Taungtan Cherry Private High School—တောင်တန်းချယ်ရီ ကိုယ်ပိုင်အထက်တန်းကျေ

Taungtan Cherry Private High School—တောင်တန်းချယ်ရီ ကိုယ်ပိုင်အထက်တန်းကျေ

Share

~~Every child should have the opportunity to receive a quality education ~~

Photos from Taungtan Cherry Private High School—တောင်တန်းချယ်ရီ ကိုယ်ပိုင်အထက်တန်းကျေ's post 10/06/2026

🤝Official Partnership Announcement🤝

2026-2027 ပညာသင်နှစ်အတွက်

တောင်တန်းချယ်ရီကိုယ်ပိုင်အထက်တန်းကျောင်းမှ
ဆရာ၊ဆရာမ၊ကျောင်းသားကျောင်းသူ၊ဝန်ထမ်းများအနေဖြင့် သက်တောင့်သက်သာရှိပြီး ကောင်းမွန်သောအားကစားပစ္စည်းများ၊ အားကစားဝတ်စုံများကို စျေးနှုန်းချိုသာစွာအသုံးပြုနိုင်ရန် နှင့် အားကစားပိုင်းဆိုင်ရာပံ့ပိုးကူညီမှုအဖြစ်

တောင်တန်းချယ်ရီကိုယ်ပိုင်အထက်တန်းကျောင်း နှင့်
ဖြူစိမ်း Icon Sport တို့အတူပူးပေါင်းကာ Official Partnership အဖြစ် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်📣🎊



#ဖြူစိမ်းiconsport

04/06/2026

Leader In Me ကို သင်ယူလေ့ကျင့်စေသော အကြောင်းရင်း 🤍🌸🤍





Cho Cho Mar
Yoon Yoon
Khin Than Win
Zar Naing
Aye Chan
Winny Lay
Sin Thant

Photos from Taungtan Cherry Private High School—တောင်တန်းချယ်ရီ ကိုယ်ပိုင်အထက်တန်းကျေ's post 01/06/2026

🎊Welcome back to school Our Treasures🎊

2026-2027 Academic Year

1st day of school🪴

တောင်တန်းချယ်ရီကိုယ်ပိုင်အထက်တန်းကျောင်း

အမှတ်(၄၁/၁၅)၊ ရေထွက်ဦးလမ်း၊ ရေအေးကွင်းရပ်၊ တောင်ကြီးမြို့

☎️- 09792246539



Photos from Taungtan Cherry Private High School—တောင်တန်းချယ်ရီ ကိုယ်ပိုင်အထက်တန်းကျေ's post 25/05/2026

၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများအတွက် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးနေပါပြီ🌸👩🏻‍🎓🧑🏻‍🎓🌸

နေ့စဉ် နံနက်(၉:၃၀)မှ ညနေ(၄:၀၀)ထိ ပိတ်ရက်မရှိ လက်ခံဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။

အသက်(၅)နှစ်ပြည့်ပြီးသူများ KG အပ်နှံရန် နှင့်
အသက်(၆)နှစ်ပြည့်ပြီးသူများ Grade 1 သို့အပ်နှံရပါမည်။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
💌page Messenger (or)💌
📲09 792246539သို့ ဆက်သွယ်နိုင်ပါတယ်။

🏫ကျောင်းတည်နေရာ

အမှတ် -၄၁/၁၅၊ရေထွက်ဦးလမ်း၊ရေအေးကွင်း ရပ်ကွက်၊ တောင်ကြီးမြို့။

Cherry Private School
# Together To Create Your Better Future

Photos from Taungtan Cherry Private High School—တောင်တန်းချယ်ရီ ကိုယ်ပိုင်အထက်တန်းကျေ's post 24/05/2026

1.လုံခြုံရေးနှင့် အထွေထွေဝန်ထမ်း(M,Full-Time)

2.အထွေထွေသန့်ရှင်းရေး ဝန်ထမ်း(Female)

* အသက်(၃၀)နှစ်အထက်
* ကျန်းမာရေးကောင်းမွန်၍ ဆက်ဆံရေးပြေပြစ်သူ
* အသောက်အစားကင်း၍ အကျင့်စာရိတ္တကောင်းမွန်သူ
* အလုပ်ကို မခိုမကပ်တတ်သူ
* အလုပ်အတွေ့အကြုံရှိသူ ဦးစားပေးမည်။

