20/11/2024
မြန်မာစာ၊တရုတ်စာသင်ချင်သောသူများဆက်သွယ်လို့ရပါတယ်
သင်တန်းကြေးက
မြန်မာစာ တလကို 30000 ကျပ်
တရုတ်စာ တလကို 50000 ကျပ်ပါ
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Xin Xin Computer Training Course & Wedding, Computer training school, အိမ်အမှတ်အခန်း(14), ရေအေးကွင်းရပ်ကွက်, အရှေ့မြို့ပတ်လမ်း, တောင်ကြီးမြို့, Taunggyi.
20/11/2024
မြန်မာစာ၊တရုတ်စာသင်ချင်သောသူများဆက်သွယ်လို့ရပါတယ်
သင်တန်းကြေးက
မြန်မာစာ တလကို 30000 ကျပ်
တရုတ်စာ တလကို 50000 ကျပ်ပါ
05/11/2024
လူတိုင်းကတော့ သူတို့ကို
တစ်ခုခုလုပ်ပေးတာ၊ လိုက်လျောပေးတာ၊
ကူညီပေးတာ၊ အခွင့်အရေးပေးတာကို
ကြိုက်ကြသူတွေချည်းပါပဲ။
ဒါပေမဲ့ ပေးပါများလာတဲ့အခါ
အဲ့ဒါက သူတို့ရပိုင်ခွင့်လို့ထင်လာတယ်။
လုပ်ပေးနေတာက သူတို့ရပိုင်ခွင့်လို့ထင်လာတဲ့အခါ လုပ်ပေးရမှာက မင်းတာဝန်ဖြစ်လာတယ်။
မလုပ်ပေးနိုင်တဲ့အခါ မင်းက တာဝန်မကျေတော့ဘူး။ သူတို့အတွက် မိတ်ဆွေကောင်းမဟုတ်တော့ဘူး။
အရင်က မင်းလုပ်ပေးခဲ့သမျှဟာ
မင်းမလုပ်ပေးနိုင်တဲ့နောက် အလကားဖြစ်သွားပြီ။
အဲ့ဒီအခါ အရင်လို
စေတနာသန့်သန့်နဲ့လုပ်ပေးတာမျိုးထက်
သူတို့ကြည်ဖြူအောင်၊ သူတို့နဲ့တည့်အောင်၊
အဆင်ပြေအောင်၊ သူတို့စိတ်ကျေနပ်အောင်၊
မမုန်းအောင်ကြိုးစားရတဲ့မင်းအတွက်လည်း
ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ်။ မနိုင်ဝန်ဖြစ်လာမယ်။
မလုပ်ပေးနိုင်တဲ့အခါ အရင်ကကောင်းခဲ့တဲ့
မင်းတို့ဆက်ဆံရေးတွေ အဆုံးသတ်မယ်။
အရာအားလုံးဟာ မင်းအားနာတာကနေ စခဲ့တာပါ။
ဒါကြောင့် ဘဝမှာ မလိုအပ်ဘဲ ဘယ်သူ့ကိုမှ
အားမနာမိပါစနေဲ့။
တစ်နေ့မင်းပဲ စိတ်ပင်ပန်းရလိမ့်မယ်။ (Crd- Owner)
#ဆရာအောင်သင်း
#စာပေ
#ဘဝသင်ခန်းစာ
20/10/2024
20/09/2024
(1) စိတ်ညစ်ပြီး ဘာမှမလုပ်ချင်တော့တဲ့အခါ
ကောင်းကင်ကိုမော့ကြည့်ပြီးငါ ဒီလိုနေလိုမဖြစ်ဘူးဆိုပြီး
ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။
(2) အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ
အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ
သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။
(3) ကိုယ့်အားကိုယ်ကိုးပြီး အရောက်လှမ်းသွားမယ့်
ပန်းတိုင်လေးတစ်ခု အိပ်မက်လမ်းလေးတစ်ခု ဖန်တီးရယူပါ။
(4) တခါတလေ ငိုစရာရှိရင် လူမရှိတဲ့ တနေရာသွားပြီး
အော်ငိုပစ်လိုက်ပါငိုသင့်ရင်လည်း ငိုလိုက်ပါ
မငိုတာကြာရင် မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။
(5) တခါတလေ ဝမ်းနည်းနေရင်လည်း
အားရပါးရ ငိုချပစ်လိုက်ပါ ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။
(6) အဆင်မပြေရင်လည်း အဆင်ပြေသလိုနေပါ..
တချိုကျတော့ ကြိုးစားပေမယ့် အဆင်မပြေပြန်ဘူး...
မကြိုးစားပဲ ထိုင်နေရင် ပိုအဆင်မပြေဖြစ်သွားကြတယ်။
(7) ထပ်ပြီး ကြိုးစားပါ လူဆိုတာ ကြိုးစားချင်စိတ်ရှိရင်
ဘယ်လောက်ပဲအသက်တွေရရ ဖြစ်လာနိုင်ပါတယ်။
(8) ဆုံးရှုးမှုတွေရှိရင်လည်း စိတ်ကိုဖြေပြီး
နောက်တစ်ကြိမ် မမှားအောင်သတိထားပါ။
(9) ဇွဲကောင်းတဲ့ဆုံးရှုးခြင်းဆိုတာ ဘယ်တော့မှမရှိနိုင်သလို
လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့
အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။
(10) လောကမှာ နားမလည်တဲ့ အရာတွေ ရှိနိုင်ပါတယ်
အရေးကြီးတာက နားမလည်တာကို
နားလည်အောင် ကြိုးစားဖိုပါ။
(11) အကောင်းစားရေမွှေးနံ့တွေ မလိုဘူး ...
ကိုယ်ကျင့်တရားကောင်းအောင်နေပါကိုယ်ကျင့်တရားကောင်းရင်
စိတ်ထားကောင်းရင် ကိုယ်သင်းနံ့မွှေးနေမှာပါ။
(12) ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့...
အမှန်တရားဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။
(13) အမှား ရှိခဲ့တိုင်းလည်း အပြစ် မဟုတ်ပါဘူး...
