𝐄𝐝𝐮𝐍𝐨𝐯𝐚

𝐄𝐝𝐮𝐍𝐨𝐯𝐚

Share

“𝐁𝐞𝐠𝐢𝐧 𝐘𝐨𝐮𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐉𝐨𝐮𝐫𝐧𝐞𝐲 𝐖𝐢𝐭𝐡 𝐄𝐝𝐮𝐍𝐨𝐯𝐚”

22/06/2026

ကျောင်းသားအများစုက “Online ပေါ်မှာ” ဆိုတဲ့ မြန်မာလို အတွေးကို တိုက်ရိုက်ဘာသာပြန်ပြီး on online သို့မဟုတ် in online လို့ ရေးတတ်ကြပါတယ်။ ဒါဟာ လုံးဝ (လုံးဝ) မှားပါတယ်နော်။

ဘာကြောင့်လဲဆိုတော့ Online ဆိုတဲ့ စကားလုံးကိုယ်တိုင်က Adverb (ကြိယာဝိသေသန) တစ်ခု ဖြစ်နေလို့ပါပဲ။ Adverb တွေရဲ့ ရှေ့မှာ Preposition (in, on, at, to) တွေကို ထည့်စရာမလိုပါဘူး။ (ဥပမာ- go abroad လို့ပဲ သုံးပြီး go to abroad လို့ မသုံးသလိုပါပဲ။)

“Online ပေါ်မှာ” ဆိုပြီး Adverb အနေနဲ့သုံးမယ်ဆိုရင်

I am learning English online. ✅
I am learning English on online. ❌

I bought this shirt online. ✅
I bought this shirt in online. ❌

💡 Online ကို Adjective (နာမဝိသေသန) အနေနဲ့လည်းသုံးလို့ရပါတယ်။ Adjective အဖြစ် သုံးမယ်ဆိုရင်တော့ သူ့ရဲ့ နောက်မှာ Noun (နာမ်) တစ်ခုခု ကပ်ပြီး လိုက်ရပါမယ်။

ဒီနေရာမှာ on ကို သုံးချင်တယ်ဆိုရင်တော့ on + online + Noun ပုံစံမျိုးနဲ့ သုံးလို့ရပါတယ်။ ဥပမာ- on an online platform ဆိုရင်တော့ မှန်ကန်ပါတယ်။

We attended an online class yesterday.
(မနေ့က ကျွန်တော်တို့ အွန်လိုင်းအတန်းတစ်ခု တက်ခဲ့ကြတယ်။) [Online က class ဆိုတဲ့ Noun ကို အထူးပြုပါတယ်]

Online shopping has become very popular these days.
(ဒီဘက်ခေတ်မှာ အွန်လိုင်းကနေ ဈေးဝယ်ခြင်းက အရမ်းခေတ်စားလာပြီ။)

You can find the details on their online website.
(အသေးစိတ်ကို သူတို့ရဲ့ အွန်လိုင်းဝဘ်ဆိုက်ပေါ်မှာ ရှာဖွေနိုင်ပါတယ်။) [ဒီနေရာမှာတော့ website ဆိုတဲ့ Noun ပါလို့ ရှေ့က on နဲ့ တွဲသုံးနိုင်တာ ဖြစ်ပါတယ်]

Pro Tip:
လုပ်ဆောင်ချက်တစ်ခုခုကို Online မှာ လုပ်တယ်လို့ ပြောချင်ရင် (Adverb အနေနဲ့) ရှေ့မှာ ဘာ Preposition မှ မလိုပါ။ ... learning online, ... working online, ... shopping online လို့ပဲ သုံးပါ။

နောက်က နာမ် (Noun) တစ်ခုခုနဲ့ တွဲသုံးရင် (Adjective အနေနဲ့) online class, online system, online course စသဖြင့် သုံးနိုင်ပါတယ်။




18/06/2026

"Action is the foundational key to all success." — Pablo Picasso




13/06/2026
12/06/2026

ACADEMIC WRITING COURSE (Batch 13)

Starting Date: July 6

• Monday & Tuesday
• 8:30 PM - 9:45 PM
• Duration: 2 Months (8 Weeks)
• Fees: 250,000 MMK (For 2 Months)
• Platform: Zoom

