GTSM Business Consultancy & Training

GTSM Business Consultancy & Training

Share

Business & Management Consultancy

25/12/2025

🎅 𝐇𝐚𝐩𝐩𝐲 𝐗𝐦𝐚𝐬 🎅

ယခုလို ပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့လေးမှာ ချစ်ခင်မှုတွေ ပိုမိုတိုးလာပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ အမှတ်တရလေးတွေ ဖန်တီးနိုင်ကြပါစေကြောင်း 𝐆𝐓𝐒𝐌 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် . . . 🎄✨

15/12/2025

ခေတ်မီ Marketing နည်းလမ်းတွေသုံးပြီး Customer တွေကို ဆိုင်အရောက် (သို့မဟုတ် Page အရောက်) ခေါ်လာနိုင်ပေမဲ့၊ လက်တွေ့ အရောင်းအ၀ယ်ဖြစ်ဖို့ဆိုတာ "ရှေ့တန်း ဝန်ထမ်း (Frontline Staff)" တွေရဲ့ စွမ်းဆောင်ရည်အပေါ်မှာ အများကြီး မူတည်နေပါတယ်။

Customer တစ်ယောက်ဟာ ကုန်ပစ္စည်းမကောင်းလို့ ဝယ်မသုံးတော့တာထက်၊ ဝန်ဆောင်မှု မကောင်းလို့ နောက်တစ်ခါ ထပ်မလာတော့တာက ပိုများပါတယ်။

သင့်လုပ်ငန်းရဲ့ ရောင်းအားတက်ဖို့နဲ့ ဖောက်သည်အဟောင်းတွေ မြဲဖို့အတွက် GTSM Business & Consultancy Service က ကူညီပေးနိုင်ပါတယ်။

ကျွန်ုပ်တို့၏ ထိရောက်သော Training အစီအစဉ်များဖြစ်သည့် - 🛍️ Sales & Marketing Training: ဈေးကွက်ကို နားလည်ခြင်း၊ Customer လိုအပ်ချက်ကို ရှာဖွေခြင်းနဲ့ အရောင်းပိတ် (Closing Sale) နည်းလမ်းများ ။ 🤝 Customer Service Excellence: သာမန်ဝန်ဆောင်မှုအဆင့်မှသည် Customer များ စိတ်ကျေနပ်မှုအပြည့်ရရှိစေမည့် ဝန်ဆောင်မှုအဆင့်သို့ မြှင့်တင်ခြင်း ။

ဒီသင်တန်းတွေက သင့်ဝန်ထမ်းတွေကို "အရောင်းသမား" သက်သက်မဟုတ်ဘဲ၊ Customer တွေ ယုံကြည်ရတဲ့ "အတိုင်ပင်ခံ" တွေဖြစ်လာအောင် ပြောင်းလဲပေးပါလိမ့်မယ်။

📈 ရလဒ်အနေနဲ့ကတော့ - ရောင်းအားတက်လာမယ်၊ တစ်ခါလာဖူးတဲ့ Customer က သစ္စာရှိဖောက်သည် (Loyal Customer) ဖြစ်လာပါလိမ့်မယ်။

သင့်အရောင်းအဖွဲ့ကို စွမ်းရည်မြှင့်တင်ပေးဖို့ ဒီနေ့ပဲ GTSM နဲ့ ဆွေးနွေးလိုက်ပါ။

"Your Growth, Our Expertise" - သင့်လုပ်ငန်းတိုးတက်မှုက ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်မှုပါပဲ ။
စီးပွားရေးဆိုင်ရာ အကြံဉာဏ်များ ဆွေးနွေးဖို့အတွက် အခုပဲ ဆက်သွယ်လိုက်ပါ။

📞 09-964770910
📧 [email protected]


13/12/2025

ဝန်ထမ်းကောင်းတွေ ဘာလို့ ကုမ္ပဏီကနေ ထွက်သွားကြတာလဲ? 🤔

လုပ်ငန်းရှင်တွေအနေနဲ့ ဝန်ထမ်းအသစ်ခန့်လိုက်၊ သင်ပေးလိုက်၊ ပြန်ထွက်သွားလိုက်နဲ့ သံသရာလည်ပြီး အချိန်ကုန်၊ လူပန်း ဖြစ်နေရပြီလား?