တစ်ချိုအမှားတွေက သန့်ရှင်းပါတယ်
လူသားတိုင်း အမှားနဲ့ မကင်းနိုင်သလို
အမှားရှိမှ အမှန်ဆိုတာ ဖြစ်လာခဲ့ရတာပါ။
အဓိက အမှားတွေကို သင်ခန်းစာအဖြစ်
ရယူပြီး နောက်ထပ်တစ်ခါ ထပ်မမှားဖို
အမှားထဲမှာ တဝဲဝဲလည်းမနေတတ်ဖိုပဲလိုတယ်။
(14) လူလူချင်းစာနာတတ်သူ..စိတ်ရှည်သူ ပညာဥာဏ်ကြီးမားသူ..
နားလည်းခွင့်လွတ်ပေးနိုင်သူ တစ်ဦးဖြစ်အောင် ကြိုးစားပါ။
(15) ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ
အခြားမဟုတ်ဘူး အသက်ရှင်သန်နေတာပါ
အားလုံးမှာ တန်းဖိုးအရှိဆုံးအရာကို
ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။
(16) ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေဖို မလိုပါဘူး ...
ပင်ပန်းအားငယ်လာတိုင်း မှီခိုအနားယူနိုင်မယ့်
ရင်ခွင်လေးတစ်စုံရှိနေဖိုတော့ လိုတယ်။
(17) "ချစ်တယ်" ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော တကယ့်စိတ်ရင်းနဲ့ပြောပါ။
(18) "ဆောရီး"ဆိုတဲ့စကားလုံးကို ဘယ်အချိန်ပဲ ပြောပြော
တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။
(19) ချမ်းသာတဲ့သူငယ်ချင်း အပေါင်းအသင်း ရှိဖိုမလိုဘူး ...
နေပူမိုးရွာ လက်ချင်းတွဲလို ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ်
သူငယ်ချင်းကောင်းတစ်ယောက် ရှိဖိုလိုတယ်။
(20) သူငယ်ချင်းကောင်း မိတ်ဆွေကောင်းလိုချင်ရင်...
သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်း ဖိုကတော့
အဓိကပဲသူတစ်ပါး အပေါ်ကို ကောင်းမှသာ
သူ့တစ်ပါးက ကိုယ်အပေါ်ကို ပြန်ကောင်းပါလိမ့်မယ်။
#အသိပညာဗဟုသုတာ
🌹💐
မေတ္တာစူးရင်သိပ်ကြောက်ဖို့ကောင်းတယ်
ဒါကြောင့်မေတ္တာမစူးစေနဲ့...
~တစ်ဖက်သားရဲ့ စေတနာ၊မေတ္တာတွေကို တန်ဖိုးမထားရင်တောင်မစော်ကားမိပါေစနဲ့ အသိအမှတ်မပြုရင်တောင် မပစ်မှားပါနဲ့ေပးတဲ့သူကမေတ္တာစစ်မေတ္တာမှန်ေနရင် ဘဝအဆက်ဆက်ဝဋ်ကြွေးခံရတတ်တယ်...
~သူကဘာမှ မသိပါဘူးဆိုပြီး တစ်ဘဝကောင်းစားရေးကို မမျှော်ကိုးနဲ့ သံသရာအတွက် အကြွေးတစ်ခုတင်သွားပြီလို့သာမှတ်ပါ...
~အကြွေးပဲ... ယူပြီးပြန်မပေးလဲရတယ်ဆိုပြီး မသိသလိုမနေပါနဲ့ လောကမှာ ကြောက်စရာအကောင်းဆုံးကအကြွေးပါ ဘယ်လိုအကြွေးမျိုးမဆို တစ်ဖက်လူဆီကယူပြီးရင် မသိသလိုနေလို့ရပေမဲ့ နောက်ဘဝအထိဝဋ်ကြွေးတွေပါသွားတတ်ပါတယ်...
~မေတ္တာလည်း ထိုနည်း၎င်းပါပဲ...
မေတ္တာနဲ့မထိုက်တန်တဲ့သူဆိုတာ လောကမှာမရှိဘူး မေတ္တာကိုတန်ဖိုးမထားတတ်တဲ့သူပဲ ရှိတယ် အဲ့ဒီအထဲ သင်မပါပါစေနဲ့ မေတ္တာစူးရင် နှုတ်ရခက်ပါတယ် ...
~တစ်ဖက်သားရဲ့မေတ္တာ၊စေတနာတွေကို အသိအမှတ်မပြုတဲ့အပြင် နာကျင်အောင်၊ ဝမ်းနည်းအောင်၊စိတ်ထိခိုက်အောင်၊နောက်ဆုံးရုပ်ပိုင်းဆိုင်ရာအထိပါစော်ကားမိရင် သူနဲ့တန်တဲ့အကျိုးကို တန်ပြန်ခံရတတ်တယ်ဆိုတာမမေ့ပါနဲ့...
~သင်ပြုသမျှအရာရာဟာ ဘယ်သူမှမသိဘူးဆိုရင်တောင် သင့်စိတ်ကို သင်...ညာလို့ မရပါဘူးဒါကြောင့် မေတ္တာပေးတဲ့သူကို မေတ္တာနဲ့မတုန့်ပြန်ချင်ရင်တောင် အသိအမှတ်ပြုပေးပါ
မေတ္တာစူးရင် ဘဝတစ်လျှောက်လုံး ဘာလုပ်လုပ် သင်ပြုခဲ့တဲ့တစ်ဖက်လူအပေါ်အပြုအမူအတိုင်း ဝဋ်ကြွေးတွေပြန်ရတတ်ပါတယ်...
