27/04/2026
Bright Beginnings B & B English Class မှ
2026-2027 ပညာသင်နှစ် တွင် အဆောင်နေ ဘော်ဒါ စတင် လက်ခံပါမည်
ဘော်ဒါနေ ကျောင်းသားကျောင်းသူများ အတွက် ဘာသာစုံ ကျူရှင် ၊ စာကျက်၀ိုင်းအပြင်
Eng စာ Grammar နှင့် Four skills အတွက်ပါ ပူစရာမလိုအပ်ရအောင် Bright Beginnings ၏ weekend class များပါ တက်ရောက်နိုင်ပါသည် / ထိုအတွက် သင်ကြားခ Free ဖြစ်ပါတယ်ရှင့်
ခြံ၀န်းကျယ်တွင် နေထိုင် စားသောက်ရေး / ကျန်းမာရေး စစရာရာ အဆင်ပြေစေရန် စီစဥ်ပေးခြင်းအပြင် သွားလာရေးအတွက် ferry ပါ စီစဥ်ပေးပါမည်
မိမိတက်ရောက်သော အစိုးရကျောင်း / ကိုယ်ပိုင်ကျောင်းများ အလိုက်ပို့ပေးပါမည်
တစ်နှစ်စာ အဆောင်လခ စျေးနှုန်းများမှာ
G - 3 / 4 - 45 သိန်း
G - 5/ 6 / 7 / 8 - 50 သိန်း
G - 9 - 55 သိန်း
G - 10 - 65 သိန်း
အဆောင်လစာများကို ၂ရစ် ( သို့ ) ၃ရစ်
ခွဲသွင်းနိုင်ပါတယ်
May လ 20 အထိ
Bright Beginnings English Class ၌ စာရင်းသွင်းနိုင်ပါသည်
အဆောင် လိပ်စာ - ဘ၄ - ၇၅၈ / နယ်မြေ ၄ / ကံ့ကော်လမ်း / ဘုရားဖြူရပ်ကွက် /တောင်ကြီးမြို့ ။
Bright Beginnings English Classes လိပ်စာ - ည ၈၀ / ရွှေသစ္စာလမ်း / ညောင်ဖြူစခန်းရပ် / နယ် မြေ ၁ / တောင်ကြီးမြို့
📞 09 428 330 174
📞 09 25 366 3890
27/04/2026
2026 summer course
Fri - Sat - Sun ( morning & Afternoon sessions)
starter - level 1 to 6
2026 weekend classes will be in June
08/04/2026
Bright Beginnings ၏
💦သင်္ကြန်ပိတ်ရက် အားကြေညာခြင်း
သင်္ကြန်ပိတ်ရက်မှာ
11.4.2024 (Saturday ) မှ 17.4.2024 (Friday) နှစ်ဆန်းတစ်ရက်နေ့
ထိ ဖြစ်ပါတယ်
💦Fridays to Sundays
Morning & Afternoon Sessions များ ကို 18.4.2024 (Saturday) မှစ၍ ပုံမှန်အတိုင်း ပြန် ဖွင့်ပါမည်ရှင့်
💦Mondays to Wednesdays Morning & Afternoon sessions
များကို 20 .4. 2024 (Monday ) မှ စ၍ ပုံမှန်အတိုင်းပြန်ဖွင့် ပါမည်ရှင့်
💦ပျော်ရွှင် အေးချမ်းရသောနှစ်သစ်မင်္ဂလာလေးဖြစ်ပါစေရှင်။
25/03/2026
Maths & Grammar Class
G 2 to G 9 ရဲ့ Maths & Grammar အတန်းတွေဖြစ်ပါတယ်
Mon to Thur - 4:30 ~ 7:00 in Summer
June လမှ စ၍ Maths နှင့် Eng ကိုဘာသာရပ်ဆရာများ ဖြင့် တစ်ဖန်ပြန်၍ သင်ကြားခြင်း အပြင် ကျက်စာဘာသာ ရပ်များအတွက်သီးသန့် guide ရှိပါမည်
စာသင်/ စာကျက် အတွက် ညနေ ကျောင်းဆင်းချိန် တွင် တစ်ရက်လျှင် ၃နာရီ အနည်းဆုံး တက်ရပါမည်
22/03/2026
