24/04/2022
"ပန်းပျိုးမည့်ဥယျာဥ်မှူးဇနီးမောင်နှံ"
တောင်ကြီးမြို့၏ ပညာရေးလောကတွင်
နေလို လလို ထွန်းတောက်ကျော်ကြားသော
ဆရာကြီးဦးချစ်ဆွေ(ပြည်နယ်ပညာရေးမှူး-ငြိမ်း) နှင့်ဆရာမကြီးဒေါ်ဌေးဌေးဝင်း (အထက်တန်းပြ-ငြိမ်း)တို့
ဦးဆောင်လမ်းညွှန်မှု့ဖြင့်"ပန်းပျိုးခင်း" ကိုယ်ပိုင်အထက်တန်းကျောင်းစတင်ဖွင့်လှစ်ပါတော့မည်...မိမိတို့၏ရင်သွေးငယ် လေးများ
"တတ် သိ လိမ္မာ ထူးချွန် ထက်မြက် သည့်လူရည်ချွန်လူရည်မွန်များဖြစ်စေဖို့" ပန်းပျိုးခင်း"သို့ ထားကြစို့"
"ပန်းပျိုးလက်"
* နေခြည်ဖွင့်လှစ်
ထွန်းသစ်ချိန်ခါ ဤမြေလွှာမှာ
ပန်းမျိုးတရာပွင့်စေမည်။
* မွေးထုံသင်းပျံ့ ရနံ့ကြိုင်လျှမ်း
ရောင်သွေးဆန်းသည့် လှမည့်ပန်းမျိုး
ထာဝစဥ်ပျိုးမည်။
* တိမ်ညိုမဲညစ် မိုးဖြစ်မရွာ
မကူရှာလည်း တူးခါထွင်းဖောက်
နို့မြစ်သောက်ရန် မြေကိုလှန်ခဲ့။
* ပေါင်းမြက်သစ်ပင် အုပ်ယှဥ်ယှက်ဆိုင်း
လောင်းရိပ်ကိုင်းတွေ ခုတ်ပိုင်းရှင်းပစ်
မျိူးဆက်သစ်တွက်။
* ပန်း၏အသက် ချွေမည့်လက်တွေ
ပိတုန်းနက်လူဆိုး ပန်းမုဆိုးတွေ
ပန်းခိုးမှု့ဒဏ် တွန်းလှန်ချေဖျက်
အားမာန်ဆက်ခဲ့။
* ဤအခါဝယ်....
လောကတခွင်
တိမ်စင်ငွေလ ရွန်းပြက် ညလှ
မွေးမြပန်းပေါင်း သင်းထုံလောင်းပြီး
ပန်းကျောင်းပွင့်ဖူး ညွတ်နူးအာရုံ
မွေးပျံထုံနေ ဤကမ္ဘာမြေ။
* နေခြည်ဖွင့်လှစ်
ထွန်းသစ်သာယာ ဤမြေလွှာမှာ
ပန်းမျိုးတရာပွင့်စေမည်...။
သူရနောင်(မြို့သာ)
အ.ထ.က. ငါန်းဇွန် ရွှေရတုမဂ္ဂဇင်း
24-4-2022.