02/08/2024
ပြောစရာတွေ အများကြီး ရှိပေမဲ့
တိတ်ဆိတ်ခဲ့ရချိန်တွေ …. သည်းမခံနိုင်တဲ့အဆုံး အန်ထွက်လာတော့မဲ့ စကားလုံးတွေကို
အတင်းပြန်မြိုသိပ်ရချိန်တွေဟာ
အရမ်းပင်ပန်းရပါတယ် ။
ဒါပေမဲ့ အဲ့လိုအချိန်တွေ များများ ကြုံရတဲ့အခါ
စိတ်ဟာ ရင့်ကျက်ပြီး ၊ စကားတွေဟာ
အမှားနည်းလာတယ် ။
ကိုယ်ပြောလိုက်တော့လည်း
ဘာမှ ထူးလာမှာမဟုတ်ပဲ ။ အမှန်ပြောတော့လဲ
အမှန်ကိုလိုချင်တာ မဟုတ်ရင် ခက်သား ။
တစ်ချို့က သူတို့မှန်တာပဲ လိုချင်တာလေ ။
စကားဟာ ပြောတိုင်းမကောင်း ၊
သိတိုင်းလဲ ပြောသင့်တာမှ မဟုတ်ပဲ ။
ကိုယ်ပြောတော့လဲ အချိုးပြေမှာ မဟုတ်ရင်
မပြောတော့ဘူး … အမှန်ကို ပြောတာမကြိုက်ရင်
မပြောတော့ဘူး ။ စေတနာတွေ နားမလည်ရင်
မပြောတော့ဘူး ။ ကိုယ့်စကားကို အရေးမလုပ်ရင်
မပြောတော့ဘူး ။ ပြောစရာတွေ ပြည့်နှက်လာတိုင်း ပါးစပ်ကိုသာ တင်းတင်းပိတ်ထားလိုက်တော့တယ် ။
အဲ့တော့ ပြဿနာနည်းသလို ၊ လူမုန်းလဲမများတော့ဘူး ။
ရှင်းပြချင်စိတ် ၊ ပြောပြချင်စိတ်တွေ ထိန်းချုပ်နိုင်ပြီး နောက်ပိုင်း ကိုယ်ဟာ အရင်ကထက်
ပေါ့ပါးလာတော့တာပဲ ။
25/07/2024
ဘဝနေဝင်ချိန် .....
(အသက်-၅၀ကျော် နှင့် -၆၀ တန်း ဝင်တော့မယ့်သူများသို့ )
လူဟာ အသက်-၅၀ ကျော် -၆၀ ထဲ ဝင်လာပြီဆိုရင်
စ,အိုပါပြီ။ နောက်လာမယ့် အချိန်တွေကို
ပြင်ဆင်ထားရပါတော့မယ်၊
ဒါမှ မတုန်လှုပ် မခြောက်ခြားဘဲ ရင်ဆိုင် ကျော်လွှားနှိုင်မှာပါ။
🌄 ပထမဆုံးနေဝင်ချိန် ။
---------------------------
အဖော်တွေ တဖြည်းဖြည်း နဲလာတော့မယ်။
အဲ့အချိန်မှာ ကိုယ့်အဖော်ကတော့ အထီးကျန်ရက်တွေပဲ ဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာ ကိုယ်လုပ်ရမှာကတော့ တယောက်တည်း နေထိုင်တတ်
ဖို့နဲ့ အထီးကျန်ဘဝကို ရင်ဆိုင်နိုင်ဖို့ပါပဲ။
🌄 ဒုတိယလာမယ့်နေဝင်ချိန် ။
---------------------------------
ပတ်ဝန်းကျင်က ကိုယ့်ကိုသတိထားနေမယ့်ရက်တွေ တဖြည်းဖြည်းနည်းလာတော့မယ်။
အရင်လုပ်ငန်းကြီးတွေ ဘယ်လောက် အောင်မြင်ခဲ့ (အောင်မြင်ခဲ့)ဘယ်လောက်ပဲ နာမည်ကြီး (ကြီး) အိုလာရင် ကိုယ်ဟာ သာမာန်အဖိုးကြီး၊အဖွားကြီး နေရာရောက်သွားပါပြီ။
နောက်ပြီး
ဒေါင့်တဒေါင့်မှာ အေးအေးဆေးဆေး နေတတ်အောင်လဲ ကျင့်ရပါ့မယ်။
လူစုံတက်စုံနဲ့ ပျော်ပျော်ပါးပါး ပွဲတွေလဲ ကျဲလာတော့မယ်။
ပြီးတော့
နောက်ပေါက်ကလေးတွေရဲ့ ပျော်ရွှင် ဆူညံ သောင်းကျန်းမှုတွေကို မနှစ်မြို့ခြင်း၊အပြစ်တင်ခြင်းမျိုး မလုပ်မိအောင် စိတ်ကိုထိန်းရမယ့် အချိန်ပါ။
🌄 တတိယလာမယ့်နေဝင်ချိန် ရှုခင်း။
-----------------------------------
တတိယလာမယ့်လမ်းကတော့ အန္တရယ်တွေနဲ့ပါ။အရိုးကျိုးနိုင်တယ်၊နှလုံးသွေးကြောတွေ ပိတ်သွားနိုင်ပြီး မှတ်ဉာဏ်တွေ အားနည်းကာ သတိတွေမေ့လာမယ်။
ရောဂါတွေနဲ့ သွားရမယ့်ဘဝကို ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပြီး၊
အရင်က သူငယ်ချင်းတွေရဲ့နေရာမှာ ခုရောဂါတွေက ဘော်ဒါတွေ ဖြစ်နေတော့မှာ။
ငါဘာရောဂါမှမရှိဘူး၊ ငါဒေါင်ဒေါင်မြည်ပဲလို့လဲ အတွေးတိမ် မနေပါနဲ့တော့။
အတတ်နိုင်ဆုံး အားကစားလေးတွေ လုပ်ပြီး
ကိုယ့်ဟာကိုယ် စိတ်နဲနဲလျှော့ထားလိုက်ဖို့က အဓိကပါ။
🌄 စတုတ္ထလာမယ့်နေဝင်ချိန် ။
--------------------------------
ဘဝကို ကုတင်ပေါ်မှာ ဖြတ်သန်းရတော့မယ်လို့ ကြိုတွေးထားရမယ်။
အမေ ပထမဆုံးခေါ်လာတဲ့ ကုတင်ပေါ်က ဘဝကို ခုပြန်စရတော့မယ်လို့ ပြောလို့ရပြီ။
ဘဝတလျောက်လုံး အပျော်တွေ၊ အခက်အခဲတွေနဲ့ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး နောက်ဆုံး နဂိုနေရာ ပြန်ရောက်သွားတာပါ။
