Midwifery Training School Students' Union-Taunggyi

Midwifery Training School Students' Union-Taunggyi

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Midwifery Training School Students' Union-Taunggyi, Education, အမျိုးသမီဆေးရုံးလမ်း, Taunggyi.

28/02/2024

မနက်ဖြန် (၁)ရက်ပဲကျန်ပါတော့တယ်ရှင့်💛

ကျွန်ုပ်တို့ သူနာပြု-သားဖွားကျောင်းသားများသမဂ္ဂရဲ့
ဆေး campaign လေး Target လေးပြည့်သွားအောင် ထောက်ပံ့ကူညီပေးပါရန်
တိုက်တွန်းနိုးဆော်အပ်ပါရစေ 🤍


Photos from Fundraising Team-SULMNMTS's post 15/11/2023
31/01/2023

"တသံတည်းညီ တချီတည်းရုန်း"
●──●──●──●──●──●──●

လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့် တနည်းပြောရရင် စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့်ချေပြီ။

ဒီလို တော်လှန်ရေး (၂) နှစ်ပြည့်တဲ့အချိန်မှာ ကျနော်တို့ ပြည်သူတွေ သွေးအေးမနေဘူး၊ သွေးကြောင်မသွားဘူး၊ စစ်အုပ်ချုပ်ရေးယန္တရားအောက်မှာ အသားကျမသွားဘူးဆိုတာကို ကမ္ဘာသိ၊ မြန်မာသိ ဆက်လက် ဖော်ထုတ်ပြသနေကြဖို့ လိုပါတယ်။ အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ အရေးပေါ်အခြေအနေ သက်တမ်းကုန်ဆုံးမယ့်နေ့လည်းဖြစ်တာမို့ ကမ္ဘာကြီးက အဲ့နေ့မှာ ကျနော်တို့ မြန်မာ့အရေးကို ပိုလို့ စိတ်ဝင်စားစွာ စောင့်ကြည့်နေကြပါလိမ့်မယ်။

ဒါ့ကြောင့် ကျနော်တို့ ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်တဲ့ (ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၃) မှာ တနိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ “အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်” (Silent Strike) ကြီး ဖော်ဆောင်၊ ဆင်နွှဲကြဖို့ ဖြစ်ပါတယ်။

ကျနော်တို့ လူထုရဲ့ Silent Strike လှုပ်ရှားမှုဟာ အကြမ်းဖက် စစ်အုပ်စု တုန်နေအောင်၊ ပြာနေအောင် ကြောက်တဲ့ လူထုတိုက်ပွဲနည်းနာလည်း ဖြစ်တယ်။ ကမ္ဘာမှာ တနိုင်ငံလုံးအဆင့် ဒီလိုသပိတ်မျိုးလုပ်နိုင်ဖို့ဆိုတာ ရှားမှ ရှားပြီး ကျနော်တို့ ပြည်သူတွေ သွေးစည်းညီညွတ်မှုကြောင့်သာ တနိုင်ငံလုံးအဆင့် အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ကြတဲ့ အသံတိတ်သပိတ်ကြီး ဖြစ်ပါတယ်။

ကျနော်တို့ ဒီတစ်ခေါက်မှာ Silent Strike လူထုလှုပ်ရှားမှုကြီးရဲ့ နောက်ထပ်လေးနက်တဲ့ အဓိပ္ပာယ်တရပ်လည်း ရှိပါသေးတယ်။ အခုဆို အကြမ်းဖက်စစ်အုပ်စုဟာ ဒင်းတို့ရဲ့ ထွက်ပေါက်၊ နိုင်ငံရေးလှည့်ကွက်အနေနဲ့ တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ၊ တနည်းပြောရရင် “လုပ်ပွဲ” တခုကို အဓမ္မကျင်းပဖို့ ပြင်ဆင်နေတာကို အားလုံး သိရှိကြမှာပါ။ အခု ကျနော်တို့ လူထုရဲ့ အပြင်မထွက်၊ အသံတိတ်သပိတ်လှုပ်ရှားမှုကြီးက ဒီတရားမဝင် ရွေးကောက်ပွဲကို လူထုက လုံးဝ လက်မခံကြောင်း၊ ဆန့်ကျင်ကြောင်းကိုလည်း ဖော်ထုတ်၊ သက်သေပြခြင်းလည်း ဖြစ်ပါတယ်။

