'' ပညာရှာရင်း ... အမှတ်တရတွေအတူတူစုဆောင်းကြပါတယ်...🍃✨’’
'' Learning happens everywhere, but the best memories are made together 🍃✨’’
May Treasure Education Center - GED
To Learn More About Our Program, Tour or Apply
03/05/2026
Bravo 👏 Bravo👏
ကလေးရေ... Math ရော Science ကိုရော အောင်မြင်စွာဖြေန်ုင်ခဲ့လို့ ကျေနပ်ရပါတယိနော်..
နောက်ကျန်တဲ့ subjects တွေအတွက်လည်း အားတင်းထားနော် 🦾🦾🦾
01/03/2026
အဖွင့်လှလှလေး ☘️.....
A WONDERFUL BEGINNING ☘️....
2026 အစ March လ မှာ ကလေး တွေ အတွက် အခက်အခဲ ဆုံးဖြစ်တဲ့ RLA Subject ကို Credit ယူပြီး အဖွင့်လှ လှ လေး ဖွင့် ပေးခဲ့တဲ့ One of May’s Treasures လေးရေ ကျေးဇူးပါ ကွယ်🤝...
2026 တနှစ်ပတ်လုံးလည်း Full Score တွေ Credit တွေ ထပ်ယူကြမယ်နော် May ‘s Treasures လေးတို့ရေ .... 💪🏻💪🏻
ယခုလို High Score တွေ လို ချင်ရင် May Treasuresဆီ အခုဘဲ လှမ်းခဲ့ လိုက်ပါနော်….🙆🏻♀️💁🏻
>>> Starts with a smile 😁 , ended with a success 👩🏻🎓
This We Called May Treasure.....🥳🥳🥳
အတန်းသစ်များကိုလည်းလတိုင်းဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသောကြောင့် Phone ☎️ ဆက်၍သော်လည်းကောင်း / Pg Messenger / Viber မှ သော်လည်း ကောင်းစုံစမ်းနိုင်ပါသည်။
29/12/2025
Warmest Congratulations💫
17 / 7 / 2025 မှာ သား က GED ဆိုတာ ဘာမှ မသိဘူး သား အစ်ကို လမ်းပြလို့သာသိတာ ဆိုပြီး ပြောခဲ့တဲ့ကလေးက 29 / 12 / 2025 မှာ GED Journey ကိုအောင်မြင်စွာ ပြီးမြောက်သွားပြီရှင် 😁Well Done! !!
စာသင်ရင်း တဖြေးဖြေး စာတွေ ရလာတော့ သူကပြောတယ် တီချယ်တို့ကြောင့်သာ GED ဆိုတာသိပြီးစာ တွေ လည်းရလာတယ် တဲ့ အရင်က စကား မပြောတဲ့ကလေး က သင်တန်းမှာ ပျော်လာပြီး အရမ်းစား ကြိုးစား ပြီး အားကိုး ရတဲ့ကလေး ဖြစ်လာတယ်.... 🤗
ဖြေရမှာကြောက်တယ်လို့ ပြောပြီး Science ကို credit ယူပေးသေးတာ တာဝန်ကျေတယ်ဆိုတာ ထက်ပိုတယ် သားရေ...
အရမ်းလိမ္မာတဲ့ကလေးကို သင်ခွင့်ရလို့လည်းပျော်တယ်သားရေ💃....
>>>Difficult Roads lead beautiful destinations
25/12/2025
🎄 May Treasure Education Center: GED New Intake & Christmas Special 🎁
🎓 သင့်ရဲ့ ပညာရေးအိပ်မက်တွေကို GED နဲ့အတူ အတောင်ပံတပ်ပြီး အနာဂတ်အတွက် အောင်မြင်မှုခြေလှမ်းတွေကို စတင်လိုက်ပါ! ✨
နိုင်ငံတကာတက္ကသိုလ်တံခါးတွေကို ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြတဲ့ ကျောင်းသား/သူတွေအတွက် May Treasure Education Center မှ GED အတန်းသစ်များကို ခေါ်ယူနေပါပြီ။
🗓 Batch Start Date: 8 . 1 . 2026 (Thursday) (နှစ်သစ်မှာ အတန်းသစ်နဲ့အတူ ပညာရေးခရီးလမ်းကို အစပြုကြစို့!)