အဲဒါကတော့ ကုတင်ပေါ်ပါပဲ။
ပြီးတော့
သူများပြုစုတာကို လက်ခံရတော့မှာပါ။
ဒါပေမယ့်
အမေပြုစုတာနဲ့တော့ တူနိုင်မယ် မထင်ဘူး။
ကိုယ်လာတုန်းကတော့ အမေ့ပြုစုမှုအောက်မှာ ကြီးပြင်းခဲ့ရပေမယ့်
ကိုယ်သွားရမယ့်အချိန်ကျရင် ကိုယ့်အနားမှာ ပြုစုမယ့်သူက ဆွေမျိုးသားချင်းတွေဖြစ်မှာ မသေချာသလို၊ ရှိခဲ့ရင်လဲ
အမေပြုစုခဲ့သလို နွေးထွေးမှာမဟုတ်ဘူးလို့ လက်ခံထားပါ။
ဖြစ်နိုင်ခြေအများဆုံးကတော့
မျက်နှာက အပြုံးလေးနဲ့ စိတ်ထဲက ကျိန်ဆဲနေမယ့် လူနာပြုစုတဲ့ လူနဲ့မတွေ့နိုင်ဘူးလို့ ပြောလို့မရပါဘူး။
ဒါပေမယ့်
ကိုယ်က ခေါင်းငုံ့ သည်းခံပြီး ပြုစုပေးမယ့်သူကို ကျေးဇူးတင် နေရမှာပါ။
နောက်ဆုံးညမမှောင်ခင်
လူ့ဘဝရဲ့ နေဝင်ချိန်လမ်းဟာ အလင်းရောင်တဖြည်းဖြည်းနဲ့ လျော့ပါးလာပါပြီ။ လမ်းဟာ တဖြည်းဖြည်းလဲ လျှောက်ရ ခက်လာမယ်။
၆၀-ကျော်တာနဲ့ အရာရာကို လက်လွတ်ဖို့ အဆင်သင့်လုပ်ထား ရပါ့မယ်။
ဘဝကြီးကို အာရုံကောင်းလေးတွေနဲ့ ခံစားသွားရမယ်။
ပတ်ဝန်းကျင်နဲ့သွားပြီး အငြင်းပွားတာတွေ မလုပ်တော့ပဲ၊ သားသမီး မြေးမြစ်တွေနဲ့ပါ အငြင်းအခုံမဖြစ်မိအောင် နေရပါ့မယ်။
အကောင်းဆုံးကတော့ နှစ်သက်ရာ ဘာဝနာလေးကိုပွားနေပါ။
ကိုယ့်ကိုယ်ကို မောက်မာမနေဖို့ကလည်း အရေးကြီးပါတယ်။
နောက်ဆုံးရက်ကျန်လေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်ကျော်နိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။
ကိုယ်အခု မကြိုးစားရင်၊
နောင်ကျရင် ကိုယ့်သားသမီးက
ပိုကြိုးစားရမယ်။
ကိုယ်အခု ပေါ့ပေါ့နေရင်၊
နောင်ကျရင် ကိုယ့်သားသမီးက
ပိုရုန်းကန်ရမယ်။
တာဝန်ယူစိတ်မရှိတဲ့ မိဘသာလျှင်
သားသမီးတိုင်း သူ့ထိုက်နဲ့သူ့ကံရှ်ိပြီးသား ဆိုတဲ့စကား ပါးစပ်ထဲအမြဲပြောတယ်။
သားသမီးတွေရဲ့ကံဆိုတာ
မိဘခင်းပေးတဲ့လမ်း၊
မိဘခင်းပေးတဲ့ဘဝစမှတ်ပေါ်မှာ
အများကြီးမူတည်တယ်။
အသက်ကြီးလာလို့
အိုစာမင်းစာအတွက် စုဆောင်းတဲ့အခါ
ပိုက်ဆံချည်း စုလို့ မရဘူး
မေတ္တာပါ စုရပါတယ်။
ပိုက်ဆံက
နေဖို့ ထိုင်ဖို့
အိမ်ခန်း တိုက်ခန်း
စားဖို့ သွားဖို့ လာဖို့
မကျန်းမာရင် ကုသဖို့ လိုတာ မှန်ပေမယ့်
အိုလာတဲ့အခါ ဘေးနားမှာ
ကိုယ့်ရဲ့ ဝေယျာဝေစ္စကို လုပ်ပေးမယ့်
မေတ္တာရှိတဲ့သူ လိုလာပါတယ်။
သားသမီးမြေးမြစ် ဘယ်နှစ်ယောက်ရှိရှိ
အခုခေတ် ပိုဆိုးတယ် အနားမှာ ဘယ်သူမှ
ခဏတစ်ဖြုတ်အပြင် အဖော်လုပ် မပေးအားကြဘူး။
အဲ့ဒီတော့
အသက်အရွယ် ရလာတဲ့အခါ အိုလာတဲ့အခါ
ဘယ်သူနဲ့ ဖြစ်ဖြစ်
ကိုယ့်အနား ရောက်လာရင်
ချစ်အောင်နေ အေးချမ်းအောင်နေ မေတ္တာထား
စကားပြောတာ ခေါ်တာ ပြောတာက အစ
အေးချမ်းအောင် နှစ်လိုဖွယ် ဖြစ်အောင်
ဘယ်သူ့ကို ဖြစ်ဖြစ် မေတ္တာနဲ့ ဆက်ဆံပြီး
မေတ္တာတွေ စုရပါတယ်။
အဲ့ဒါမှ ကိုယ်အိုလာတဲ့အခါ
လုပ်ပေးမယ့်သူ ပြုစုမယ့်သူ ပေါပြီး
အိုတဲ့အချိန်ကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်မှာ။
အိုလာတဲ့ အချိန်မှာ
ကျန်းမာရေးက ဘဝကူးတဲ့ အချိန်အထိ
ကိုယ့်လက် ကိုယ့်ခြေ ကိုယ်သယ်နိုင်တဲ့ အနေအထား ဆိုရင်တော့ တော်သေးတာပေါ့...။
သူများ အကူအညီလိုလာပြီဆို အိုစာမင်းစာ
စုတဲ့အခါမှာ ပိုက်ဆံချည်းပဲ မပြည့်စုံတော့ဘူး
မေတ္တာတွေပါ လိုလာပါပြီ။
တကယ်တော့ အိုလာတဲ့ အချိန်မှာ
ပိုက်ဆံထက်တောင်
မေတ္တာက ပို အရေးပါနေမယ်လို့ ထင်မိပါတယ်။
Credit - original
ပိုက်ဆံတော်တော်လေး ချမ်းသာတဲ့
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့
ကျွန်တော် မိတ်ဆွေဖြစ်ဖူးတယ်...
