Chan Nyein - 𝐒. 𝐈. 𝐑

Chan Nyein - 𝐒. 𝐈. 𝐑

Share

Succeed through
Intelligence &
Responsibility.
#𝐒𝐈𝐑

23/04/2026

ကြောက်စိတ်ရှိတဲ့သူဟာ . . .
အခွင့်အလမ်းနဲ့ကြုံလာရင်တောင်
ပြဿနာကို အရင်တွေးတယ်။

တိုးတက်ချင်သူများကြတော့ . . .
ပြဿနာနဲ့ကြုံလာရင်တောင်
အခွင့်အလမ်းကိုအရင်တွေးတယ်။

#အောက်စ်ဖို့ဒ်ဆရာတော်ကြီး 🙏

22/04/2026

မာန . . .
နွေ၏ မာန။

နွေသည် ခြွေနိုင်သောကြောင့် ‘မာန’ရှိပေမည်။
ရှိထိုက်သည်။
သူက ခြွေနိုင်သူကိုး။

လေရူးကလည်း ခြွေရေးစေတမန်ကိုး၊
ရွက်ဝါက ကြွေရဲကြွေနိုင်သူကိုး။

သူတို့ ခြွေကြ၊ ကြွေကြပါစေ။
ကန့်ကွက်ရန် မရှိပါ။

ကန့်ကွက်ရန်
“ လုံး ဝ “ မရှိပါ။

#တက္ကသိုလ်ဘုန်းနိုင်

20/04/2026

“အပ်ချည်လုံးရဲ့ အစ”ဟာ ဘယ်နေရာလဲ။

‘အပြင်’မှာလား ?
‘အတွင်း’မှာလား ?
…..
…..
…..

ကျွန်တော်ဟာ အစကို အဆုံးထင်မိခဲ့ပြီး
အဆုံးကို အစထင်မိခဲ့ဖူးပါတယ်။

မိတ်ဆွေတို့ရော ?
______________

#ဇိနောဒယ (သဲအင်းဂူကျောင်း)
#သင်္ကြန်တွင်း_တရားစခန်း မှာ
#ဆရာတော်ဥူးဝိမလ ဟောကြားခဲ့တဲ့ တရားထဲက မေးခွန်းလေးပါ။

Photos from Chan Nyein - 𝐒. 𝐈. 𝐑's post 02/04/2026

အောင်မြင်ကြီးပွားမှု ရလာလို့ရှိရင် ဘာဖြစ်သလဲ။
———————————————————————

အောင်မြင်ကြီးပွားမှုရလာရင် စိတ်ဓာတ်တက်ကြွမှုတွေ၊ မာန်မာနတွေ ဖြစ်လာတယ်။
စိတ်ဓာတ်ဟာ တစ်သမတ်တည်း တည်ငြိမ်နေတာမျိုး မဖြစ်တော့ဘူး။

“အေး... ငါလိုလူ ဇမ္ဗူရှိသေးလား”လို့ ထင်တယ်။ လုပ်ချင်တာ အကုန်လုပ်တယ်။
ကိုယ်ရချင်တာတွေ အကုန်ရပြီး ပျော်လိုက်တာ။ ဟော... စိတ်ဓာတ်တွေ တက်ကြွ၊ ဘယ်သူ့ကိုမှတောင် လူမထင်ဘူး။ ကိုယ်လုပ်ချင်တာ အကုန်ရတယ်ဆိုပြီး ‘လာဘလောကဓံ’ရလာပြီဆိုရင် မောက်မာလာတယ်။ တက်ကြွလာတယ်။ ခြေဖျားထောက်လာကြတယ်။

ဒါ ‘လောကဓံ’ကို မခံနိုင်တာလို့ ခေါ်တယ်။
ဒါပေမယ့် အများစုက ရတာကို လောကဓံလို့ မထင်မှတ်ကြဘူး။

#ပါမောက္ခချုပ်ဆရာတော်ကြီး 🙏

Photos from Chan Nyein - 𝐒. 𝐈. 𝐑's post 18/03/2026

“ဆရာဆိုတာ
သိပ်တော် သိပ်တတ်မှရယ်
မဟုတ်ပါဘူး။

ပြာဖွေးဖွေးအောက်က
မီးခဲရဲရဲကို မြင်တတ်ဖို့ပါပဲ။“

#ကိိုသန်းထွန်း
(အမျိုးသားစာပေဆုရ ကဗျာဆရာ)
__________________

ဓာတ်ပုံလေးတွေအတွက်
ကျေးဇူးအထူးတင်ရှိရပါတယ်ခင်ဗျာ 🙏🤍
Tit Sai Tit

Photos from Chan Nyein - 𝐒. 𝐈. 𝐑's post 16/03/2026

“မွေးနေ့ပွဲလေး” 🎂

မွေးနေ့ရှင်ကို ဝိုင်းဝန်းဂုဏ်ပြုကြတယ်။
ဆုမွန်ကောင်းတွေ တောင်းပေးကြတယ်။
‘Appreciation’များစွာ ပေးကြတယ်။

ချစ်စဖွယ် ဓလေ့ပါ။
_______________

‘မုဒိတာ’ဟာ
ဘဝကို စိုပြေစေတယ်။

ပြည့်စုံမှုကို ခံစားရစေတယ်။
ဘဝလိုအပ်ချက်တွေကို ပြည့်စုံစေတယ် တဲ့။

သိပ်မှန်တာပါပဲ။
_______________

ခရီးက အဆန်
မုန်တိုင်း ခပ်ထန်ထန်မှာ၊
အံကိုခဲကာ မာန်အပြည့်နဲ့
ကြိုးစားလှော်ခတ်နေသူ လူရွယ်တစ်ဦးအဖို့ . . .

