HOPE - Taunggyi

HOPE - Taunggyi

Share

To create opportunities through education and employment for underprivileged students in Myanmar These student are the most hardworking as you can get.

Because of Proverty, every years thousands of high shcool graduated students have to give up thier dream to continous their education. The lack of job oppotunities and scholarships denided them to even work for it. Nobel Peace Price winner Muhammad Yunus once said
"To me poor people are like bonsai trees. When you plant the best seed of the tallest tree in a flower-pot, you get a replica of th

Photos from HOPE - Taunggyi's post 22/08/2017

စက်တင်ဘာ လ တွင် ကျောင်းသူလေးများ အဝေး သင်တက္ကသိုလ် ပညာရေး အတွက် အနီးကပ် သင်တန်း များ စတင်တက်ရောက်တော့မှာ ဖြစ်ပါတယ်.. အခု အချိန် မှာ တော့ သူတော့လေးတွေ အင်္ဂလိပ်စာ သင်တန်းတက်ရင်း သူတို့ ချူပ် ဖြင့် နေတဲ့ ချူပ်ထည်လေးတွေပါ.... လောလောဆယ်မှာတော့ အထည်အနည်းငယ် သာ စမ်းသပ် ချူပ်ရောင်းနေပါတယ်။ အဲဒီ ချူပ်ထည်
နဲ့ ရောင်း ရတဲ့ အမြတ် တွေနဲ့ သူတို့ နေရေးထိုင်ရေး ..သွားရေးလာရေး နှင့် ကျောင်း သင်တန်းကျေးတွေအတွက် အသုံးပြုနေတာဖြစ်ပါတယ်.. များပြားလှတဲ့ အခက်အခဲ တွေကြားမှ HOPE နှင့် တကွ အတူကြိုးစားပေးတဲ့ ကျောင်းသူ ညီမငယ်များကို ကျေးဇူးအထူးတင်ပါတယ်။

Photos from HOPE - Taunggyi's post 12/06/2017

အဖြူအစိမ်း လေး များနှင့် ကျောင်းသွားနိုင်ကြပါပြီ..

Hope-taunggyi မှ ညီမငယ် များ ချူပ်ထားသော ကျောင်းဝတ်စုံများ ကို သူတို့ ကိုယ် တိုင် ကျေးရွာများအရောက် လိုက်လံ ၀တ်ဆင်စေခဲ့ ပါတယ်။

ကျောင်းအများ စု ဟာ စာရင်းပေးထားတဲ့ ကျောင်း သား၊သူ အရေအတွက် ထက် ဦးရေ ပိုများခဲ့ပါတယ်။ ထိုသို့ ပိုများခဲ့ သော်လည်း Hope-taunggyi မှ ဖြည့်စွက်ပြီး လှူတန်းပေးခဲ့ ပါတယ်။

ဒီအပတ်ထဲ သွားရောက်လှူတန်းခဲ့ တဲ့ ကျောင်းများ ကတော့

ကျောက်တလုံး မြို့နယ် (၃) ကျောင်း ဖြစ်တဲ့ ..
... ထမ့်မဟင်း အ မ က
.... နမ့်ကွတ် အ မ က
.... ပုံတန် အ မ က ကျောင်းတို့ ဖြစ်ပါတယ်။

ပါဝင်ကူညီ လှူတန်းပေးကြတဲ့ ပုဂ္ဂိုလ်များ အားလုံးကို ကျေးရွာမှ ကျောင်းသူများကိုယ်စား ကျေးဇူးအထူး တင်ရှိပါတယ်.။.

Photos from HOPE - Taunggyi's post 02/06/2017

ပထမ ဦးစွာ အနည်းအများမဆို ပါဝင် ကူညီလှူတန်းပေးပါသော် မိတ်ဆွှေများ အားလုံး ကို ကျောင်းသား ကျောင်းသူများ ကိုယ်စား Hope-taunggyi မှ အထူး ပင် ကျေးဇူးတင်လှပါတယ်။