သူ လောကကြီးကနေ ထွက်သွားတာ
သုံး လေးနှစ်လောက်ရှိနေပြီ...
သူ့ဆီမှာ ကင်ဆာရောဂါရှိနေမှန်း သိရချိန်မှာ..
တစ်နေ့ သူ ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်...
ညနေဖက် အားရင် ရွှေတိဂုံဘုရားသွားဖူးကြ
ရအောင်တဲ့..
အဲ့ဒီညနေ ကျွန်တော်လဲ အားနေတာနဲ့...
ညနေ ခြောက်နာရီလောက် ရွှေတိဂုံဘုရား
ရောက်သွားတယ်..
ဘုရား ရင်ပြင်တော်ရဲ့ ထောင့်တစ်နေရာမှာ
ထိုင်နေရင်း..
ဆရာကျော်... ကျွန်တော့်ကို ဘယ်လိုမြင်လဲတဲ့...
ကျွန်တော်လဲ သူ နောက်နေတယ်ထင်ပြီး.. အစ်ကို
ဒီနေ့ ဝတ်ထားတာ တော်တော်လေး ကြည့်ကောင်း
ပါတယ်လို့ ပြန်ဖြေလိုက်တယ်...
သူက ထပ်ပြောတယ်... သူ အတည်ပြောနေတာ..
သူ့ကို ဘယ်လိုမြင်လဲ... စိတ်နေသဘောထား..
စသည်ဖြင့် စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်းပြောပါတဲ့..
ကျွန်တော်လဲ.. အစ်ကိုက ချမ်းသာတယ်၊ သူတပါးကို
ကူညီတယ်၊ တပည့်တွေကလဲ ချစ်တယ်၊ဘာသာရေး
လဲ ကိုင်းရှိုင်းတယ်.....
ကျွန်တော် အဖြေကို ပြုံးပြီးနားထောင်နေတယ်...
ခဏကြာတော့ ခေါင်းခါတယ်...
မဟုတ်ဖူး.. ဆရာကျော်တဲ့....
ကျွန်တော့်ဘဝမှာ အခုလို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့အတွက်..
လူနှစ်ယောက်ရဲ့ ဘဝကို ရက်ရက်စက်စက် ချနင်းခဲ့
ဖူးတယ်တဲ့..
လုပ်ဖော်ကိုင်ဖက်တွေတဲ့.... စီးပွားရေး partner
တွေပေါ့...
ကျွန်တော်ကြောင့် သူတို့တွေ ဘဝပျက်သွားတယ်၊
သူတို့ စီးပွားရေးတွေကို ကျွန်တော် သိမ်းပိုက်ခဲ့
တယ်တဲ့...
လုပ်နေတဲ့ အချိန်၊ လုပ်ပြီးတဲ့အချိန်အထိ.....
ကျွန်တော် ကိုယ် ကျွန်တော် မှန်တယ်လို့ဘဲ
ထင်နေခဲ့တာတဲ့...
အချိန်ကြာလာတာနဲ့ အမျှ ကျွန်တော် မှားမှန်း
သိလာတယ်၊
နောက်ပိုင်း ညဖက်တွေ အိပ်မပျော်တော့ဖူးတဲ့...
အိပ်ဆေးတွေသောက်ပြီး ကြိုးစား အိပ်...
ခဏဘဲ အိပ်လို့ရတယ်...
ဒီလိုနဲ့ နောက်ပိုင်း ဘာသာရေးတွေ အရမ်းလုပ်
လာဖြစ်တယ်တဲ့.....
အခုလို ကင်ဆာရောဂါရှိနေမှန်း သိလိုက်ရချိန်..
ကျွန်တော့် အမှားကို ကျွန်တော် ပိုပြီး နောင်တရ
လာတယ်.... တစ်စုံတစ်ယောက်ကို ဖွင့်ပြောဖို့ ကြိုး
စားပေမယ့် ပြောမထွက်ခဲ့ဖူး....
ကျွန်တော် သိပ်မှားသွားတယ်ဗျာ...
ငွေကြေး၊ ချမ်းသာမှုဆိုတာ တကယ်တော့ ကိုယ်
သေရင် ထားခဲ့ရမယ့်အရာတွေ...
ကျွန်တော့်ကို ယုံကြည်ပြီး ကျွန်တော်နဲ့ အလုပ်တွဲ
လုပ်ခဲ့တဲ့ လူနှစ်ယောက်ကို.... ဘဝပျက်တဲ့အထိ
လုပ်ခဲ့တဲ့အမှားကြီးကို....
ကျွန်တော် သံသရာတလျောက်လုံး သယ်သွားရ
တော့မယ်တဲ့...
ကျွန်တော်လဲ အကို အဲ့ဒီမိသားစုတွေကို ရှာကြည့်
ပါလား...သူတို့ကို တစ်ခုခု ထောက်ပံ့ပေးလိုက်ပါ
လားဆိုတော့....
သူကြောင့် ဘဝပျက်သွားခဲ့ရတဲ့ လူနှစ်ယောက်ရဲ့
သားသမီးတွေကို သူ့အလုပ်မှာ ခန့်ထားတာ ကြာ
ပါပြီတဲ့.. လိုသေးမရှိလဲ ထောက်ပံ့ထားပါတယ်
တဲ့လေ...
တစ်ခုဘဲ.... သူကြောင့် သူတို့မိသားစု ဘဝပျက်သွား
ခဲ့ရတယ်ဆိုတာတော့ သူတို့တွေ မသိကြဖူးတဲ့လေ....
ကျေးဇူးတင်ပါတယ် သူဌေးလို့ တစ်ခွန်းပြောလိုက်တိုင်း..
ခင်ဗျားကြောင့် ကျုပ်တို့မိသားစု ဘဝပျက်ခဲ့ရတာဆိုပြီးဘဲ ကြားနေမိတယ်တဲ့လေဗျာ....
သူ နောက်ဆုံးပြောခဲ့တာက..... မတော်လောဘ...