DISCOUNT

•သင်တန်းကြေးအားလုံးတစ်ကြိမ်တည်းပေးသွင်းမယ်ဆိုရင် Discount 20,000 MMK ရှိပါတယ်။

• Grammar in Bloom အတန်းလေးကို တက်မယ်ဆိုရင် 10,000 MMK Discount ထပ်ရပါမယ်။

Grammar in Bloom အကြောင်းအသေးစိတ် ⬇️

https://www.facebook.com/share/p/1BGzBV9ZKw

သင်တန်းအကြောင်း အသေးစိတ်ဖတ်ရန် ⬇️

🍁 Academic Writing (Zoom Class)

🍁 ဘယ်သူတွေတက်ရောက်လို့ရလဲ

▫️ Grade 12 English မှာ ဂုဏ်ထူးရချင်တဲ့ ကျောင်းသား၊ ကျောင်းသူများ

▫️ Essay Writing ကို စနစ်တကျလေ့လာချင်တဲ့ ကျောင်းသား/သူများ

▫️ Academic Writing ကို စနစ်တကျ ပြန်လည်သင်ကြားပေးချင်တဲ့ ဆရာ၊ဆရာမများ

▫️ Academic Writing ကို အခြေခံကနေ စတင်လေ့လာချင်သူများ

▫️မိမိရဲ့ Writing Skill ကို မြှင့်တင်ချင်တဲ့သူများ

▫️လုပ်ငန်းခွင်အတွက် Essay ရေးဖို့လိုအပ်သူများ

▫️ Academic Writing ကို စိတ်ဝင်စားသူများ တက်ရောက်နိုင်တဲ့ အတန်းလေးဖြစ်ပါတယ်။

မှတ်ချက်။ Academic Writing ဖြစ်တာကြောင့် အတန်းမတက်‌ရောက်ခင်မှာ Simple Sentence တွေကို မှန်ကန်အောင် ရေးတတ်ဖို့လိုအပ်ပါတယ်။

🍁 အတန်းတက်ရောက်ပြီးသွားရင် ဘာတွေရရှိနိုင်မှာလဲ

▫️အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေ အတွက်ဆိုရင် Writing ရဲ့ အမှတ်ပေးစည်းမျဉ်းတွေနဲ့ Writing မှာ အမှတ်များများရအောင် ဘယ်လိုရေးသားရမလဲဆိုတဲ့ Tip တွေကို သိသွားမယ်

▫️ Essay အမျိုးအစားပေါင်းစုံကို လေ့ကျင့်သင်ကြားပေးတာကြောင့် ဘယ်လို Essay မျိုးပဲရေးရေး အခက်အခဲမရှိ ရေးသားနိုင်မယ်

▫️ သင်ကြားပေးထားတဲ့ Theory တွေကို လက်တွေ့အသုံးချပြီး Essay ရဲ့ ပထမစာကြောင်းကနေ၊ နောက်ဆုံးစာကြောင်းအထိ Step By Step ညှိနှိုင်းရေးသားတတ်လာမယ်

▫️ Academic Writing အတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို သိသွားမယ်

▫️ Advanced Vocabulary, Language Style တွေနဲ့ ထိတွေ့ရတာကြောင့် Language Skill တိုးတက်လာမယ်ဆိုတာကတော့ အသေအချာပါပဲ။

▫️ Assignment တစ်ခုချင်းဆီအတွက် အသေးစိတ် Feedback လည်းရဦးမယ်

▫️အတန်းပြီးသွားရင်တောင် စာသင်နှစ်မကုန်မချင်း Feedback ယူလို့ရဦးမှာဖြစ်ပါတယ်...

▫️ EduNova Forum ကို အခမဲ့ Join ခွင့်

English လေ့လာတဲ့‌နေရာမှာ အထောက်အကူဖြစ်စေဖို့ EduNova Forum ကိုဖွင့်ပေးထားပါတယ်။

Forum ထဲမှာ Writing (သို့) English Language ကို Level Up လုပ်တဲ့အခါ၊ Self Study လုပ်တဲ့အခါ လိုအပ်တဲ့ ရှားပါးစာအုပ်တွေ၊ အရင်းအမြစ်တွေကိုလည်း အချိန်အကန့်အသက်မဲ့ အခမဲ့ထောက်ပံ့ပေးထားပါတယ်။

အတန်း‌ပြီးဆုံးသွားရင်တောင် Forum ထဲမှာပဲ အမြဲတမ်းရှိနေပြီး အခါအခွင့်သင့်သလို သင်ကြားပို့ချပေးတဲ့ Language Class တွေကိုလည်း အခမဲ့ တက်ရောက်နိုင်ဦးမှာပါ။

