SSBU eLearn

SSBU eLearn

Share

Shan State Buddhist University (SSBU) founded in 2014 byVen. Prof. Dr. K. Dhammasami (DPhil.

Oxford) is the first Buddhist university established in Shan State, Myanmar.

17/11/2025

ကလေးငယ်များ (KG) အရွယ်မှစ၍ ဆယ်ကျော်သက် (Grade 12) အထိ "စိတ်ခံစားမှုမြင့်မားရေး (Emotional Intelligence)" သင်တန်း တရားတော်များကို SSBU eLearn နှင့် WasoLearn application များကနေ လေ့လာသင်ယူနိုင်ပါပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

သင်တန်းအကြောင်း အကျဉ်းချုပ်

ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာအရှင်ဓမ္မသာမိမှ စိတ်ခံစားမှုမြင့်မားရေး (Emotional Intelligence)၏ အရေးပါပုံ၊ မိမိစိတ်ကို နားလည်ပိုမိုနားလည်ပြီး လက်တွေ့ဘဝတွင် အသုံးချတတ်စေရန် အသေးစိတ် ဟောကြား ချီးမြှင့်ထားပါသည်။

သင်တန်း၏ အဓိက ရည်ရွယ်ချက်

- ကလေးငယ်များ (KG) အရွယ်မှစ၍ ဆယ်ကျော်သက် (Grade 12) အထိ အသက်အရွယ်အလိုက် မိမိကိုယ်ကို နားလည်မှု (Self-awareness) ရှိစေရန်။

- အခြားသူများအပေါ် နားလည်မှု၊ ကိုယ်ချင်းစာတရား (Empathy) ပိုမို ထားရှိတတ်စေရန်။

- မိမိ၏ စိတ်ခံစားချက်များကို အကောင်းဆုံး ထိန်းကျောင်းရင်း ပညာရေး၊ လူမှုရေး နှင့် ဘဝအောင်မြင်မှုများဆီသို့ ယုံကြည်မှုရှိရှိ လျှောက်လှမ်းနိုင်ရန်။

SSBU eLearn Application Download ရယူရန်
• Android- https://shorturl.at/wEHQ5
• IOS - https://shorturl.at/FGRS8
• Website - https://ssbu.strategyfirst.edu.mm/

Waso Learn Application ကို download ဆွဲရန်
(Android အသုံးပြုသူများအတွက်)
👉 Waso Learn KG-12 : https://bit.ly/Waso_G10to12
(iOS အသုံးပြုသူများအတွက်)
👉 Waso Learn KG-12 :
https://apps.apple.com/mm/app/waso-learn/id1531073432
များမှ လွယ်ကူစွာ download ဆွဲနိုင်ပါတယ်။

(ယခု video သည် KG ကလေးငယ်များအတွက် ဟောကြားပေးထားတဲ့ စိတ်ခံစားမှုမြင့်မားရေး အတွက် ဟောကြားထားတဲ့ video ဖြစ်ပါတယ်။ ဆက်လက်လေ့လာလိုပါက SSBU eLearn နှင့် Waso Learn KG-12 application များကနေ လေ့လာ သင်ယူနိုင်ပါသည်။)

Photos from အောက်စဖိုဒ့်ဆရာတော် ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ's post 29/10/2024

စာမူများဖိတ်ခေါ်ခြင်း

စာမူများကို၂၀၂၄ခုနှစ် နိုဝင်ဘာ(၁၅)ရက်နေ့အထိ နောက်ဆုံးထား၍ ပို့ပေးပါရန် မေတ္ထာရပ်ခံပါသည်။

ဆက်သွယ်ရန်။ ။

ပညာရေးရုံး
ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်
ဘုရားဖြူရပ်၊ တောင်ကြီးမြို့

Email: [email protected]

Phone & Viber : 09793119350

07/09/2024

မုဒိတာ အကြိမ်ကြိမ်ပွားတဲ့အကျင့်ကို အနုမောဒနာ လို့ခေါ်တာ
▬▬▬▬▬
ခန္တီကျင့်စဥ်တရားတော် (၅) - အပိုင်း(၁)

★ ခေါင်းရော ပခုံးရော လက်တွေရော ကျကျနန ဖြေလျှော့ထား စိတ်လည်းဖြေလျှော့ထား။ ခန္ဓာကိုယ်လည်း ဖြေလျှော့ထား။ ဖြေလျှော့ထားပြီးတော့ အခု ဘုန်းဘုန်း အနုမောဒနာတရား အာရုံပြုပြီးတော့ ဆွေးနွေးတဲ့အချိန် နာရီဝက်လောက် ကြာကောင်းကြာနိုင်တယ်၊ မိနစ်လေးဆယ် ကြာကောင်းကြာနိုင်တယ်။

★ ဒီအချိန်တွင်းမှာ ဣရိယာပုတ်အဓိဋ္ဌာန်လေးလည်း လုပ်လိုက်အုန်း။ ဒီအချိန်အတွင်းမှာ ၅ ရက်စာ ကျင့်ကြံခဲ့တဲ့အတိုင်း မနက်တိုင်းမနက်တိုင်း ဘုန်းဘုန်း ပြောသလို ၃, ၄ မိနစ်တစ်ကြိမ် ကိုယ့်ဣရိယာပုတ်ကို ကိုယ်ပြန်ပြီး စီစစ်တဲ့ အကျင့်လေးလည်း အနုမောဒနာ တရာနာရင်းနဲ့ လုပ်ပါ။ ဒါ ရုပ်ကိုထောက်ပြီးတော့ စိတ်ကြည့်တာနော်။