ကိုယ်စားမယ့် ထမင်းလုတ်ထဲမှာ သူတပါးမျက်ရည်
ဘယ်တော့မှ မပါစေနဲ့တဲ့လေ...
နှစ်တွေကြာညောင်းခဲ့ပြီ..
သူလဲ ဘယ်ဘုံဘဝတွေ ရောက်နေပြီလဲ မသိ...
ဒီနေ့အထိတော့ ကျွန်တော်စားတဲ့ ထမင်းလုတ်ထဲမှာ
သူတပါး မျက်ရည်မပါသေးဖူး..
ဘယ်တော့မှလဲ ပါမှာ မဟုတ်ဖူး...
လူ့ဘဝကြီးက ခဏတာပါ..
ဒီတော့ ကိုယ်စားမဲ့ ထမင်းလုတ်ထဲမှာ သူတပါးမျက်ရည်
ဘယ်တော့မှ မပါ စေနဲ့ မိတ်ဆွေ။
Kyaw Thu Ya
Zaw Win
မိမိသေဆုံးရတော့မယ်ဆိုတာ သိတဲ့အချိန်?
ရောဂါဘယတွေ နှိပ်စက်လာတဲ့အချိန်?
အမှန်ကိုမြင်လာတဲ့အချိန်?
ကိုယ့်ကိုကိုယ် ဆက်ညာလို့မရတော့မှန်းသိချိန်?
မိမိအမှားကို အများကရိပ်မိလာတဲ့အချိန်?
အဲဒီအချိန်တွေမှာ မိမိရဲ့ဇောတွေ၊ ဥပါဒါန်တွေက မိမိစိတ်ကို မွှေပြီပဲ။
အဲဒီမှာ တိုင်ပတ်တော့တာပဲ။
မှတ်ချက်။ ကျနော်လည်း အမှားကင်းသူတစ်ယောက် မဟုတ်ပါ။ကိုယ့်လိပ်ပြာတော့ ကိုယ်လုံချင်သည်။
လူတိုင်းဟာ ၄ နှစ် တစ်ကြိမ်ကံနိမ့်တတ်ပြီး
၈ နှစ် တစ်ကြိမ် မရဏကိန်း ကျတတ်ပါတယ်နော်။ဒါကို ဂရုစိုက်ဖို့အကြံပြုပါတယ်။
တကယ်လို့ ဗေဒင်မမေးဖြစ်ခဲ့ရင်တောင်မှ
ကိုယ့်ဟာကိုယ် ကံ န်ိမ့်နေတာလား၊ မရဏကိန်းကျနေတာလား ဆိုတာကို ကိုယ့်ကိုယ်ကို စမ်းစစ်လို့ရပါတယ်။
ကံနိမ့်နေချိန်မှာ
အထင်လွဲခံရတတ်ပါတယ်။ စွပ်စွဲခံရတတ်ပါတယ်။
ဘာပဲလုပ်လုပ် အဆင်မပြေဖြစ်တတ်ပါတယ်။
အတွင်းရန် ဖြစ်တဲ့မိသားစုန့လည်း စိတ်၀မ်းကွဲတတ်ပါတယ်။ အပြင်ရန်ဖြစ်တဲ့ မိတ်ဆွေလုပ်ဖော်ကိုင်ဘက်ကစ စကားပြောဆို ငြင်းခုံ
ရန်ဖြစ်ရတတ်ပါတယ်။
ဒါ့အပြင် သေချာပေါက် ရရမဲ့ အခွင့်အလန်း၊ ငွေ(လာဘ်)တောင်မှ မ၀င်နိုင်၊မရနိုင်အောင် ဖြစ်တတ်ပါတယ်။
ဒါ့အပြင် မရည်ရွယ်ဘဲနဲ့
ဘုန်းကံနိမ့်စရာ ဖြစ်ရပ်တွေ ဖြစ်သွားတာမျိုးလည်း ကြုံရတတ်ပါတယ်။
ဥပမာ ခွေးကိုက်ခံရတာ၊
အကောင်တစ်ကောင်ကောင် အကိုက်ခံရတာ
စတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။
မတော်တဆမှုကြုံရတာ
ဒီလို ဖြစ်နေပြီ ဆိုရင်တော့ ကံအားနည်းနေတဲ့ အချိန်လို့နားလည်နိုင်ပါတယ်။
မရဏကိန်းကျနေ ချိန်ကတော့ ပိုဆိုးပါတယ်။ မရဏကိန်းကျတယ်ဆိုတာက ကိုယ့်ရဲ့ သက်ရောက်က မရဏကိန်းကို ကျနေတာကို ဆိုလိုခြင်းဖြစ်ပါတယ်။
အဲဒီလို အသက်အပိုင်အခြားတွေမှာ
ကံတရားက ဘဝအခြေအနေ၊ စီးပွားရေပျက်ဆီးကနေ အသက်သေဆုံးတဲ့ အထိ ဖြစ်စေပါတယ်။
မရဏကိန်းကျမကျ ဆိုတာကို
ဗေဒင်မတွက်ဘဲနဲ့ ဘယ်လို သိနိုင်သလဲ ဆိုရင်တော့
အရင်ဆုံး ငွေကြေးဆုံးရှုံးပါတယ်။ လုပ်ငန်း စီးပွား ထိခိုက်ပျက်ဆီးပါတယ်။
ဒါ့အပြင် အိမ်တွင်း အပူကြီးပါတယ်။
ဒါ့အပြင် ကျန်းမာရေးမှာလည်းတရှောင်ရှောင်နဲ့ နေထိုင်မကောင်း ဖြစ်ပါတယ်။ ဆေးရုံဆေးခန်းကြောင့် ငွေကုန်သွားတတ်ပါတယ်။
နောက်ဆုံး စိတ်ရောလူပါ ထောင်းထောင်းကျေနိုင်တဲ့ စိတ်ဓါတ်ကျစရာတွေ တစ်ခုပြီးတစ်ခ ဆက်တိုက်ကြုံလာရတဲ့အထိ ဖြစ်သွားတတ်ပါတယ်။
ဒီလို ကံအားနည်းနေပြီ၊ မရဏကိန်းကျနေပြီဆိုရင် မဖြစ်မနေ လုပ်ရမှာနဲ့ ရှောင်ရမှာတွေ ရှိပါတယ်။
ရှောင်ရမှာတွေကို အရင်ဆုံးပြောပါမယ်။
(၁)ဘာကြောင့်မှ မစွန့်စားပါနဲ့။
(၂)လောဘမကြီးပါနဲ့၊