လူကြီးမိဘ ဆရာသမားများ၊
ချစ်ခင်ပေးကြတဲ့ မိတ်ဆွေများ၊ ညီ/ ညီမများနဲ့
ချစ်ရတဲ့ သားသမီးများထံမှရရှိတဲ့ မေတ္တာစာလေးတွေ၊ မေတ္တာလက်ဆောင်လေးတွေဟာ မွေးနေ့ရှင်ရဲ့ ဘဝလိုအပ်ချက်တွေကို အဆုံးစွန်ဖြည့်ဆည်းပေးပါတယ်။

တစ်နှစ်တာအမောတွေဟာ
တကယ့်ကို ပြေပျောက်ရပါတယ်။

အားလုံးကို ‘အထူးပဲ’ကျေးဇူးတင်ရှိပါတယ် 🥰🙏


✍️
၁၆၊ ၃၊ ၂၀၂၆ (တနင်္လာနေ့)

28/02/2026

တစ်နေ့တစ်နေ့ . . .
ကလေးတွေကိုကြည့်ပြီး အားကျနေမိတယ်။

သူတို့မှာ ဘာမှမရှိကြဘူး။
ဒါပေမယ့် အရာရာကို သူတို့ပိုင်တယ်။

ကျွန်တော်တို့ဆို ရှိလာပြီ။
ဒါပေမယ့် တချို့အရာတွေမှာ
ပိုင်ဆိုင်ချင်လို့ မရတော့ဘူး။


✍️

24/02/2026

ဒါကြီးပြီးသွားရင် . . .
အိပ်ရေးဝဝ အိပ်မယ်၊ မနက်စောစောထမယ်။
လမ်းလျှောက်မယ်၊ စာဖတ်မယ်။

(ဒို့ဆရာတပည့်တွေ) ဒါကြီးပြီးသွားရင် . . .
ငါတို့ကို စောင့်နေမယ့် အချိန်ဇယားတွေ မရှိတော့ဘူး။
ငါတို့ကို သတိပေးတပ်လှန့်နေတဲ့ ခေါင်းလောင်းသံတွေကို နားစွင့်နေစရာ မလိုတော့ဘူး။

ဒါကြီးပြီးသွားရင် . . .
ကိုယ်စီအရောက် အိမ်ကို ပြန်ကြစို့ကွယ်။

ကျောင်းတော်ကြီးမှာ . . .
ဆင်းရဲပင်ပန်းခဲ့ရသမျှတွေကို အမေ့ကိုပြောပြရင်း ချွဲကြမယ်။
ပျော်ရွှင်ခဲ့ရ၊ ဂုဏ်ယူခဲ့ရတဲ့ အခိုက်အတန့်တွေအကြောင်း ရပ်ကွက်ထဲက သူငယ်ချင်းတွေကို ပြောပြရင်း ကြွယ်ကြမယ်။

ဒါကြီးပြီးရင်ကွယ် 🍀

Photos from Chan Nyein - 𝐒. 𝐈. 𝐑's post 21/02/2026

မကြွေခင် ဝေနေသမျှ

လောကဇာတ်ခုံကြီးပေါ်
ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးဖြစ်အောင်

ဇာတ်ဆရာအလိုတော်ကျ
ကပြဖျော်ဖြေ အသုံးတော်ခံကြဦးစို့ . . .

Photos from Chan Nyein - 𝐒. 𝐈. 𝐑's post 16/02/2026

အိမ် ဆို တာ . . .
ပြန်လို့ရတဲ့အရာမှန်းသိလေ ပိုနာကျင်ရလေ။

ဒါကြောင့်မို့ မြစ်တွေဟာ
သွယ်ဝိုက်စီးဆင်းတာဖြစ်မယ်။

#ဝင်းမြင့်

ကဗျာဆရာ’ဝင်းမြင့်’ ကွယ်လွန်သွားကြောင်း သိရတဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်။

13/02/2026

မယုံမရှိနဲ့ ကိုယ့်လူ . . .
ကမ္ဘာဟာ တကယ်လည်နေတာ။

နိုင်တုန်း ရှုံးဖို့ချန်ထားပါ။

ဒီနေ့ငိုရလို့ ဝမ်းနည်းမနေနဲ့ဦး
နောက်နေ့ ပျော်ရဦးမှာ။

နိမ့်တစ်ချီ မြင့်တစ်ခါ
ဆိုးတစ်ခါ ကောင်းတစ်လှည့်ပေါ့။

ယုံပါ !
ကမ္ဘာကြီး တကယ်လည်နေတာ 🍀

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Website

Address

287, Thazin Street, Pyi Taw Thar Quarter
Taunggyi