📣📣ရွှေသင်တန်းနောက်batch announce လုပ်တာမတွေ့လို့ လာမေးထားတဲ့သူလေးတွေ 📣📣
❇️Batch အသစ်ထပ်ဖွင့်ဖို့က အချိန် အဆင်မပြေသေးလို့ လောလောဆယ် မဖွင့်သေးတာပါရှင့်..
✴️တကယ်လို့လောလောဆယ် one-on-one ကို မဖြစ်မနေ တက်ချင်တာဆိုရင်တော့ အချိန်ကို အရင်ညှိပီးမှ အချိန်အဆင်ပြေတယ်ဆိုမှ join လို့ရပါတယ် ရှင့်..
‼️ရွှေပညာဗဟုသုတလေးတွေတော့ တင်ပေးသွားပါမယ်နော်‼️
#ရွှေ #ရွှေဗဟုသုတ #ရွှေသင်တန်း
Gold Coach By Ni - ရွှေ,လက်ဝတ်ရတနာသင်တန်း
💎ရွှေနဲ့လက်ဝတ်ရတနာပညာကို အခြေခံကနေစပြီးအသေးစိတ်လေ့လာလို့ရပါပီ💎
15/07/2025
✨ ရွှေထည် ပစ္စည်းတွေက အတုံးအခဲ ကလွဲပြီး လက်ဝတ်လက်စား ဖြစ်ဖို့ဆိုရင် ရွှေတခု နဲ့ တခု ချိတ်ဆက်ပြီး လုပ်ဖို့က "ဂဟေ" ကို အသုံးပြုရပါတယ်။
✨ ရွှေထည် တွေမှာ ဂဟေ ပါဝင်မူက design ဆန်းတာနဲ့ design ရိုးရှင်းမူ ပေါ်မူတည်ပြီး ပါဝင်မူပမာဏ က ကွာဟနိုင်ပါတယ်။
✨ ကိုယ်ဝယ်ထားတဲ့ဆိုင်မှာ ပြန်လာသွင်းရင် ဂဟေ ပါဝင်မူကို မနူတ်ဘဲ ရွှေထည်မှာပါတဲ့ ဂဟေ ကို ဆိုင်က တာဝန်ယူပေးတဲ့သဘောမျိုးပါ။
✨ တခြားဆိုင်မှာ အပြင်ထည်အနေနဲ့ ပြန်ရောင်းရင်တော့ 15ပဲရည်ရှိတဲ့ရွှေထည်ကို မှတ်ကျောက်တိုက်ရင် 15 ပဲရည် ပြည့်နေမှာပါ။
✨ ဒီအထည်ဖြစ်ဖို့က ဂဟေ နဲ့ပြုလုပ်ထားလို့ 15 ပဲရည် (1)ကျပ်သား ရှိတဲ့အထည်မှာ ရွှေက 95% ပါဝင်ပြီး 5% က ဂဟေ ပါဝင်နေတယ်။
✨ ဒါကြောင့် အပြင်ထည်ကို လက်ခံတဲ့အခါ အဲ့ ဂဟေတန်ဖိုးကို နူတ်လိုက်တာပါ။
✨ "ဂဟေ" တန်ဖိုးကို နူတ်ဖို့ ပဲရည်လျော့ လိုက်တာပါ။
✨ 15ပဲရည် ရွှေထည် ကို 14 ပဲ2 ပြားရည် (or) 14 ပဲရည် ဖြင့် တရည် လျော့ယူလိုက်တာပါ။
✨ ဒီလိုမှသာ ပြန်ဝယ်တဲ့ဆိုင်ရှင် အနေနဲ့ Cover ဖြစ်မှာပါ။
✨ အပြင်ဆိုင်မှာ ရောင်းရင် "ဂဟေ" တန်ဖိုးကို ကိုယ်တိုင်တာဝန်ယူရတာဖြစ်ပါတယ်။
မြန်မာ့ရွှေဈေးကလဲ ကမ္ဘာ့ရွှေဈေးနဲ့သက်ဆိုင်လို့ သိထားသင့်ပါတယ်နော် ✨
13/06/2025
💰 ကမ္ဘာ့ရွှေဈေး က ဒေါ်လာဈေး ဖောင်းပွမူဖြစ်ရင်
ရွှေဈေးတက်.
💰 ကမ္ဘာ့ဘဏ် အတိုးနူန်း တိုးတက် / ပြောင်းလဲပါက
ရွှေဈေးတက် .
💰 သဘာဝကပ်ဆိုး ကျရောက်မူ /ကမ္ဘာ့စီးပွားရေး
ကျပ်တည်း ကျဆင်းလာ ပါက ဒေါ်လာဈေးကျ-
ရွှေဈေးတက်.