အခုသွားရောက်လှူတန်းခဲ့တဲ့ ကျောင်း များမှ ကလေး အများစု ဟာ အဖြူ အစိမ်းကို ၀တ်ဆင် နိုင်ခွင့်မရှိခဲ့ကြပါဘူး။ ယခု လို Hope Back to school donation drive ကြောင့် ကလေးသူငယ်များ ယခု ပညာသင်နှစ်မှာ အဖြူ အစိမ်းဖြင့် ကျောင်း တတ် နိုင်တော့မှာဖြစ်ပါတယ်။

ပထမဆုံး သွားရောက် လှူတန်းခဲ့ တဲ့ကျောင်းကတော့ တောင်ကြီးမြို့ နယ် နောင်ဖာကျေးရွာ အခြေခံမူလတန်းကျောင်းမှာ ဖြစ်ပါတယ်။ ကျောင်းသား၊သူ ပေါင်း ၅၁ ဦး ကို လှူတန်းပေးနိုင်ခဲ့ပါတယ်။ ကျောင်းဝတ်စုံ များကို လက်ခံ ရရှိလို့ ၀မ်းသာ ဖြစ်နေကြတဲ့ ဆရာ။ဆ၇ာမ များ ကျောင်းသား၊သူ များ မိဘများကို မြင်တွေ့ ရတာ အလွန်မှ ပီတိဖြစ်ပါတယ်.

လာမယ့် အပတ် အတွင်း ဆက်လက် ပြီး ရည်၇ွယ်ထားတဲ့ ကျောင်းများကို သွားရောက်လှူတန်းသွားပါမည်။

ပါဝင်ကူညီလှူတန်းပေးကြတဲ့ မိဘပြည်သူများ အားလုံး ကျေးဇူး အထူး တင်ရှိပါတယ်။

Photos from HOPE - Taunggyi's post 10/05/2017

****** ခဲတစ်လုံး နင့် ငှက် နှစ်ကောင် ပစ်မည့် အလှူ ******

ယခုလို အခြေခံပညာသင်ကျောင်းများ ပြန်လည်စတင် တော့မည့်ကာလ မှာ Hope- taunggyi နှင့် အတူ ဆင်းရဲနွမ်းပါးသော ကျေးရွာရှိ ကျောင်းများတွင် ပညာသင်ကြားနေတဲ့ ကျောင်းသား ၊သူ များအတွက် ကျောင်းဝတ်စုံ လှူတန်းဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

Do more with your donation ဆိုတဲ့ အတိုင်း ဒီအလှူဟာ ဆင်းရဲနွမ်းပါးသည့် ကျောင်းသူ၊သား များ ကျောင်းဝတ်စုံလက်ခံ ရရှိမည်ဖြစ်သလို ၊ တစ်ဖက်မှာလည်း ကျောင်းဝတ်စုံအား ချူပ်လုပ်ပေးသော HOPE-taunngyi မှ ကျောင်းသူများ က အကျိုးခံစား ရမှာ ဖြစ်ပါတယ်။ ၀တ်စုံမှ ရရှိသော ချူပ်ခ ဖြင့် ကျောင်းသူများရဲ့ နေရေးထိုင်ရေး နှင့် ပညာရေးအတွက် ပြန်လည် အသုံးပြု နိုင်မှာဖြစ်ပါတယ်။

ကျောင်းဝတ်စုံ ပေါင်း ၄၀၀ ကျော် ကို လှူတန်း သွားနိုင်ဖို့ စီစဉ်ထားပါတယ်။

ယခုနှစ် လှူတန်းမည့် လက်ရှိ ကျောင်းများစာရင်းများ အောက်ပါအတိုင်း ဖြစ်ပါတယ်..........
- နောင်တရားမြို့ နယ်ခွဲ. တောင်ခြေခံပညာ မူလတန်းကျောင်း
- ကျောက်တစ်လုံးမြို့ နယ် ထမ့်ဟင်း အစိုးရမူလတန်းကျောင်း
- ကျောက်တစ်လုံးမြို့ နယ် ပုန်းတန် အစိုးရမူလတန်းကျောင်း
- ပင်လောင်းမြို့ နယ် နောင်တရားမြို့ နယ်ခွဲ တီကျစ် (အထက-၁) မှ ကျောင်းသား၊သူ ၁၅ ဦး…