(၃)လောင်းကစားမလုပ်မိပါစေနဲ့။
(၄)အပျော်ခရီးမသွားပါနဲ့။ ခရီးသွားလာမှု မများပါစေနဲ့။
(၅)အိမ်ထောင်ရေးမဖောက်ပြန်မိပါစေနဲ့။
(၆)မိဘနဲ့ ငြင်းခုံ၊ရန်ဖြစ်တာမျိုးကို ရှောင်ပါ။
(၇)ခင်ပွန်းကြီး ၁၀ပါးကို ထိခိုက်စေတာမျိုးကိုရှောင်ပါ။
(၈)ရန်ဖြစ်တာ ၊ သူများကို ပြဿနာရှာတာမျိုး
မလုပ်မိပါစေနဲ့။
(၉)သူတပါးထိခိုက်စေမဲ့ အပြောနဲ့လုပ်ရပ်တွေကို
မလုပ်မိပါစေနဲ့။
မဖြစ်မနေလုပ်ရမှာတွေကတော့
(၁)သီလ စောင့်ထိန်းပါ။နေ့စဉ် ဒါနကုသိုလ်တစ်ခုကို ပြုဖြစ်အောင်ပြုပါ။
(၂)ကံနိမ့်နေတယ်ဆိုရင် မေတ္တာသုတ်ကို နေ့စဉ် ပူဇော်ပြီး သမ္ဗုဒ္ဓေဂါထာ(သို့)ဂုဏ်တော်ကိုးပါးကို သက်စေ့ ပူဇော်ပါ။
မရဏကိန်းကျနေတယ်ဆိုရင်တော့
ပရိတ်ကြီး ၁၁ သုတ်ကို နေ့စဉ်ရွတ်ဖတ်ပေးပါ။ လစဉ် အဓိဋ္ဌာန်တစ်ခုခုကို ၀င်ဖြစ်အောင်ဝင်ပါ။
ဘာသာခြားတွေကတော့သက်ဆိုင်ရာ ဘာသာအလိုက် စောင့်ထိန်းရမှာတွေကိုစောင့်ထိန်းပါ။ဘုရားကျောင်းတက်ပါ။ ဘာသာရေးအစောင့်အရှောက်ရယူပါ။
(၃)ကံနိမ့်နေရင် ခွေးစာကျွေးပါ။
မရဏကိန်းကျနေရင်တော့ သတ္တဝါတွေရဲ့
အသက်ကို ကယ်ပါ။
(၄)ကံနိမ်နေ့ချိန်မှာ
ခင်ပွန်းကြီး ၁၀ပါး ၀န်ချကန်တော့ပါ။ လမ်းပြင်ပေးပါ။
သစ်ပင်စိုက်ပေးပါ။
မရဏကိန်းကျနေစဉ်မှာ
ဆေးဝါးလှူဒါန်းပါ။ ဆင်းရဲနွမ်းပါးသူများအတွက် စားစရာ၊ဆန်၊ဆီ၊ဆား၊ဆေး၊ဆပ်ပြာလှူဒါန်းပါ။
စတာတွေကို တော့အပတ်စဉ် သို့ဟုတ် လစဉ် ပြုလုပ်ပေးရပါမယ်။
လှူဒါန်းတ့ အချိန်မှာလည်း
နေ့သားအလိုက် ယတြာချေတဲ့ သဘောနဲ့ လှူဒါန်းမယ်ဆိုရင်တော့ ပိုပြီး ထိရောက်ပါမယ်။
ဒါ့အပြင် အထူးယတြာအနေနဲ့မွေးနေ့မှာ လုပ်ဆောင်နိုင်မဲ့ ယတြာအလှူလုပ်ပေးနိုင်ပါတယ်။
မွေးနေ့မှာ ဘာတွေလှူရမလဲ ဆိုရင်
၁-တနင်္ဂနွေသားဆိုလျှင် အခြားသူကို နို့နဲ့ကြက်ဥ လှူလိုက်ပါ။
၂-တနင်္လာသားဆိုလျှင် အခြားသူကို အားဆေး နဲ့ ငွေ လှူလိုက်ပါ။
၃-အင်္ဂါသားဆိုလျှင် အခြားသူကို ငွေနဲ့ရေဘူး လှူလိုက်ပါ။
၄-ဗုဒ္ဓဟူးသား ဆိုလျှင် ဆေးနဲ့ ဖိနပ် လှူလိုက်ပါ။
၄-ရာဟုသား ဆိုလျှင် ဆေးနဲ့ လက်ဖက် လှူလိုက်ပါ။
၅-ကြာသပတေးသားဆိုလျှင် ရေနဲ့ ဖိနပ် လှူလိုက်ပါ။
၆-သောကြာသားဆိုလျှင် ဖိနပ်နဲ့ ထီး လှူလိုက်ပါ။
၇-စနေသား ဆိုလျှင် သစ်သီးတစ်မျိုးမျိုးနဲ့ အားဆေး လှူလိုက်ပါ။ မိသားစုဝင်မဟုတ်သော နွမ်းပါးသူ တစ်ဦးတည်းကိုပဲ လှူရင်လည်း ရပါတယ်နော်။
ဒါ့အပြင် ကိုယ့်အတွက် ဓါတ်ပင်စိုက်တဲ့ ယတြာကိုလည်း လုပ်နိုင်မယ်ဆိုရင် ပိုကောင်းပါတယ်။
တနင်္ဂနွေနေ့သားသမီးက
မြောက်အရပ်မှာ ဗုဒ္ဓဟူးနေ့ ဂန္ဓမာပင်(သို့)ချဉ်ပေါင်ပင်(သို့)ခရေပင် စိုက်ပါ။ ဘေးကင်းစေဖို့ ဆိုရင် ဗုဒ္ဓဟူးနေ့မှာ စိုက်ပါ။ ကျန်းမာရေးအတွက်ဆိုရင် စနေနေ့မှာ စိုက်ပါ။ စီးပွားရေးအတွက်ဆိုရင်တော့ အင်္ဂါနေ့မှာ စိုက်ပါ။
အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။
တနင်္လာသားသမီးက
အနောက်တောင်ထောင့် စပါယ်(သို့) စိန်ပန်း(သို့) စကားပန်း(သို့) ညောင်ပင် စသည့်အပင်ထဲမှာတစ်မျိုးအား စိုက်ပါ။
ဘေးကင်းစေဖို့ဆိုလျှင် ကြာသပတေးနေ့မှာ စိုက်ပါ။