★ အဲဒီလိုထောက်နိုင်တဲ့ ပုဂ္ဂိုလ်၊ ကိုယ့်စိတ်ကို ကြည့်နိုင်တဲ့ ပုဂ္ဂိုလ် ကမှ အနုမောဒနာဆိုတဲ့ အဓိပ္ပါယ်ကို နားလည်နိုင်မယ်။ မဟုတ်ရင် အနုမောဒနာဆိုတာ အလှူအတန်းလုပ်တဲ့အခါမှာ ဘုန်းဘုန်းတွေ ဟောတဲ့တရားကို အနုမောဒနာ၊ ဒီလိုတရားစခန်း သိမ်းတဲ့အခါမှာ ဟောတဲ့တရားကို အနုမောဒနာလို့ အဲဒီလို ထင်နိုင်တယ်။

★ အမှန် အနုမောဒနာဆိုတာက မုဒိတာ အကြိမ်ကြိမ်ပွားတဲ့အကျင့်ကို အနုမောဒနာ လို့ခေါ်တာ။ သူက psychological process စိတ်ပိုင်းဆိုင်ရာ အရာတစ်ခုတည်းကို ခဏခဏ ပြန်တွေးပြီးတော့ တွေးတိုင်း ဝမ်းမြောက်ဝမ်းသာဖြစ်နေတာ အနုမောဒနာဖြစ်နေတယ်။

★ ဘုန်းဘုန်းပြောတာက အနုမောဒနာကထာ၊ ကထာဆိုတာလေးပါတယ်။ အဲဒီ အနုမောဒနာ စိတ်ဖြစ်အောင် တိုက်တွန်းတဲ့စကား။ အခု တရားဟောတာက အနုမောဒနာကထာလေးပါတယ်။ အဲဒီ ကထာကို မြန်မာလို တရား၊ အနုမောဒနာတရား။ အနုမောဒနာ သက်သက်ဆိုရင် သူက ဘာဝနာပါ။

★ အဲဒီတော့ အနုမောဒနာပွားတယ်ဆိုတာ ဘုန်းဘုန်းတို့ ကိုယ့်တိုင်းပြည် အနေအထားရော ကမ္ဘာအနေအထားရော ပူလောင်နေတဲ့အချိန်မှာ ရာသီဥတုလည်း ပူလောင်နေတဲ့အချိန် လူ့လောက ဆက်ဆံရေးကလည်းပဲ တနိုင်ငံနဲ့တနိုင်ငံ တအုပ်စုနဲ့တအုပ်စု အဲဒီလို ပူလောင်နေတဲ့အချိန် ဒီဘက်ကမီးတွေ ပွားနေတဲ့အချိန် အဲဒီအချိန်မှာ အရှင်ဘုရား ဘယ်လိုလုပ်ပြီး အနုမောဒနာ ပွားနိုင်တုန်း။ ဘယ်လိုလုပ်ပြီးတော့ အနုမောဒနာကထာ ဆိုနိုင်တုန်း ဒီလို စဥ်းစားစရာရှိတာပေါ့။

★ ဒါကြောင့်မို့လို့ အနုမောဒနာ ပွားနိုင်အောင် တနည်းအားဖြင့် ပြောမယ်ဆိုရင် မုဒိတာစိတ်ဖြစ်အောင် အခြေခံလေးတွေ၊ အခြေခံမရှိတဲ့ပုဂ္ဂိုလ်လည်း အခြေခံ ၅ရက် ကြိုးစားပြီးတော့ အဓိဋ္ဌာန်လုပ်ပြီးပြီ၊ အဓိဋ္ဌာန်အောင်လာပြီ။ အခြေခံသားရှိသားပုဂ္ဂိုလ်တွေကိုလည်း ဒီ ၅ ရက်အတွင်းမှာ ဂီယာတစ်ခု တင်းပြီးတော့ တခါတည်း ထပ်မံပြီးတော့ အားဖြည့်တယ်။ အားသစ်ထပ်လောင်းတယ်ပေါ့။

★ အားသစ်ထပ်လောင်းတာ အဲဒီ လောင်းပုံလောင်းနည်းလေး ပြန်ပြီးတာ့ recap လုပ်ရမယ်ဆိုရင်တော့ ဘုန်းဘုန်းအနေနဲ့ ရှေ့ကနေ ဟောတာရှိတယ်၊ တရားအနည်းအကျဥ်းဦးဆောင်တာ တရားထိုင်တာ ဦးဆောင်တာရှိတယ်၊ ဒုပါ‌မောက္ခချုပ်ဆရာတော် တောင်ပေါက်ဆရာတော် ဦးဆောင်တဲ့အချိန်ရှိတယ်။