24/04/2022
"ပန်းပျိုးမည့်ဥယျာဥ်မှူးဇနီးမောင်နှံ"
တောင်ကြီးမြို့၏ ပညာရေးလောကတွင်
နေလို လလို ထွန်းတောက်ကျော်ကြားသော
ဆရာကြီးဦးချစ်ဆွေ(ပြည်နယ်ပညာရေးမှူး-ငြိမ်း) နှင့်ဆရာမကြီးဒေါ်ဌေးဌေးဝင်း (အထက်တန်းပြ-ငြိမ်း)တို့
ဦးဆောင်လမ်းညွှန်မှု့ဖြင့်"ပန်းပျိုးခင်း" ကိုယ်ပိုင်အထက်တန်းကျောင်းစတင်ဖွင့်လှစ်ပါတော့မည်...မိမိတို့၏ရင်သွေးငယ် လေးများ
"တတ် သိ လိမ္မာ ထူးချွန် ထက်မြက် သည့်လူရည်ချွန်လူရည်မွန်များဖြစ်စေဖို့" ပန်းပျိုးခင်း"သို့ ထားကြစို့"
"ပန်းပျိုးလက်"
* နေခြည်ဖွင့်လှစ်
ထွန်းသစ်ချိန်ခါ ဤမြေလွှာမှာ
ပန်းမျိုးတရာပွင့်စေမည်။
* မွေးထုံသင်းပျံ့ ရနံ့ကြိုင်လျှမ်း
ရောင်သွေးဆန်းသည့် လှမည့်ပန်းမျိုး
ထာဝစဥ်ပျိုးမည်။
* တိမ်ညိုမဲညစ် မိုးဖြစ်မရွာ
မကူရှာလည်း တူးခါထွင်းဖောက်
နို့မြစ်သောက်ရန် မြေကိုလှန်ခဲ့။
* ပေါင်းမြက်သစ်ပင် အုပ်ယှဥ်ယှက်ဆိုင်း
လောင်းရိပ်ကိုင်းတွေ ခုတ်ပိုင်းရှင်းပစ်
မျိူးဆက်သစ်တွက်။
* ပန်း၏အသက် ချွေမည့်လက်တွေ
ပိတုန်းနက်လူဆိုး ပန်းမုဆိုးတွေ
ပန်းခိုးမှု့ဒဏ် တွန်းလှန်ချေဖျက်
အားမာန်ဆက်ခဲ့။
* ဤအခါဝယ်....
လောကတခွင်
တိမ်စင်ငွေလ ရွန်းပြက် ညလှ
မွေးမြပန်းပေါင်း သင်းထုံလောင်းပြီး
ပန်းကျောင်းပွင့်ဖူး ညွတ်နူးအာရုံ
မွေးပျံထုံနေ ဤကမ္ဘာမြေ။
* နေခြည်ဖွင့်လှစ်
ထွန်းသစ်သာယာ ဤမြေလွှာမှာ
ပန်းမျိုးတရာပွင့်စေမည်...။
သူရနောင်(မြို့သာ)
အ.ထ.က. ငါန်းဇွန် ရွှေရတုမဂ္ဂဇင်း
24-4-2022.
29/08/2020
👀ကျောင်းတွေပြန်ဖွင့်ဖို့ မသေချာသေးဘူး။
💪ကျောင်းဖွင့်ဖို့စောင့်နေကြတဲ့ အတောအတွင်း၊ မိဘတွေရော၊ သားသားမီးမီးတို့ပါ ကျောင်းတက်ရဖို့အရေး စိတ်အားထက်သန်မှုတွေနဲ့ စိတ်တက်ကြွမှုတွေ နည်းကုန်ကြပြီလားရှင်။
👉ကျောင်းတွေ ပြန်ဖွင့်လို့ မရသေးတဲ့ ကာလအတွင်း အိမ်ကနေ တစ်ဖဝါးမှ မခွါစေဘဲ၊ သားတို့သမီးတို့အတွက် ဘာတွေကို လေ့လာသင်ယူစေမှာလဲ။
👎အိမ်မှာပဲ ဒီအတိုင်း ကာတွန်းကားကြည့်၊ ဂိမ်းဆော့ရင်း အချိန်တွေ ကုန်သွားဖို့အတွက်က အချိန်တွေ နှမြောစရာကောင်းပါတယ်။
ဒါကြောင့် ပန်းပျိုးခင်းကိုယ်ပိုင်ကျောင်းက
🤔စိတ်ဒွိဟ ဖြစ်နေသော ဖေဖေ မေမေတို့အတွက် ကူညီဖြေရှင်းပေးချင်တာကတော့
🌏နိုင်ငံတကာသင်ရိုးများနဲ့ သင်ကြားပေးမဲ့ Online Programme များနဲ့ မိတ်ဆက်ပေးပါရစေနော်။
📣English,Math,Science တို့ကို အဓိကထား သင်ကြားသွားမယ့် International အတန်းများကို
အသက် ၅ နှစ် မှ ၁၄ နှစ် ထိ Level အလိုက် ဖွင့်လှစ်ပေးသွားပါမှာ ဖြစ်ပါတယ်။
📣English ဘာသာရပ်ကို နိုင်ငံခြားသား ဆရာ/ ဆရာမကိုယ်တိုင် သင်ကြားပေးမှာ ဖြစ်လို့ သားသား/မီးမီးတို့ဟာ မိခင်ဘာသာစကားအပြင် အင်္ဂလိပ်ဘာသာစကားကိုပါ အခြေခံမှစ၍ လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်နော်။
📣Maths ဘာသာရပ်ကိုလဲ နိုင်ငံတကာအဆင့်မီ စာအုပ်များကို အသုံးချ သင်ကြားပေးမှာ ဖြစ်လို့ သားတို့သမီးတို့ သင်္ချာဘာသာရပ်ကို ကြောက်ရွံ့မှု ကင်းဝေးပြီး ပျော်ရွှင်စိတ်လှုပ်ရှားစွာ သင်ကြားနိုင်မှာ ဖြစ်ပါတယ်။