🍁 ဘယ်လိုသင်ကြားပေးမှာလဲ

Zoom App ကနေ သင်ကြားပို့ချပေးမှာဖြစ်ပြီး Discussion ပုံစံဖြစ်တာကြောင့် မတူညီတဲ့အတွေး အမြင်အသစ်တွေကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။

🍁 Course Outlines

• Introduction
• The Importance of Reading
• Predicting a Text
• What is Academic Writing?
• Characteristics of Academic Writing
• Main Ideas & Supporting Details
• Purposes of Writing
• Common Misunderstanding in Writing
• Types of Supporting Details
• How to Write: Introductory, Body, & Conclusion Paragraphs (Step By Step Guidelines) for Opinion, Argumentative, & Expository Essays
• Different Types of Academic Essays
• Language Focus: Transitional Words
• How to Cite Sources
• Language Focus: Paraphrasing
• How to Remember a Word
• Language Focus: Powerful Words
• How to Write “Causes & Effects Essay”
• Counterargument & Refutation
• How to Write “Compare & Contrast Essay”
• Letter Writing



12/06/2026

"Luck is what happens when preparation meets opportunity" — Seneca

Photos from 𝐄𝐝𝐮𝐍𝐨𝐯𝐚's post 11/06/2026

Grammar မှန်တိုင်း Essay ကောင်းတစ်ပုဒ်မဖြစ်သေးပါဘူး...




10/06/2026

ကျောင်းသားအများစုမှာ Writing နဲ့ပတ်သက်ပြီး ကြီးမားတဲ့ အယူအဆအမှားတစ်ခု ရှိနေတတ်ပါတယ်။

"ငါ ရေးလိုက်တဲ့ ဝါကျမှာ Grammar လည်း မမှားဘူး၊ Spelling လည်း မှန်တယ်... ဒါဆို Academic Essay ကောင်းကောင်း ရေးတတ်ပြီပဲ" လို့ ထင်နေကြတာပါ။

ဒါဟာ တကယ်ကို မှားယွင်းတဲ့ အယူအဆဖြစ်ပါတယ်။

Grammar မှန်ရုံနဲ့ Essay ကောင်းတစ်ခု မဖြစ်နိုင်ရခြင်း အကြောင်းအရင်းနဲ့ ဘာကြောင့် Academic Writing ကို အစောကတည်းက စနစ်တကျ သင်ယူထားသင့်လဲဆိုတာကို ပြောပြပေးပါမယ်။

1. ဝါကျမှန်ရုံနဲ့ Essay ကောင်းတစ်ပုဒ်မဖြစ်ပါ။

Grammar နဲ့ Spelling ကို အိမ်ဆောက်တဲ့အခါမှာ လိုအပ်တဲ့ အုတ်ခဲတွေဆိုပြီး မှတ်ယူကြည့်ပါ။ အုတ်ခဲတွေ အရည်အသွေးကောင်းရုံနဲ့တော့ ခိုင်ခံ့လှပတဲ့ "အဆောက်အအုံကြီး" တစ်ခု ဖြစ်မလာနိုင်ပါဘူး။
ဆောက်လုပ်ရေးအတတ်ပညာ လိုအပ်သလိုမျိုး Writing မှာလည်း စနစ်တကျ လေ့လာထားရမယ့် Skill တွေလိုအပ်ပါတယ်။

ဒါကို ပိုမြင်သာအောင် ဥပမာတစ်ခုနဲ့ ယှဉ်ပြပါရစေ။

ကျောင်းသား A ရဲ့ ရေးသားပုံ

"Technology is good. It helps students study. Smartphones are useful. But they can distract us. Teachers should manage them in class."

သုံးသပ်ချက်: ဝါကျတစ်ခုချင်းစီမှာ Grammar လုံးဝ မမှားပါဘူး။ ဒါပေမဲ့ ဖတ်ရတာ ကလေးကလားဆန်ပြီး အချက်အလက်တွေက ကျပန်းဖြစ်နေပြီး ဆက်စပ်မှု မရှိပါဘူး။

ကျောင်းသား B ရဲ့ ရေးသားပုံ

With the advances in technology, digital devices such as smartphones and computers have enhanced students' learning process. However, if used unwisely, they can pose serious distractions such as lack of concentration and poor academic performances. Thus, teachers should mindfully manage the use of these devices within the learning environment to optimize learning.