မိမိတို့လျှောက်ထားလိုသူ Position အတွက်
* CV (ကိုယ်ရေးရာဇဝင်) -ဓါတ်ပုံ + မျှော်မှန်း လစာ
* ပညာအရည်အချင်းမိတ္တူ
* မှတ်ပုံတင်/ အိမ်ထောင်စုစာရင်း
* Recommendation Letter (ယခင်အလုပ်​၏ ထောက်ခံစာ
* ရဲစခန်းထောက်ခံစာ

လျှောက်ထားလိုသူများသည် ဖော်ပြပါအချက်အလက်များကို ပြည့်စုံစွာဖြည့်သွင်းပြီး

ကျောင်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။

🏫ကျောင်းတည်နေရာ

အမှတ် -၄၁/၁၅၊ရေထွက်ဦးလမ်း၊ရေအေးကွင်း ရပ်ကွက်၊ တောင်ကြီးမြို့။

☎️09792246539

Photos from Taungtan Cherry Private High School—တောင်တန်းချယ်ရီ ကိုယ်ပိုင်အထက်တန်းကျေ's post 20/05/2026

၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုး

ကြောင့် ကျောင်း ပြင်ပသို့ ရောက်ရှိနေသော အခြေခံပညာ

မူလတန်းအဆင့် (Grade -2 မှ Grade -5)အလယ်တန်း

အဆင့် (Grade -6 မှ Grade 9) ကျောင်းနေအရွယ်ကလေး

များအား အသက်အရွယ်အရ သတ်မှတ်ထားသည့်အတန်း

များသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေးအတွက် Placement

Test များ ဝင်ရောက်ဖြေဆိုနိုင်ခြင်း အစီအစဉ်

Photos from Taungtan Cherry Private High School—တောင်တန်းချယ်ရီ ကိုယ်ပိုင်အထက်တန်းကျေ's post 17/05/2026

📢 📚📢 𝐀𝐝𝐦𝐢𝐬𝐬𝐢𝐨𝐧𝐬 𝐎𝐩𝐞𝐧 𝐟𝐨𝐫 𝟐𝟎𝟐𝟔-𝟐𝟎𝟐𝟕 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐘𝐞𝐚𝐫 🤍🧑🏻‍🎓👩🏻‍🎓🌸

🌸Taungtan Cherry Private School🌸

💙" Together to create your better future"💙

🌸🩵“ပိုမိုကောင်းမွန်တဲ့အနာဂတ်ကိုအတူတကွ ဖန်တီးဖို့ တောင်တန်းချယ်ရီ မှာ ကျောင်းတက်ကြပါစို့"🩵🌸

🤍ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုဖန်တီးချင်တဲ့ ကျောင်းသားကျောင်းသူများကို အရည်အချင်းကို အဓိကထားပြီး ခိုင်မာတဲ့ ပညာရေးအုတ်မြစ်ကို တည်ဆောက်ပေးနေတဲ့ တောင်တန်းချယ်ရီ ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါသည်။🤍

အဆင့်မီသင်ကြားရေးနှင့် ပြည့်စုံသော ကျောင်းပတ်ဝန်းကျင်မှာ စာသင်ကြားနိုင်ဖို့ တောင်တန်းချယ်ရီမှ 𝟐𝟎𝟐𝟔-𝟐𝟎𝟐𝟕 ပညာသင်နှစ် အတွက် ကျောင်းသားဟောင်း/သစ်များ စတင်လက်ခံနေပါပြီ။

📘📒စနစ်သစ်သင်ရိုးကို စနစ်တကျ သင်ယူလိုသော ကျောင်းသား၊ ကျောင်းသူများအတွက်
အရည်အချင်းပြည့်ဝတဲ့ ဝါရင့်ပညာရှင် ဆရာ၊ ဆရာမများက အထူးဂရုစိုက် သင်ကြားပေးသွားပါမည်။📒📔

📚✅ကျောင်းသင်ခန်းစာတွေသာမက
ထပ်ဆောင်းဘာသာရပ်များဖြစ်သည့်

📚အထူးလိုအပ်သည့်
English 4 Skills + Grammar

👩‍💻နည်းပညာခေတ်မှာ တတ်မြောက်ထားသင့်သည့် ICT

👩‍🎨EQ မြင့်မားစေဖို့ ဂီတ၊ အနုပညာရပ်များပါ ထည့်သွင်း သင်ကြားပေးမည့်
Music & Arts 🎼