ကျနော်တို့ အပြင်မထွက်ဘူး၊ တိတ်ဆိတ်ငြိမ်သက်တယ်ဆိုတာက ကြောက်တာ၊ သွေးအေးတာ လုံးဝ မဟုတ်ဘူး။ ငါတို့ မြို့၊ ငါတို့ရွာကို ငါတို့သာ ပိုင်တယ်၊ တော်လှန်ရေးအတွက် ငါတို့ ငြိမ်ရင် ငြိမ်မယ်၊ ငါတို့ လှုပ်ရင် လှုပ်မယ်ဆိုတာကို အကြမ်းဖက် စစ်မိစ္ဆာတွေ သိစေဖို့ဖြစ်တယ်။ နောက်၊ ပြည်သူတွေက သိကြပြီးဖြစ်မှာပါ။ ဒီဖေဖော်ဝါရီ (၁) ရက်နေ့မှာပဲ အကြမ်းဖက်စစ်အုပ်စုဘက်ကလည်း လူစုလူဝေးနဲ့ အင်အားပြပွဲတွေ၊ စစ်တပ်ထောက်ခံပွဲဆိုတာတွေကို အကြီးအကျယ်လုပ်ကြဖို့ ပြင်ဆင်နေပါတယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့တော့ အဲ့ဒီ အကြမ်းဖက် လူအုပ်စုနဲ့ ဝေးဝေးရှောင်၊ မပတ်သက်ကြဖို့ပါပဲ။ ကိုယ့်နေရာမှာသာ ကိုယ်နေကြဖို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် လာမယ့် ဖေဖော်ဝါရီလ (၁) ရက်နေ့၊ မနက် (၁၀) နာရီကနေ ညနေ (၃) နာရီတွင်းမှာ ကျနော်တို့တွေအားလုံး အပြင်ကို (လုံးဝ) မထွက်ကြဘူးဗျာ။ ကိုယ့်အိမ်၊ ကိုယ့်အလုပ်ခွင်၊ ကိုယ့်ဆိုင်၊ ကိုယ့်ရုံးစတဲ့ ကိုယ်ရှိနေတဲ့ နေရာမှာပဲ နေကြမယ်။ အဲ့ဒီနေ့၊ အဲ့ဒီအချိန်တွင်းမှာ လမ်းတွေထက်မှာ၊ အများပြည်သူနေရာတွေမှာ လူသူကင်းမဲ့ ခြောက်သွေ့နေရမယ်၊ တိတ်ဆိတ်နေရမယ်ဗျာ။ အဲ့လို ကိုယ့်နေရာမှာ ကိုယ်နေ နေတဲ့ အချိန်မှာလည်း ပြည်သူ့တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်ရာဖြစ်ကြောင်း တစ်ခုခုကို ထပ်ပြီးလုပ်ကြဦးမယ်ဗျာ။ ဥပမာ၊ PDF တွေအတွက် ခါတိုင်းထက်ပိုပြီး Click ကြမယ်ဗျာ၊ လှူကြမယ်ဗျာ။ အကြမ်းဖက် စစ်အုပ်စု လက်ချက်ကြောင့် ကျဆုံးခဲ့ရ၊ ပေးဆပ်ခဲ့ရ၊ အကျဉ်းထောင်တွေထဲ ရောက်နေကြရတဲ့ ရဲဘော်တွေအတွက် ထောက်ပံ့၊ လှူဒါန်း၊ ကုသိုလ်ပြုကြမယ်။ အခုလို (၂) နှစ်ပြည့်ချိန်မှာ နွေဦးတော်လှန်ရေးကို ရည်ညွှန်းတဲ့ သရုပ်ဖော်မှု Performance တွေကိုလည်း ဉာဏ်ရှိရင် ရှိသလို ကွန့်မြူး ဖော်ဆောင်ကြမယ်ဗျာ။