သုံးသပ်ချက်: ဝါကျတွေကို ဆက်စပ်မှုရှိအောင် Transitional Word တွေပေါင်းစပ်ထားတယ်၊ အချက်အလက်တွေကြားမှာ ယုတ္တိရှိတဲ့ စီးဆင်းမှု (Logical Progression) ရှိတယ်၊ လိုအပ်တဲ့ Example & Reason တွေပါတယ်။ အသုံးအနှုန်းတွေကလည်း Academic ဆန်ပါတယ်။

ဒီတော့ Academic Essay ဆိုတာ Idea တွေကို စနစ်တကျ ချိတ်ဆက်ပြသရတဲ့ "တွေးခေါ်မှုအတတ်ပညာ" ဖြစ်ပါတယ်။

2. အထက်တန်းကျောင်းသားတွေအတွက် "ဂုဏ်ထူး" နဲ့ "အမှတ်ကောင်း" ရဖို့ Writing က မဖြစ်မနေလေ့လာထားရမယ့် Skill တစ်ခုဖြစ်ပါတယ်။

အထက်တန်းအဆင့်ကျောင်းသားတွေအတွက် တက္ကသိုလ်ဝင်စာမေးပွဲတွေမှာ ဖြစ်ဖြစ်၊ တခြား နိုင်ငံတကာ စာမေးပွဲတွေမှာ ဖြစ်ဖြစ် Writing Section ဟာ အမှတ်အများဆုံး ပေးရတဲ့ နေရာဖြစ်သလို၊ Examiner တွေ မျက်စိအကျဆုံး နေရာလည်း ဖြစ်ပါတယ်။

Marking Scheme အရ Writing ကို စစ်တဲ့အခါ "အမှားမပါတာ" ကိုသာကြည့်တာမဟုတ်ဘဲ "Task Achievement" (မေးခွန်းကို ပြည့်ပြည့်စုံစုံ ဖြေဆိုနိုင်မှု) နဲ့ "Coherence and Cohesion" (ဝါကျတွေ၊ စာပိုဒ်တွေ စနစ်တကျ ချိတ်ဆက် စီးဆင်းမှု) ကိုပါ ကြည့်ပြီး အမှတ်ပေးတာပါ။ ဒါ့အပြင် Lexical Resources (‌ဝေါဟာရကြွယ်ဝခြင်းနှင့်စနစ်တကျအသုံးပြုတတ်ခြင်း)၊ Sentence Variety (Simple, Compound, Complex Sentences) ‌ကို ဘယ်လောက် ထိထိရောက်‌ရောက် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်လဲဆိုတာကိုပါ အကဲဖြတ်အမှတ်ပေးကြပါတယ်။

ဂုဏ်ထူးရဖို့ဆိုရင်

ရိုးရိုးတန်းတန်း ဝါကျတိုလေးတွေနဲ့ Grammar မှန်ရုံပဲ ရေးနိုင်တဲ့ ကျောင်းသားဟာ သာမန်အမှတ်ပဲ ရပါလိမ့်မယ်။ မိမိရဲ့ အတွေးအမြင်ကို ယုတ္တိရှိရှိ Academic Writing ပုံစံနဲ့ ရေးသားနိုင်တဲ့ ကျောင်းသားမှသာ ထူးချွန်မှတ်နဲ့ ဂုဏ်ထူးကို ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။

Writing မှာ အမှတ်ကောင်းမှသာ မိမိဖြစ်ချင်တဲ့ ပန်းတိုင်၊ တက်ချင်တဲ့ တက္ကသိုလ်ကို စိတ်ချလက်ချ တက်လှမ်းနိုင်မှာပါ။

3. ဘာကြောင့် Academic Writing ကို အစောကတည်းက သင်ယူ‌လေ့လာထားသင့်တာလဲ။

"အထက်တန်းရောက်မှ၊ လိုအပ်မှ၊ စာမေးပွဲနီးမှလေ့လာမယ်" လို့ တွေးနေရင် သင် နောက်ကျသွားပါလိမ့်မယ်။

Academic Writing ကို အစောကတည်းက သင်ယူထားရင် ရရှိမယ့် ရေရှည်အကျိုးကျေးဇူးတွေကတော့-