★ တာဝန်ခံ မဟာဌာနမှူးဆရာတော် ဦးဆောင်တဲ့အချိန်ရှိတယ်။ ကထိက ဆရာတော် ဦးတိက္ခဝံသလင်္ကာရာ ဦးဆောင်တဲ့အချိန်ရှိတယ်။ အဲဒီလိုပေါ့နော် လေးပါး အဓိကထားပြီးတော့ ဘုန်းဘုန်းတို့တွေ ရတဲ့အချိန်လေး သိထားသလောက်လေး မျှဝေပေးကြတယ်။

★ ဘုန်းဘုန်းအနေနဲ့ ပြန်ပြီးတော့ recap လုပ်မယ်ဆိုရင်တော့ ခန္တီတရား တစ်ခုတည်းကို ဦးတည်တာမှာ ခန္တီက အမြင့်ဆုံးအကျင့်လို့ ဗုဒ္ဓမြတ်စွာဘုရားဟောထားတာ ဘုန်းဘုန်းလည်း ကိုယ့်ဟာကိုယ် နားလည်အောင် explore လုပ်နေတဲ့အချိန်မှာ ဘယ်လိုလုပ် အမြင့်ဆုံးတုန်း။

★ အမြင့်ဆုံးလို့ ပြောရင် မဂ္ဂင်ရှစ်ပါး ဘယ်မှာတုန်း၊ ဗြဟ္မာစိုရ်လေးပါးက ဘယ်မှာတုန်း၊ သတိပဋ္ဌာန်လေးပါးဘယ်မှာတုန်း၊ အဲဒီလို မေးခွန်းတွေနဲ့ မေးပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း ဒီခန္တီတရားကို ရှာဖွေစူးစမ်း စိတ်ထဲမှာ ရှာဖွေတယ်၊ စူးစမ်းတယ်၊ ထိုင်ကြည့်တယ်။

★ ဝေဒနာကြည့်ရင်းနဲ့ ခန္တီတရားရှာတယ်။ စိတ်လွှင့်တာ၊ စိတ် တွေးတာ၊ စိတ် ဆင်ခြင်တာ အဲဒါ ကြည့်ပြီးတော့ ခန္တီတရားရှာတယ်။ စာလည်းကြည့်တယ် တရားလည်းနာတယ်။

★ တနေ့က ယောဂီတို့ပြောသလို ပြောတဲ့စကာနားလည်အောင်ဆိုရင် အဲဒါ တရားနာရတဲ့ ပရိယတ္တိအလုပ်လုပ်ရတယ်၊ စာကြည့်ရတယ်။ မပြောတဲ့အရာ နားလည်အောင်ဆိုရင် ဒါ ကိုယ့်ရဲ့ရုပ်နာမ်ကို ထိုင်ပြီးတော့ ကြည့်ရတယ်၊ ကိုယ့်ခန္ဓာငါးပါး ထိုင်ပြီးတော့ ကြည့်ရမယ်။

★ ဘယ်ကနေ စကြည့်တုန်း၊ ဝင်လေထွက်လေ စကြည့်တယ်။ ပြီးရင် အတော်နေကြတော့ ဖြစ်ပေါ်လာတဲ့ ဝေဒနာကြည့်ပြီးတော့ ခန္တီ ထည့်ပြီးတော့ explore လုပ်တယ်၊ ရှာတယ်၊ စိတ်လွှင့်တယ်။ စိတ်က ဝေဒနာ ကြည့်ရင်းနဲ့ လွှင့်တဲ့စိတ်ကြည့်ရင်းနဲ့ သို့လောသို့လော စိတ်တွေ ဖြစ်လာရင် အဲဒီစိတ်လေးကို ကြည့်ပြီးတော့ ခန္တီတွေရှာတယ်။

★ “ခန္တီပရမံ တပေါ တိတိက္ခာ” မြတ်စွာဘုရား တရားတော်ကို ယုံကြည်ပြီးတော့ အမြင့်ဆုံးအကျင့်ဆိုတဲ့ နုတ်ကပတ်တော်ကနေ ထွက်လာတဲ့ စကား၊ မြတ်စွာဘုရားကိုယ်တော်တိုင် အကြိမ်ပေါင်း ၄၇၀ လောက် အဲဒီ သြဝါဒပါတိမောက်ကို repeat လုပ်သွားတယ်။ အရေးကြီးလွန်းလို့မို့ ထပ်ခါထပ်ခါ မိန့်သွားတယ်။

★ ခန္တီပါရမီကို ဘုန်းဘုန်းတို့က လိုက်ရှာတာနော်။ ခန္တီလိုက်ရှာတယ်ဆိုတော့ ခန္တီမရှိတာကို မြင်အောင်ကြည့်တာပေါ့။ မပြောတာကို နားလည်အောင် ရုပ်နာမ်ကို ကြည့်တယ်၊ အဲဒါကို ပဋိပတ်လို့ခေါ်တာ။ အဲဒါကြောင့် ပြောတာကိုလည်း နားလည်ပြီး မပြောတာကိုလည်း နားလည်ပြီ၊ နှစ်ခုစလုံး နားလည်သွားရင်တော့ ပဋိဝေဒ ဖြစ်တာပေါ့။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏

(၁၅.၄.၂၀၂၄) ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တွင် ဟောကြားတော်မူခဲ့သော “သင်္ကြန်တွင်းတရားစခန်း တရားတော် ခန္တီကျင့်စဥ် - အပိုင်း(၅)” အသိမ်းတရားတော်မှ စာစီပူဇော်ပါသည်။

