27/08/2026
🌏 Global Minds. Local Insights. One Powerful Lesson for Every Founder.
22 August 2026 — Lotte Hotel Yangon
ဒီနေ့ကို Founder တစ်ယောက်အနေနဲ့ ကျွန်တော်အတွက် Knowledge ရရှိတဲ့နေ့တစ်နေ့ထက်ပိုပြီး၊ Business ကို ပိုရှည်လျားစွာ စဉ်းစားတတ်လာတဲ့နေ့တစ်နေ့ လို့ မှတ်ယူချင်ပါတယ်။
“How Myanmar’s Corporate Giants Build Sustainable Brands for Market Dominance Over Decades” ဆိုတဲ့ Global Marketing Workshop ကို တက်ရောက်ခွင့်ရခဲ့ပြီး World-class Marketing Leaders သုံးဦးထံမှ တန်ဖိုးရှိတဲ့ အမြင်တွေကို လေ့လာခွင့်ရခဲ့ပါတယ်။
🎓 Professor Philip Kotler
Father of Modern Marketing
Marketing ကို စာအုပ်ထဲက Theory အနေနဲ့သာမက Global Business Strategy ရဲ့ အခြေခံအုတ်မြစ်တစ်ခုအဖြစ် စဉ်းစားဖို့ ပြန်လည်သတိပေးပေးခဲ့သူပါ။
✅ကျွန်တော်အတွက် အရေးကြီးဆုံး takeaway ကတော့ — Marketing ဆိုတာ ရောင်းအားတိုးဖို့အတွက်ပဲ မဟုတ်ဘူး။ Customer ရဲ့စိတ်ထဲမှာ Value နဲ့ Trust ကို တည်ဆောက်ဖို့ပါ။✅
🌍 Professor Dr. Waldemar Pfoertsch
Global B2B Brand Management Expert
B2B Business မှာ Brand ဆိုတာ Logo၊ Color၊ Advertising တွေထက် အများကြီးပိုနက်ရှိုင်းတယ်ဆိုတာကို International B2B perspective နဲ့ လေ့လာခွင့်ရခဲ့ပါတယ်။
B2B မှာ Customer က Product တစ်ခုတည်းကို မဝယ်ပါဘူး။
Trust • Reliability • Reputation • Relationship • Long-term Value အဲဒီအရာတွေကိုပါ ဝယ်ယူနေတာဖြစ်ပါတယ်။
U Zin Min Wai
Myanmar Marketing Expert & Strategist
Global Marketing Framework တွေကို Myanmar Market ရဲ့ လက်တွေ့ Business Environment နဲ့ ဘယ်လိုချိတ်ဆက်ပြီး အသုံးချနိုင်မလဲဆိုတာကို ပိုမိုနားလည်စေခဲ့ပါတယ်။
အထူးသဖြင့် Myanmar ရဲ့ Corporate Giants တွေရဲ့ Case Studies တွေကနေ—
“အောင်မြင်နေတဲ့ Business တစ်ခုနဲ့ နှစ်ပေါင်းများစွာ အောင်မြင်နေတဲ့ Business တစ်ခုကြားမှာ Strategy ရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးကြီးသလဲ” ဆိုတာကို ပိုမိုမြင်တွေ့ခဲ့ရပါတယ်။
ဒီ Workshop မှာ ကျွန်တော် အတွက် အကြီးမားဆုံး Lesson တစ်ခုက—
Short-term sales can build a business.
But long-term trust builds a brand.
Founder တစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဒီနေ့အတွက် Business တစ်ခုတည်ဆောက်ဖို့သာမဟုတ်ဘဲ၊ နောင် 10 နှစ်၊ 20 နှစ်အထိ Customer တွေက ယုံကြည်ပြီး ရွေးချယ်နေမယ့် Brand တစ်ခု တည်ဆောက်ဖို့ ဖြစ်သင့်ပါတယ်။
ဒီလို World-class knowledge ကို ကိုယ်တိုင်ရရှိပြီး ကိုယ့်အတွက်ပဲ သိမ်းထားတာထက်— Learn → Apply → Share → Create Value ဆိုတဲ့ အတွေးနဲ့ ကိုယ်ရရှိခဲ့တဲ့ Knowledge တွေကို မိတ်ဆွေ Business Owners, Entrepreneurs နဲ့ Future Leaders တွေကို ဆက်လက်မျှဝေချင်ပါတယ်။
ကျွန်တော်အတွက် Founder ဖြစ်ခြင်းဆိုတာ Business တစ်ခုကို ဦးဆောင်ခြင်းတင်မဟုတ်ဘဲ၊ Knowledge ရှာဖွေခြင်း၊ အမြင်အသစ်တွေကို လက်ခံခြင်းနဲ့ ကိုယ်သိလာတာတွေကို ပြန်လည်မျှဝေပေးခြင်း လည်း ဖြစ်ပါတယ်။
နောက်ထပ် ကျွန်တော်ရလာတဲ့ Take away တွေကိုလည်း အပိုင်း (၂) /(၃) စသည်ဖြင့် ဆက်လက်မျှဝေပေးသွားပါဦးမယ်
🙏 Thank you to the speakers, organizers, and fellow business leaders who made this valuable knowledge-sharing experience possible.
Build Business.
Build Trust.
Build a Brand That Lasts.