လေ့လာမှုတွေအရ ဝန်ထမ်းတွေ အလုပ်ထွက်ရတဲ့ အဓိကအကြောင်းရင်းက "လစာ" တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ❌ လုပ်ငန်းခွင် ပျော်ရွှင်မှုမရှိတာ ❌ ရှေ့ဆက်တက်လမ်း (Career Growth) မမြင်ရတာ ❌ ခေါင်းဆောင်မှုအပိုင်း (Leadership) အားနည်းတာတွေကြောင့် ဖြစ်တတ်ပါတယ်။

ဒါကို ဖြေရှင်းဖို့အတွက် သင့်ကုမ္ပဏီမှာ ထိရောက်တဲ့ Leadership & Management စွမ်းရည်တွေ ရှိဖို့လိုပါတယ်။

GTSM Business & Consultancy Service မှ ပို့ချပေးနေသော:
👔 Leadership & Management Training: ခေါင်းဆောင်ကောင်းတို့ ရှိသင့်သော အရည်အချင်းများ၊ အသင်းအဖွဲ့ကို ဦးဆောင်ခြင်း
👥 Human Resources & Organizational Development: ဝန်ထမ်းများကို စနစ်တကျ စီမံခန့်ခွဲခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း

ဒီသင်တန်းတွေက သင့်မန်နေဂျာတွေနဲ့ အဖွဲ့ခေါင်းဆောင်တွေကို "Boss" တစ်ယောက်နေရာကနေ ဝန်ထမ်းတွေ လေးစားအားကိုးရတဲ့ "Leader" ကောင်းတွေဖြစ်လာအောင် ကူညီပေးပါလိမ့်မယ်။

💡 "ဝန်ထမ်းတွေကို Training ပေးတာ စရိတ်မဟုတ်ပါဘူး၊ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုပါ (Investment, not Expense)"

သင့်အဖွဲ့အစည်းအတွက် လိုအပ်တဲ့ Training အစီအစဉ်တွေကို ဆွေးနွေးဖို့ အခုပဲ ဆက်သွယ်လိုက်ပါ။

"Your Growth, Our Expertise" - သင့်လုပ်ငန်းတိုးတက်မှုက ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်မှုပါပဲ ။
စီးပွားရေးဆိုင်ရာ အကြံဉာဏ်များ ဆွေးနွေးဖို့အတွက် အခုပဲ ဆက်သွယ်လိုက်ပါ။

📍 အမှတ် ည/၅၄၊ ညောင်ဖြူစခန်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်းမပေါ်၊ တောင်ကြီးမြို့
📞 09-964770910

GTSM Business Consultancy & Training 11/12/2025

စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ရတာ ခက်ခဲသလို၊ ရေရှည်တည်တံ့အောင် ထိန်းသိမ်းပြီး တိုးတက်အောင်လုပ်ဆောင်ရတာက ပိုပြီးစိန်ခေါ်မှုများပါတယ်။

❓ "ဝန်ထမ်းတွေ စွမ်းဆောင်ရည် ဘယ်လိုမြှင့်မလဲ?"
❓ "လုပ်ငန်းလည်ပတ်မှုစနစ် (Operation) ပိုကောင်းအောင် ဘာတွေပြင်ရမလဲ?"
❓ "ဈေးကွက်ဝေစု ပိုရလာအောင် မဟာဗျူဟာ ဘယ်လိုချမလဲ?"

ဒီမေးခွန်းတွေအတွက် အဖြေရှာဖို့ GTSM Business & Consultancy Service က သင့်အနားမှာ ရှိနေပါပြီ။ 🤝

ကျွန်ုပ်တို့ GTSM ဟာ စာသင်ကြားရေးသက်သက်သာမက အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် -
✅ Corporate Training Solutions: ဝန်ထမ်းတွေရဲ့ Leadership, Management, Sales နဲ့ Soft Skills တွေကို မြှင့်တင်ပေးခြင်း ။
✅ Business Consultancy: HR စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနဲ့ စီးပွားရေးမဟာဗျူဟာများအတွက် လက်တွေ့ကျတဲ့ အကြံဉာဏ်များ ပေးခြင်း ။

စတဲ့ ဝန်ဆောင်မှုတွေနဲ့ လုပ်ငန်းရှင်များရဲ့ အိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ရာမှာ ကူညီပေးနေပါတယ်။