Photos from SSBU eLearn's post 18/07/2024

“ဘဝတွက်တာ အဘိဓမ္မာ” အခမဲ့သင်တန်း ကို SSBU eLearn Application တွင် သင်တန်းတက်ရောက်နိုင်ပါပြီ
--
SSBU eLearn Application Download ရယူရန်
• Android- https://shorturl.at/wEHQ5
• IOS - https://shorturl.at/FGRS8
• Website - https://ssbu.strategyfirst.edu.mm/
--
“ဘဝတွက်တာ အဘိဓမ္မာ” သင်တန်းကို ဘယ်လိုလူတွေ တက်ရောက်သင့်သလဲ?
• အဘိဓမ္မာကို သင်ယူဖို့သင့်/မသင့် စဉ်းစားရခက်နေသူများ၊
• အဘိဓမ္မာကို ဘာကြောင့် သင်ကြားရသလဲဆိုသည်ကို နားလည်လိုသူများ၊
• အဘိဓမ္မာသည် လက်တွေ့ဘဝနှင့် မည်သို့သက်ဆိုင်သည်ကိုသိရှိလိုသူများ၊
• အဘိဓမ္မာကို စတင်လေ့လာရန်အခက်တွေ့နေသူများ တက်ရောက်သင့်ပါသည်။
သင်တန်းအကြောင်းအကျဉ်းချုပ်
• အဘိဓမ္မာကို အခြေခံကျကျ နားလည်ခြင်းနှင့် ခြုံငုံသုံးသပ်ခြင်း၊
• အဘိဓမ္မာနှင့် ဘုရားရှင်ဟောကြားခဲ့သည့်တရားများ ဆက်စပ်ပုံကိုလေ့လာခြင်း၊
• နေ့စဥ်သုံးစွဲလျက်ရှိသည့် အမည်နာမ’ပညတ်’များနှင့် အနှစ်သာရ’ပရမတ်’တို့ကို မိတ်ဆက်ခြင်း၊
• စိတ်အညစ်အကြေးများ (အကုသိုလ်စေတသိက်) သဘာဝကိုလေ့လာခြင်း၊
• စိတ်စင်ကြယ်ဖြူစင်မှု (သောဘနစေတသိက်) စွမ်းအားများကိုလေ့လာခြင်း၊
• စိတ်နှင့် ရုပ်ခန္ဓာတို့၏ သဘာဝနှင့် ဆက်စပ်မှုများ၊
• မိမိတို့၏ရုပ်ခန္ဓာနှင့် ပတ်ဝန်းကျင်အကြောင်း၊
• မိမိတို့ပြုလုပ်သည့် ကံအားလျော်စွာ သတ္တဝါများဖြစ်ရာ ဘဝများကို ခြုံငုံလေ့လာရပါမည်။
သင်ကြားမည့်ပုံစံ -
- သင်ကြားမည့်ပုံစံမှာ သင်ခန်းစာများကို SSBU eLearn Mobile Application မှတစ်ဆင့်လေ့လာရပါမည်။ Unit အလိုက် ဗီဒီယိုသင်ခန်းစာ၊ မှတ်စု ၊ Quiz များလေ့လာရပါမည်။ Unit အလိုက်သင်ခန်းစာများမှာ Quiz များကို အောင်မြင်အောင်ဖြေဆိုပေးရပါမည်။
- Quiz များအကုန်အောင်မြင်ပြီးပါက Final End Course Test ဖြေဆိုပေးရမည်ဖြစ်ပြီး Final Assignment A4 တစ်မျက်နှာစာ Assignment (၁) ခု ကိုလည်း တင်ပေးရပါမည်။
- Unit Quiz, Final End Course Test နှင့် Final Assignment များ အောင်မြင်ပြီးပါက Certificate) ချီးမြှင့်ပေးမည် ဖြစ်ပါသည်။
သင်ကြားမည့်ဆရာ
- ဒေါက်တာယုဇနဉာဏီ
Dhammācariya,
BA, MA, MPhil, PhD
Associate Professor,
International Theravāda Buddhist Missionary University (ITBMU);
Lecturer, Shan State Buddhist University (SSBU);
Principal (Academic), Sakyadhītā Buddhist College (SBC)

19/01/2024

“ပျော်နိုင်ပါရဲ့နဲ့ ပျော်ဖို့မေ့နေသူများ” နှင့် “ကရုဏာအသိနဲ့ စိတ်ခံစားမှုဖွံ့ဖြိုးရေးနည်းလမ်း - Emotion Management and Mindful Compassion” ဒီအပေါ် အခြေခံပြီးတော့ ဟောထားတဲ့ ဓမ္မအမေးအဖြေ

တစ်ယောက်တည်းသီးသန့်ဖြစ်တယ်လို့
ခံစားရတဲ့အခါ ဘယ်လို စိတ်ထားရမလဲ?
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
တိုင်းပြုပြည်ပြု ကရုဏာစွမ်းရည် - ဓမ္မအမေးအဖြေ