❄️ Christmas Special Promotion! ❄️
ဒီခရစ္စမတ်မှာ သင့်အနာဂတ်အတွက် အကောင်းဆုံးလက်ဆောင်ကို ဖန်တီးနိုင်ဖို့ အခုပဲ အတန်းအပ်နှံပြီး ပထမလအတွက် ၁၅% လျှော့စျေး (15% OFF) အထူးအခွင့်အရေးကို အမိအရရယူလိုက်ပါ။
⏳ Deadline: ဒီ Promotion အစီအစဉ်က ၃၁.၁၂.၂၀၂၅ ရက်နေ့အထိသာ အကျုံးဝင်မှာဖြစ်လို့ အခုပဲ အမြန်ဆုံး စာရင်းပေးသွင်းလိုက်တော့နော်!
✅ ဘာကြောင့် May Treasure ကို ရွေးချယ်သင့်တာလဲ?
• 👨🏫 Expert Teachers: အတွေ့အကြုံရင့် ကျွမ်းကျင်ဆရာ/ဆရာမများမှ အနီးကပ် တိုက်ရိုက်သင်ကြားပေးခြင်း
• 📚 Comprehensive Materials: ပြည့်စုံစုံလင်သော သင်ရိုးညွှန်းတမ်းနှင့် လေ့ကျင့်ခန်းစာအုပ်များ
• 📝 Mock Exams: Practice Tests များဖြင့် စာမေးပွဲအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးခြင်း
• 👥 Small Class Sizes: လူဦးရေကန့်သတ်ထားပြီး ထိရောက်သော သင်ကြားမှုပုံစံကို ဖော်ဆောင်ခြင်း
📍 Available Courses:
• Pre GED
• GED Preparation Class
• GED Intensive Class
(Online ရော In-person ပါ မိမိအဆင်ပြေရာ ရွေးချယ်တက်ရောက်နိုင်ပါသည်။)
📞 အသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်:
• Phone: 09-785977270 / 09-697699304 ကို ဆက်သွယ်၍ လည်းကောင်း
• Messenger / Viber မှ တဆင့် လည်းကောင်း မေးမြန်းနိုင်ပါတယ်နော် …
• ကျောင်းကြီးစုရပ်ကွက် / တူးမြောင်းလမ်းထိပ်/ အမှတ် (၇၃) ရှိ အခန်း B (၅)လွှာ / တောင်ကြီးမြို့
• Unlock Your Future with GED! 🎓
19/11/2025
အခု post လေးမှာတော့ GED (4) subjects ထဲက Math Subject ကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
🧮 What is GED Math?