ကျန်းမာစေဖို့ဆိုလျှင် တနင်္ဂနွေနေ့၊စီးပွား ဗုဒ္ဓဟူးနေ့စိုက်ပါ။
အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။
အင်္ဂါသားသမီးတွေကတော့
အရှေ့မြောက်တွင် ရွှေပန်း(သို့) ယုဇနပန်း(သို့)ရွက်လှပန်း စသဖြင့် စိုက်ပါ။
ဘေးကင်းဖို့ သောကြာနေ့ တွင်စိုက်ပါ။ကျန်းမာရေး အတွက် တနင်္လာနေ့မှ စိုက်ပါ။ စီးပွားအတွက်ကတော့ ကြာသပတေးနေ့မှာ စိုက်ပါ။
အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။
ဗုဒ္ဓဟူးသားသမီးတွေကတော့
အရှေ့အရပ်တွင်စိုက်ပါ။ ပန်းအိ(သို့) ဘူးသီး(သို့) ပိန်းပန်း(သို့) ပန်းစက္ကူစသည့် အပင်များစိုက်ပါ။ ဘေးကင်းလိုလျှင် စနေနေ့။ ကျန်းမာရေး အတွက် အင်္ဂါ ၊
စီပွားရေး သောကြာနေ့ စိုက်ပါ။ အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။
ကြာသပတေးကတော့
အရှေ့တောင်တွင်စိုက်ပါ။ သစ်ခွပန်း(သို့) သခွပ်ပန်း(သို့) ဟင်းနုနွယ်(သို့) သစ်ကျားသီး စသဖြင့်စိုက်နိုင်ပါတယ်။
ဘေးကင်းလိုလျှင် တနင်္ဂနွေ၊ ကျန်းမာလို ဗုဒ္ဓဟူး၊ စီးပွားတက်လျှင်စနေနေ့စိုက်ပါ။
အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။
သောကြာနေ့သားသမီးတွေကတော့
တောင် အရပ်တွင်စိုက်ပါ။ နှင်းဆီ(သို့) ဒန်း(သို့) နှမ်း(သို့) ထိန်ပင် စသဖြင့် စိုက်နိုင်ပါသည်။ ဘေးကင်းလိုလျှင် တနင်္လာနေ့၊ ကျန်းမာလိုလျှင်ကြာသပတေး ၊စီးပွား တနင်္ဂနွေ နေ့တွင်စိုက်ပါ။
အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။
စနေ သားသမီးများက
အနောက်အရပ်တွင် စိုက်ပါ။
အုန်းပင်(သို့)သြဇာပင်(သို့) အားလူး(သို့) ဥသျှစ်ပင်(သို့) ဧကရာဇ်ပင်စသည့် အပင်များစိုက်ပါ။ ဘေးကင်းလိုလျှင် အင်္ဂါ၊ ကျန်းမာရေး သြော ကာ၊ စီးပွားတက်လိုလျှင် တနင်္လာနေ့တွင် စိုက်ပါ။
အချိန်ကလည်း မနက် ၆နာရီကနေ ၇ နာရီ ခွဲ အတွင်း ဖြစ်ရပါမယ်။
ဓါတ်ပင် စိုက်ပြီးလျှင်မေတ္တာသုတ်ရွတ်၍ နေ့စဉ် အပင်ကို ဂရုစိုက်ပေးပါ။
ကိုယ့်ရဲ့ ကံတက်နေလျှင် အပင်ဟာ ရှင်သန်ပြီး အညွှန့်၊အတက်၊အခက်တွေ ထွက်လာပါလိမ့်မယ်။ အပင်ရဲ့ နမိတ်ကို ကြည့်ပြီး ကံ ကောင်းနေတယ်လို့ ယူဆနိုင်ပါတယ်။
ဓါတ်ပင်ဟာ ရှင်သန်ပြီး အညွှန့်တက်လာတယ်ဆိုရင် ကိုယ့်ရဲ့ ကံဟာလည်း ပြန်တက်လာပါတယ်။ ဓါတ်ပင် ညိုးလျှင်၊ သို့မဟုတ် ခြောက်ပြီး သေလျှင် ပရိတ်ကြီး ၁၁ သုတ်ကို ပို၍ ရွတ်ဖတ်ပေးပါ။ကုသိုလ်ကောင်းမှု ပိုလုပ်ပေးရပါမယ်။
ကံညံ့နေတဲ့အတွက် လုပ်ရမဲ့ ယတြာတွေကို ဂရုစိုက်ဖို့လိုပါတယ်။
ဓါတ်ပင်ဟာ စိုက်သူအပေါ်မှာ နမိတ်အဖြစ် သက်ရောက်တတ်ပါတယ်။
အဲဒီလိုလုပ်ဆောင်ခြင်းအားဖြင့်ကံကြွေးဆိုရင်တောင်မှ ထိခိုက်မှု သက်သာသွားစေပါတယ်။လူတစ်ယောက်ဟာ ကိုယ့်ရဲ့ ကံအခြေအနေကို အကြမ်းဖျဉ်း သိနေတယ်ဆိုရင်ကို ကံကို တင်လို့ရပါတယ်။
ဘေးကင်းလိုရာပြည့်ပါစေ။
credit...
မေတ္တာဖြင့်
May Thingyan Hein-Myitmakha
နန်းအေးအောင်
13/ ဟပန(နိုင်)114049
ရတနာသီရိရပ်ကွက်ရုံးနဲ့ kudos မုန့်ဆိုင်သွားရင်းမှတ်ပုံတင်ကျခဲ့လို့ပါ
တွေ့တဲ့သူများရှိရင်ဆက်သွယ်ပေးပါ
09424236271