👩 မေး။ ။ ဘုန်းဘုန်းဘုရား တပည့်တော်ရဲ့ ပြဿနာလေးကို ဆွေးနွေးချင်လို့ပါ ဘုရား။ တပည့်တော် သူငယ်ချင်းတွေလည်း ရှိတယ်ဘုရား။ ဒါပေမဲ့ သူငယ်ချင်းတွေရှိပေမဲ့ သူတို့နဲ့ လိုက်လျောညီထွေမှုမရှိဘဲနဲ့ isoloated ဖြစ်နေတာဘုရား။ စကားလည်း မပြောချင်ဘူး သူတို့နဲ့၊ အဲလို တစ်ယောက်တည်း ဖြစ်နေတာဘုရား။ အဲလို စိတ်အခြေအနေနဲ့ဆိုရင် ဘယ်လို စိတ်ထားရမလဲဆိုတာ အကြံလေးပေးပါ ဘုရား။

💡 ဖြေ။ ။

★ ကောင်းပြီ ဘုန်းဘုန်း နှစ်ခုပြောပြမယ်။ ဘုန်းဘုန်း စာအုပ်နှစ်အုပ်ရေးထားတယ် စာကြည့်တိုက်ထဲမှာ လှူထားမယ်။ မုဒိတာ ဒါက အရင်တစ်ပတ်ကမှ ထုတ်ထားတဲ့ စာအုပ် - “ပျော်နိုင်ပါရဲ့နဲ့ ပျော်ဖို့မေ့နေသူများ” တဲ့။ ဒါ မုဒိတာအကြောင်း။

★ ဒီစာအုပ်က ကရုဏာ “ကရုဏာအသိနဲ့ စိတ်ခံစားမှုဖွံ့ဖြိုးရေးနည်းလမ်း - Emotion Management and Mindful Compassion” ဒီအပေါ် အခြေခံပြီးတော့ ဘုန်းဘုန်း ဖြေသွားမယ် သမီးရဲ့ ပြဿနာကို။

★ မုဒိတာကနေ စရအောင် positive ကနေ။ သမီးက အင်ဂျင်နီယာကျောင်းသူဖြစ်အောင်ဆိုရင် စာတွေ အများကြီးအောင်ခဲ့တယ်။ မူလတန်းအောင်ခဲ့တယ် တစ်တန်းအောင်ခဲ့တယ်၊ မှတ်မိတဲ့ဟာတွေ ပြန်တွေးပြီးတော့ ကိုယ့်ဟာကိုယ် ဂုဏ်ယူပါ။ ဂုဏ်ယူစရာ အများကြီးရှိတယ်။

★ သူများဂုဏ်ယူသည်အထိ စောင့်မနေနဲ့၊ သူများလက်ခံမှ ကိုယ်က ပျော်ရွှင်တယ်ဆိုရင် ကိုယ့်ရဲ့ ပျော်ရွှင်မှုသော့ချက်က သူများလက်ထဲမှာတဲ့။ ဒါကြောင့် သူများလက်ထဲမှာ ကိုယ့်ရဲ့ ပျော်ရွှင်မှုသော့ချက်သွားပြီးတော့ အပ်မထားနဲ့။ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ တကယ်ချစ်ပါ။

★ ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုရင် သူများလာပြီးတော့ ချီးမွမ်းစရာမလိုဘဲနဲ့၊ သူများက ကိုယ့်ကိုလာပြီး အဖက်လုပ်စရာ မလိုဘဲနဲ့ ကိုယ့်ဟာကိုယ် ပျော်ရွှင်နိုင်တဲ့စွမ်းရည်ရှိတယ်တဲ့။ ဒီပျော်ရွှင်မှုကို ဘုန်းဘုန်းက သြဂဲနစ် (Organic) လို့ခေါ်ချင်တယ်။

★ ကိုယ့်လုံ့လ ၀ီရိယနဲ့ ကိုယ့်အစွမ်းအစနဲ့ သူဖြစ်လာတာ။ ဒါပေမဲ့ ကိုယ့်ရဲ့မုဒိတာ တစ်ခုတည်းနဲ့တော့ မလုံလောက်သေးဘူး။ ကိုယ်တစ်ယောက်တည်းနဲ့ နေနိုင်တဲ့လူ တစ်ယေက်မှမရှိဘူး ဒီအခန်းထဲမှာ။ ဒီနိုင်ငံထဲမှာ ဘယ်သူမှ မရှိဘူး။ ဒီကမ္ဘာပေါ်မှာ ဘယ်သူ မရှိဘူး။ သူများကို မှီခိုရတဲ့ လူတွေကြည့်ပဲ။

★ အင်ဂျင်နီယာကလဲပဲ သူ workmen တွေ တခြားလူတွေကို အားကိုးရတယ်၊ architect တွေကို အားကိုးရတယ်၊ architet လည်းပဲ structure အင်ဂျင်နီယာတွေ MNE အင်ဂျင်နီယာတွေ တခြားလူတွေ အားကိုးရတယ်။ တစ်ယောက်တည်း နေလို့မရဘူး။