👩‍🎓အနာဂတ်မှာ အရည်အချင်းပြည့်ဝသော လူကောင်းလူတော်များ ခေါင်းဆောင်ကောင်းလေးများ ပေါ်ထွန်းစေရန်
Leader In Me သင်ကြားမှုအစီအစဉ်များ

💙Leader in Me သင်ရိုးနှင့်အတူကျောင်းသားကျောင်းသူများအားလုံးကို အဖိုးတန်လူကောင်းလူတော်လေးတွေဖြစ်ဖို့ ကောင်းမွန်တဲ့ အကျင့်စရိုက်အပြုအမူ အလေ့အကျင်ကောင်းတွေ အမြစ်တွယ်ဖို့ ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင်ပေးပါသည်။💙

🎓🖌️🎼🎹🥁🎸🪕⛹️⛹🏻‍♂️⚽️🏀🏸ဘာသာစကား၊ ပန်းချီ၊ ဂီတ၊ အားကစား စသဖြင့် မိမိဝါသနာပါရာကို လေ့လာနိုင်ပြီး ဘက်စုံတိုးတက်အောင် ပျိုးထောင်သင်ကြားပေးလျက် ရှိပါသည်။🪕🏸🏀⚽️⛹🏻‍♂️🥁🎸🎼

💎ငယ်စဉ်မှစ၍အခြေခံကောင်း စည်းစနစ်ကောင်း စည်းကမ်းကောင်းစေရန်အထူးကြပ်မတ် သင်ကြားပေးပါသည်။

🤍🤍🤍ကလေးများအားလုံး ကျောင်းပျော်သော ၊တော်သော ၊အရည်အချင်းပြည့်ဝသော ၊ထက်မြက်နှလုံးရည်ပြည့်ဝသော အတွေးအခေါ်ကောင်းသော ၊လေးစားတတ်သော ၊လွတ်လပ်ပျော်ရွှင်သော လူကောင်းလူတော်များဖြစ်စေရန် အထူးဂရုစိုက်ပြုစုပျိုးထောင်ပေးပါသည်။

📖တောင်တန်းချယ်ရီကိုယ်ပိုင်ကျောင်းနှင့်ဘော်ဒါ မှာ တက်ရောက်မည့် သားသားမီးမီးအတွက်

🏢လေကောင်း၊ လေသန့်ရ၍
သန့်ရှင်းသပ်ရပ် ကျယ်ဝန်းသော စာသင်ခန်းမများပြင်ဆင်ပေးထားခြင်း

🔬စာတွေ့ လက်တွေ့ သင်ကြားနိုင်ရန် Lab ခန်းများထားရှိပေးခြင်း

📚အဖိုးတန်ရတနာလေးများ ဗဟုသုတ တိုးပွားစေရန် ကျောင်းစာကြည့်တိုက် ထားရှိပေးခြင်း

🚌ကျောင်းသွား ကျောင်းပြန် အဆင်ပြေစေရေးအတွက် School Bus များလည်း စီစဥ်ပေးထားပါသည်။

📘ကိုယ်ပိုင်ကျောင်းသီးသန့်

📕ယောကျ်ာလေး မိန်းကလေးသီးသန့်နေစားငြိမ်း အဆင့်မြင့်အဆောင်တို့ကို

တက်ရောက်နိုင်ပါသည်။

🏆🏆🏆
လူကြီးမင်းတို့​၏ အဖိုးတန်ရတနာလေးများရဲ့ အနာဂတ်ပညာရေး စိတ်ချ စိတ်အေးရစေဖို့ တောင်တန်းချယ်ရီ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ယုံကြည်စွာတက်ရောက်လိုက်ပါ
🤍👷👩‍⚕👩‍🎓👨‍💻👩‍🔬🤍

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
💌page Messenger (or)💌
📲09 792246539သို့ ဆက်သွယ်နိုင်ပါတယ်။