အခု (၂၀၂၃) ခုနှစ်ကို “အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်” သတ်မှတ်ထားကြတဲ့အတိုင်း အားကုန်ထုတ်၊ ရုန်းကန်တိုက်ပွဲဝင်သွားကြဖို့ ဖြစ်တယ်။ ဒါ့ကြောင့် လူထုတရပ်လုံးအနေနဲ့ “တသံတည်းညီ တချီတည်းရုန်း” ကြပြီး အဆုံးသတ်တိုက်ပွဲကို အတူလှမ်းချီကြပါစို့လို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျား/ရှင်။

#တသံတည်းညီ_တချီတည်းရုန်း

#တရားမဝင်ရွေးကောက်ပွဲကို_တိုက်ဖျက်ကြ_တိတ်ဆိတ်မှုနဲ့_သက်သေပြ





#လုံးဝအုပ်ချုပ်ခွင့်မရစေရ

#အရေးတော်ပုံ_အောင်ရမည်

15/12/2022

ပေါင်းကူးပေးမယ့် ဒို့လည်ဆွဲ

ဒီ Campaign လေးဟာ ကျနော်တို့ FTH နဲ့
Northern Shan State Alliance Army နဲ့ ပေါင်းပြီး CDM ဆရာမတစ်ယောက် လာလှူထားတဲ့ ရွှေငါးဆွဲကြိုးလေးကို မဲပြန်ဖောက်ပေးမယ့် ကမ်ပိန်းလေးပဲ ဖြစ်ပါတယ်။ ဒီကရတဲ့ အလှူငွေတွေကိုတော့ အရှည်တစ်လက်ဝယ်ဖို့အတွက် အသုံးပြုသွားမှာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ဒီကမ်ပိန်းလေး စထားတာ (၈) ရက်ရှိခဲ့‌ပြီ ဖြစ်ပေမယ့် မဲ(၁၀၀) တောင် မပြည့်သေးပါဘူးခင်ဗျာ။

ဒါကြောင့် တော်လှန်ရေးရဲဘော်အချင်းချင်း ပေါင်းကူးပေးထားတဲ့ ဒီကမ်ပိန်းမှာ ပါဝင်ပြီး အားလုံးအတူတူ အနာဂတ်သစ်ဆီသို့ ပေါင်းကူးပြီး အတူသွားကြပါစို့ဗျာ။

14/11/2022

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ

ကျွန်တော်တို့က လားရှိုးသူနာပြုနှင့် သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ၊ မကွေးဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ နဲ့ တောင်ကြီးသူနာပြုသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂတို့ စုပေါင်းထားတဲ့ "From The Hills"(တောင်တန်းများဆီက) ဆိုတဲ့ Fundraising page လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

တော်လှန်ရေးကာလ တစ်နှစ်ခွဲကျော် ကြာလာခ‌ျိန်မှာ ပြည့်သူတပ်သား ရဲဘော်တွေအနေနဲ့ ‌အထောက်အပံ့တွေ ပိုလိုအပ်လာနေပြီပဲ ဖြစ်ပါတယ်။ တော်လှန‌်ရေးရဲဘော်အများစုဟာ တောတွေတောင်တန်းတွေရှိရာ မြေနေရာမျိုးတွေမှာ နေထိုင်ကြတာ များပါတယ်။ အဲ့‌တောင်တန်းတွေဟာ သူတို့အတွက် လိုအပ်တဲ့ အစားအသောက်၊ နေထိုင်ရေး၊ လေ့ကျင့်ရေး ထောက်ပံ့ပေးရုံသာမက ဘေးအန္တရာယ်တွေကနေလည်း တတ်နိုင်သမျှ ကာကွယ်ပေးနေတာပဲ ဖြစ်ပါတယ်။