★ ဒါကြောင့်မို့လို့ မုဒိတာလည်းပဲ ကိုယ့်အကြောင်းပဲ ကိုယ်တွေးပြီးတော့ ဂုဏ်ယူနေရင် ဒါမပြီးသေးဘူး self-centered ဖြစ်တတ်တယ်။ ဒါကြောင့် ကိုယ်အားကျတဲ့လူ ကိုယ့်နဲ့ရင်းနှီးတဲ့လူ အဲ့ဒီလူတွေရဲ့ ကြိုးစားမှု သူတို့ရဲ့အောင်မြင်မှုကိုလည်းပဲ တွေးပြီးတော့ ဂုဏ်ယူပေးပါ။

★ အဲလို ဂုဏ်ယူတိုင်း မုဒိတာဖြစ်တိုင်း သမီးရဲ့ဦးနှောက်ထဲမှာ oxytocin ဆိုတဲ့ chemical ဖြစ်ပါတယ်။ ဒီ oxytocin ဆိုတဲ့ chemical ဖြစ်ရင် ဒါ ပျော်ရွှင်တဲ့ chemical ပဲ။ ဒီဟာဖြစ်ရင် စိတ်မညစ်တတ်တော့ဘူး။ စိတ်ညစ်တတ်တဲ့လူက စိတ်ညစ်စရာအကြောင်းတွေ တွေးတွေးပြီးတော့ cortisol ဆိုတဲ့ ဟိုမုန်းကို သူတို့ဟာသူတို့ ထုတ်လုပ်နေတာ။

★ ဒါကြောင့် သမီး ကိုယ့်ဟာကိုယ် မေးရမယ်။ Negative ဟော်မုန်းနဲ့ positive ဟော်မုန်း ဘယ်ဟာကို ရွေးပြီးတော့ ထုတ်နေတာတုန်း။ အဲဒီ ဟော်မုန်းတွေက emotion ပေါ်မှာ မူတည်တယ်။ Positive emotion ဆိုရင် positive ဟော်မုန်းထွက်လာတယ်။ Negative အတွေးဆိုရင် negative ဟော်မုန်း ထုတ်ပါတယ်။

★ ဘုန်းဘုန်းက ဒီမှာ တရားလာဟောတာ ဘာမှသိပ်ကြီး မပြင်ဆင်ရဘူး ဘာမှ သိပ်ပြီး invest မလုပ်ရဘူး။ နှစ်ပေါင်း အများကြီးကတည်းက ဒီလို microphone တွေ တီထွင်တဲ့ အင်ဂျင်နီယာတွေ ဘယ်နိုင်ငံမှန်း မသိဘူး နိုင်ငံပေါင်းမြောက်မြားစွာ တီထွင်ထားတယ်။

★ ဒီကျောင်းကြီးကို ဒီခန်းမကြီးကို ဆောက်ထားကြတယ်၊ ဒီ တရားပွဲကို စီစဉ်တဲ့ ဆရာတွေ ဆရာမတွေ ကျောင်းသားကျောင်းသူတွေ ဗုဒ္ဓဘာသာအသင်းတွေ ရှိတယ်၊ အဲဒါတွေ တွေးပြီးတော့ စိတ်ထဲမှာ ဘုန်းဘုန်းက ပီတိဖြစ်နေတာ။

★ အဲဒီအချိန်မှာ stress မဖြစ်တော့ဘူး ဒီမှာ တရားလာဟောမယ်ဆို stress မဖြစ်ဘူး။ ဘုန်းဘုန်း ဒီမနက် ဧည့်သည်တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ရော နောက် စာသင်ဖို့တွေနဲ့ရော အဲဒါမျိုးတွေ အများကြီး အလုပ်တွေများတာ ဒီလာဖို့အတွက် ဘုန်းဘုန်း ဘာမှမပြင်ဆင်ရပါဘူး။

★ စိ်တ်ထဲမှာ နှလုံးသားထဲမှာရှိတာတွေ ပြောတယ်။ ဘာဖြစ်လို့ stress မဖြစ်တုန်းဆိုတော့ ဒီဟော်မုန်းကို အဓိက ထားပြီးတော့ focus လုပ်ထားတယ်။ ဒီလာခါနီးမှာ ကြည့်စမ်းပါအုန်း တောင်ကြီးမြို့ ဒီ အင်ဂျင်နီယာတက္ကသိုလ်ရှိတာ ဘယ်လောက် ဂုဏ်ယူစရာကောင်းတုန်း? အင်ဂျင်နီယာကျောင်း သုံးဆယ်ကျော် တစ်နိုင်ငံလုံး ဘယ်လောက် ဂုဏ်ယူစရာကောင်းတုန်း?

★ နောက် တစ်နေ့က engineering council မှာ တရားသွားဟောတဲ့အခါကျတော့ ဘုန်းဘုန်းတို့ နိုင်ငံက အင်ဂျင်နီယာဘွဲ့တွေ တကမ္ဘာလုံးကလက်ခံအောင် accreditation process လုပ်ဖို့အတွက် လုပ်နေတဲ့ဟာတွေ အဲဒါတွေ ကြည့်ပြီးတော့ ဘုန်းဘုန်းက အဲ့ဒါကိုလည်း ဂုဏ်ယူတယ်။ ကြိုးစားပြီးလုပ်နေတဲ့လူတွေကို ဂုဏ်ယူတယ်။

