Kainnayi Education Centre - KEC

Kainnayi Education Centre - KEC

Share

သုတ၊ ရသစုံလင်စွာ သင်ကြားပေးတာ ကိန္နရီမှာ

18/04/2026

📢 ကမ်ပိန်း ရက်တိုးကြေညာချက်

စစ်ရှောင်ပညာရေးအတွက် ရည်ရွယ်ထားတဲ့ “ကိုး၉ကိုး၉ မွေးနေ့မဲကမ်ပိန်း” ကို တားဂက်မပြည့်သေးသဖြင့် (၁၀) ရက် ထပ်မံ တိုးမြှင့်လိုက်ပါတယ်ရှင့်။

ပညာရေးက အနာဂတ်ကို ပြောင်းလဲနိုင်တဲ့ အရေးကြီးဆုံးအရာတစ်ခုဖြစ်လို့ တားဂက်ပြည့်အောင် ဆက်လက်ကြိုးစားချင်ပါတယ်။

DoveKK အဖွဲ့ရဲ့ Founder တဦးဖြစ်တဲ့ ဆရာ နိုင်းနိုင်းနိုဗန်ရဲ့ မွေးနေ့လက်ဆောင်အဖြစ် ပါဝင်အားဖြည့်ပေးလို့လည်းရပါတယ် ရှငိ့

တစ်စောင်မှ -၁၀၀၀၀ကျပ်ပါ

ရောင်းချရန် မဲအစောင်ရေ
၂၄၇၈စောင် ကျန်ရှိနေသေးတဲ့အတွက် Like & Share လေးကူညီပေးဖို့ တောင်းဆိုပါရစေရှင့်....

Photos from Kainnayi Education Centre - KEC's post 18/04/2026

စာရေးကိရိယာများလှူဒါန်းပေးပါသော အလှူရှင်များနှင့်တကွ
ညီ၊ အစ်ကို၊ မောင်နှမများအားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်ကြံစည်လုပ်ကိုင်သမျှ ထမြောက်အောင်‌မြင်ပါစေလို့ ကိန္နရီမိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်....

#စွမ်းရည်စုံညီကိန္နရီ


#စစ်ဘေးရှောင်ကလေးများအတွက်

Photos from Kainnayi Education Centre - KEC's post 17/04/2026

2025 - 2026 ပညာသင်နှစ်
ကိန္နရီပညာရေးစင်တာ Grade - 9၊ Grade -10၊ Grade - 11 ရှိအောက်ပါကျောင်းသား/သူများအား သက်ဆိုင်ရာအတန်းအသီးသီးသို့ တက်ရောက်ခွင့်ပြုလိုက်သည်။

10/04/2026

(၂၆) နှစ်မြောက် ကယန်းအမျိုးသားနေ့အား ဂုဏ်ပြုပါသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်
၂၀၀၀ ပြည့်နှစ်မှစတင်၍ ကယန်းမျိုးနွယ်စုများ၏ စည်းလုံးညီညွတ်မှုကို ရှေးရှုကာ သတ်မှတ်လာခဲ့သည့် ကယန်းအမျိုးသားနေ့သည် ယနေ့အချိန်တွင် (၂၆) နှစ်မြောက်သို့ ကျရောက် ခဲ့ပြီဖြစ်ပါသည်။ မိမိတို့၏ စာပေ၊ ယဉ်ကျေးမှုနှင့် အမျိုးသားအခွင့်အရေးများအတွက် ရဲရဲဝံ့ဝံ့ ရပ်တည်လာခဲ့ကြသည့် ကယန်းပြည်သူတစ်ရပ်လုံးနှင့်အတူ ဤနေ့ထူးနေ့မြတ်အား ဂုဏ်ယူ ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။

၂၀၀၀ ပြည့်နှစ်၊ ဧပြီလ (၈၊၉၊၁၀) ရက်နေ့များတွင် ကယန်းကငန်၊ ကယန်းလထာ၊ ကယန်းကဲဒေါနှင့် ကယန်းကခေါင်းတို့မှ ခေါင်းဆောင်ကြီးများ၊ ဘာသာရေးအဖွဲ့အစည်းများမှ ကယန်းလူမျိုးဆရာတော်ကြီးများ၊ ကယန်းလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ခေါင်းဆောင် များသည် စုပေါင်းညှိနှိုင်းတိုင်ပင်ကာ ပထမဆုံးအကြိမ် ကယန်းမျိုးနွယ်စု ညီလာခံကိုခေါ်ယူ ကျင်းပခဲ့ပါသည်။ ထိုညီလာခံမှ (၁) လက်တင်အက္ခရာကို မွမ်းမံထားသော ကယန်းစာပေ၊ (၂) ကယန်းမျိုးနွယ်စုအားလုံးကို တစ်စုတည်းအဖြစ်ခံယူခြင်းနှင့် (၃) ကယန်းအမျိုးသားအလံတို့ကို တရားဝင်အတည်ပြုနိုင်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်၊ ဧပြီလ (၁၀) ရက်နေ့ကို ကယန်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ပါသည်။

(၂၆) နှစ်မြောက် ကယန်းအမျိုးသားနေ့တွင် ကယန်းအမျိုးသားအာဇာနည်များအား ဦးညွှတ်လျက် ကယန်းအမျိုးသားတစ်ရပ်လုံးနှင့်ထပ်တူ ဂုဏ်ယူပါသည်။

Photos from Kainnayi Education Centre - KEC's post 09/04/2026

ကွယ်လွန်သူ မိခင်ကြီး (အငြိမ်းစားအလယ်တန်းပြဆရာမကြီး)အား ရည်စူး၍ ကျန်ရစ်သူမိသားစုများမှ စစ်ဘေးရှောင်ကလေးငယ်များအား (8.4.2026 - ဗုဒ္ဓဟူး) နေ့တွင် အာဟာရဒါနလှူဒါန်းပေးပါသောကြောင့် ကွယ်လွန်သူဆရာမကြီးလည်းကောင်း‌ရာဘုံဘဝရောက်ပါစေ...
ကျန်ရစ်သူမိသားစုများလည်း စည်းပွားဉစ္စာပေါကြွယ်ဝပြီး ဆထက်ထမ်းပိုးလှူဒါန်းနိုင်ပါစေ...ကျန်းမာပျော်ရွှင်ပါစေ လို့ ကိန္နရီမိသားစုမှ ဆုမွန်တောင်းပေးလိုက်ပါတယ်ရှင့်....

#စစ်ရှောင်အာဟာရအလှူ
#စွမ်းရည်စုံညီကိန္နရီ

07/04/2026

စတိုင်မိ"မိုက်"
အရပ်ရှည်"နဲ့
သရုပ်ဆောင် "ခါရာ" က
ဘာတွေပြောထားလဲ
‌နားထောင်ပြီး
ပညာရေးအတွက်မဲလေးဝယ်ကူပါရှင့်
တစ်မဲ ၁၀,၀၀၀ ပါ။

#ကိုး၉ကိုး၉ကမ်းပိန်း
#နိုင်းနိုင်းမွေးနေ့အမှတ်တရ
#ပညာရေးအတွက်

Photos from Ministry of Education, National Unity Government of Myanmar's post 01/04/2026
Photos from Ministry of Education, National Unity Government of Myanmar's post 01/04/2026

Physics Sample question

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Website

Address

Taunggyi