Learn Korean With Sai Uni
ကိုးရီယားဘာသာစကားကို အခြေခံမှာအစ ပ?
07/09/2022
🦋위치 (တည်နေရာ) ပြတဲ့စကားလုံးတွေပါဗျ🦋
❤️စိတ်ဝင်စားစရာကောင်းအောင် kdrama ထဲက ဇာတ်ကောင်းလေးတွေနဲ့ လုပ်ပေးထားပါတယ်ဗျ❤️
🦋ဒီ ကြားထဲ ကျွန်တော်မအားလို့ page ကို မ run ပေးဖြစ်တဲ့အတွက် sorry ပါဗျ😔
🦋ရှေ့ လျှောက် ကြိုးစားပြီ ကိုရီးယားစာ ကိုရီးယားအကြာင်းတွေကို ပိုသင်ပေးပါမယ်ဗျ❤️
16/01/2021
Love u guys 😍
안녕하세요
ဒီနေ့ကတော့ အချိန်လေးတွေကိုလေ့လာကြရအောင်ဗျာ😁
မြန်မာမှာက ရာသီဥတုက ၃ မျိုးဘဲရှိပါတယ်။အကုန်လုံးလဲသိမှာပါ😁
Korea မှာက ၄မျိုးရှိပါတယ်။
နွေဦး နွေ ဆောင်းဦး ဆောင်း
တစ်ရာသီကို ၃လ ကြာပါတယ်။
ရာသီဥတုတွေက အပြောင်းအလဲ မြန်သလို လူတွေလည်းအလုပ် အစား အသွားအလာ အကုန်လုံး မြန်မြန်ဆန်ဆန် လုပ်ကြပါတယ်😱
အဲ့တာကြောင့် နိုင်ငံခြားလူမျိုးတွေ အတတ်မြန်စုံ ကိုရီးယားစကားက 빨리 ဆိုတဲ့ မြန်မြန် စကားလုံးပါဘဲ😊
ပြီးတော့ ကိုရီးယားအင်တာနက်က ကမ္ဘာမှာအမြန်စုံပါဘဲ😎
Wifi လည်းတအားကောင်းပါတယ်😉
Note တစ်ခုပြောပြပါမယ်
အဲ့တာကတော့ ရက်အပတ် တွေကိုကျက်ရင် အတိုကောက်
일 월 화 수 목 금 토 အဲ့လိုကျက်ရင် ပိုမှတ်မိလွယ်ပါတယ်။
05/01/2021
안녕하세요 😍
새해복 많이받으세요 😘😘
အားလုံး မဂ်လာပါခင်ဗျ
HappyNewYear2021
အခုတလော ကျွန်တော်မအားတာနဲ့ post တွေနည်းနည်းကြဲ သွားတယ်ဗျ။ sorry ပါဗျ😔😔။
ကျွန်တော်ကိုလာမေးကြတာကို ဒီနေ့ သင်ပေးပါမယ်ဗျ။
အဲ့တာကတော့ 숫자 ဆိုတဲ့ ကိန်းဂဏန်းတွေပါ။
하나 둘 셋 နဲ့ 일 이 삼 사 မတူဘူးလား ။ဘာတွေ ကွာတာလဲလို့လာမေးကြပါတယ်။
Korea စာ ကိန်းဂဏန်း တွေမှာက korea number နဲ့ china number ဆိုပြီး နှစ်မျိုးရှိပါတယ်။
하나 둘 셋 ကတော့ korea number ပါ။ သူတို့တော့ အရေအတွက်တွေရဲ့ ကိန်းဂဏန်းတွေရဲ့ နောက်မှ အသုံးပြုကြပါတယ်။ အရေအတွက် တွေက ဘာကိုပြောချင်တာလဲ ဆိုရင် တစ်ခု တစ်ကောင် တစ်ယောက် တစ်စီး.....အစရှိသဖြင့်
အဲ့တာတွေကိုပြောချင်တာပါ။
ဥပမာ 한명 / 분 တစ်ယောက်
두마리 နှစ်ကောင်
세개 သုံးခု
အစရှိသဖြင့် ......ဒီလိုမျိုးတွေသုံးပါတယ်။🙂🙂
일 이 삼 사 ကတော့ china number ပါ။ သူကိုတော့ ရိုးရိုးနံပါတ် တွေကိုပြောတဲ့ နေရာမှာ အသုံးပြုပါတယ်။
