ESP32 ကို Arduino IDE မှာ Board မတွေ့ဘူးဆိုရင် အများအားဖြင့် ESP32 Board Package မထည့်ထားလို့ ဖြစ်ပါတယ်။
1.File Menu→ Preferences ကိုသွားပါ
2.Additional Boards Manager URLs ထဲမှာ ဒီ link ကိုထည့်ပါ
https://dl.espressif.com/dl/package_esp32_index.json
3.OK ကိုနှိပ်ပါ
ESP32 Board Package Install လုပ်ပါ
1T.ools → Board → Boards Manager ကိုသွားပါ
2.Search box ထဲမှာ esp32 လို့ရိုက်ပါ
3.Espressif Systems ESP32 ကိုတွေ့ရင်Install ကိုနှိပ်ပါ
Install ပြီးသွားရင် ESP32 board တွေ အများကြီးပေါ်လာပါမယ်။
ESP32 board ကို PC နဲ့ချိတ်ပြီး Arduino IDE / ESP-IDF မှာ program upload လုပ်ဖို့ USB Driver တင်ဖို့လိုပါတယ်။ များသောအားဖြင့် CP210x Driver သို့မဟုတ် CH340 Driver သုံးပါတယ်။
CP210x Driver Download
• Download CP210x USB to UART Driver
Install လုပ်နည်း (Windows):
1. Zip file download လုပ်ပါ
2. Extract (ဖြည်) ပါ
3. Folder ထဲက .inf file ကို Right click → Install
4. ESP32 ကို USB cable နဲ့ PC ထဲထိုးပါ
5. Device Manager → Ports (COM & LPT) မှာ CP210x USB to UART Bridge ပေါ်လာရပါမယ်
CH340 Driver (တချို့ ESP32 Clone Board)
👉 Download link
• https://www.wch.cn/downloads/CH341SER_EXE.html
Install ပြီးရင် PC restart လုပ်ပြီး ESP32 ပြန်ထိုးပါ။
Driver မတင်ထားရင် ဖြစ်နိုင်တဲ့ Error
• Arduino IDE မှာ Port မပေါ်ဘူး
• COM Port မတွေ့ဘူး
• Upload failed
ESP 32သုံးသောသူများ အတွက်ပါ။
အဆင်ပြေကြပါစေ။
dl.espressif.com { "packages": [ { "name": "esp32", "maintainer": "Espressif Systems", "websiteURL": "https://github.com/espressif/arduino-esp32", "email": "[email protected]", "help": { "online": "http://esp32.com" }, "platforms": [ { "name": "esp32", "architecture": "esp32", "version": "1.0.6", "category": "ESP...