Critical Thinking (ဝေဖန်ပိုင်းခြားတွေးခေါ်မှု) တိုးတက်ခြင်း

စာစီစာကုံးကောင်းတစ်ခု ရေးဖို့အတွက် ဘက်လိုက်မှုမပါဘဲ အချက်အလက်တွေကို ဝေဖန်ဆန်းစစ်ရပါတယ်။ တိကျရှင်းလင်းတဲ့ဥပမာတွေ၊ အကျိုးအကြောင်းခိုင်လုံတဲ့ အကြောင်းပြချက်တွေကို ရှာဖွေ ဖတ်ရှုပြီးစဉ်းစားတွေးခေါ်ရပါတယ်။ ဒါဟာ ဦးနှောက်ကို ဖွံ့ဖြိုးစေပြီး ‌လေ့လာနေသူကိုလည်း အမြင်ကျယ်လာစေပါတယ်။

တက္ကသိုလ်နှင့် ပြည်ပပညာရေးအတွက် ကြိုတင်ပြင်ဆင်မှု

အဆင့်မြင့်တက္ကသိုလ်တွေ၊ အထူးသဖြင့် ပြည်ပတက္ကသိုလ်တွေ ရောက်တဲ့အခါ Assignment တွေ၊ Research Report တွေ၊ Term Paper တွေ အမြဲတမ်း ရေးရပါတယ်။ အဲဒီအချိန်ကျမှ အခက်အခဲမဖြစ်စေဖို့ အခုကတည်းက လေ့ကျင့်ထားရပါမယ်။

Scholarship (ပညာသင်ဆု) အခွင့်အလမ်း

နိုင်ငံတကာ ပညာသင်ဆုတွေ လျှောက်ထားတဲ့အခါ သင့်ရဲ့ ပညာအရည်အချင်းတင်မကဘဲ သင်ရေးသားတင်ပြတဲ့ "Motivation Essay" သို့မဟုတ် "Statement of Purpose" ပေါ်မှာ မူတည်ပြီး ရွေးချယ်တာ ဖြစ်ပါတယ်။ Academic Writing အခြေခံ ရှိသူဟာ မိမိကိုယ်ကိုယ် ထက်မြက်တဲ့သူတစ်ယောက်အဖြစ် စာအရေးအသားနဲ့ ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။

Academic Essay Writing ဆိုတာ ဘာသာစကား စွမ်းရည်တစ်ခုတင် မဟုတ်ပါဘူး။ သင့်ရဲ့ အတွေးအခေါ် ရင့်ကျက်မှု၊ ယုတ္တိရှိမှုနဲ့ ကျိုးကြောင်းဆက်စပ်နိုင်စွမ်း၊ စာဖတ်သူကိုဆွဲဆောင်နိုင်စွမ်းတွေကို ပြသခွင့်ရမယ့် 'အစွမ်းထက် လက်နက်တစ်ခု' ဖြစ်ပါတယ်။"

ဒီတော့ ဝါကျလေးတွေ အမှားမပါအောင် ရေးနိုင်ရုံနဲ့ အားမရလိုက်ပါနဲ့ဦး။ အဲဒီ ဝါကျတွေကို ဘယ်လို လှလှပပ ချိတ်ဆက်မလဲ၊ ကိုယ့်ရဲ့ အတွေးအမြင်ကို ဘယ်လို စနစ်တကျ တည်ဆောက်မလဲဆိုတဲ့ Academic Writing ကို အခုကတည်းက စတင်လေ့လာပြီး သူတပါးထက် ခြေတစ်လှမ်း အသာစီးရယူထားဖို့ တိုက်တွန်းလိုက်ပါတယ်။



09/06/2026

ကျောင်းသားများအိမ်စာမပြီးသောအခါ

In reality: ရပါတယ်
နောက်တစ်ခါမဖြစ်စေနဲ့နော်။

06/06/2026

Grateful for the kind words ✨


05/06/2026

"ဆရာ အင်္ဂလိပ်စာကို အချိန်တွေအများကြီးပေးပြီး လေ့လာနေတာပဲ၊ ဘာလို့မတိုးတက်လာတာလဲ" ဆိုတဲ့ မေးခွန်းက ဒီရက်ပိုင်း အမေးအများဆုံးဖြစ်နေပါတယ်။

ဖြစ်နိုင်ချေတွေ အများကြီးရှိ‌ပေမယ့် ဒီကနေ့မှာတော့ အချိန်ကုန်၊ လူပန်းဖြစ်ပြီး Skill တွေ တန့်နေရတဲ့ အဓိက "တရားခံ" ကို ပြောပြချင်ပါတယ်။