***** မှတ်ချက်။ ကျောင်းများစာရင်း ကို ထပ်မံ တင်ပြပေးသွားပါမည်*****

Photos 02/05/2017

********************** မင်္ဂလာပါ **********************

၂၀၁ရ-၂၀၁၈ ပညာသင်နှစ်အတွက် အခြေခံပညာသင်ကျောင်းများ မကြာခင်ပြန်လည် ဖွင့်လှစ် တော့မည်ဖြစ်ပါတယ်။

ယခုလို ကျောင်းများ ပြန်ဖွင့်တဲ့ ကာလ တွင် ပြီးပြည့်စုံတဲ့ ကျောင်းသူ၊သားများ အတွက်တော့ ပူပင်စရာ မရှိပေမယ့်၊ ချို့ ငဲ့ တဲ့ ကျောင်းသား၊သူ တွေ အတွက် ကတော့ ကျောင်းကြီး ပြန်ဖွင့် တာဟာ ပူပင်စရာတစ်ခု လိုပင်ဖြစ်ပါတယ်။

ထိုကြောင့် လာမည့် ပညာသင်နှစ် မှာ ချို့ ငဲ့ တဲ့ ကျေးရွာများမှ ကျောင်းသား၊သူ တွေ အတွက် တစ်ဖက်တစ်လမ်းမှ အားလုံးပါဝင် ကူညီနိုင်ဖို့ Hope-Taunggyi မှ "Back to School" project တစ်ခု စီစဉ်ထားပါတယ်။

အဲဒီ project လေးမှာ ပါဝင်ကူညီ ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ************
🤗🤗🤗🤗🤗😘😘😘👏👏👏👏🙏🙏🙏🙏🙏🙏🙏🙏
(Project ၏ အသေးစိပ် ကိုတော့ မကြာခင် တင်ပေးသွားပါမည်။)

Photos from HOPE - Taunggyi's post 25/03/2017

ကျောင်းတစ်ဖက် အလုပ် တစ်ဖက် နှင့် သူတို့ ရဲ့ အနာဂတ် ကို သူတို့ ကိုယ် တိုင် ကြိုးကြိုးစားစား နှင့် ပုံဖော် နေကြတယ်။ ဒီလို သူတို့ လေးတွေ ကြိုးစားခွင့် ရအောင် HOPE-taunggyi နှင့် အတူ ချူပ်ထည် အပ်နှံ ပေးတဲ့ ဘာသာရေး အဖွဲ့ အစည်း၊လူမူ့ အဖွဲ့ အစည်း များ ကို ကျေး ဇူး အထူးတင်ရှိပါတယ်။

ကုသိုလ်လည်း ရ ၀မ်းလည်း ၀ ဆို သလိုပေါ့ ။ မိမိ လိုအပ် လို့ အရာ ၀တ္တု တစ်ခု ငွေဖြင့် ၀ယ်ယူရသော်ငြားလည်း တစ်ချိန်ထဲမှာပဲ ယခု မိမိ သုံးလိုက်တဲ့ ငွေ ဟာ မိမိ ဒေသ တွင်းရှိ ကျောင်းသူလေးတွေရဲ့ အနာဂတ်အတွက် အခွင့်အရေး ဖွင့်ပေးလိုက်သလို ဖြစ်ပါတယ်။ ဒီလို ကျောင်းသူ တွေရဲ့ အနာဂတ် ကောင်းလာတာတဲ့ အမျှ မိမိ တို့ ဒေသ ၀င်ငွေ တိုးပွားလာ နိုင်ပါတယ်။ နောက်ဆုံးတော့ ကို်ယ် ယခု သုံးလိုက်တဲ့ ငွေဟာ သူတို့ ရဲ့ အနာဂတ် တစ်ခု ထဲ သင်မဟုတ် ပဲ မိမိ တို့ အနာဂတ် မှာ ပြန်ပြီး ၀င်လာမယ့် ၀င်ငွေ တစ်ခု အတွက် ရင်းနှီး ထားသလို ပင် ပဲ ဖြစ်ပါတယ်။

နောက် ကျောင်းသူ မြောက်မြား စွာ ကို သူတို့ ကြိုးစား မူ အတွက် ရသင့် ရ ထိုက်တဲ့ အခွင့် အရေး တွေကို ပေးနိုင်အောင်လို့ ဆက်လက် ပြီး အား ပေး ပါလို့ တိုက်တွန်းနိုးဆော်အပ်ပါတယ်။

