20/06/2026
ကလေးတွေ စားတဲ့ အစားအစာမှာ အစာအုပ်စု ၃ စုလုံး မျှတရဲ့လား မေမေတို့ဖေဖေတို့ရေ...
မနေ့က Grade 3 ကလေးတွေဟာ ဖန်တီးမှုစွမ်းရည်တွေ အပြည့်နဲ့ "အစာအုပ်စု ၃ စု" ကို Clay လေးတွေ သုံးပြီး လက်တွေ့ ပုံဖော်ကြည့်ခဲ့ကြပါတယ်။
💪 Food for Growth (ခန္ဓာကိုယ်ကြီးထွားစေသောအုပ်စု)
⚡ Food for Energy (အင်အားဖြစ်စေသောအုပ်စု)
🍏 Food for Health (ရောဂါကာကွယ်စေသောအုပ်စု)
ဆိုပြီး အစားအစာပုံစံအုပ်စုလေးတွေကို ကလေးတွေကိုယ်တိုင် စိတ်ကူးရှိတဲ့အတိုင်း ပုံဖော်ခဲ့ကြပါတယ်
စာကို အလွတ်ကျက်တာထက် အခုလို
ဖန်တီးရင်း လက်တွေ့သင်ယူရတာမို့ ကလေးတွေအတွက် ပိုပြီးမှတ်မိလွယ်သလို 21st Century Skills (5C) ထဲက Creativity နဲ့ Critical Thinking ကိုလည်း ပိုမိုဖွံ့ဖြိုးစေပါတယ်။
📞 အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် ကျောင်းအပ်နှံရန်:
📱 Phone: 09 444 700 622 09 444 700 633
📍 Address:အမှတ် ၂၁ ၊ရှမ်းလမ်း၊ ညောင်ရွှေဟော်ကုန်းရပ်
Activity
17/06/2026
ကျောင်းတွင်း ငလျင်ဘေးအန္တရာယ် ကာကွယ်ရေး လက်တွေ့လေ့ကျင့်ခန်း (Earthquake Drill) ပြုလုပ်ခြင်း ။
ကျောင်းသား/သူတွေရဲ့ လုံခြုံဘေးကင်းရေး နှင့် ကျောင်းတွင်း ဘေးကင်းစိတ်ချရမှု ရှိစေရန် အမြဲမပြတ် ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။
ဒီနေ့မှာတော့ ကျောင်းသား/သူတွေအနေနဲ့ သဘာဝဘေးအန္တရာယ် ကြုံတွေ့လာရပါက စနစ်တကျ တုံ့ပြန်ဆောင်ရွက်တတ်စေရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း (Myanmar Red Cross Society) မှ ပညာရှင်များကို ဖိတ်ကြားပြီး "ငလျင်ဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ လေ့ကျင့်ခန်း (Earthquake Drill)" ကို အောင်မြင်စွာ ပြုလုပ်ခဲ့ပါတယ်။
စာတွေ့သာမက "Drop, Cover, Hold on" လက်တွေ့လေ့ကျင့်ခန်းများကို စိတ်ပါဝင်စားစွာ လိုက်နာဆောင်ရွက်ခဲ့ကြတဲ့ ကျောင်းသား/သူများအားလုံးနဲ့ အသိပညာပေး ကူညီပေးခဲ့ကြတဲ့ ကြက်ခြေနီအဖွဲ့များအားအထူးပင် ကျေးဇူးတင်ရှိပါသည်။ 🙏
15/06/2026
၂၁ ရာစုမှာ ၃ ဆလောက် ရှေ့ကြိုရောက်နေစေဖို့ မဖြစ်မနေ တတ်မြောက်ထားသင့်တဲ့ Skill တွေကို Top Genius နဲ့အတူ အခုပဲ ပြင်ဆင်လိုက်ပါ။
အနာဂတ်မှာ ပိုတော်တဲ့ ကလေးတစ်ယောက် ဖြစ်ဖို့ဟာ ကြိုးစားနိုင်စွမ်းပေါ်မှာလည်း မူတည်သလို.. အချိန်ကောင်း အခါကောင်းမှာ မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်ခြင်းအပေါ်မှာလည်း မူတည်ပါတယ်။
မိဘတို့ရဲ့ ရွေးချယ်မှု မမှားစေရဘဲ ကလေးငယ်များ၏ အင်္ဂလိပ်စာ၊ အတွေးအခေါ် သင်္ချာနှင့် နည်းပညာ (ICT) အုတ်မြစ်ကို အခိုင်မာဆုံး တည်ဆောက်ပေးမည့် Top Genius ၏ အထူးတန်းခွဲသစ်များ -
🇬🇧 Young Learner English Class