အဲဒါကတော့ ကျောင်းသားအများစုဟာ လေ့ကျင့်ခန်းတွေ၊ Test တွေ လုပ်ပြီးရင် အမှတ်ပဲကြည့်ပြီး “အမှားတွေကို ပြန်လည်ဆန်းစစ်ခြင်း” မလုပ်ကြလို့ပါပဲ။

အမှားတစ်ခုကို ဘာကြောင့်မှားလဲလို့ အကြောင်းအရင်းမရှာရင် နောက်တစ်ကြိမ်လည်း ဒီတွင်းထဲပဲ ထပ်ကျနေဦးမှာပါ။

အောက်မှာ Skill တစ်ခုချင်းစီအလိုက် အမှားတွေကို ဘယ်လိုစနစ်တကျ ပြန်ဆန်းစစ်ရမလဲဆိုတဲ့ လက်တွေ့ကျတဲ့ နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

1. Short Question & Blank Fill

Short Question & Blank Fill မှားရတာဟာ စာပိုဒ်ကို သေချာနားမလည်တာကြောင့်လား၊ ဒါမှမဟုတ် မေးထားတဲ့ Grammar ပုံစံကို ပြောင်းမပေးနိုင်လို့လား ဆိုတာ ခွဲခြားရပါမယ်။

• မှားရတဲ့ အကြောင်းအရင်းကိုရှာပါ။

"ငါ အဖြေရှာရမယ့် စာသား (Keyword) ကို စာပိုဒ်ထဲမှာ ရှာမတွေ့တာလား" သို့မဟုတ် "အဖြေကို သိရဲ့သားနဲ့ Subject-Verb Agreement (Singular/Plural) သို့မဟုတ် Tense မှားသွားတာလား"

• အမှားမှတ်တမ်းလုပ်ပါ

စာအုပ်တစ်အုပ် သီးသန့်ထားပြီး မိမိမှားသွားတဲ့ အဖြေနဲ့ အဖြေမှန်ကို ယှဉ်ရေးပါ။ ဘေးမှာ ဘာကြောင့်မှားလဲဆိုတဲ့ Grammar Rule (သို့) Context ကို ကိုယ်နားလည်သလို ရှင်းပြချက် ရေးထားပါ။

2. Multiple Choice

Multiple Choice မေးခွန်းတွေဟာ ကျောင်းသားတွေကို မျက်စိလည်အောင် "ထောင်ချောက် (Distractors)" တွေနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။

• Distractor Analysis လုပ်ပါ

ကိုယ်ရွေးလိုက်တဲ့ အဖြေမှားဟာ ဘာလို့မှားရလဲ၊ အဖြေမှန်က ဘာလို့မှန်ရလဲဆိုတာကို Text ထဲက သက်သေအထောက်အထား (Evidence) သွားရှာပါ။

"ငါက တစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ကိုပဲ ကောက်လိုက်လို့လား၊ ဝါကျတစ်ကြောင်းလုံးရဲ့ ဆိုလိုရင်း (Context) ကို မကြည့်မိလို့လား၊ Collocation တွေကို မသိလိုက်လို့လား" ဆိုတာကို ဆန်းစစ်ပါ။

3. Initial Letter

ဒီမေးခွန်းအမျိုးအစားဟာ Vocabulary (ဝေါဟာရ) ကြွယ်ဝမှုတင်မကဘဲ Part of Speech ခွဲခြားနိုင်စွမ်းကိုပါ စစ်ဆေးတာပါ။

• Vocabulary vs Grammar ခွဲခြားပါ:

အဲဒီစကားလုံးကို လုံးဝမသိတာ (Vocabulary Gap) လား၊ ဒါမှမဟုတ် Collocation ကို မေ့သွားတာလား။ Tense or Word Form တွေ မှားသွားတာလား။

• Word Family & Collocation တည်ဆောက်ပါ:

မှားသွားတဲ့ စကားလုံးရဲ့ Word Family (Noun, Verb, Adjective, Adverb ပုံစံများ)| Collocation ကို ရှာဖွေပြီး ဥပမာစာကြောင်းတစ်ကြောင်းစီနဲ့အတူ ပြန်လည်မှတ်သားပါ။