" အရက်စက်ဆုံး အင်အားသုံးဖိနှိပ်ကာ နေပါစေ တောင်တန်းများက တို့ကို စောင့်ကြိုနေတယ်ဟေ့” ဆိုတဲ့ "အတားအဆီးများဆီသို့" သီချင်းထဲကလို တောင်တန်း‌တွေဟာ ရဲဘော်တွေအတ‌ွက် ခိုလှုံရာတစ်ခုအနေနဲ့ အမြဲ‌ေစာင့်ကြိုနေဆဲပါပဲ။

ကျွန်တော်တို့ရဲ့ From The Hills(တောင်တန်းများဆီက) ဆိုတဲ့ အဖွဲ့အစည်းကလည်း ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို ထောက်ပံ့ပေးနိုင်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။ တော်လှန်ရေးတပ်သားများအတွက်ရော၊ တော်လှန်ပြည်သူများအတွက်ပါ ကျွန်တော်တို့ From The Hills(တောင်တန်းများဆီက)အဖွဲ့က ခိုလှုံရာတစ်ခုအဖြစ် ရပ်တည်ပေးနေမှာ ဖြစ်ပါတယ်ဗျ။

“အန္တရာယ်ရန်စွယ်အမျိုးမျိုးနဲ့ တားဆီးလို့နေပါစေ ဒို့များအားလုံး ပေါင်းစည်းခြင်းနဲ့ ဖြိုခွင်းပစ်မလေ” ဆိုတဲ့အတိုင်း အတူတကွ စုပေါင်းပါဝင်ပြီး ကောင်းမွန်သော အရွေ့တွေဆီ လျှောက်လှမ်းကြပါစို့။

ကျွန်‌ေတာ်တို့ FTH ကနေပြီး ရှေ့ဆက် ရဲဘော်တွေနဲ့ ပြည်သူတွေကြား ခိုလှုံရာ‌ တောင်တန်းကြီးတခု ဖြစ်ပေးနိုင်ဖို့အတွက် အစီအစဉ်ကောင်းတွေနဲ့ တဖန်ပြန်လာခဲ့ပါဦးမယ်ခင်ဗျ။

Photos from Student Union Representatives Committee - SURC's post 23/08/2022

"Statement by Students' Unions regarding United Nations Special Envoy of the Secretary-General on Myanmar, Ms. Noeleen Heyzer's visit to Myanmar"

Photos from Midwifery Training School Students' Union-Taunggyi's post 19/07/2022

19th july မမေ့နိုင်

#အာဇာနည်နေ့

07/07/2022

“သမဂ္ဂအဆောက်အဦကိုသာ ဖြိုလို့ရမယ်။ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့မရပါဘူး”
သခင်ကိုယ်တော်မှိုင်း (မတ် ၁၀၊ ၁၉၆၃)

စစ်ခွေးဖက်ဆစ်တို့ အနေဖြင့် မည်သို့ပင် ယုတ်မာရက်စက်မှူရှိနေပစေ ကျုပ်တို့သည် ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ကိုင်ဆွဲကာ အဖိနှိပ်ခံပြည်သူလူထုဘက်မှ ဆက်လက်ရပ်တည်၍
လူတန်းစားအလွှာပေါင်းစုံ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်။

“ငါ၏ဦးခေါင်းသည် သွေးချင်းချင်းနှင့် နီးမြန်းလင့်ကစား ဘယ်သော်မှ ဦးမညွတ်”

“သမဂ္ဂအဆောက်အဦကိုသာ ဖြိုလို့ရမယ်။ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့မရပါဘူး”
သခင်ကိုယ်တော်မှိုင်း (မတ် ၁၀၊ ၁၉၆၃)