💰 စစ်မက်ဖြစ်ပွားမူ ပေါ်မူတည်ပြီး ရွှေဈေးတက်-
ဒေါ်လာဈေးကျ .
06/06/2025
ပဲရည် နှင့် Karat (K) နိူင်းယှဉ်ချက်
❇️ 24 K = 16 ပဲရည်
❇️ 22.5 K = 15 ပဲရည်
❇️ 21.75 K = 14 ပဲ 2 ပြားရည်
❇️ 21 K = 14 ပဲရည်
❇️ 19.5 K = 13 ပဲရည်
❇️ 18 K = 12 ပဲရည်
#ရွှေဗဟုသုတ #ရွှေသင်တန်း #ရွှေ #အဆင့်မြင့်ရွှေသင်တန်း #ရွှေပညာကိုလေ့လာပါ
03/06/2025
⚜️ ၁ ကျပ်သား = 16 ပဲ = 128 ရွေး
⚜️ 5 မူးသား = 8 ပဲ = 64 ရွေး
⚜️ 1 မတ်သား = 4 ပဲ = 32 ရွေး
⚜️ 1 မူးသား = 2 ပဲ = 16 ရွေး
⚜️ 1 ပဲ = 8 ရွေး
⚜️ 1 ရွေး = 10 ပွိုင့်
⚜️ 1 ခြမ်း = 0.5 ရွေး
⚜️ 1 စိတ် = 0.25 ရွေး
⚜️ 3 စိတ် = 0.75 ရွေး
#ရွှေနဲ့ပတ်သတ်တဲ့ဗဟုသုတတွေကိုဒီpageကနေအသစ်သစ်တွေကိုတင်သွားပေးပါမယ်နော်
#ရွှေသင်တန်း #ရွှေဗဟုသုတ #ရွှေ
31/05/2025
1️⃣ ရွှေထည် ရဲ့ ရွှေရည်အမျိုးအစား သိရပါမယ်.
=> 16 ပဲရည်
=> 15 ပဲရည်
=> 14 ပဲ 2 ပြားရည်
=> 13 ပဲရည်
=> 12 ပဲရည်
2️⃣ ရွှေထည် ရဲ့အလျော့တွက်လက်ခ (or) % အရူံး သိရပါမယ် .
=> 16 ပဲရည် | 15 ပဲရည် ထည်ဆိုရင် အလျော့တွက်ခ ရှိပါမယ်.
=> 12 ပဲရည် စိန်ထည် /ကျောက်ထည် /18K ထည်ဆိုရင် % ရောင်းလဲ ရူံး ရှိပါမယ် .
3️⃣ ရွှေထည် ရဲ့ အလေးချိန် ကို သိရပါမယ်.
=> gm ချိန်
=> ကျပ်ပဲရွေး ချိန်
( ရွှေချိန် (2 )ခုလုံး သိရင်အကောင်းဆုံးပါ)
4️⃣ ရွှေပေါက်ဈေး ကို သိရပါမယ်.
=> 16 ပဲရည် | 15 ပဲရည် | 13 ပဲရည် | 12 ပဲရည် ဈေး
=> 1 gm ပေါက်ဈေး
ကိုယ်ဝယ်မဲ့ ရွှေရည်အမျိုးအစား ပေါက်ဈေး ကို တွက်တတ်ရပါမယ် / သိရပါမယ် .
5️⃣ ရွှေထည် ရဲ့ ရွှေတန်ဖိုး တွက်တတ် ရပါမယ်.
=> gm ချိန် ဖြစ်ဖြစ်
=> ကျပ်ပဲရွေး ချိန် ဖြစ်ဖြစ်
ရွှေချိန် ရဲ့ ရွှေတန်ဖိုး တွက်တတ်ရပါမယ်.
29/05/2025
✳️ရွှေ အရောင်း အဝယ် လုပ်ပီဆိုရင် gm ချိန် စနစ်ဟောင်းနဲ့ စနစ်သစ် ကို သတိထားပေးပါနော် ✳️
23/05/2025
🔔June လ အတွက် ထပ်မံ ဖွင့်မဲ့ အဆင့်မြင့်ရွှေသင်တန်း
❗တလ မှ တကြိမ်ဘဲ ဖွင့်တဲ့ Zoom Live Class ❗
#ရွှေအပေါင်လုပ်ငန်းလုပ်ချင်သူတွေ
#ရွှေအမြဲဝယ်နေရသူတွေ
#ရွှေအရောင်းအဝယ်လုပ်ချင်သူတွေ
#ကိုယ်ကိုတိုင်ရွှေသင်တန်းတက်ချင်ပေမဲ့အဝေးကြီးသွားမတက်နိုင်သူတွေ
#ရွှေကိုအခြေခံကနေအသေးစိတ်လေ့လာချင်သူတွေ
ဒီအတန်းကို တက်ဖြစ်အောင်ကို တက်ပါနော်..