GED Math သည် GED Exam တစ်ခုလုံးအတွက် အလွန်အရေးကြီးသော subject တစ်ခုဖြစ်ပြီး
calculation skill, reasoning skill, problem-solving skill တို့ကို
တစ်ပြိုင်နက်တည်း အသုံးပြုရတဲ့ subject ဖြစ်ပါတယ်။
Math မှာ simply answer တစ်ခုထုတ်ပေးတာမဟုတ်ဘဲ
အကြောင်းအရာကို နားလည်→ လိုအပ်တဲ့ concept ကိုရွေး→ step-by-step ဖြေရှင်းချက်တွေ
လိုအပ်တာကြောင့်
students တွေတွက် logical thinking ကို တိုးတက်စေတဲ့ subject တစ်ခုလည်း ဖြစ်ပါတယ်။
---
🕒 GED Math Test Time
🕐 115 mins (2 hours)
---
🧮 GED Math Test Structure
GED Math ကို 2 Parts အဖြစ် ခွဲထားပါတယ် —
Part 1: No Calculator Section
5 Questions
Basic concepts, number sense, arithmetic reasoning တွေကို စမ်းသပ်ပါတယ်။
Part 2: Calculator Allowed Section
41 Questions
Complex calculations, multi-step problems, graphs, and algebra questions ပါဝင်ပါတယ်။
👉 စုစုပေါင်း 46 Questions တွေနဲ့မေး ထားပါတယ်။
---
📝 Main Content Areas (မေးမြန်းသည့် အကြောင်းအရာများ)
GED Math exam မှာ မေးမြန်းတာတွေဟာ
အသုံးဝင်တဲ့ daily-life math + high-school level concept တွေရဲ့ ပေါင်းစပ်ဖြစ်ပါတယ်။
1. Algebraic Reasoning
Equations
Inequalities
Expressions
Linear equations & graphs
Variables ကိုအသုံးပြုပြီး relationships တွေ ဖော်ထုတ်ခြင်း
---
2. Quantitative Problem Solving
Ratio & Proportion
Rate
Percent Applications
Interest calculations (simple interest)
Real-life word problems
---
3. Geometry
Area, Perimeter
Volume
Surface Area
Triangles & Circles
Angle relationships
Pythagorean theorem
---
4. Data & Probability
Bar graphs, Line graphs, Pie charts
Mean, Median, Mode, Range
Probability
Interpreting data
---
📝 Question Types You Will See
1. Multiple Choice
2. Drag and Drop
3. Fill in the Blank (calculator/ no calculator)
4. Select All That Apply
5. Graphing / Plotting points on a coordinate plane
6. Dropdown selection
7. Hot spot questions (image ပေါ် click တာ type)
---
📘 Why GED Math is Important?
GED Math သည်
✔️ College/University entry အတွက်
✔️ Scholarships & placements အတွက်
✔️ Career pathways—engineering, business, IT, health science
အကုန်လုံးမှာ essential requirement တစ်ခု ဖြစ်ပါတယ်။
အခုပြောပြထားတဲ့အကြောင်းအရာလေးတွေကတော့ GED Math နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ basic information တွေပဲ ဖြစ်ပါတယ်ရှင့်💁♀️။
နောက်တစ်ခါ အသေးစိတ် topics, sample questions, strategy တွေလည်း share ပေးသွားပါမယ်။
ကျွန်မတို့ရဲ့ May Treasure Education ကနေ GED Program များကို မကြာမီ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်🤍
15/11/2025