★ အဲတော့ သမီးက ကိုယ့်မုဒိတာအကြောင်း၊ နောက်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အဖတ်မလုပ်တဲ့လူတွေလေ သူတို့အကြောင်း negative အတွေး သွားမတွေးနဲ့။ သူတို့မှာ ဒီအဆင့်ရောက်အောင် ဘာတွေ ကြိုးစားခဲ့ရတယ် အဲဒါလေးတွေကြည့်ပြီး သူတို့ကို ဂုဏ်ယူပေး။

★ အဲဒါဆိုရင် သူတို့က သမီးကို အဖက်လုပ်တာ မလုပ်တာ အဲဒါတွေက အရေးမပါတော့ဘူး။ ကိုယ်က သူတို့အတွက် ကောင်းတာပဲ တွေးတယ်ဆိုတော့ အင်္ဂလိပ်လို moral high ground လို့ခေါ်တယ် ကိုယ်က အမြင့်ကနေတယ်။ ဒါက ကရုဏာနဲ့ပဲ။

★ ဒါပေမဲ့ ဘုန်းဘုန်းတို့က တခါတခါ အားငယ်တဲ့စိတ်တွေဖြစ်တယ်၊ လူသားအနေနဲ့။ အားငယ်တဲ့စိတ်တွေ ဖြစ်တယ်ဆိုရင် လူ့လောကထဲမှာလေ fit in ဆိုတဲ့ ပြဿနာရှိတယ်။ Fit in ဆိုတာက ၀င်ဆန့်အောင်လုပ်ရတယ်။ မူလတန်းကျောင်းမှာဆိုလည်း မူလတန်းကျောင်းမှာ ၀င်ဆန့်အောင် သူငယ်ချင်းတွေ ရှိအောင် အဲဒါတွေ ကြိုးစားတယ်။

★ အလယ်တန်းဆိုအလယ်တန်း၊ အထက်တန်းဆို အထက်တန်း၊ တက္ကသိုလ်ဆို တက္ကသိုလ်။ တက္ကသိုလ်ပြီးရင် ပြီးရောလား မပြီးဘူး။ လုပ်ငန်းခွင် အလုပ်ဝင်တဲ့အခါကျတာ့ လူဝင်ဆန့်အောင် တခါ လုပ်ရပြန်ရော။

★ လုပ်ငန်းခွင် အောင်မြင်ပြီ လုပ်ငန်းခွင် အပြင်ဘက်မှာလေ လူဝင်ဆန့်အောင် သူများတွေလက်ခံအောင် ဒီလူက တော်ပါတယ်၊ ဒီလူက ပိုက်ဆံရှိပါတယ်၊ ဒီလူက ပညာတတ်ပါတယ်၊ ဒီလူက လေးစားစရာကောင်းပါတယ်၊ အဲဒီလို သူများတွေ လက်ခံအောင် လူတိုင်းလူတိုင်းက ကြိုးစားတဲ့ anxiety ရှိတယ်။

★ ဘုန်းဘုန်းပြောချင်တာက ဒီလို anxiety မျိုး ရှိတာ သမီးတစ်ယောက်မကဘူးလို့ ပြောချင်တာ။ ဒီအခန်းထဲမှာ နေတဲ့လူတွေ ပါမောက္ခချုပ်ဆရာမကြီးကအစ ဘုန်းဘုန်းကအစ အကုန်လုံး အဲဒီလိုပဲ ဘုန်းဘုန်းတို့က society က လက်ခံတာကို လိုလားတယ်။

★ လက်မခံဘူးဆိုရင် ဘုန်းဘုန်းတို့လည် ၀န်ထုပ်ဝန်ပိုးတွေဖြစ်တယ်၊ ဒါကြောင့် #သမီးက #ကိုယ့်ကိုယ်ကိုယ် #ကရုဏာဖြစ်ရမယ် #ကိုယ့်ကိုယ်ကိုယ် #သနားရမယ်။ နောက်ပြီးတော့ ဒီမှာ စကားပြောနေတဲ့ ဘုန်းဘုန်းကိုရော ဆရာမကြီးတွေရော ဆရာကြီးတွေရော အကုန်လုံး သူတို့ကိုလည်း သနားရမယ်။

★ ဘာဖြစ်လို့တုန်းဆိုတော့ “တစ်လှေတည်းစီး တစ်ခရီးတည်းသွား” အဲလိုဖြစ်လို့။ ကရုဏာနဲ့ မုဒိတာ အဲဒီအကြောင်းများများတွေးပေး၊ ဒီပြဿနာ မရှောင်နဲ့၊ သူ့ကို ဖုံးဖိမထားနဲ့၊ သူ့ကို တိုက်ရိုက်ရင်ဆိုင်ရမယ်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏

“တိုင်းပြုပြည်ပြု ကရုဏာစွမ်းရည် - The Power of Compassion in Nation Building (၁.၇.၂၀၁၉) (တောင်ကြီးနည်းပညာတက္ကသိုလ်)” တရားတော် အမေးအဖြေကဏ္ဍမှ ရေးသားပူဇော်ပါသည်။

