ဂျာမန်စကားပြောသင်တန်း Key
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဂျာမန်စကားပြောသင်တန်း Key, Language school, Taunggyi.
01/05/2026
G-12 ဖြေဆိုထားသော ကလေးများအတွက် ဂျာမနီနိုင်ငံ၌ အသက်မွေးဝမ်းကျောင်း တက်ရောက်နိုင်ရန် ဂျာမန်ဘာသာ စကားအခြေခံ
အရေး၊အပြော၊အဖတ်၊နားထောင်တယ့် အပိုင်း လေးပိုင်းလုံးပါအောင် အတတ်သင်ပေးပါမည်။
တနင်းလာမှ သောကြာ 11-12.30 အထူးတန်း 5ရက်
ကြာသပတေး သောကြာ စနေ ညနေ 4-5.30 ရိုးရိုးတန်း မေလမှ 4.5.26 စဖွင့်ပါမည်။
Tr. Zar Zar
09 41003385 Viber မှ ဆက်သွယ်နိုင်ပါသည်။
ငါတို့ဈေးကိုသွားမယ်
Wir gehen zum Markt.
ငါတို့အခုဈေးသွားမယ်
Wir gehen jetzt zum Markt.
Verb
gehen ကိုထိုင်ကျက်လို့မရပါ
သူ့နဲ့တွဲပြောမယ့် personal pronoun နဲ့ ပြောင်းလဲပြီးမှ သုံးရပါမယ်
Ich ငါ
ငါသွားတယ်
Ich gehe.
ငါဒီနေ့သွားတယ်
Heute gehe ich.
Learnwortschaft ဘယ်လို လေ့လာမလဲ
ဝါကျလေးနဲ့ လေ့လာရင် ပိုမှတ်မိပါတယ်
ဂျာမန်ဘာသာစကားသင်ကြားရာတွင် စကားလုံးအရင်သိအောင်လုပ်ရမယ်၊verb conjugation ရှာပြီး ဝါကျတည်ဆောက်ရမယ်၊အယ့်နည်းနဲ့မှတ်မှ ရမယ်။
ပြီးရင် နားထောင်ရမယ်၊ ပြီးရင်ဖတ်ရမယ်။
20/02/2026
Elon Musk ရဲ့ xAI မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စက ရိုးရိုး ဝန်ထမ်းထွက်တာလောက် မဟုတ်ပါဘူး။ Co-founder တွေ၊ Core Engineer တွေ အစုလိုက်အပြုံလိုက် ထွက်သွားကြတာပါ။ အပြင်လူတွေက "ကုမ္ပဏီ ပြိုလဲတော့မလား" လို့ ထင်ကြေးပေးနေချိန်မှာ Musk က ၄၅ မိနစ်စာ ကုမ္ပဏီတွင်း အစည်းအဝေး (All-hands meeting) ဗီဒီယိုဖိုင်ကို ချပြပြီး အားလုံးကို ရှင်းလင်းလိုက်ပါတယ်။
အဲဒီအထဲမှာ Tech လောကကို တုန်လှုပ်သွားစေမယ့် "အသေးစိတ် အချက်အလက်တွေ" အများကြီး ပါလာပါတယ်။
၁။ ဒါဟာ "အစုလိုက်အပြုံလိုက် ထွက်ပြေးကြတာ" မဟုတ်ဘူး
ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ Co-founder တွေဖြစ်တဲ့ Jimmy Ba နဲ့ Tony Wu အပါအဝင် အဓိက Engineer ၉ ယောက်လောက် နှုတ်ထွက်သွားကြတယ်။
Musk ရှင်းပြတာကတော့ ဒါဟာ "Restructuring" (လူလဲတာ) ပါ။ ကုမ္ပဏီက "ကလေးအရွယ်" ကနေ ကြီးထွားလာတဲ့အခါ၊ အစောပိုင်းကာလနဲ့ ကိုက်ညီခဲ့တဲ့ လူတချို့က အခုလို အရှိန်မြှင့်ရမယ့် ကာလ (Scale up) နဲ့ မကိုက်ညီတော့လို့ လမ်းခွဲရတာလို့ ဆိုပါတယ်။ သူ့ရဲ့ အဓိက ရည်မှန်းချက်က "Velocity" (အရှိန်) တစ်ခုတည်းပါပဲ။
၂။ "Code ရေးစရာမလိုတော့တဲ့ ခေတ်" (The End of Coding)
ဒါက အစည်းအဝေးရဲ့ အကြမ်းဆုံး ဟောကိန်းပါပဲ။
Musk က "၂၀၂၆ နှစ်ကုန်လောက်ဆိုရင် AI က Code ရေးစရာတောင် မလိုတော့ဘူး" လို့ ပြောပါတယ်။
* လက်ရှိပုံစံ: Programmer က Code ရေး -> Compiler က ဘာသာပြန် -> Binary (စက်နားလည်တဲ့ ဖိုင်) ထွက် -> Run တယ်။
* အနာဂတ်ပုံစံ: လူက Prompt (လိုချင်တာ) ပြောလိုက်မယ် -> AI က ကြားခံ Code တွေကို ကျော်ပြီး Optimized Binary (စက်နားလည်တဲ့ 0 နဲ့ 1 ဖိုင်) ကို တိုက်ရိုက် ထုတ်ပေးလိမ့်မယ်။