"Your Growth, Our Expertise" - သင့်လုပ်ငန်းတိုးတက်မှုက ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်မှုပါပဲ ။

စီးပွားရေးဆိုင်ရာ အကြံဉာဏ်များ ဆွေးနွေးဖို့အတွက် အခုပဲ ဆက်သွယ်လိုက်ပါ။

📞 09-964770910
📧 [email protected]

GTSM Business Consultancy & Training

18/11/2025

📣 စီးပွားရေးလောကမှာ အောင်မြင်ဖို့အတွက် အရေးပါဆုံး Skill က ဘာလဲ? 🤔💼
Business လောကမှာ ဘယ်နေရာရောက်ရောက်၊ ဘယ်ရာထူးယူယူ မရှိမဖြစ်လိုအပ်တဲ့ Skill တစ်ခုရှိပါတယ်။
အဲ့ဒါကတော့ Effective Business Communication (ထိရောက်တဲ့ စီးပွားရေး ဆက်သွယ်ပြောဆိုမှု) ပါပဲ။ 🗣️✨

Communication Skills အားကောင်းလာတဲ့အခါ

💡 ဆုံးဖြတ်ချက်ကောင်းများ – ကိုယ့်ရဲ့ အိုင်ဒီယာတွေကို အထက်လူကြီး၊ လုပ်ဖော်ကိုင်ဖက်၊ ဒါမှမဟုတ် Customer ကို ရှင်းရှင်းလင်းလင်း တင်ပြနိုင်မှ ဆုံးဖြတ်ချက်ကောင်းတွေ ပေါ်လာမှာပါ။
🤝 ပူးပေါင်းဆောင်ရွက်မှု – အဖွဲ့အစည်းအတွင်း ပွင့်လင်းမြင်သာစွာ ဆက်သွယ်နိုင်ခြင်းက အလုပ်အတူလုပ်ခြင်းကို ပိုမိုချောမွေ့စေပြီး အချိန်ကုန်သက်သာစေပါတယ်။

💬 ရောင်းအားတက်ခြင်း – Customer နဲ့ ထိရောက်စွာ စကားပြောနိုင်မှ သူတို့ရဲ့ လိုအပ်ချက်ကို သိပြီး ကိုယ့် Product/Service ရဲ့ တန်ဖိုးကို ယုံကြည်အောင် ပြောနိုင်ပါတယ်။

🎓 GTSOM Business Diploma သင်တန်း မှာ Communication ကို ဦးစားပေး သင်ကြားခြင်းအကြောင်းကတော့ —
စာသင်ခန်းထဲမှာ သင်ယူခဲ့တဲ့ Concept တွေဟာ လက်တွေ့ဘဝမှာ မှန်ကန်တဲ့ စကားလုံး၊ မှန်ကန်တဲ့ နည်းလမ်းနဲ့ ထုတ်ဖော်ပြောဆိုနိုင်မှ အကျိုးရှိမယ်ဆိုတဲ့ အကြောင်းရင်းပါပဲ။

✨ဒါကြောင့် GTSOM ဘာကြောင့် Business Management - EDBM တက်သင့်သလဲ❓
✅ စာတွေ့လက်တွေ့သင်တန်း (Case Study, Project Based Learning)
✅ အလုပ်ဌာနတွေအတွက်လိုအပ်တဲ့ Skills တိုက်ရိုက်ရရှိခြင်း
✅ Diploma အောက်လက်မှတ်အရည်အချင်းနဲ့ Job Interview မှာ Advantage ပိုကောင်းခြင်း
✅ အလုပ်အကိုင်ခွင့်အလားအလာ ပိုများခြင်း စတာတွေကြောင့် ရွေးချယ်တက်ရောက် သင့်ပါတယ်။
📢 တခြားသူတွေထက် တစ်လှမ်းသာနိုင်ချင်တယ်ဆိုရင် Business Diploma သင်တန်းက သင့်အတွက် အမြန်ဆုံး နဲ့ အကောင်းဆုံး Career တစ်ခုဖြစ်ပါတယ်။
➡️ သင်တန်းအသေးစိတ်အချက်အလက်အတွက် Messenger မှာ 'ED' လို့ရေးပြီး၊ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။