HOPE-taunggyi

Photos from HOPE - Taunggyi's post 07/03/2017

ကျောင်းသူ လေးတွေရဲ့ ကြိုးစားအားထုတ်မူတွေကြောင့် အချိန်တိုလေး အတွင်းမှာပဲ ချူပ်တတ် သွားကြပြီဖြစ်ပါတယ်။

သင်ကြားပေးတဲ့ ဆရာမ နှင့် တကွာ စီနီယာ ကျောင်းသူ လေးတွေကို ကျေးဇူး အထူးသင်ရှိပါတယ်။

ရှမ်းပြည်တောင်ပိုင်း တွင်းရှိ မယ်သီလရှင်ကျောင်း အတွက် ၀တ်စုံ တွေကို အပ်နှံ စေခဲ့တဲ့ အတွက် HOPE မှ ကျေးဇူး အထူးတင်ရှိပါတယ်။

သူတို့လေးတွေဟာ နွံထဲက ပတ္တမြားလေး တွေပါ။ ဒီလို တန်ဖိုးရှိတဲ့ရတနာ တွေကို ဆုံးရှံးခဲ့ပေါင်းများလှပါပြီ။ သံယံဇာတ တွေ ဆုံးရှံး သွားတာ ထင်ထင်ရှားရှား ဖော်ပြ ခဲ့ ကြပေမယ့်. ဆုံးရှူံး သွားတဲ့ လူ့ အရင်းအမြစ် ကိုတော့ လစ်လှူ ရှူ ခဲ့ ကြပါတယ်။ ပတ်ဝန်းကျင် သံယံဇာတ ကို ထိန်းသိမ်းဖို့ အရေးကြီးသလို ပဲ ကျွှန်တော်တို့ ရဲ့ လူ့အရင်းအမြစ် ကို ထိန်းသိမ်း ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

အရည်အချင်းရှိပြီး ကြိုးစားတဲ့ ကျောင်းသူတွေကို လယ်ကွင်းပြင်တွေမှာ လက်လွတ်ဆုံးရှူံး ခဲ့ ရတာတာဟာ၊ ရတနာ တွေကို အလဟာသ လွင့်ပြစ် လိုက်တာတဲ့ မကွာခြားလှပါဘူး၊။

သူတို့ လေးတွေကိုသာ မြင့်တင် ခွင့်ရမယ်ဆိုရင် ကျွှန်မ၊ကျွှန်တော်တို့ ပတ်ဝန်းကျင် အမှန် ချမ်းသာလာပါလိမ့်မယ်။

HOPE မှ ဆက်လက်ပြီး ဒီလို ဆုံးရူံး သွားရတဲ့ ရတနာလေးတွေကို တူးဖေါ် သွားနိုင်အောင် ကြိုးစားသွားပါမယ်။

သို့သော် မြေအောက် သံယံဇာတ ကျောက်မျက်ရတနာတွေကို တူးဖို့ စက်ယန္တရား အကူညီလိုအပ်သလို့ ကျွှန်မ၊ကျွှန်တော်တို့ HOPE သည်လည်း ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း အစရှိတဲ့ ယန္တရား အကူအညီ လိုအပ်ပါတယ်။

အခုလို သူတို့လေးတွေ အလုပ်လုပ်နိုင်ဖို့ အလုပ်အပ်ပေးတဲ့ ဘာသာရေးအဖွဲ့ အစည်း၊ လူမူအဖွဲ့ အစည်း ၊ စီးပွားရေး လုပ်ငန်းရှင် များ က HOPE ရဲ့. လူ့အရင်းအမြစ် ရတနာ တူးဖော်ဖို့ ယန္တရား ပင်ဖြစ်ပါတယ်။

ကူညီအားပေးမူကို ကျေးဇူးတင်စွာဖြင့်

HOPE

Photos 10/02/2017

အဆောင် နောက်ဖေး တွင် သစ်သီးဝါးလံ စိုက်ကြပျိုးကြ နှင့် ပျော်ပျော်ပါးပါး..