စစ်ခွေးဖက်ဆစ်တို့ အနေဖြင့် မည်သို့ပင် ယုတ်မာရက်စက်မှူရှိနေပစေ ကျုပ်တို့သည် ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ကိုင်စွဲကာ အဖိနှိပ်ခံပြည်သူလူထုဘက်မှ ဆက်လက်ရပ်တည်၍
လူတန်းစားအလွှာပေါင်းစုံ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်။

“ငါ၏ဦးခေါင်းသည် သွေးချင်းချင်းနှင့် နီးမြန်းလင့်ကစား ဘယ်သော်မှ ဦးမညွတ်”

29/06/2022

"စာအုပ်လှူမလား ဆေးဝါးကူမလား ကမ်ပိန်း "

ဤကမ်ပိန်းဟာ ရှမ်းပြည်နယ် မြောက်​ပိုင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ၏ မိုးတွင်းကာလ အတွင်း စားဝတ်နေရေး အခက်အခဲ နှင့် စစ်ရေးလိုအပ်ချက်များ အပြင် ဆေးဝါ မလုံ
လောက်မှုများကြောင့် ကျွန်တော်တို့ ရဲဘော်များဟာ အသက်ဆုံးရှုံးရသည်အထိ ရှိနေသောကြောင့်
ဆေးပစ္စည်းများ ကူညီထောက်ပံ့နိုင်ရန် နှင့် တောတောင်ထဲတွင် လက်နက်ကိုင် လမ်းစဥ်အတွက် ပြင်ဆင်နေကြရင်း အားလပ်ချိန် များတွင် စာအုပ်ဖတ်ခြင်း ၊ အချင်းချင်းဆွေးနွေး ရင်း ဖလှယ်ကြရင်း ရဲဘော်များအတွက် စိတ်ခွန်အား ၊ နိုင်ငံရေး အသိအမြင် ၊ ရေချိန် မြင့်မားလာစေရန််ရည်ရွယ်၍ စာအုပ်များကို လည်းပေးပို့လှူဒါန်းရန် ရှိပါသောကြောင့် နည်းများမဆို ပါဝင်လို့ရပါတယ်ခင်ဗျာ။

ကျွန်ုပ်တို့ ပြည်သူ့ရဲဘော်တပ်ဖွဲ့တွေဟာ အကြမ်းဖက်စစ်ကောင်စီတို့နဲ့ နေ့စဉ် တိုက်ပွဲဖြစ်ပွားရင်ဆိုင်နေလျက်ရှိရာ ကိုယ်စိတ်ခန္ဓာ ကျန်းမားပြီး စစ်ရေးအသုံးစရိတ်များလဲ ပိုမိုလိုအပ်လာလျက်ရှိပါတယ်။ ဒါကြောင့် ပြည်သူ့ရဲဘော်များ တိုက်ပွဲတိုင်း အကျအဆုံးကင်းပြီး အောင်ပွဲဆင်ပန်းဝင်နိုင်ဖို့အတွက် ထောက်ပို့ပြည်သူများစွာတို့ရဲ့ အင်အားကို ကျွန်ုပ်တို့ကမ်ပိန်းမှ ဖိတ်ခေါ်လိုက်ရပါတယ်။

Photos from Shan State Students'Union Network's post 21/05/2022
20/05/2022

ရက်စွဲ။ ။၂၀.၅.၂၀၂၂

မိတ္ထီလာ-သူနာပြုသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂမှ တောင်ကြီး-သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ
ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပေးပို့သော သဝဏ်လွှာ။

20/05/2022

ရက်စွဲ။ ။၂၀.၅.၂၀၂၂

လားရှိုးသူနာပြုနှင့်သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂမှ တောင်ကြီး-သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ
ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပေးပို့သော သဝဏ်လွှာ။

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Website

Address

အမျိုးသမီဆေးရုံးလမ်း
Taunggyi

Opening Hours

Monday 00:00 - 12:00
Tuesday 00:00 - 12:00
Wednesday 00:00 - 12:00
Thursday 00:00 - 12:00
Friday 00:00 - 12:00