📣Science ဘာသာရပ်ကိုလဲ Project များ ပြုလုပ်သင်ကြားပေးသွားမှာဖြစ်လို့ ဖေဖေ၊ မေမေတို့ဖက်က Project တွေလုပ်ဖို့တော့ ပံ့ပိုးကူညီပေးရမှာ ဖြစ်ပါတယ်နော်။
🌺တစ်နေ့ (၂) နာရီ၊ တပတ် (၅) ရက်နဲ့
🌺ကလေးများ စိတ်တည်ငြိမ်မှု ရစေရန်၊
🌺စဥ်းစားတွေးခေါ်မှုများ တိုးတက်လာစေရန်၊
🌺ဘာသာစကား တိုးတက်ဖွံ့ဖြိုးလာစေရန်၊
🌺စူးစမ်းရှာဖွေလိုစိတ်များ ထက်သန်လာစေရန်
🌺စိတ်ဝင်စားဖွယ် Programmeများနဲ့
ဂရုတစိုက် သင်ကြားပေးသွားပါမယ်။
😊Online Learning ကို စိတ်ပူကြတဲ့ ဖေဖေ၊မေမေတို့ရဲ့ စိတ်သောကကိုလဲ နားလည်သဘောပေါက်ပါတယ်။
🙏🙏🙏ဒါပေမဲ့ ကျောင်းတွေ ပြန်ဖွင့်ဖို့ မသေချာသေးတဲ့ အချိန်အတောအတွင်းမှာ မိမိတို့ရဲ့ သားငယ်သမီးငယ်များ စနစ်တကျ သင်ယူလေ့လာခွင့်ရအောင်ရယ်၊ စဥ်ဆက်မပြတ် လေ့လာသင်ယူနေမှု အားကောင်းနေဖို့ရယ်က၊ New Normal Life မှာ အရေးကြီးတာမို့ သားတို့ သမီးတို့ ရောဂါကင်းစွာ ပညာဆက်လက်သင်ကြားနိုင်ဖို့၊ မိဘများဘက်မှ ပူးပေါင်းပါဝင်ဖို့လည်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ရှင်။🙏🙏🙏
👍လူချင်းထိတွေ့ ဆက်ဆံပြီး သင်ကြားပေးနိုင်ကြဖို့ ခက်ခဲတဲ့ ကိုဗစ်ကာလ မှာ ကလေးများရဲ့ Online သင်ယူတတ်မြောက်မှု၊ တိုးတက်မှု မှတ်တမ်း၊ အရည်အချင်း အကဲဖြတ် စစ်ဆေးခြင်းမှတ်တမ်းများနှင့် Feedback များကို မိဘများအတွက် သီးသန့် Group ထားပေးပြီး ပန်းပျိုးခင်းကိုယ်ပိုင်ကျောင်း၏ Facebook စာမျက်နှာမှ၊ မိဘများထံသို့ တိုက်ရိုက် ဆက်သွယ် ပေးပို့သွားပါမယ်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
September (1) ရက်နေ့မှာ စတင်ဖွင့်လှစ်မှာ ဖြစ်တဲ့ အတွက် စိတ်ပါဝင်စားသူ မိဘများ Registration ပြုလုပ်နိုင်ရန် အောက်ပါ လိပ်စာ အတိုင်း လာရောက်စုံစမ်းဖို့လည်း ဖိတ်ခေါ်ပါတယ်ရှင်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
ပန်းပျိုးခင်းကိုယ်ပိုင်ကျောင်း
အမှတ် ၇၂/၉၊ ကမ္ဘောဇလမ်း၊ ရေအေးကွင်းရပ်
တောင်ကြီး
ဖုန်း။ 09-49357139, 09- 768302932
27/08/2020
ပန်းပျိုးခင်း ကိုယ်ပိုင်အထက်တန်းကျောင်း
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷
မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်း များ ယာယီပိတ်သွားသော် ကျောင်းသားကျောင်းသူများ စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်စေရန်အတွက် ပန်းပျိုးခင်းကိုယ်ပိုင်ကျောင်းမှ E-learning program များကိုဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်ရှင့်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
E-learning အတွက်လိုအပ်ချက်များ-
(၁) Smart Phone (သို့) Computer (Desktop, 💻 laptop )
(၂) Google Account တစ်ခု ( Gmail)
(၃) “Google classroom” apps
(၄)”Zoom”
လိုအပ်သော application များ download လုပ်ထားရန်လိုအပ်ပါတယ်။
မှတ်ချက်။ ။ phone,tablet,iPad ဖြင့်အသုံးပြုမည့်သူများအတွက် လိုအပ်သော အထက်ပါ application များကို install လုပ်ပေးထားရပါမယ်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