Best Wishes…!!!
☘️အပင်လေးတွေ စိုက်ထားတော့လည်း အသီးအပွင့်လေး🍎🌻တွေ ခံစားရတာပေါ့ရှင်☘️😁😁
August လ အစ မှာ online ကနေ တီချယ်တို့ဆီစာသင်ချင်လို့ဆိုပြီး လာပြောတယ် ။ တိုင်းရင်းသား အချင်းချင်း ဆိုပေမယ့် တီချယ်တွေပြောတာ ကလေးနားမလည် ကလေးပြောတာ တီချယ်တွေ နားမလည် ဘာသာစကား( Language ) မပေါက်ရင်းကနေ ကြိုးစားပြီး သင်ခဲ့ ရင်း အခုတော့ Social Credit တဲ့လေ... Result ထွက်တာတောင် ကလေးက Credit လို့ပြောတာကို တီချယ် က ကျတယ်လို့ ကြားပြီး ဝမ်းနည်းသွားရသေးတာ.. အဲ့လို ကို စကားဝဲ ကြတာနော်... 😄🤭 ခက်ခက်ခဲခဲ နဲ့ သင်ရင်း Credit ဆိုတော့ ပျော်ရတယ် သားရေ.. နောက်ထပ် ကြ်ိုးစားမှု အောင်မြင်မှုတွေ စောင့်နေမယ် နော်💁♀️💁♀️💁♀️
🎉
11/11/2025
Time Management...🕑🕜🕒
GED ကျောင်းသားတစ်ဦးအနေဖြင့် အောင်မြင်စွာ ပြင်ဆင်နိုင်ရန်အတွက် အချိန်စီမံခန့်ခွဲမှု (Time Management) ဟာ အရေးကြီးဆုံးသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။
အောက်ပါ အချိန်စီမံခန့်ခွဲမှု အကြံပြုချက်များကို လိုက်နာခြင်းဖြင့် စာမေးပွဲပြင်ဆင်မှုကို စနစ်တကျ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
⏳ GED ကျောင်းသားအတွက် ထိရောက်သော အချိန်စီမံခန့်ခွဲမှု နည်းလမ်းများ
1. ဦးစားပေး ဘာသာရပ်များကို သတ်မှတ်ခြင်း (Prioritizing)
GED Ready ကို အရင်ဖြေပါ: GED Official Practice Test (GED Ready) ကို အရင်ဆုံးဖြေကြည့်ပြီး သင်ရဲ့ လက်ရှိအမှတ်နဲ့ ဘာသာရပ်တစ်ခုချင်းစီရဲ့ အားသာချက်/အားနည်းချက်ကို တိတိကျကျသိအောင်လုပ်ပါ။
အားနည်းချက်ကို ဦးစားပေးပါ: အောင်မှတ် (145) နဲ့ အဝေးဆုံးမှာရှိတဲ့ ဘာသာရပ်ကို သင့်ရဲ့အချိန်ဇယားမှာ နေ့စဉ်အချိန်ပို ပေးပြီး လေ့လာပါ။ (ဥပမာ- Math ကို ပိုအားနည်းပါက၊ နေ့စဉ် 60% ကို Math အတွက်ပေးပါ။)
Study Schedule ရေးဆွဲပါ: ဘာသာရပ် ၄ ခုလုံးကို (RLA, Math, Science, Social Studies) တစ်ပတ်အတွင်း အချိန်ဘယ်လောက်ပေးမယ်ဆိုတာကို သတ်မှတ်ထားတဲ့ အစီအစဉ်တစ်ခု ရေးဆွဲပါ။
2. အချိန်ဇယားနှင့် တိကျစွာလေ့လာခြင်း (Scheduling & Time Blocking)
Fixed Block: တစ်ရက်ကို အနည်းဆုံး ၂ နာရီမှ ၄ နာရီအထိ စာကျက်ဖို့ သီးသန့်အချိန်သတ်မှတ်ပါ။ ထိုအချိန်အတွင်း ဖုန်း၊ ဆိုရှယ်မီဒီယာများ လုံးဝမသုံးဘဲ အာရုံစူးစိုက်ပါ။
Pomodoro Technique: လေ့လာမှုအချိန်ကို အတိုဆုံးအဖြစ်ပိုင်းခြားပါ။ ဥပမာ- ၂၅ မိနစ် အာရုံစိုက်လေ့လာခြင်း၊ ပြီးလျှင် ၅ မိနစ် အနားယူခြင်း စသဖြင့် ပုံစံမျိုးနဲ့ တစ်ဆက်တည်း ထိုင်မကျက်ဘဲ လုပ်ပါ။
Study/Work/Life Balance: စာကျက်တဲ့အချိန်အပြင် အားကစားလုပ်ခြင်း၊ အိပ်စက်ခြင်း (အနည်းဆုံး ၇-၈ နာရီ)၊ နဲ့ အပန်းဖြေခြင်းအတွက် အချိန်ကိုလည်း ထည့်သွင်းထားပါ။
3. လေ့ကျင့်မှုများကို အချိန်သတ်မှတ်ဖြေဆိုခြင်း (Simulating Test Conditions)
Timing Practice: လေ့ကျင့်ခန်းမေးခွန်းများ (Practice Questions) ဖြေတဲ့အခါ အချိန်သတ်မှတ်ပြီး ဖြေဆိုပါ။ ဥပမာ- GED RLA မှာ စာစီစာကုံး (Essay) ကို မိနစ် ၄၅ အတွင်း ရေးနိုင်အောင် လေ့ကျင့်ပါ။