Cambridge သင်ရိုးအတိုင်း ကလေးရဲ့ Listening, Speaking, Reading, Writing (၄) မျိုးလုံးကို စနစ်တကျ ပြုစုပျိုးထောင်ပေးမည့် တန်းခွဲများ -
Phonics Class — 70,000 MMK
Starters — 80,000 MMK
Movers — 80,000 MMK
Flyers — 90,000 MMK
KET — 100,000 MMK
📌 ကလေးငယ်၏ အခြေခံနှင့် အကိုက်ညီဆုံး အတန်းဖြစ်စေရန်အတွက် Level အလိုက် Test စစ်ဆေးပြီးမှသာ စနစ်တကျ လက်ခံသင်ကြားပေးပါမည်။
🧮 Maths Olympiad
ကလေးငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေး၊ Logic ကျကျ တွေးခေါ်နိုင်မှုနှင့် ပြဿနာဖြေရှင်းနိုင်စွမ်း (Problem Solving Skills) ကို ကမ္ဘာ့အဆင့်မီ မြှင့်တင်ပေးမည့် အထူးသင်္ချာတန်းခွဲ -
KG - Primary 5 — 80,000 MMK
💻 ICT (Information & Communication Technology)
၂၁ ရာစုရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ကွန်ပျူတာနှင့် ဒီဂျစ်တယ်နည်းပညာအခြေခံတွေကို ငယ်စဉ်ကတည်းက မျက်ခြေမပြတ်စေရန် ကျွမ်းကျင်အောင် သင်ကြားပေးမည့်တန်းခွဲ -
Course Fee — 65,000 MMK
🏆 ဘာကြောင့် Top Genius ကို ရွေးချယ်သင့်လဲ
✅ကလေးငယ်များအတွက် ရိုးရိုးစာကျက်စနစ်ထက် အနာဂတ်ဘဝတွင် လက်တွေ့အသုံးဝင်မည့် စွမ်းရည်များကို ဦးတည်သင်ကြားပေးခြင်း။
✅မှန်ကန်သော လမ်းညွှန်မှု၊ အဆင့်မီသင်ရိုးများနှင့် စိတ်ချရသော သင်ကြားရေးပတ်ဝန်းကျင် ဖြစ်ခြင်း။
✅အတန်းတွင်း ကျောင်းသားဦးရေကို ကန့်သတ်ထားပြီး ကလေးတစ်ဦးချင်းစီ၏ တိုးတက်မှုကို အနီးကပ် မျက်ခြေမပြတ် စောင့်ကြည့်ပေးခြင်း။
🤝 "အကောင်းဆုံး အချိန်အခါမှာ သင့်ကလေးအတွက် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုကို အခုပဲ ရွေးချယ်ပေးလိုက်ပါ"
တန်းခွဲအလိုက် နေရာကန့်သတ်ချက် ရှိပါသဖြင့် သင်တန်းအသေးစိတ်နှင့် ကလေးငယ်များအတွက် Placement Test အချိန်စာရင်းကို Page Chat Box သို့မဟုတ် ဖုန်းမှတစ်ဆင့် အခုပဲ ဆွေးနွေးစုံစမ်းနိုင်ပါပြီခင်ဗျာ။
📞 Phone: 09444700633/09444700622
🏠ကျောင်းလိပ်စာ: အမှတ် (၂၁)၊ ရှမ်းလမ်း၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ တောင်ကြီးမြို့။
11/06/2026
ကျောင်းတစ်ကျောင်းအတွက် အကြီးမားဆုံး အောင်မြင်မှုနဲ့ ဂုဏ်ယူမှုဆိုတာ ဆုတံဆိပ်တွေ မဟုတ်ပါဘူး။
ကျွန်မတို့ဆီ ယုံကြည်စိတ်ချစွာ အပ်နှံထားတဲ့ ကလေးငယ်လေးတွေ တကယ်ပဲ တတ်မြောက်၊ လိမ္မာ၊ တိုးတက်လာပြီး မိဘတွေရဲ့ မျက်နှာမှာ ပီတိအပြုံးတွေ၊ ဝမ်းသာမျက်ရည်တွေ တွေ့ရခြင်းပဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ Top Genius Private School ရဲ့ ခရီးစဉ်တစ်လျှောက် မိဘထုထံမှ ရရှိထားတဲ့ အဖိုးတန်ဆုံးသော ရင်ဖွင့်သံအချို့ကို မျှဝေပေးချင်ပါတယ်ရှင့်.....