သင်တန်းအကြောင်းအသေးစိတ်လေ့လာရန်

https://www.facebook.com/share/p/16xVJ1xNrE/

GTSM မှာသင်တန်းတက်ရောက်နေသောသင်တန်းသားများ၏ Review

https://www.facebook.com/share/p/1CbdKazTzd/

📞 သင်တန်းအသေးစိတ်၊ အချိန်ဇယား ⏰ နဲ့ အခြားသိလိုတာတွေကို
👉 𝐆𝐓𝐒𝐎𝐌 𝐂𝐨𝐥𝐥𝐞𝐠𝐞 Page Messenger မှာ “ED” လို့ရေးသားမေးမြန်းနိုင်ပါတယ် ✉️
👉 (သို့မဟုတ်) ဖုန်းနံပါတ် 📱 09-964770910 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
📍 Address - အမှတ် ည/၅၄၊ ညောင်ဖြူစခန်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်းမပေါ်၊ တောင်ကြီးမြို့ 🏙️
#စီးပွားရေးသင်တန်း


🌍

09/11/2025

📢✨ GTSM Education မှ အလုပ်အကိုင်အခွင့်အလမ်း! ✨📢
တောင်ကြီးမြို့ရှိ ပညာရေးလုပ်ငန်းဖြစ်သည့် GTSM Education မှ
👩‍💼👨‍💼 Admin Assistant – 2 Posts (M/F) ခန့်အပ်ခေါ်ယူနေပါသည်။
📋 လိုအပ်သောအရည်အချင်းများ
🎓 အထက်တန်းအောင် (သို့) တက္ကသိုလ်တက်ရောက်နေဆဲသူများ
💻 Computer ရုံးသုံး Software များ (Word, Excel, PowerPoint …) ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ
🛵 တောင်ကြီးမြို့အတွင်း သွားလာနိုင်ပြီး ဆိုင်ကယ်မောင်းနိုင်သူ
🤝 အသင်းအဖွဲ့နှင့် ပူပေါင်းလုပ်ဆောင်နိုင်သူ
💬 Customer Service Mindset ရှိသူ
🎯 ပညာရေးလုပ်ငန်းဖြစ်သဖြင့် သင်တန်းတက်ရောက်ခွင့် အခွင့်အရေးများ ရရှိမည်
📍 လိပ်စာ
ည/၅၄ အနောက်မြို့ပါတ်လမ်း၊ အောက်ရေထွက်အနီး၊ ညောင်ဖြူစခန်းရက်ကွက်၊ တောင်ကြီးမြို့
🕓 ရုံးချိန်
နံနက် ၈:၃၀ မှ ညနေ ၄:၃၀
(အပါတ်စဉ် သောကြာနေ့တိုင်း နှင့် အစိုးရရုံးပိတ်ရက်များပိတ်ပါသည်)
📨 လျှောက်ထားရန်
CV Form အပြည့်အစုံနှင့်အတူ
📱 Viber: 09-964770910
📧 Email: [email protected]
🗓 21.11.2025 နောက်ဆုံးထားလျေှာက်ထားနိုင်ပါသည်။

