23/07/2026
Teacher Nang Nang KyiPhyu AungCho ဖြေထားပေးတဲ့ အကြောင်းကို ကျွန်တော်တို့ Admin မှ ကူးယူဖော်ပြပါတယ် ခင်ဗျာ …
ကျွန်မကို Honorary Global Leader ဘာလို့ရတာလဲလို့ လာမေးထားတဲ့ မေးခွန်းတွေအတွက်ပါရှင်..
2016-2026 ဆယ်နှစ်တာ ကာလအတွင်း မှာ ကျွန်မသင်ပေးခဲ့တဲ့ IELTS and English for scholarships သင်တန်းတွေကနေ
Chevening Scholarship ၈ ယောက်
Australia Awards Scholarship ၅၉ ယောက်
New Zealand Government Scholarship ၉ ယောက်
Canada Scholarship ၅ ယောက်
ထွက်ရှိခဲ့ပါတယ် …
2007-2026 နှစ် ၂၀ နီးပါးကာလအတွင်း သင်ပေးဖြစ်ခဲ့တဲ့ General English, IELTS နဲ့ English for scholarships သင်တန်းတွေကနေ Child’s Dream, Prospect Burma, နဲ့ Thai နိုင်ငံမှာရှိတဲ့ တက္ကသိုလ်အသီးသီးကပေးတဲ့ အမျိုးမျိုးသော scholarships များစွာနဲ့ ပညာတော်သင်ဆု ရကြသူပေါင်း ၁၂၆ ယောက်ရှိပါတယ် ..
DAAD Scholarship နဲ့ ဂျာမနီသွားကြသူများ
Swedish Government Scholarship နဲ့ ဆွီဒင်သွားကြသူများ
OKP Netherlands Government Scholarship နဲ့ နယ်သာလန်ရောက်သွားကြသူများ
MEXT scholarships, ADB scholarships တို့နဲ့ ဂျပန်မှာ ကျောင်းတက်ကြသူများ
ကိုးရီးယားမှာရှိတဲ့ Seoul National University နဲ့ Sungkyunkwan University တို့မှာ scholarships အပြည့်နဲ့ Ph.D. တက်ခဲ့သူများ
အခြားသော scholarships များစွာနဲ့ နိုင်ငံအစုံမှာ ပညာတော်သင်နေကြသူများ
ကျောင်းပြီး ဘွဲ့တွေရလို့ Singapore, Malaysia, Vietnam တို့မှာ အလုပ်အကိုင်ကောင်းတွေနဲ့ ဝင့်ထည်နေသူတွေများစွာရှိပါတယ်
တချို့တွေလည်း မြန်မာပြည်မှာပဲ ကိုယ်ပိုင်လုပ်ငန်းတွေမှာ ဦးဆောင်နေကြပါတယ် …
ပညာရေးနဲ့ ပတ်သက်တာတွေကိုပဲ 1996 ကနေ 2026 အထိ နှစ်ပေါင်း ၃၀ တစိုက်မတ်မတ်လုပ်ခဲ့ … မှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့လို့ ဖြစ်ပါလိမ့်မယ်လို့ ဖြေပါရစေရှင် …