4. Essay Writing

အက်ဆေးတွေမှာ ဆရာတွေဆီက Feedback ဒါမှမဟုတ် Correction ရပြီးရင် အမှတ်ပဲကြည့်ပြီး ဒီတိုင်းပစ်ထားတာဟာ အဆိုးဆုံး အလေ့အကျင့်ပါပဲ။

• Error Categorization

ဆရာပြင်ပေးထားတဲ့ အမှားတွေကို ကဏ္ဍခွဲလိုက်ပါ (Grammar, Vocabulary, Coherence/Cohesion, Task Achievement)

• The Rewriting Action:

အမှားတွေကို သေချာနားလည်ပြီဆိုရင် အက်ဆေးတစ်ခုလုံးကို (သို့မဟုတ်) အမှားများတဲ့ စာပိုဒ်ကို အစအဆုံး ပြန်ရေးပါ။ အမှားပြင်ထားတဲ့ ပုံစံအသစ်ကို မြင်မှသာ ဦးနှောက်က ရေရှည်မှတ်မိသွားမှာ ဖြစ်ပါတယ်။

5. Listening Skill

နားထောင်တဲ့အခါ အဖြေမှားသွားရင် Tape Script (ပြောသွားတဲ့စာသား) ကို ချက်ချင်းမကြည့်ပါနဲ့ဦး။

အသံထွက် (Pronunciation/Accent) ကြောင့် စကားလုံးကို မသိလိုက်တာလား၊ အသံတွဲထွက်သွားလို့လား (Linked Sounds)၊ ဒါမှမဟုတ် Synonyms (အဓိပ္ပာယ်တူ စကားလုံးပြောင်းသုံးသွားတာ) ကို မမိလိုက်တာလား။

Tape Script ကို ကြည့်ရင်း အဲဒီမှားသွားတဲ့ အပိုင်းကို အသံပြန်ဖွင့်ပြီး ၃ ကြိမ်ထက်မနည်း ထပ်ခါတလဲလဲ နားထောင်ပါ။ ၎င်းတို့ အသံထွက်ပုံ ဖြတ်တောက်ပုံကို လိုက်မှတ်ပါ။

6. Speaking Skill

Speaking ကတော့ ကိုယ်တိုင် ဘာမှားမှန်း သိရခက်ဆုံးမို့ Recording ကို အသုံးချရပါမယ်။

• မိမိအသံကို Record လုပ်ပါ:

Topic တစ်ခုခုကို ပြောပြီး ဖုန်းနဲ့ အသံသွင်းထားပါ။ ပြန်နားထောင်တဲ့အခါ အောက်ပါအချက် ၃ ချက်ကို ဆန်းစစ်ပါ

1. Fluency: စကားလုံးရှာမရဘဲ ထစ်နေတဲ့နေရာတွေ (Pause) က ဘယ်နားမှာလဲ။
2. Grammar: ပြောရင်းနဲ့ Tense တွေ မှားသွားလား။
3. Pronunciation: အသံထွက် ရှင်းလင်းမှု ရှိရဲ့လား။

ထစ်သွားတဲ့ နေရာအတွက် လိုအပ်တဲ့ Vocabulary ကို ရှာဖွေပြီး ထို Topic ကိုပဲ အမှားမပါအောင် ဒုတိယအကြိမ် ပြန်လည်ပြောဆိုပြီး အသံသွင်းပါ။

"လေ့ကျင့်ခန်း အပုဒ် ၁၀၀ ကို ပြီးစလွယ်လုပ်ပြီး အမှတ်ပဲတွက်နေတာထက်၊ လေ့ကျင့်ခန်း ၁၀ ခုကိုပဲ လုပ်ပြီး အမှားတိုင်းကို 'ဘာကြောင့်မှားလဲ' လို့ စနစ်တကျဆန်းစစ်တာက Language Skill ကို ပိုမိုမြန်ဆန်စွာ တိုးတက်စေမှာပါ။"

အမှားဆိုတာ လေ့လာမှုရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမဲ့ အဲဒီအမှားကို လျစ်လျူရှုလိုက်ရင်တော့ အဲဒါဟာ 'အရှုံး' ဖြစ်သွားပါလိမ့်မယ်။

ဒါကြောင့်ဒီနေ့ကစပြီး လေ့ကျင့်ခန်းလုပ်တိုင်း Error Reflection လုပ်ကြည့်ဖို့ မမေ့ပါနဲ့နော်။




Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Taunggyi