✨

University of Hyogo ဟာဆိုရင် Kobe မြို့ရှိ Local Public University တစ်ခု ဖြစ်ပါတယ်။ Global Business Course (GBC) ဟာဆိုရင် နိုင်ငံတကာစီးပွားရေးနဲ့ စီမံခန့်ခွဲမှုကို အခြေခံပြီး နိုင်ငံတကာစျေးကွက်ကိုထိုးဖောက်လိုတဲ့ လူငယ်တွေအတွက် ရည်ရွယ်ကာ 2019ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ Undergraduate English Program တစ်ခုဖြစ်ပါတယ်။

✅ကျောင်းလျှောက်ထားရန် အခြေခံလိုအပ်ချက်-
1. ၁၂နှစ်တာပညာရေးပြီးဆုံးအောင်မြင်ထားသူ။ (Between Sep 20, 2024 and Sep 19, 2027)
2. IELTS 5.5 (or) TOFEL iBT 72 (or) TOEIC L&R/S&W 1560 (or) Duolingo 100 နဲ့အထက် ရရှိထားသူ။

✅2027 September Enrollment
⏰Registration Period: December 1 - 14, 2026 (JST)
⏰Application Period: Dec 1, 2025 - 25, 2026 (JST)
📌Application Guideline:https://www.u-hyogo.ac.jp/english/01ApplicationGuidelines2027.pdf

👩🏻‍💻ကျောင်းဝင်ခွင့်ရွေးချယ်မှုကိုတော့ Document Screening, Online Interview နဲ့ဆုံးဖြတ်သွားမှာဖြစ်ပြီး 2027 September Enrollment အတွက် နိုင်ငံတကာကျောင်းသားကျောင်းသူ 30 ဦးကို ကျောင်းဝင်ခွင့်လက်ခံပေးသွားမှာဖြစ်ပါတယ်။

🏆Scholarship Information🏆
🤩GBC Program ကို September 2027 Enrollment အတွက် ဝင်ခွင့်အောင်မြင်တဲ့ နိုင်ငံတကာကျောင်းသားကျောင်းသူတိုင်း 50% Tuition Reduction Scholarship (Special Exemption) ကို 4နှစ်စာ ရရှိမှာဖြစ်ပါတယ်။2nd year ကနေစပြီး နှစ်စဉ် Academic Performance ရဲ့ Top 30% ထဲဝင်တဲ့ ကျောင်းသား‌ကျောင်းသူတွေကတော့ Additional Exemption အနေနဲ့ 100% Tuition Reduction Scholarshipကို ရရှိနိုင်မှာဖြစ်ပါတယ်။

🔗Home Page: https://www.u-hyogo.ac.jp/english/
🔗School of Economics and Management: https://www.u-hyogo.ac.jp/em/en/index.html
🔗GBC Course: https://www.u-hyogo.ac.jp/english/academics/em/gbc/
🔗Scholarship: https://www.u-hyogo.ac.jp/english/admissions/scholarship/
📩Inquires → GBC Office: [email protected]

 🎌Eikei University of Hiroshima 🎌✨Online Study in Japan Fair 2026 For Myanmar (28th ~ 29th August, 2026) တွင်ပါဝင်သွားမည...
02/08/2026

🎌Eikei University of Hiroshima 🎌
✨Online Study in Japan Fair 2026 For Myanmar (28th ~ 29th August, 2026) တွင်ပါဝင်သွားမည့် ကျောင်းမိတ်ဆက်ခြင်း ✨
📌Registration Link : https://forms.gle/UEvGn3NowhL81Eka7

🖥Eikei University of Hiroshima Online Group Consultation
📅Date : August 28, 2026 (Friday)
⏰Time : 3:30 PM -4:25 PM (Myanmar Time)
🤩 Don't forget registration to join this meeting! 🤩

🌸Hiroshima ပြည်နယ်မှာတည်ရှိတဲ့ Eikei University of Hiroshima (EUH) ဟာ ၂၀၂၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ Local Public University တစ်ခုဖြစ်ပါတယ်။ အသစ်အသစ်တွေကိုမှလေ့လာချင်ပြီး ခေါက်ရိုးကျိုးနေတဲ့အတွေးအခေါ်တွေကိုပြောင်းလဲချင်တဲ့ ကျောင်းသားကျောင်းသူတွေအတွက် ရွေးချယ်သင့်တဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ နိုင်ငံတကာ ကျောင်းသားကျောင်းသူတွေအတွက် English ဘာသာနဲ့သင်ယူနိုင်တဲ့ course ကတော့ Social System Design Course ပဲဖြစ်ပါတယ်။

🤗Department of Social System Design ရဲ့ course ဖြစ်ပြီး လေ့လာရမဲ့ဘာသာရပ်တွေက
🌐Fundamental courses: Peace, Partnership
🌐Advanced courses:
✍🏻People - Humanities (Identity Design)
✍🏻Prosperity - Economics (Business Design)
✍🏻Planet - Natural Sciences/ Environmental Studies (Ecosystem Design)

🏆ကျောင်းဝင်ခွင့်ရရှိသူ နိုင်ငံတကာကျောင်းသားကျောင်းသူတိုင်းအတွက် Scholarship အခွင့်အရေးအနေနဲ့ ကျောင်းလခ 50%လျှော့ချပေးတဲ့ ပညာသင်ဆုနဲ့ လစဉ်ယန်း 50,000 ပညာသင်ထောက်ပံ့ကြေး (Special Scholarship) အပြင် JASSO scholarships အခွင့်အရေးလည်းရှိပါတယ်။

🤩Eikei University of Hiroshima ရဲ့ ကျောင်းမိတ်ဆက်၊ ကျောင်းဝင်ခွင့်စာမေးပွဲ၊ ပညာသင်ဆု စတဲ့ ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိဖို့ အောက်ပါလင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းပြီး အခမဲ့ပါဝင်ဆင်နွှဲလိုက်ကြရအောင်။
📌Registration Link : https://forms.gle/UEvGn3NowhL81Eka7

♦️Eikei University of Hiroshima နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါဝက်ဘ်ဆိုဒ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။
🔻Homepage: https://eikei.ac.jp/english/
🔻Admission: https://admissions.eikei.ac.jp/english/
🔻Scholarship: https://eikei.ac.jp/english/life/scholarship/
🔻Pamphlet:https://eikei.ac.jp/english/wp-content/uploads/sites/4/2025/08/eikei-en-fix-WEB.pdf

✨“Online Study in Japan Fair 2026 For Myanmar" ရဲ့ Special Website ကနေတဆင့် ပွဲအကြောင်းနဲ့ သက်ဆိုင်ရာတက္ကသိုလ်တွေ။စကော်လားရှစ်အစီအစဥ်တွေအကြောင်း လေ့လာနိုင်ပါတယ်။✨
🚩Special Website :https://www.okayama-u.ac.jp/user/myanmar/prepare2026.html

Address

၂၉၇(နမ၁၀)ဒေလီယာလမ်း ကျောင်းကြီးစုရပ်
Taunggyi

Telephone

+959790534029

Website

Alerts

Be the first to know and let us send you an email when Fun&easy Japanese Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category