Desktop computer, laptop computer အသုံးပြုမည့်သူများအတွက် Gmail account တစ်ခုရှိရုံမျှဖြင့် အထက်ပါ application များကို install လုပ်ထားစရာမလိုပဲ Internet browser
မှတစ်ဆင့် အသုံးပြုနိုင်ပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Application download လုပ်ရာတွင်လည်းကောင်း၊ နည်းပညာအသုံးပြုမှုအခက်အခဲများ ကြောင့်လည်းကောင်း စုံစမ်းမေးမြန်းလိုပါက ပန်းပျိုးခင်းကိုယ်ပိုင်ကျောင်း စာမျက်နှာ၏ chat box ထဲသို့ဖြစ်စေ၊ Viber ( 09- 773367047 ) သို့ဖြစ်စေ၊ Admin ဌာန (09-49357139), 09- 768302932 သို့ဖြစ်စေ၊ တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါသည်။
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷
❑ E- learning program နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို school page ၏ Messenger(သို့) 09- 768302932/ 09- 773367047 သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။
21/08/2020
COVID-19 ဒုတိယလှိုင်း
(၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၁၅) ရက်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ယခုအချိန်ကာလ၌ ပြည်သူများနှင့် COVID-19 ကို ကာကွယ်ထိန်းချုပ်နေသူများအားလုံးသည် COVID-19 ကူးစက်မှုဒုတိယလှိုင်း လာနိုင်သည်ဟူသောခံယူချက်ဖြင့် နေထိုင်သွားလာမှုမှစ၍ သတိနှင့် နေကြရမည် ဖြစ်ပါသည်။
မိမိတို့မြန်မာနိုင်ငံ၌ COVID-19 ကူးစက်မှု ပထမလှိုင်းကျရောက်ခဲ့မှုတွင် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သေးငယ်သောလှိုင်းသာဖြစ်ခဲ့သည်မှာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်သူများအားလုံးဝိုင်းဝန်း၍ ညီညီညွတ်ညွတ် ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
ကူးစက်ကပ်ရောဂါထိန်းချုပ်မှုနိယာမများနှင့် COVID-19 ဗိုင်းရပ်စ်ပိုး၏ ပြောင်းလဲလျက်ရှိသော အပြုအမူသဘောသဘာဝနှင့် ကူးစက်ဖြစ်ပွားမှုပုံသဏ္ဌာန်တို့ကို နောက်ခံထား၍စဉ်းစားပါက ဒုတိယလှိုင်းသည် ကြီးမားနိုင်ပြီး တိုင်းပြည်၏ဖွံ့ဖြိုး တိုးတက်မှုကို ရိုက်ခတ်နိုင်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မှု ဒုတိယလှိုင်း ဖြစ်ပွားလာခဲ့သော် စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် စားပွဲဝိုင်းလေ့ကျင့်ခန်း (Table-Top Exercise) ကို ဩဂုတ်လ (၁၃) ရက်နေ့တွင် ဗဟိုအဆင့်၌ ပြုလုပ်ခဲ့ပါသည်။ အလားတူ စားပွဲဝိုင်းလေ့ကျင့်ခန်းများကို တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် ဆေးရုံကြီးများတွင် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါသည်။
ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို သေချာစွာ စနစ်တကျလိုက်နာကြပါရန်နှင့် မပေါ့လျော့ကြပါရန် ထပ်မံပန်ကြားအပ် ပါသည်။
ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
, , , , #ကိုရိုနာဗိုင်းရပ်စ်
https://www.mohs.gov.mm/