#တောင်ကြီးအလုပ်အကိုင် ✨👩‍💼📞📧

Photos from GTSM Business Consultancy & Training's post 14/10/2025

🏥✨ Customer Service Excellent in Health Care Training ✨🏥
𝐏𝐚𝐝𝐚𝐦𝐲𝐚𝐫 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ၏ ဝန်ထမ်းများအတွက်
𝐆𝐓𝐒𝐎𝐌 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 မှ ၃ ရက်တာ Corporate Training Program တစ်ခုအဖြစ်
“Customer Service Excellent in Health Care” ခေါင်းစဉ်ဖြင့် သင်တန်းပေးအပ်ခဲ့ပါသည်။
သင်တန်းပြီးဆုံးပြီးနောက်တွင် —
💡 ဝန်ထမ်းများအနေနဲ့ Patient များကို မျှော်မှန်းထားသည်ထက်ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်လာခြင်း
💡 မိမိအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နည်းများ တိုးတက်လာခြင်း
💡 စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုများဖြင့် လူမှုဆက်ဆံရေးကောင်းမွန်လာခြင်း
စသည့် အပြောင်းအလဲများကို တွေ့ရှိခဲ့ပါသည်။
အထူးသဖြင့် 𝐏𝐚𝐝𝐚𝐦𝐲𝐚𝐫 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 အနေနဲ့ —
✨ လူနာများ၏ စိတ်ကျေနပ်မှုနှုန်းမြင့်လာခြင်း
✨ အဖွဲ့အစည်း၏ Professional Image ပိုမိုတန်ဖိုးမြင့်တက်လာခြင်း
✨ Service Quality နှင့် Internal Teamwork တိုးတက်လာခြင်း
စသည့် အပြောင်းအလဲများကို တကယ်ကောင်းမွန်စွာ တွေ့မြင်ရရှိခဲ့ပါသည်။
ဒီလိုအောင်မြင်မှုတစ်ခုဟာ 𝐆𝐓𝐒𝐎𝐌 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 မှ
အဖွဲ့အစည်းတစ်ခုချင်းစီ၏ လုပ်ငန်းသဘောတရားနှင့် လိုအပ်ချက်အပေါ်အခြေခံပြီး
Tailor-Made Corporate Training Programs များကို သီးသန့်ဒီဇိုင်းဖန်တီးပေးနိုင်တဲ့ အကျိုးဖြစ်ပါသည်။
📩 သင့်အဖွဲ့အစည်းအတွက်လည်း ဝန်ထမ်းစွမ်းဆောင်ရည်တိုးတက်ရေး သင်တန်းများလိုအပ်ပါက GTSOM ကိုဆက်သယ်လိုက်ပါနော်။
✨ Together, Let’s Build Excellence in Every Organization!

☎️ Phone Number - 09964770910 , 09975365716 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏫 Address - အမှတ် ည/၅၄၊ ညောင်ဖြူစခန်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်းမပေါ်၊ တောင်ကြီးမြို့။

#

19/09/2025

GTSM Education & Consultancy မှ P&P Café အား အထူးကျေးဇူးတင်အပ်ပါသည်
P&P Café ဆိုင်အတွက်
✅ Human Resources (HR) System & Policies
✅ Operations Workflow & Service Standards
✅ Finance & Cost Control Processes
တို့ကို GTSOM Education & Consultancy သို့ ယုံကြည်စွာ အပ်နှံပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်။

ဤပူးပေါင်းဆောင်ရွက်မှုသည် P&P Café ၏ စီးပွားရေးလုပ်ငန်းများကို ပိုမိုတိကျမှန်ကန်စွာ လည်ပတ်နိုင်စေပြီး စဉ်ဆက်မပြတ် တိုးတက်မှုနှင့် အောင်မြင်မှုအတွက် အခြေခံခိုင်မာစေမည်ဟု ယုံကြည်ပါသည်။

GTSOM Education & Consultancy သည် အနာဂတ်တွင်လည်း စီးပွားရေးအသစ်များအတွက် HR Setup, Operations Management နှင့် Finance Process Consultancy Services များကို ဆက်လက်ပံ့ပိုးပေးသွားပါမည်။

🚀 BizGrowth Solutions အနေနဲ့ သင့်လုပ်ငန်းကို အခက်အခဲတွေကနေ ဖြတ်ကျော်ပြီး စနစ်တကျ တိုးတက်အောင် ကူညီပေးနိုင်ပါတယ်။

✅ဗျူဟာတစ်ခုလုံးကို သင့်လုပ်ငန်းနဲ့အတူရေးဆွဲပေးခြင်း

✅အဖွဲ့အစည်း စွမ်းရည်မြှင့်တင်ရေး (Corporate Training) များဖြင့် သင့်အသင်းကို ပိုမိုစွမ်းအားပြည့် ထူးချွန်တဲ့အဖွဲ့ဖြစ်အောင် ပျိုးထောင်ပေးခြင်း

✅လုပ်ငန်းလည်ပတ်မှု စနစ်များ (System & Process) ကို စနစ်တကျ ချမှတ်ပေးခြင်း
စတာတွေကို GTSM ရဲ့ Consultant Team ကအကောင်ထည်ဖော် ဆောင်ရွက်ပေးနေပါပီ။
အသေးစိတ် သိရှိလိုပါက

☎️ Phone Number - 09964770910 , 09975365716 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏫 Address - အမှတ် ည/၅၄၊ ညောင်ဖြူစခန်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်းမပေါ်၊ တောင်ကြီးမြို့။