💎ဒီ Basic - Advanced ရွှေသင်တန်းကိုတော့ အထူးတလည်ရှင်းပြစရာမလိုအောင် ပေးရတဲ့ငွေပမာဏနဲ့ ပြန်ရမဲ့ ရွှေပညာက တသက်လုံး သုံးမကုန်ဘဲ မိသားစုအဆင့်ဆင့်ပြန်share လို့ရတဲ့အတွက်ကြောင့် လက်မလွတ်သင့်ဘူးနော် ... 💎
#ဘာတွေသင်ကြားပေးမှာလဲ❓
♻️ရွှေဈေးနူန်းတွက်နည်း / Gram ဖြင့်ရွှေဈေးနူန်းတွက်နည်း
♻️ရွှေအတုအစစ် ခွဲနည်း / ရွှေရည်ခွဲနည်း
♻️ရွှေအပေါင်ယူနည်း / ရွှေရည်လျော့နည်း
♻️ဒင်္ဂါးရည် မှ အခေါက်ရွှေ ဖော်နညိး
♻️ပဲတန်ဖိုးရှာနည်း / ရွေးတန်ဖိုးရှာနည်း / ပွိုင့်တန်ဖိုးရှာနည်း
♻️ နိုင်ငံတကာရွှေရည်နှင့် မြန်မာရွှေရည်နိူင်းယှဉ်ချက်
♻️ကျပ်/ပဲ/ရွေး မှ Gram (gm) ဖွဲ့နည်း
♻️Gram (gm) မှ ကျပ်/ပဲ/ရွေး ဖွဲ့နည်း
♻️ရွှေရည်အလိုက်ပေါက်ဈေးတွက်နည်း
♻️ငွေ amount နှင့် ရွှေဈေးမှ ရွှေအလေးချိန်ရှာနည်း
♻️ငွေ amount နှင့် ရွှေအလေးချိန်မှ ရွှေဈေးနူန်းရှာနည်း
♻️ပဲရည်မှ Karat (K) သို့ပြောင်းတွက်နည်း
♻️Karat (K) မှ ပဲရည် သို့ ပြောင်းတွက်နည်း
♻️Density (စက်ပွိုင့်) စစ်နည်း
♻️ရွှေအလေးချိန်အချင်းချင်း ပေါင်းခြင်း, နုတ်ခြင်း
♻️ရွှေရည် အတွင်းစပ်နည်း နှင့် အပြင်စပ်နည်း
♻️ရွှေ(၁)ကျပ်သား အလေးချိန်များ နှင့်
ရွှေအလေးချိန်များအကြောင်း
♻️ရွှေအလေးချိန် သင်္ကေတ များ
♻️ပန်းထိမ်လုပ်ငန်းအဆင့်ဆင့်နှင့် ပန်းထိမ်အပ်ရန် လိုအပ်ချက်များ
♻️ပဲရည်အကြောင်း / Karat(K) အကြောင်း / ဂဟေအကြောင်း
♻️ တင်နူန်း/ကျွတ်နူန်း တွက်နည်း
♻️ ရွှေချိန်စက်အကြောင်း
♻️ အလျော့တွက်အကြောင်း / ဒုံးရွှေအကြောင်း / ဒင်္ဂါးရည်အကြောင်း
♻️ ရွှေဖြူအကြောင်း , Platinum အကြောင်း
♻️ ရွှေဘောင်ချာမှာ ပါဝင်ရမည့်အရာနှင့် လိုအပ်ချက်များ
♻️ ကမ္ဘာ့ရွှေအကြောင်း
💎 စိန် Ct မှ ရွေးဖွဲ့နည်း
💎ရွေးမှ စိန် Ct ဖွဲ့နည်း
📌အရင်အတန်းတွေနဲ့ မတူညီတဲ့ သင်ခန်းစာသစ်တွေ .. စိန်အလေးချိန် ပြောင်းတွက်ပုံတွေ ..အတွေ့အကြုံ ဗဟုသုတ တွေ ထပ်မံဖြည့်စွပ်ထားပေးပါတယ် 📌
#သင်ကြားပုံ❓
❇️ Zoom Live Class
❇️ Video Class
# Video Class ကို (5) နှစ်အာမခံ ထားထားပေးပါတယ် ...
‼️ အတန်းက တလ မှ တကြိမ် ဖွင့်တာ ဖြစ်လို့ Zoom Live အတန်းတွေက လူပြည့်မြန်လို့ စောအပ်ထားဖို့တော့ လိုပါမယ် နော် ‼️
#ရွှေသင်တန်း #ရွှေ #လက်ဝတ်ရတနာ #အဆင့်မြင့်ရွှေသင်တန်း