123 일 이 삼
092- 4404- 9898 공구이 사사공사 구팔구팔
အစရှိသဖြင့် ......ဒီလိုမျိုးတွေသုံးပါတယ်။🙂🙂
ပြီးတော့ ကိန်းဂဏန်း နံပါတ် တွေကို ဖတ်တဲ့နေရာမှာလဲ နောက်ကနေ လေးလုံး တစ်ခါဖြတ်ပြီးဖတ်ရပါတယ် ။
( - ) လေးကို korea လို 의 လို့ ဖတ်ပါတယ်။
2542 호
이천오백사십이 호 အခန်း နှစ်ထောင့်ငါးရာလေးဆယ့်နှစ်
နေ့ရက် မွေးသက္ကရာဇ် တွေကို နှစ် လ ရက် အစဉ် အတုိင်းဖတ်ပါတယ်။
1998 년 8월 12일
천구백구십팔년 팔월 십이
ထူးခြားချက်က ☠☠☠ အချိန်မှာ နာရီ ကို korea number နဲ့ ဖတ်ပြီး မိနစ် နဲ့ စက္ကန့် ကို china numberနဲ့ ဖတ်ပါတယ်။
9 시 45 분 10초
아홉시 사십오분 십초
သင်ခန်းစာတွေက ဒီလောက်ဘာဘဲ။
ဒီသင်ခန်းစာမှာ ထူးခြားချက်နဲ့ မှတ်စရာတွေကိုပြောပြပါမယ်😇။
Note.☠☠☠ ..korea number မှာ 하나 둘 셋 넷 ကိန်းဂဏန်းနောက်မှာ အရေအတွက်တွေမရှိတဲ့ အချိန်မှာသုံးပါတယ်။ ကျွန်တော် အပေါ်မှာရေးခဲ့သလို한 두 세 네 တွေက နောက်မှာ အရေအတွက် တွေရှိနေရင် သုံးပါတယ်။ ကျန်တဲ့ ဂဏန်းတွေကိုတော့ ပုံမှန်အတိုင်းဘဲ ရေးပါတယ်။ အဲ့ လေးလုံးပါဘဲ။
ပြီးတော့ အောက်ကပုံထဲမှာလည်း star ပြထားပါတယ်။ လထဲမှာပါ။😊 유월 နဲ့ 시월 ပါ။ 육월 십월 လို့မရေးရပါဘူး။😁
😍😍😘😘ဒီ lesson ကို သဘောကြရင် like and share လုပ်ပေးပါအုန်းဗျ။ thank you so much❤❤
17/12/2020
안녕하세요 😍😍😍
အားလုံး မဂ်လာပါ ခင်ဗျ 😘
ဒီ အပတ် lesson မှာကတော့ korea အခြေခံ သဒါ ကို လေ့လာ ကြရအောင်ဗျာ ။
을 / 를
မြန်မာလို့ (ကို) လို့ အဓိပါယ် ရပါတယ် ။
딸기를 먹어요ㆍ
사과를 사요.
포도를 씻어요.
두리안을 몰라요.
배를 깎아요.
귤을 까요ㆍ
ကျွန်တော် ဥပမာ နည်းနည်း ရေးပေးထားပါတယ် ။ မြန်မာ လိုကတော့ မရေးပေးတော့ ပါဘူး။ လေ့ကျင့် ကြည့်ပါ ။
အောက်က ပုံတွေ ထဲ မှာ အဓိပါယ် တွေ ရေးပေးထားပါတယ် ။ ပြီးခဲ့ တဲ့ lesson က အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်နဲ့ ပေါင်းပြီး ကျွန်တော် eg ဥပမာ ပေးထားသလို လုပ်ကြည့်ပါ😊😊။
😍😍😍နားမလည်ရှိတာ comment မှာ ရေးခဲ့ပါ
မှားတာရှိတာ ပြောခဲ့ ပါ။ သဘောကျတယ် အကူအညီဖြစ်ရင်တော့ like 😍 shareလုပ်ပေးပါဗျ။ 😘😘😘
Click here to claim your Sponsored Listing.