သင့်ရင်သွေးအတွက် စာလည်းတတ်၊ ကိုယ်ကျင့်တရားလည်း ထက်မြက်တဲ့ ရွှေရောင်အနာဂတ်ကို... မိဘတွေ ချီးကျူးရတဲ့ Top Genius မှာ အခုပဲ စတင်လိုက်ပါ။"
📍 ကျောင်းဝင်ခွင့် အသေးစိတ် စုံစမ်းရန်နှင့် ကျောင်းလာရောက်လေ့လာရန် -
📞 Phone: 09444700633/09444700622
🏠ကျောင်းလိပ်စာ: အမှတ် (၂၁)၊ ရှမ်းလမ်း၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ တောင်ကြီးမြို့။
💬 Messenger: [Top Genius Page] သို့ အခုပဲ စာပို့၍ ခုံနေရာ ကြိုတင်ရယူနိုင်ပါပြီရှင့်။
10/06/2026
စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ သားသားမီးမီးတို့ရဲ့ တောက်ပသော အနာဂတ်ကို ယုံကြည်မှုရှိရှိ ပျိုးထောင်ပေးနိုင်ဖို့ လမ်းပြပေးကြစို့ ...
ဒီဘက်ခေတ်မှာ ကလေးတွေကို စာချည်းပဲ ဖိသိပ်သင်နေလို့ မလုံလောက်တော့ပါဘူး။ သူတို့ရဲ့ အားလပ်ရက်တွေကို ပျော်လည်းပျော်၊ ပညာလည်းရပြီး အနာဂတ်အတွက် တကယ့်ကို အသုံးချနိုင်မယ့် ၂၁ ရာစု ကျွမ်းကျင်မှုတွေ (21st Century Skills) ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။
ဒါကြောင့် Top Genius ရဲ့ Horizon Series (Sat & Sun Program) မှာ ကလေးတို့ရဲ့ အသက်အရွယ်အလိုက် အဆင့်ဆင့် လေ့လာနိုင်မယ့် အထူးတန်းခွဲ (၄) ခုကို အသေးစိတ် ပြင်ဆင်ထားပါတယ်ရှင်။
✨ Horizon Series Program (၄) ဆင့် ✨
👶 ၁။ Horizon Spark (Age: 3 - 5) | Foundation Stage
👦 ၂။ Horizon Dawn (Age: 5 - 7) | Beginner Stage
🧑 ၃။ Horizon Explorer (Age: 7 - 9) | Intermediate Stage
🚀 ၄။ Horizon Innovator (Age: 9 - 12) | Advanced Stage
💡 ဘာကြောင့် Top Genius ရဲ့ Horizon Series ကို ရွေးချယ်သင့်တာလဲ?
စာအုပ်ထဲက စာချည်းပဲ မဟုတ်ဘဲ လက်တွေ့ Activity များ၊ Project-Based Learning များဖြင့် သင်ကြားပေးခြင်း။
အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ သာမကဘဲ နည်းပညာ (ICT) နှင့် Digital Skills များကိုပါ အသက်အရွယ်အလိုက် စနစ်တကျ ပေါင်းစပ်ပေးထားခြင်း။
စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေကို အကျိုးရှိရှိ ဖြတ်သန်းနိုင်ခြင်း။
သားသားမီးမီးတို့ရဲ့ စွမ်းရည်တွေကို အကောင်းဆုံး ဖော်ထုတ်ပေးဖို့နဲ့ တောက်ပတဲ့ အနာဂတ်တစ်ခုကို အတူတူ တည်ဆောက်ဖို့ အခုပဲ Horizon Series မှာ စာရင်းပေးသွင်း လိုက်ရအောင်နော်။
📞 အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် ကျောင်းအပ်နှံရန်:
📱 Phone: 09 444 700 622 09 444 700 633
📍 Address:အမှတ် ၂၁ ၊ရှမ်းလမ်း၊ ညောင်ရွှေဟော်ကုန်းရပ်
05/06/2026
စာအုပ်ထဲက စာတင်မကဘဲ... ကလေးတို့ ပျော်ရွှင်စွာ သင်ယူရာ Top Genius Private School ဆီ ဖေဖေမေမေတို့ ကိုယ်တိုင်လာရောက် လေ့လာဖို့ ဖိတ်ခေါ်ပါရစေ....