Photos from HOPE - Taunggyi's post 05/02/2017

Seniors ကျောင်းသူတွေထံမှ စက်ချူပ် အခြေခံ များကို စတင် သင်ယူ နေကြပါပြီ။ သင်ကြားပေးနေသော Seniors ကျောင်းသူ နှစ်ယောက် သည် လွန်ခဲ့သော နှစ် အနည်းငယ် မှ စရ်ျ အပ်ချူပ် ပညာကို သင်ယူခဲ့ကြပြီး ထိုက်သင့်သော အတွေ့ အကြုံ များရှိခဲ့ ကြပြီးဖြစ်သည်။ ပြန်လည် သင်ကြားပေးနိုင်မယ့် အရည်အခြင်း ရှိစေရန်သောလည်းကောင်း သူတို့ ပညာတိုးတက်မူအတွက်သော်လည်းကောင်း တောင်ကြီး မြို့ ပေါ်ရှိ အပ်ချူပ်ဆိုင် ကြီးတစ်ခုတွင် တစ်ပတ် ကို ၇ ရက်လုံး အလုပ်သင် အဖြစ် လုပ်ကိုင် စေခဲ့ပါသည်။ ထိုသို့ သင်ယူပြီး နောက် ၃ လကြာလျှင် HOPE တွင် အချိန်ပြည့် လုပ်ကိုင် စေမည် ဖြစ် ပါသည်။ ညနေ အလုပ်ဆင်းတာနဲ့ အဆောင်မှ ရှိတဲ့ ကျောင်းသူလေး တွေ ပြန်လည် သင်ပေးပါသည် ။ သင်တန်းနှင့် ကျောင်း ချိန် တွေမှာ သူတို့ ရဲ့ ဘ၀ အတွက် ပညာသင်ကြားရင်း အားလပ်ချိန်တွေမှာတော့ စက်ချူပ်ပညာကို ပျော်ပျော်ပါးပါး သင်ကြားနေကြပါသည်။

Photos from HOPE - Taunggyi's post 03/02/2017

ကျေးရွာ တွေကနေ မှ ကျာင်းသူလေးတွေ ပြောင်းရွေ့ ရောက်လာတာ၂ ပတ်ေ လာက်ရှိခဲ့ပါပြီ။ သူတို့  နေထိုင် တဲ့ အဆောင် မှာ အခုလို ပျော်ပျော် ပါးပါး နဲ့ အနာဂတ် အသစ် တစ်ခု ကို တည်ထောင်နိုင်ဖို့ ပညာတွေ စတင် သင်ယူ နေကြပါပြီ။ ဒီ နှစ်မှ ဆယ်တန်းအောင်တဲ့ သူတွေက တော့ အဝေး သင် တက္ကသိုလ် တက်နိုင်ဖို့ ကျောင်းအပ်ဖို့လုပ်ရင်း လတ်တလောမှာတော့ အပ်ချူပ်ပညာ နဲ့ အင်္ဂလိပ်စာ သင်တန်း များကိုစ တင် သင်ယူနေကြပြီ ဖြစ်ပါတယ်၊

ကျောင်းသူ တွေအားလုံး မိမိလိုချင် တဲ့ ပန်းတိုင် ကို အရောက်လျှောက်လမ်း နိုင်ပါစေလို့ HOPE မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Photos from HOPE - Taunggyi's post 11/01/2017

HOPE မှ ကျောင်းသူများ အတွက် အတတ်ပညာ တစ်ခု အဖြစ် စက်ချူပ် ပညာ ကို ပို့ချသင်ပြပေးမ ပါမည်။ ထို သင်တန်း အတွက် အပ်ချူပ် စက် လေး လုံးကို မိတ်ဆွေ တစ်ဦးမှ ကူညီ ပေးခဲ့ပါသည် ။ ဒီအပ်ချူပ်လေးလုံး ကို ကူညီ ပေးခဲ့ သော ကို အောင်ခန့် အား ကျွှန်တော်တို့ ကျောင်းသူများကိုယ်စား HOPE မှ အထူး ပင် ကျေးဇူး တင် ရှိ ပါသည်။

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

3/15 Kyat Ta Lone Road
Taunggyi