Summer Course For Young Learners 2026
Fri ~ Sat ~ Sun Sessions ( morning & Afternoon)
Starter 1 & 2 ,level 1 to Level 6
Enrolment is closed 😍
17/03/2026
Summer အတန်းများ / maths & grammar အတန်းများ အားလုံး ပုံမှန် အချိန်တိုင်း ပြန်ဖွင့်ပါပြီရှင်
13/03/2026
ကျမ ဒေါ်ခင်စု လိှုင်သည် အူအတက်ကြောင့် ယနေ့ည ခွဲစိတ်ရမည်ဖြစ်၍ ဆေးရုံတက်လိုက်ရပါ သောကြောင့် Summer အတန်းများ အားလုံးကို 15.3.26 ( Sun ) - 16. 3. 26 (Mon ) နှစ်ရက် ပိတ်ပါမည် ရှင့်
မနက်ဖြန် 14.3.26 (Sat ) ကိုတော့ သက်ဆိုင်ရာ ဆရာများ သင်ပါမည် ရှင့်
Mon ညနေ သင်္ချာတန်းတော့ 4:30 to 6:30 ထိ ဖွင့်ပါမည်
ကျေးဇူးတင်ပါတယ် ရှင့်
10/03/2026
Summer Course For Young Learners 2026
Mon ~ Tue ~ Wed Sessions ( morning & Afternoon)
Level 1 to Level 5
Enrolment is closed 😍
04/03/2026
မင်္ဂလာပါ
2026 Summer English Course အားသင်တန်း အပ် လက်ခံသည်မှာ 18 .2. 26 မှ ယခု 4.2. 26 အထိတွင်ယုံယုံကြည်ကြည် လာရောက်အပ်နှံပေးကြပါသော မိဘ တစ်ဦးချင်းစီအား ကျေးဇူး တင် ပါတယ် ရှင့်
ယခု အတန်းများတွင်
Starter ကလေး များအား အတန်းချိန်တစ်ချိန်နှင့် အေယာက် ၂၀ သာ လက်ခံပါ သဖြင့် ထိုသတ်မှတ်ဦးရေ ပြည့် သွား ပါသောကြောင့် starter Kg to G1 ကလေးများ အတန်းအား ပိတ် ပါပြီရှင့်
ထို့အတူ Level 1 အတန်းမှာ အတန်းချိန် ၂ချိန် တစ်တန်း ၂၀ သာ လက်ခံပါသည် / ထိုနှစ်တန်းလုံး သတ်မှတ်ဥိးရေ ပြည့်ပြီ ဖြစ်သဖြင့် Level 1 လက်ခံခြင်းအားလည်း စာရင်းပိတ်ပါပြီ ရှင့်
ကျန် level 1+ / Level 2 / Level 3 / level 4 / level 5 / Level 6 အတန်းများ သာ 8 ရက် နေ့ ထိ လက်ခံပေးပါသေး တယ်ရှင့်
28/02/2026
ကိုယ့်အမြင် နဲ့ ထပ်တူကြ
Eng ကိုသိဖို့ပဲ လိုတာလေ
အာ့ကြောင့် Eng ကို level နဲ့ ခွဲပြီး ကလေးတွေသိအောင် နှ့ံစပ်အောင်ပဲသင်တယ်
ဖြေပါ ဖိအားမပေးဘူး - ပြောလည်းမပြောဘူး ~ ဖြေကြည့်ချင်လို့လာမေး ရင်တော့ ဖြေကြည့်ပါ ပဲ ပြောတယ်
~Certificate တွေ က ဘ၀ ရပ်တည် ဖို့လိုအပ်ချိန် အတွက် လိုအပ်တာရှိဖို့ပဲ လိုတာ
Cambridge က English Test တွေဟာ မြန်မာ နိုင်ငံက Certificate မက်မောသူတွေ နဲ့ စီးပွားရေး တစ်ခု သဖွယ်လုပ်လာကြတဲ့ပညာရေးလောကမှာ တဖြည်းဖြည်းနေရာယူလာကြပါတယ်။
starter / mover / flyer / KET / PET / FCE မှ သည် IELTS အထိ ဒီစာမေးပွဲ များဟာ British Council အတွက် ငွေအကြီးအကျယ်ရှာပေးခဲ့ပါတယ်။ IELTSကတော့ထားတော့ သူကအရေးကြီးလို့ ။ လိုအပ်ချက်တစ်ခုမို့။