Full-Length Tests: စာမေးပွဲနီးလာရင် ဘာသာရပ်တစ်ခုလုံးကို တကယ်ဖြေရမည့်အချိန်အတိုင်းအတာ (ဥပမာ- Math က 115 မိနစ်) အချိန်ပြည့်ထိုင်ပြီး ဖြေဆိုခြင်းကို အနည်းဆုံး ၃ ကြိမ်ခန့် ပြုလုပ်ပါ။
4. အချိန်ကို မှတ်တမ်းတင်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း (Tracking and Review)
Log Book: တစ်နေ့တာ သင်ဘာသာရပ်တစ်ခုချင်းစီအတွက် အချိန်ဘယ်လောက်ပေးလိုက်လဲဆိုတာကို မှတ်တမ်းတင်ထားပါ။
Weekly Review: တစ်ပတ်ကုန်တိုင်း သင့်ရဲ့ အချိန်ဇယားနဲ့ အမှန်တကယ်သုံးခဲ့တဲ့အချိန်ကို နှိုင်းယှဉ်သုံးသပ်ပါ။ အစီအစဉ်အတိုင်း မဖြစ်မြောက်ခဲ့ရင် နောက်တစ်ပတ်အတွက် ပြန်လည်ညှိနှိုင်းပါ။
To-Do List: တစ်ရက်အတွက် လုပ်ဆောင်ရမည့်အရာများ (ဥပမာ- Math Chapter 4 ပြီးအောင်လုပ်ခြင်း၊ RLA Essay လေ့ကျင့်ခြင်း) ကို စာရင်းပြုစုပြီး လုပ်ဆောင်ပြီးသည်နှင့် အမှတ်အသား (Tick) လုပ်ပါ။
💡 အဓိက အချက်: GED စာမေးပွဲပြင်ဆင်ခြင်းဆိုတာ မာရသွန်ပြေးပွဲ လိုပါပဲ။ တစ်ရက်တည်း အချိန်အများကြီးပေးတာထက်၊ နေ့စဉ်ပုံမှန် နည်းနည်းချင်းစီနဲ့ စဉ်ဆက်မပြတ်လေ့လာတာက ပိုပြီးထိရောက်ပါတယ်။
ဒီအကြံပြုချက်တွေက သင့်ရဲ့ပြင်ဆင်ချိန်ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ဖို့ အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။
10/11/2025
Motivational Post…
✨ GED: ဒုတိယ အခွင့်အရေးနဲ့ ကလေးတို့ရဲ့ အိပ်မက်တွေဆီ ပထမဆုံး ခြေလှမ်း ✨
#
ပညာရေးလမ်းကြောင်းပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် ခဏတာ ရပ်နားခဲ့ရဖူးပါသလား? 😔 "ငါ့အသက်ကြီးသွားပြီလား?" "အချိန်မရှိတော့ဘူးလား?" ဆိုပြီး စိုးရိမ်ပူပန်နေစရာ မလိုပါဘူးနော်...။
GED (General Educational Development) ဟာ သင့်အတွက် ဒုတိယ အခွင့်အရေး ဖြစ်ပြီး သင့်အနာဂတ်ကို ပြန်လည် ပုံဖော်ဖို့ တံခါးတစ်ချပ်ကို ဖွင့်ပေးနေပါတယ်။
💡 ဘာကြောင့် GED ဖြေဆိုဖို့ နောက်မကျသေးတာလဲ???
အချိန်တိုအတွင်း အောင်မြင်ခြင်း : #
( Accomplishment )
ပုံမှန် အထက်တန်းကျောင်း ၄ နှစ်စာကို GED စာမေးပွဲ ဖြေဆိုခြင်းဖြင့် အချိန်တို၊ စွမ်းအင်အကျိုးရှိစွာ ရင်းနှီးမြှုပ်နှံပြီး အောင်လက်မှတ် ရယူနိုင်ပါတယ်။
College ၊ Job အတွက် အားဖြည့်ခြင်း :
( Boosting )
GED ရရှိခြင်းဟာ အမေရိကန်နဲ့ နိုင်ငံတကာ ကောလိပ်များစွာမှာ ဝင်ခွင့်လျှောက်ထားဖို့၊ ဒါမှမဟုတ် ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင် အခွင့်အလမ်းတွေ ရဖို့အတွက် တရားဝင် အသိအမှတ်ပြုထားတဲ့ အခြေခံလက်မှတ် ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်ခြင်း:
( Self - Belief )
ကိုယ်ပိုင်ကြိုးစားမှုနဲ့ ပညာရေးဆိုင်ရာ လိုအပ်ချက်တစ်ခုကို အောင်မြင်အောင် ပြီးမြောက်နိုင်တယ်ဆိုတဲ့ ခံစားချက်က သင့်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို များစွာ မြှင့်တင်ပေးနိုင်ပါတယ်။
🌟 Note!!!