* Musk အဆိုအရ AI ထုတ်ပေးတဲ့ Binary က လူရေးတဲ့ Compiler တွေထက်တောင် ပိုကောင်း၊ ပိုမြန်နေဦးမှာတဲ့။ ဒါကြောင့် "Software Engineer" ဆိုတဲ့ အလုပ်က အကြီးအကျယ် ပြောင်းလဲတော့မှာပါ။
၃။ xAI ရဲ့ "မဏ္ဍိုင်ကြီး ၄ ခု" (The 4 Key Pillars)
ကုမ္ပဏီကို Team ကြီး ၄ ခုနဲ့ မောင်းနှင်နေပါတယ်။
① Grok (Everything App): Chatbot အဆင့် မဟုတ်တော့ပါဘူး။ OpenAI မှာ Voice Mode မရခင်တုန်းက သူတို့က ၆ လနဲ့ အမီလိုက်ပြီး လုပ်ပြခဲ့တယ်။ အခု ကားအစီးရေ ၂ သန်းမှာ သုံးနေပြီ။ ရှေ့လျှောက် "ဥပဒေကိစ္စ မေးမလား၊ Slide ဆွဲခိုင်းမလား" အကုန်လုပ်ပေးမယ့် Super App ဖြစ်လာမှာပါ။
② Coding (Recursive Self-improvement): ဒါက အရေးကြီးဆုံးပါပဲ။ Grok Code မော်ဒယ်က သူ့ကုဒ်သူ ပြန်ရေး၊ ပြန်ပြင်ပြီး ပိုတော်အောင် လုပ်နေတဲ့ (Recursive self-improvement) အဆင့်ကို ရောက်နေပြီ။ ဒီအပိုင်းမှာ "Singularity" (ဉာဏ်ရည်ပေါက်ကွဲမှု) နား ရောက်နေပြီလို့ ဆိုပါတယ်။
③ Imagine (Visual): ရုပ်ပုံနဲ့ ဗီဒီယို ထုတ်လုပ်မှု။ ရက် ၃၀ အတွင်း ပုံပေါင်း ၆ ဘီလီယံ ထုတ်ပေးခဲ့တယ်။ ဒါက Google ထက် ၆ ဆ ပိုများပါတယ်။
④ MacroHard (Simulation): နာမည်က Microsoft ကို ဆေးထိုးထားတာပါ။ ဒီပရောဂျက်က "ကုမ္ပဏီတစ်ခုလုံး လည်ပတ်ပုံ" ကို AI နဲ့ Simulation လုပ်ပြီး စမ်းသပ်မယ့် အပိုင်းပါ။ CLI (Command Line) ကနေ GUI (Graphic Interface) အထိ AI က လူလိုမျိုး ကွန်ပျူတာကို သုံးတတ်လာအောင် သင်ပေးနေတာပါ။
၄။ Infrastructure နောက်ကွယ်က "ငရဲခန်း"
H100 GPU ကတ်ပေါင်း ၁ သိန်း (100k) ကို မောင်းနှင်ရတာ လွယ်တာမဟုတ်ပါဘူး။
Training Team မှာ လူ ၇ ယောက်လောက်ပဲ ရှိပေမဲ့၊ သူတို့ဟာ မီးကြိုးပြတ်တာ၊ စက်ပျက်တာ၊ Network ကျတာတွေကို နေ့တိုင်း ရင်ဆိုင်ပြီး စနစ်မရပ်သွားအောင် ထိန်းခဲ့ရပါတယ်။ Nvidia CEO Jensen Huang ကိုယ်တိုင်က "xAI လောက် မြန်မြန်ဆန်ဆန် စက်မောင်းနိုင်တာ ဘယ်သူမှ မရှိဘူး" လို့ ချီးကျူးခဲ့ရတဲ့ အကြောင်းရင်းက ဒါပါပဲ။
၅။ ကမ္ဘာမြေကို ကျော်လွန်မယ့် စီမံကိန်း
နောက်ဆုံး Musk ရဲ့ Vision ကတော့ - ကမ္ဘာပေါ်က စွမ်းအင် (၁%) လောက်နဲ့ AI ကို ဆက်မောင်းလို့ မရတော့ဘူး။
ဒါကြောင့် Data Center တွေကို အာကာသထဲ ပို့မယ်။ နေစွမ်းအင်ကို အပြည့်ယူမယ်။ လကမ္ဘာပေါ်မှာ စက်ရုံတည်မယ်။ ဒါမှသာ စကြာဝဠာရဲ့ လျှို့ဝှက်ချက်တွေကို ဖြေရှင်းနိုင်မယ့် AI ကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။
အတိုချုပ်
xAI မှာ လူတွေ ထွက်ကုန်တာက "ပြိုလဲတာ" မဟုတ်ပါဘူး။ Musk က "ကလေးဘဝ" ကနေ "လူကြီးဘဝ" ကို ကူးပြောင်းဖို့ အရေခွံလဲလိုက်တာပါ။ Programmer တွေအတွက်ကတော့ "၂၀၂၆ မှာ Code ရေးစရာ မလိုတော့ဘူး" ဆိုတဲ့ စကားကို သတိထားပြီး ပြင်ဆင်ထားသင့်ပါပြီ။
Click here to claim your Sponsored Listing.