22/08/2025

📈 လုပ်ငန်းတိုးတက်ဖို့ အဓိကလုပ်ဆောင်ရမည့်အချက် (၅) ချက်
လုပ်ငန်းတစ်ခု ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လုပ်ငန်းရှင်တိုင်းရဲ့ အိပ်မက်ပါ။ ဒါပေမယ့် ဘယ်ကစလုပ်ရမှန်း မသိ၊ ဘယ်လိုချဉ်းကပ်ရမှန်း မသေချာတဲ့အခါ လမ်းပျောက်နေတတ်ပါတယ်။
ဒီနေ့မှာတော့ သင့်လုပ်ငန်းကို နောက်တစ်ဆင့် ပို့ဆောင်ပေးနိုင်မယ့် အဓိကအချက် (၅) ချက်ကို မျှဝေပေးသွားမှာပါ။
1️⃣ ရှင်းလင်းခိုင်မာတဲ့ ဗျူဟာ ချမှတ်ပါ (Clear Strategy)
"ဘယ်ကိုသွားမလဲ" ဆိုတဲ့ ဦးတည်ချက်မရှိဘဲနဲ့ လမ်းကောင်းကို ရွေးလို့မရပါဘူး။ လုပ်ငန်းရဲ့ Vision, Mission နဲ့ ရေတိုနဲ့ ရေရှည် ရည်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပါ။ ဒါမှသာ ဆုံးဖြတ်ချက်တိုင်းက လုပ်ငန်းရဲ့ ပန်းတိုင်ဆီ ရောက်အောင် ဦးတည်ခေါ်ဆောင်သွားမှာပါ။
2️⃣ ထူးချွန်တဲ့ အဖွဲ့အစည်းကို တည်ဆောက်ပါ (Dream Team Building)
လုပ်ငန်းဆိုတာ လူတွေနဲ့ လည်ပတ်နေတာပါ။ စွမ်းရည်ပြည့်၊ စိတ်ဓာတ်မြင့်မားပြီး ရည်မှန်းချက်တူတဲ့ အဖွဲ့ဝင်တွေရဲ့ စွမ်းအားက သင့်လုပ်ငန်းကို မမျှော်လင့်ထားတဲ့အထိ တွန်းတင်ပေးနိုင်ပါတယ်။ ခေါင်းဆောင်မှုစွမ်းရည်၊ ဆက်သွယ်ပြောဆိုမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးပါ။
3️⃣ ဖောက်သည်ကို ဗဟိုပြုပါ (Customer-Centric Approach)
သင့်ရဲ့ဖောက်သည် ဘာကို လက်ရှိဘာတွေမကျေနပ်နေလဲ? သူတို့ ဘာကို အနာဂတ်မှာ မျှော်လင့်နေလဲ? ဖောက်သည်ရဲ့ လိုအပ်ချက်နဲ့ ခံစားချက်ကို နားလည်ပြီး ဝန်ဆောင်မှုနဲ့ ထုတ်ကုန်တွေကို အဆက်မပြတ် မွမ်းမံပြင်ဆင်သွားဖို့ လိုပါတယ်။ ကျေနပ်နှစ်သက်တဲ့ ဖောက်သည်တွေဟာ သင့်ရဲ့ အကောင်းဆုံး ကြော်ငြာတွေပါပဲ။
4️⃣ နည်းပညာကို ထိရောက်စွာ အသုံးချပါ (Leverage Technology)
ဒီခေတ်ကြီးထဲမှာ နည်းပညာကို မအသုံးချတာဟာ ပြိုင်ပွဲကို ခြေပလာနဲ့ပြေးနေတာနဲ့ တူပါတယ်။ Digital Marketing, Data Analysis, Project Management Tools, Automation တွေကို အသုံးချပြီး လုပ်ငန်းလည်ပတ်မှုကို ပိုမိုထိရောက်အောင်၊ ကုန်ကျစရိတ်သက်သာအောင် လုပ်ဆောင်နိုင်ပါတယ်။
5️⃣ ဆန်းသစ်တီထွင်ပြီး ပြောင်းလဲမှုကို လက်ခံပါ (Innovate & Adapt)
စျေးကွက်ဟာ အမြဲတမ်း ပြောင်းလဲနေပါတယ်။ မနေ့က အောင်မြင်တဲ့ နည်းလမ်းဟာ မနက်ဖြန်အတွက် မမှန်တော့ဘူးဆိုတာ ဖြစ်နိုင်ပါတယ်။ စမ်းသပ်မှုတွေ ပြုလုပ်ဖို့၊ အမှားတွေကနေ သင်ယူဖို့နဲ့ စျေးကွက်ရဲ့ လှိုင်းတွေကို စောင့်ကြည့်ပြီး လိုက်လျောညီထွေး ပြောင်းလဲနိုင်ဖို့ လိုအပ်ပါတယ်။
ဒါဆို... ဒီအချက်တွေကို ဘယ်ကစပြီး အကောင်အထည်ဖော်မလဲ?
ဒီအချက်တွေဟာ ပြောရတာ ရိုးရှင်းပေမယ့် လက်တွေ့မှာ ဘယ်လိုစနစ်တကျ အကောင်အထည်ဖော်ရမလဲဆိုတာ ခက်ခဲနေတတ်ပါတယ်။
ဒါတွေအားလုံးကို GTSM Business Consultancy & Training က
🚀 BizGrowth Solutions အနေနဲ့ သင့်လုပ်ငန်းကို ဒီအခက်အခဲတွေကနေ ဖြတ်ကျော်ပြီး စနစ်တကျ တိုးတက်အောင် ကူညီပေးနိုင်ပါတယ်။
• ဗျူဟာတစ်ခုလုံးကို သင့်လုပ်ငန်းနဲ့အတူ ထိုင်ပြီး ရေးဆွဲပေးခြင်း
• အဖွဲ့အစည်း စွမ်းရည်မြှင့်တင်ရေး (Corporate Training) များဖြင့် သင့်အသင်းကို ပိုမိုစွမ်းအားပြည့် ထူးချွန်တဲ့အဖွဲ့ဖြစ်အောင် ပျိုးထောင်ပေးခြင်း
• လုပ်ငန်းလည်ပတ်မှု စနစ်များ (System & Process) ကို စနစ်တကျ ချမှတ်ပေးခြင်း
စတာတွေကို GTSM ရဲ့ Consultant Team ကအကောင်ထည်ဖော် ဆောင်ရွက်ပေးနေပါပီ။
အသေးစိတ် သိရှိလိုပါက ☎️ Phone Number - 09964770910 , 09975365716 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏫 Address - အမှတ် ည/၅၄၊ ညောင်ဖြူစခန်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်းမပေါ်၊ တောင်ကြီးမြို့။