သာမန် ငွေမတတ်နိုင်တဲ့ကလေးများ အနေနဲ့ကတော့ အငယ်တန်းတွေ ဖြစ်တဲ့ Starter / mover / flyer ကို ဖြေမနေပါနဲ့ ။ (သင်တန်းတက်တာ ကိုယ့်သင်တန်းက နေ လေ့လာတာ အဆင်ပြေနေရင်ရပါပြီ။ )မဖြေလည်းဘာမှ မဖြစ်ပါ။ ငွေတတ်နိုင်လို့ဖြေတော့လည်း စာမေးပွဲအတွေအကြုံရတာပေါ့။
IS ကျောင်းသားများ အနေနဲ့ Cambridge ရဲ့ YLE တို့ PET တို့ FCE တို့ ကို ဖြေ မနေသင့်တော့ပါ။ အချိန်ကုန်ပါတယ်။ အားရင် အင်္ဂလိပ်၀တ္ထုတွေဖတ်ပါ ။ သတင်းစာ မဂ္ဂဇင်းတွေဖတ်ပါ။ Podcast တွေနားထောင်ပါ။ ကျန်တဲ့ မိမိ မေဂျာဘာသာရပ်များကိုလည်းအချိန်ပေးပါ။
ကိုယ့်အားချိန်မှာ English ၀တ္ထုတွေ ဖတ်တာ။ Review ရေးတာ မျိုး သာလုပ်သင့်ပါတယ်။ Movie ၀ါသနာပါရင် Movie လေးတွေကြည့် Review ရေးပေါ့။
IS ကျောင်းတက်ပြီး
English စာအားနည်းတယ်ဟုဆိုကာ English စာကိုပြန်တက်ကြတဲ့ ကလေးများ ရဲ့ မိဘကလည်း ဘာကိုအားနည်းတာလဲ သိဖို့လိုပါတယ်။ Writing လား Reading လား Spelling လား Grammar လားစသဖြင့်ပေါ့။ ပြီးမှ လိုအပ်တာကို ဆရာနဲ့သင်ပေါ့။
ကိုယ့်ကျောင်းက English ကိုမလိုက်နိုင်လို့ဆိုရင်လည်း ကျောင်း English ကိုပဲဦးစားပေးသင်သင့် ပါတယ်။ ESL လား EFL လား ဘာကိုသွားမှာလဲပေါ့။ တစ်ခုခုကို အားဖြည့်လိုက်ပါ။
Cambridge ရဲ့ English ဖြစ်တဲ့ Starter/Mover/Flyer/KET/PET တွေ လုပ်နေမယ့်အစား ကိုယ့်ရဲ့ သင်ရိုး English ရဲ့လိုအပ်တာကိုပဲဖြည့်တာ သင့်တော်ပါလိမ့်မယ်။ ကလေးတစ်ယောက်ခြင်းစီမှာ သူ့လိုအပ်ချက်နဲ့သူရှိပါလိမ့်မယ်။
English ကို လိုက်နိုင်သွားပြီ အဆင်ပြေပြီ ဆိုရင် ကျန်တဲ့ Maths လိုမျိုး Science လိုမျိုးတွေ ဖြည့်လိုက်ပါ။
ကျောင်းက Maths ကို မလိုက်နိုင်တာ ကို အိုလံပစ်သင်္ချာ ပေသီးဘာညာ လုပ်မနေဘဲ ကျောင်းက သင်္ချာကိုပဲ ဖိဖိစီးစီးလုပ်ပါ။ ( အိုလံပစ်တို့ ပေသီး တို့မကောင်းတာမဟုတ်ပါ။ ကလေးလိုအပ်ချက်ကို ဆိုလိုခြင်းသာ)
မြန်မာကျောင်းသင်ရိုးကနေ IGCSE လမ်းကြောင်းကိုပြောင်းဖို့ ဆန္ဒရှိသော ကျောင်းသားများအနေနဲ့ KET လောက်ပြီးရင် ESLသို့မဟုတ် EFL လမ်းကြောင်းကိုသာတစ်စိုက်မတ်မတ် လိုက်ပါ ။ Secondary English ကို သင်ယူပါ။ General English ထက် Academic English ကိုသာ လိုက်ပါ။IGCSE အတွက် အခြား ဘာသာရပ်တွေကို ဦးစားပေး လေ့လာပါ။
( ယခု အကြံပေးချက်က ငွေ ကြေး ကိုချိန်ဆနေရသူများအတွက်ပါ။ ငွေကြေးပူစရာမလိုသူ များကတော့ ကလေးတိုးတက်ဖို့ ကြိုက်တာသာလုပ်ပါလေ။)
အောင်မြင်ကြပါစေ။