🏫ကျောင်းတည်နေရာ

အမှတ် -၄၁/၁၅၊ရေထွက်ဦးလမ်း၊ရေအေးကွင်း ရပ်ကွက်၊ တောင်ကြီးမြို့။

Cherry Private School
# Together To Create Your Better Future



15/05/2026

🌸🤍2026-2027 ပညာသင်နှစ်တွင် တောင်တန်းချယ်ရီ ကိုယ်ပိုင်အထက်တန်းကျောင်း တွင်

🏢လေကောင်း၊ လေသန့်ရ၍
သန့်ရှင်းသပ်ရပ် ကျယ်ဝန်းသော စာသင်ခန်းမများ နှင့် ခေတ်မီလှပသော ကျောင်းတွင်စာသင်ကြားရမည်ဖြစ်ပြီး

🏛️ယောကျ်ားလေး မိန်းကလေး သီးသန့် ကျယ်ဝန်း စနစ်ကျသော ခေတ်မီလှပသော အဆောင်သစ်ကြီးတွင်နေထိုင်သင်ကြားရမည်ဖြစ်ပါတယ် 🤍🤍🤍🌸🌸 🌸

ကျောင်းစုံစမ်းရန်

တောင်တန်းချယ်ရီ ကိုယ်ပိုင်အထက်တန်းကျောင်း
အမှတ်-၄၁/၁၅၊ရေထွက်ဦးလမ်း၊ရေအေးကွင်းရပ်ကွက်၊တောင်ကြီးမြို့။
☎️ 09792246539







Disclaimer: Please note no copyright infringement is intended, and I do not own nor claim to own any of this song.Song is only for entertainment used.

Photos from Taungtan Cherry Private High School—တောင်တန်းချယ်ရီ ကိုယ်ပိုင်အထက်တန်းကျေ's post 13/05/2026

⭐️🥇Leader In Me Time 🥇⭐️

ယနေ့ခေတ်လူငယ်ကျောင်းသားတွေဘဝတလျောက်လုံးအသုံးချနေရမဲ့၊
အထူးအလိုအပ်ဆုံးဖြစ်တဲ့ (Social Emotional Skills) SEL Skills များကို
တစ်နှစ်ပတ်လုံးသင်ကြားလေ့ကျင့်အသုံးချသွားကြမည့် Leader in Me - Whole School Improvement Program ကို တောင်တန်းချယ်ရီမှာ သင်ကြားပေးလာတာ ၂နှစ်ပြည့်သွားပါပြီ ...

🎯Leader in Me Process (The Whole School Improvement Process) ဆိုတာကတော့ Leadership and Training Industry မှာကမ္ဘာ့အကောင်းဆုံး 🏆 World Top 20 Global Leadership Training အဖွဲ့အစည်းအဖြစ် (14) နှစ်တိုင်အောင်ရရှိထားသော FranklinCovey US ရဲ့ မူပိုင် Education Process တစ်ခုပဲဖြစ်ပါတယ်။🏆

🌏ပညာရေးမှာထိပ်တန်းရောက်နေကြတဲ့ Worldwide နိုင်ငံပေါင်း(၅၀)ကျော်နဲ့ကျောင်းပေါင်း(၈၀၀၀)ကျော်မှာ SEL and Leadership Skills များကိုအောင်မြင်စွာသင်ကြားမှုများလုပ်ဆောင်နေသောအဖွဲအစည်းတစ်ခုဖြစ်ပါတယ်။

တောင်တန်းချယ်ရီကိုယ်ပိုင်အထက်တန်းကျောင်းမှာ
ကျောင်းသူကျောင်းသားလေးများကို ငယ်ရွယ်စဉ်မှစ၍

1️⃣ Be Proactive မိမိကိုယ်ကိုမိမိတာဝန်ယူတတ်ပြီး မိမိဘဝအတွက်အကောင်းဆုံးကြိုးစားတတ်စေရန်

2️⃣ Begin with the End in Mind: ရလဒ် ကောင်းတွေရစေဖို့ ကြိုတင်တွေးတောပြင်ဆင်တတ်ပြီး ပန်းတိုင်တွေ ရည်မှန်းချက်တွေ ရှိစေရန်

3️⃣ Put First Things First: အရေးမကြီးတာနဲ့ အရေးပြီးတာကို ခွဲခြားတတ်ပြီး အရေးကြီးတာကို ဦးစားပေးလုပ်တတ်စေရန်