20/08/2025

𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 ကို မပိုင်နိုင်တဲ့အတွက် ကြုံတွေ့ရမယ့် လုပ်ငန်းခွင်အခက်အခဲများကို ဘယ်လိုဖြေရှင်းမလဲ?

လုပ်ငန်းခွင်ထဲမှာ အောက်ခြေဝန်ထမ်းဘဝကနေ ရာထူးတက်လာတဲ့အခါ ဝန်ထမ်းတစ်ဦးဘဝနဲ့ မတူတော့ဘဲ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရပါတယ်။

အထူးသဖြင့် Management ကို စနစ်တကျ မကျွမ်းကျင်ဘူးဆိုရင် ဒီလိုမျိုးပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။
1️⃣ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ ပျောက်ဆုံးနေခြင်း:
စနစ်တကျ စီမံခန့်ခွဲမှုမရှိတဲ့အခါ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ကို ဝန်ထမ်းတွေက နားမလည်ကြပါဘူး။ ဒါကြောင့် အလုပ်တွေဟာ ဖြောင့်ဖြောင့်တန်းတန်းမသွားနိုင်တဲ့အတွက် လိုရာခရီးကိုမရောက်နိုင်လို့ ကြန့်ကြာနေတတ်ပါတယ်။

2️⃣ ဝန်ထမ်းအချင်းချင်း ဆက်ဆံရေးပြဿနာများ:
မန်နေဂျာတစ်ယောက်အနေနဲ့ ဝန်ထမ်းတွေကြားက ပြဿနာတွေကို ထိထိရောက်ရောက် မဖြေရှင်းပေးနိုင်တဲ့အခါ အချင်းချင်းကြားမှာ ဆက်ဆံရေးအဆင်မပြေမှုတွေဖြစ်လာပြီး အဖွဲ့လိုက်အလုပ်လုပ်တဲ့အခါ အားနည်းချက်တွေဖြစ်ပေါ်စေပါတယ်။