ကျောင်းတစ်ကျောင်းရဲ့ အရည်အသွေးဆိုတာ စာသင်ခန်းထဲမှာတင်မကဘဲ ကလေးတွေ ဖြတ်သန်းရမယ့် ပတ်ဝန်းကျင်ပေါ်မှာပါ အများကြီး မူတည်ပါတယ်။
သင့်ရင်သွေးရဲ့ ဒုတိယအိမ်ဖြစ်လာမယ့် Top Genius မှာ ဘယ်လို Safe & Smart Environment မျိုး ဖန်တီးပေးထားလဲဆိုတာ... မိဘတွေကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ လာရောက်လေ့လာကြည့်စေချင်ပါတယ်ရှင့်။
✅ ကျောင်းကို လာရောက်လည်ပတ်တဲ့အခါ ဘာတွေလေ့လာနိုင်မလဲ?
📔ကလေးတွေ စိတ်အေးချမ်းသာစွာနဲ့ ဘေးကင်းလုံခြုံစွာ ဆော့ကစားရင်း သင်ယူနိုင်မယ့် ခေတ်မီစာသင်ခန်းတွေ
📔ကလေးတို့ရဲ့ တွေးခေါ်မှုနဲ့ နည်းပညာစွမ်းရည်ကို မြှင့်တင်ပေးမယ့် လက်တွေ့သင်ကြားရေး အထောက်အကူပြု ကိရိယာတွေ 💻
📔ကလေးတွေကို အနီးကပ် နွေးထွေးစွာ ပြုစုပျိုးထောင်ပေးမယ့် ကျွမ်းကျင်ဆရာ/ဆရာမများနှင့် တိုက်ရိုက်တွေ့ဆုံကာ သားသမီးရဲ့ ပညာရေးအတွက် အကြံဉာဏ်ရယူနိုင်မယ့်အပြင် 👩🏫
📔မြန်မာအစိုးရသင်ရိုးသစ်ကိုမှ 5Cs Skills၊ Olympiad Maths၊ English 4-Skills နဲ့ Moral Application တွေနဲ့ ဘယ်လို ပေါင်းစပ်ပုံဖော်ပေးသွားမလဲဆိုတာ အသေးစိတ် ဆွေးနွေးနိုင်ဦးမှာဆိုတော့
📍 Top Genius ရဲ့ Campus ကို လေ့လာရင် သင့်ရင်သွေးအနာဂတ်အတွက် ဆွေးနွေးလိုက်ရအောင်.....
📅 ရက်ရက်စွဲ: တနင်္လာနေ့မှ စနေနေ့အထိ
⏰ အချိန်: နံနက် ၉:၀၀ နာရီ မှ ညနေ ၄:၀၀ နာရီအထိ
🏠 ကျောင်းလိပ်စာ: အမှတ် (၂၁)၊ ရှမ်းလမ်း၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ တောင်ကြီးမြို့
မိဘတွေကိုယ်တိုင် စိတ်ချ၊ ကလေးတွေလည်း ပျော်ရွှင်ရမယ့် ပညာရေးခြေလှမ်းကို... Top Genius မှာ အတူတူ စတင်လိုက်ရအောင်။
📞 ဖေဖေမေမေတို့အနေနဲ့ ကျောင်းလာရောက်လေ့လာမည့်အချိန်ကို
Page Messenger မှတစ်ဆင့် ဖြစ်စေ၊ ဖုန်းနံပါတ် 09444700633/09444700622 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။
05/06/2026
သင်ပေးလိုက်တဲ့စာတွေကို အလွတ်ကျက်နိုင်ရုံနဲ့ သင့်ကလေးရဲ့ အနာဂတ်က တကယ်ရော စိတ်ချရပြီလား?