4️⃣ Think Win-Win: စာနာစိတ်ရှိပြီး အပြန်အလှန် အကျိုးရှိမည့် ရလဒ်ကို စဉ်းစားတတ်စေရန်

5️⃣ See first to understand then to be understood
နှစ်ဦးနှစ်ဖက်နားလည်ပေးတတ်ရန် ၊နားထောင်ပေးတတ်ရန်
ပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်ကောင်းမွန်စေရန်

6️⃣ Synergize: အများနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဦးဆောင်တတ်စေချင်တယ်၊

7️⃣ Sharpen the Saw: မိမိကိုယ်ကိုယ် အမြဲတမ်း တိုးတက်အောင် ကြိုးစားနေစေရန်

အထူးလေ့ကျင့်သင်ကြားကျင့်သုံးစေပြီး

🎯ကလေးတစ်ဦးချင်းစီမှာရှိသင့်သော SEL Skillsရဲ့အစိတ်အပိုင်း(၅)ခုဖြစ်တဲ့
✅Self Awareness
👉မိမိစိတ်ခံစားချက်များကိုကောင်းစွာနားလည်လာခြင်း

✅ Self Management
👉 မိမိကိုယ်ကိုဦးဆောင်ထိမ်းသိမ်းလာနိုင်ခြင်း

✅ Social Awareness
👉ပတ်ဝန်းကျင်အားနားလည်သိမြင်အကောင်းဆိုးခွဲခြားနိုင်ခြင်း

✅ Relationship Skills
👉အများကိုဦးဆောင်လာနိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်တက်လာခြင်းတို့ကြောင့်ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုကိုတည်ဆောက်နိုင်ခြင်းနှင့် သင်ယူလေ့လာနိုင်စွမ်းများ တိုးတက်လာခြင်း။

✅ Responsible Decision Making
👉ကြုံတွေ့လာသမျှကိစ္စရပ်များကို ကောင်းမွန်မှန်ကန်သောဆုံးဖြတ်ချက်များချတက်လာခြင်းစသည့် SEL Skills and 21st Century Skills များကို သင်ကြားပေးပါတယ် 🌸🤍🌸

တောင်တန်းချယ်ရီကိုယ်ပိုင်အထက်တန်းကျောင်းကြီးမှာ Leader in Me သင်ရိုးနှင့်အတူကျောင်းသားကျောင်းသူများအားလုံးကို အဖိုးတန်လူကောင်းလူတော်လေးတွေဖြစ်ဖို့ ကောင်းမွန်တဲ့ အကျင့်စရိုက်အပြုအမူ အလေ့အကျင်ကောင်းတွေ အမြစ်တွယ်ဖို့ ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင်ပေးပါတယ်။

ကလေးများအားလုံးထက်မြက်နှလုံးရည်ပြည့်ဝသော အတွေးအခေါ်ကောင်းသော လေးစားတတ်သော လွတ်လပ်ပျော်ရွှင်သော လူကောင်းလူတော်လေးများဖြစ်ရပါမယ်။

2025-2026ပညာသင်နှစ်မှာ တောင်တန်းချယ်ရီ​၏ Leader in Me သင်ကြားသင်ယူခဲ့သောပုံရိပ်အချို့ကို အမှတ်တရ ဝေမျှပေးလိုက်ပါတယ် 🤍🌸👩🏻‍🎓🧑🏻‍🎓🌸🤍





13/05/2026

အောင်စာရင်းထုတ်ပြန်မည့်ရက် အသိပေးကြေညာခြင်း

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ KG မှ Grade-11 အထိ ကျောင်းသား/သူများ၏ အောင်စာရင်းများကို ၁၄.၅.၂၀၂၆ (ကြာသပတေးနေ့) နံနက် ၆ နာရီ အချိန်မှစတင်၍ တောင်တန်းချယ်ရီကိုယ်ပိုင်အထက်တန်းကျောင်းတွင် လာရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

🔷တောင်တန်းချယ်ရီကိုယ်ပိုင်အထက်တန်းကျောင်း

🔶အမှတ်(၄၁/၁၅)၊ ရေထွက်ဦးလမ်း၊ ရေအေးကွင်းရပ်၊ တောင်ကြီးမြို့

☎️08792246539 (ကျောင်းချိန်အတွင်းစုံစမ်းနိုင်ပါသည်)



Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Taunggyi

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00