3️⃣ လုပ်ငန်းရဲ့ ထုတ်လုပ်မှုစွမ်းရည် (Productivity) ကျဆင်းခြင်း:
အလုပ်တွေကို စနစ်တကျ မခွဲဝေပေးနိုင်ခြင်း၊ အစီအစဉ်ချမှတ်မှု အားနည်းခြင်းများကြောင့် ဝန်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည် (Performance) နဲ့ ထုတ်လုပ်မှုနှုန်း (Productivity) တွေ သိသိသာသာ ကျဆင်းလာနိုင်ပါတယ်။

4️⃣ မိမိကိုယ်တိုင်ရဲ့ Work-Life Balance ပျက်ယွင်းခြင်း:
Management ကျွမ်းကျင်မှုမရှိတဲ့ မန်နေဂျာတွေဟာ အလုပ်တွေကို ကိုယ်တိုင်ဦးဆောင်လုပ်ကိုင်နေရတာများတဲ့အတွက် အလုပ်နဲ့ ဘဝချိန်ခွင်လျှာ (Work-Life Balance) ပျက်ယွင်းပြီး ဖိအားများလာနိုင်ပါတယ်။

ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့အတွက် အခြေခံစီးပွားရေးစီမံခန့်ခွဲမှုပညာရပ်တွေကို စနစ်တကျလေ့လာဖို့ လိုအပ်ပါတယ်။

ဒီလိုအပ်ချက်ကို အတိအကျ ဖြည့်ဆည်းပေးမှာကတော့
𝐆𝐓𝐒𝐎𝐌 𝐂𝐨𝐥𝐥𝐞𝐠𝐞 ရဲ့ 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 ပါပဲ။ ဒီအတန်းက လုပ်ငန်းခွင်အခက်အခဲများကို ကျော်လွှားဖို့ လိုအပ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတတွေကို စနစ်တကျ သင်ကြားပေးမှာ ဖြစ်ပါတယ်။

𝐆𝐓𝐒𝐎𝐌 𝐂𝐨𝐥𝐥𝐞𝐠𝐞 ရဲ့ 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 သင်တန်းမှာ
📑 Business Operations Management
📑 Human Resources Management
📑 Sales & Marketing Management
📑 Finance & Accounting Management
📑 Supply Chain Management
စတဲ့ Process များကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်တန်းတက်ရောက်ပြီးစီးတဲ့အခါ လုပ်ငန်းခွင်အခက်အခဲများကို အလွယ်တကူဖြေရှင်းလာနိုင်မှာဖြစ်ပြီး ပိုမိုအောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းများလာမှာပါ။

စီမံခန့်ခွဲမှုစွမ်းရည်တွေကို မြှင့်တင်ပြီး ပိုမိုအောင်မြင်တဲ့ လုပ်ငန်းခွင်ဘဝကို ပိုင်ဆိုင်ဖို့အတွက် 𝐆𝐓𝐒𝐎𝐌 ရဲ့ 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 သင်တန်းကို ဆက်သွယ်စုံစမ်းနိုင်ပါပြီရှင်။

ICM Diploma တက်ရောက်ပီးသောကျောင်းသားများ၏ Review Post >>>
https://www.facebook.com/share/p/19CsTQ4A8A/

သင်တန်းအသေးစိတ်၊ အချိန်ဇယားနဲ့ အခြားသိလိုတာတွေအတွက် 𝐆𝐓𝐒𝐎𝐌 𝐂𝐨𝐥𝐥𝐞𝐠𝐞 ရဲ့ Page Messenger မှာ “ED” လို့ရေးသားမေးမြန်းခြင်း (သို့မဟုတ)် ဖုန်းနံပါတ် 09-964770910 ကို ဆက်သွယ်မေးမြန်းခြင်းများ ပြုလုပ်နိုင်ပါတယ်။

🏫 Address - အမှတ် ည/၅၄၊ ညောင်ဖြူစခန်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်းမပေါ်၊ တောင်ကြီးမြို့။




Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Website

Address

No(222) 3B, Bogyoke Aung San Road, Nyaung Shwe Haw Gone Qtr
Taunggyi
06101