စာအုပ်ထဲက အသိပညာအပြင် လက်တွေ့ဘဝမှာပါ ထူးချွန်တဲ့ Genius လေးတွေအဖြစ် ပြုစုပျိုးထောင်ပေးဖို့ Top Genius က အသင့်ရှိနေပါပြီ။
📚ကလေးက စာတော့ရတယ်၊ ဒါပေမဲ့ လူမှုဆက်ဆံရေးနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပိုင်းမှာ အားနည်းနေလား?
📚အစိုးရသင်ရိုးကိုတော့ သင်ချင်တယ်၊ ဒါပေမဲ့ ခေတ်နဲ့အညီ Activity တွေ၊ Skill တွေပါ တွဲသင်ပေးမယ့်ကျောင်းမျိုး ရှာမတွေ့ဖြစ်နေလား?
📚တောင်ကြီးရဲ့ အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ ကလေးကို စိတ်အေးလက်အေးနဲ့ အနီးကပ်ဂရုစိုက်မှုအပြည့်ပေးမယ့် ကျောင်းမျိုးကို လိုလားနေပါလား?
ဒါဆို ဖေဖေမေမေတို့ ရှာဖွေနေတဲ့ အဖြေဟာ Top Genius မှာ တိတိကျကျရှိနေပါပြီ။
🏠Top Genius ဟာ ဘယ်လိုကျောင်းမျိုးလဲ
Top Genius ဆိုတာ တောင်ကြီးမြို့မှာရှိတဲ့ ကလေးတစ်ဦးချင်းစီရဲ့ မွေးရာပါပါရမီ ကို ရှာဖွေဖော်ထုတ်ပေးပြီး "Genius Seeds, Great Deeds" ဆိုတဲ့အတိုင်း ကြီးမြတ်တဲ့အနာဂတ်တွေဖြစ်လာအောင် ပျိုးထောင်ပေးနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်ရှင်........
📘ဘာတွေသင်မှာလဲ
ကျွန်မတို့ဆီမှာ မြန်မာအစိုးရသင်ရိုးကို အခြေခံပြီး ခေတ်မီသင်ကြားရေးစနစ်တွေနဲ့ ပေါင်းစပ်သင်ကြားပေးမှာဖြစ်ပါတယ်။
📌KG တန်းမှစ၍ မူလတန်းအဆင့် (Primary) ဘာသာရပ်တွေဖြစ်တဲ့
📚Myanmar
📚English
📚Mathematics
📚Science
📚Social Studies
📌ဒါတင်မကသေးဘဲ ကလေးတို့၏ ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတဲ့ လက်တွေ့ပြုလုပ်ရသော Hands-on Activities များဖြစ်တဲ့
🏸P.E 🎻Music 🎨Art 🦁Moral 🐌Life Skills တွေအပြင်
ခေတ်သစ်ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်စေဖို့
📗English 4 Skills📓Library 🎲STEM 🔑Olympiad
👾ICT စတဲ့ Extra Subject တွေကိုပါ သင်ကြားပေးဦးမှာဆိုတော့ ဘက်စုံတော်တဲ့ ကလေးတစ်ယောက်ဖြစ်စေချင်တဲ့ ဖေဖေမေမေတို့ရဲ့ ဆန္ဒနဲ့ လုံးဝကွက်တိပါပဲရှင်....
✅ဘယ်လို Teacher တွေက သင်မှာလဲ
ကလေးတွေကို စာသင်ပေးရုံတင်မကဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာပါ နွေးထွေးစွာ လမ်းပြပေးမယ့် Top Genius ရဲ့ စနစ်တကျ လေ့ကျင့်ပေးထားတဲ့ အတွေ့အကြုံရှိ ကျွမ်းကျင်ဆရာ/ဆရာမများ ကိုယ်တိုင် သင်ကြားပြသပေးမှာ ဖြစ်ပါတယ်။
📌ဒါ့အပြင်အတန်းတစ်ခုမှာ ကျောင်းသား (20)သာလက်ခံပြီး Teacher to Student Ratio ကို စနစ်တကျ ကန့်သတ်ထားလို့ ကလေးတိုင်းကို အနီးကပ် ဂရုစိုက်မှု ပေးနိုင်ပါ့မလား စိုးရိမ်စရာမလိုတော့ပါဘူး။
⭐Why Top GENIUS?