GED စာမေးပွဲဟာ သင့်အတိတ်ကို စစ်ဆေးတာ မဟုတ်ပါဘူး။ သင့်ရဲ့ အနာဂတ်အတွက် စိတ်အားထက်သန်မှုကို စစ်ဆေးတာ ဖြစ်ပါတယ်။
နောက်ကျတယ်ဆိုတာ ဘယ်တော့မှ မရှိပါဘူး။ ယုံကြည်ချက်အပြည့်နဲ့ ဒီနေ့ပဲ GED ပြင်ဆင်မှု ခရီးစဉ်ကို စတင်လိုက်ပါ။ သင့်ရဲ့ ကြိုးစားမှုတိုင်းဟာ တန်ဖိုးရှိတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်စေမှာပါ။
>>> The past is your lesson. The present is your gift. The future is your motivation.
09/11/2025
What is Social Studies…🌎???
GED social studies ဆိုတာ လူ့အဖွဲ့အစည်းနဲ့ သမိုင်းတလျှောက်မှာရှိတဲ့ ဖြစ်ရပ်တွေကို နားလည်သိမြင်ဖို့ ကျွန်တော်တို့ရဲ့ ဦးနှောက်ကို အလုပ်ပေးတဲ့အနေနဲ့ စဥ်းစားတွေးတောရတဲ့ ' Test' တစ်ခုပါ
📚Social studies မှာအကြောင်းရာအများကြီးကို အလွတ်ကျက်ဖို့ဆိုတာမလွယ်ပါဘူး။
သမိုင်းကြောင်း ၊ အစိုးရ အဖွဲ့အည်းအကြောင်းစီးပွားရေး နဲ့ပထဝီဝင်ဆိုင်ရာ ပညာတွေရဲ့ သဘောတရားကိုနားလည်ပီး
>>ဘာဖြစ်လို့ ဒီအဖြေကမှန်တာလည်း။
>>ဒီဖြစ်ရပ်က လူ့အဖွဲ့အစည်းကိုဘယ်လို ပြောင်းလဲသွားသလဲ။
ဆိုတာတွေးတတ်ဖို့ GED social studies ကိုလေ့လာရခြင်းပဲဖြစ်ပါတယ်။
🕔စာမေးပွဲဖြေဆိုချိန်က 70 minsရရှိမာဖြစ်ပီး
???Question types လေးတွေကတော့
1.Multiple Choice
2.Drag and drop
3.Drop-down
4.Fill in the blank&
5.Data Interpretation ဖြစ်ပါတယ်။
GED Social Studies ကို လေ့လာရာမှာ အချက်အလက် ပုံစံအမျိုးမျိုး (Text ၊ Graph ၊ Map ) ကို ဝေဖန်ပိုင်းခြား ဖတ်ရှုနိုင်တဲ့ ကျွမ်းကျင်မှု (Skills) ကို အဓိကထား လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ သမိုင်းဖြစ်ရပ်တွေကို အလွတ်ကျက်မှတ်နေမယ့်အစား အဖြေတိုင်းကို ပေးထားတဲ့ သက်သေအထောက်အထား (Evidence) နဲ့ ထောက်ခံဖြေဆိုခြင်း ဟာ အောင်မြင်ဖို့အတွက် အရေးကြီးဆုံး နည်းဗျူဟာ ဖြစ်တယ်လို့ ထပ်မံဖြည့်စွက်လိုပါတယ်။
treasure
Click here to claim your Sponsored Listing.