💠Top Genius ဟာလူဦးရေအကန့်အသတ်ဖြင့်သာ လက်ခံတာကြောင့် ကလေးတစ်ဦးချင်းစီရဲ့ အားသာချက်/အားနည်းချက်ကို အသေအချာ သိရှိပြုပြင်ပေးနိုင်ခြင်း။
💠အစိုးရသင်ရိုး + ပြင်ပ Activities များ မျှတစွာ ပေါင်းစပ်ထားခြင်း။
💠အိမ်ကလို နွေးထွေးပြီး ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ရှိခြင်း။
ဖေဖေမေမေတို့ရဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဟာ သားသားမီးမီးတို့ရဲ့ တောက်ပတဲ့အနာဂတ်ဖြစ်တာကြောင့် Top Genius နဲ့အတူ ပညာမျိုးစေ့စိုက်ပျိုးဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင်...
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
📍 မေလ (၂၂) ရက်နေ့တွင် အတန်းသစ်များ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။
ကျောင်းဝင်ခွင့်နှင့် ပတ်သက်၍ အသေးစိတ်စုံစမ်းလိုပါက -
📞 Phone: 09 250 635 598
🏠 Address: အမှတ် (၂၁)၊ ရှမ်းလမ်း၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ တောင်ကြီးမြို့။
💬 Messenger: Top Genius Page သို့ အခုပဲ "Enroll" ဟု စာပို့မေးမြန်းနိုင်ပါသည်။
04/06/2026
ဖေဖေမေမေတို့ရဲ့ အဖိုးတန်ဆုံးမျိုးစေ့လေး... ဘယ်လိုကြီးထွားလာမှာလဲ...စိတ်ကူးကြည့်ဖူးလား...
ကလေးတစ်ဦးချင်းစီမှာ မတူညီတဲ့ ထူးခြားတဲ့ ပါရမီ ကိုယ်စီ ရှိကြပါတယ်။
ဒါပေမဲ့ အဲ့ဒီပါရမီမျိုးစေ့လေးတွေက ပုံမှန်အတိုင်းပဲ ကြီးထွားလာမှာလား?
ဒါမှမဟုတ် ကြီးမြတ်တဲ့ အနာဂတ်တွေအဖြစ် ပြောင်းလဲလာမှာလား...ဆိုတာကတော့ ဒီနေ့ မျိုးစေ့ချပေးလိုက်တဲ့ မြေဆီလွှာ ပေါ်မှာပဲ မူတည်ပါတယ်.....
Top Genius မှာ ကျွန်မတို့ ယုံကြည်တာတစ်ခုရှိပါတယ်။
ကလေးတွေကို လူအုပ်ကြီးထဲက တစ်ယောက်အဖြစ် မသတ်မှတ်ဘဲ သူတို့ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေကို အနီးကပ် ရှာဖွေပြုစုပျိုးထောင်ပေးဖို့ပါ။ 🏫🌟
စာတတ်ရုံတင်မကဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့၊ ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ ပါရမီရှင်လေးတွေအဖြစ် စနစ်တကျ ပုံဖော်ပေးသွားမယ့် Top Genius ရဲ့ ခရီးစဉ်သစ်မှာ
ပါရမီမျိုးစေ့များကို ပြုစုပျိုးထောင်ရင်း၊ ကြီးမြတ်သောအနာဂတ်များကို အတူတူ ဖန်တီးဖို့ ဖေဖေမေမေမေတို့ Ready ပဲလားရှင့်....
Top Genius ရဲ့ အတန်းသစ်တွေအကြောင်း အသေးစိတ်ကို မကြာမီမှာ စတင်မိတ်ဆက်ပေးတော့မှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦး ဖေဖေမေမေတို့ရေ......
📍 09 444 700 633 09 444 700 622
🏠 No. 21, Shan Street, Nyaungshwehawkone Qtr, Taunggyi.