Photo credit #အ႐ိုး

နိဗ္ဗာန်စိတ်မဝင်စားသေးတဲ့သူတွေအတွက် တရားထိုင်နည်း 06/01/2024

★ ဒီနေ့ ဟောတဲ့တရားက အင်းလေးဒေသ ရွာမကျေးရွာ နမ့်ပန်ကျောင်း ဝိဟာရကျောင်းတော်ထဲမှာ တရားအားထုတ်နေကြတဲ့ ယောဂီတွေ အထူးရည်စူးတာ မဟုတ်ဘဲနဲ့ အိမ်မှာ ကျန်ရစ်တဲ့ အိမ်သူအိမ်သားတွေကို အဓိက ရည်စူးပြီးတော့ ဟောကြားခြင်းဖြစ်ပါတယ်။

★ စျေးထဲမှာ ရုံးထဲမှာ နောက်ပြီးတော့ မော်တော်ရေယာဥ်ပေါ်မှာ ကားပေါ်မှာ ဒီလိုပဲ နိစ္စဓူဝ သွားလာလှုပ်ရှား အလုပ်လုပ်ကိုင်နေတဲ့လူတွေ၊ အဲဒီလူတွေ အားလုံးအတွက် ဘုန်းဘုန်းက ရည်စူးတာဖြစ်ပါတယ်။

★ ဘုန်းဘုန်း ဒီပုံစံမျိုးနဲ့ဟောထားတဲ့တရားတွေကို စာအုပ်တစ်အုပ်ထုတ်ထားပါတယ်။ အင်တာနက် app (SSBU eLearn application) တစ်ခုလုပ်ထားပြီး အဲဒီပေါ်မှာလည်း တင်ထားတယ်။ စာအုပ်နာမည် ဘာတုန်းဆိုတော့ “လုပ်ငန်းခွင်မှာ တရားမှတ်နည်း” နေ့စဥ်ဘဝမှာ တရားရှုမှတ်နည်းတွေ။

★ ကားမောင်းရင်းနဲ့လည်း တရားရှုမှတ်လို့ရအောင်၊ မော်တော်မောင်းရင်းနဲ့လည်း တရားရှုမှတ်လို့ရအောင်၊ စျေးရောင်းရင်းနဲ့လည်း ရှုမှတ်လို့ရ‌အောင်၊ ထမင်းချက်ရင်းလည်းပဲ ရှုမှတ်လို့ရအောင်၊ ရေချိုးရင်းနဲ့လည်း ရှုမှတ်လို့ရအောင်၊ အဝတ်အစားလဲရင်းနဲ့လည်း ရှုမှတ်လို့ရအောင်။

★ ရှုမှတ်တယ်ဆိုတဲ့နေရာမှာ သံဝေဂဉာဏ် မရင့်သန်သေးတဲ့ပုဂ္ဂိုလ်တွေ အဲဒီ ပုဂ္ဂိုလ်တွေကိုလည်း ဘုန်းဘုန်းက ယောဂီဖြစ်စေချင်တယ်။

(၂၄.၀၉.၂၀၂၃) ညောင်ရွှေမြို့နယ် ရွာမကျေးရွာ နမ့်ပန်ကျောင်းတွင် ဟောကြားတော်မူခဲ့သော “နိဗ္ဗာန်စိတ်မဝင်စား‌သေးတဲ့သူတွေအတွက် တရားထိုင်နည်း” တရားတော်ကို စာရိုက်ပူဇော်ပါသည်။


https://thitsarparami.org/dhamma_talk/clqtm3rso36652201mqvhq5eghh

27/10/2023

ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ certificateသင်တန်းများကို website မှလည်း အခမဲ့ လေ့လာနိုင်ပါပြီ။
-------------------------------------
ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာအရှင်ဓမ္မသာမိ D.Phil (Oxford) ၏ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ certificateသင်တန်းများကို
https://ssbu.strategyfirst.edu.mm/
website မှလည်း အခမဲ့ လေ့လာနိုင်ပြီဖြစ်ပါသည်။ Strategy First Education Group မှ SSBU eLearn website ကို ရေးဆွဲ လှူဒါန်းထားပါသည်။

Photos from SSBU eLearn's post 14/06/2023

SSBU eLearn "ပျော်ရွှင်သောစိတ် ပျော်ရွှင်သောဦးနှောက်ဖြင့် ချမ်းသာသုခကိုရှာဖွေခြင်း" သင်တန်းမှာ လေ့လာပြီး Certificate ရရှိသူတွေ ထွက်ပေါ်လာပါပြီ ခင်ဗျာ။
Certificate ရရှိတဲ့အထိ ကြိုးစား လေ့လာခဲ့ကြတဲ့ ဓမ္မမိတ်ဆွေတွေ အားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်ခင်ဗျာ...

SSBU "ပျော်ရွှင်သောစိတ် ပျော်ရွှင်သောဦးနှောက်ဖြင့် ချမ်းသာသုခကိုရှာဖွေခြင်း"သင်တန်းမှာ

အခန်း (၁) : ငြိမ်းချမ်းရေးအတွက် ဒုက္ခသစ္စာတရား အတွေးအခေါ်
အခန်း (၂) : မည်မျှပင် ခက်ခဲပါစေ အကောင်းမြင်ဝါဒ ဆက်စွဲကိုင်ထားပါ
အခန်း (၃) : အကောင်းမြင်ခြင်းနှင့် ပတ်သက်သော ဓမ္မအမေးအဖြေများ
အခန်း (၄) : ခက်ခဲတဲ့ကာလမှာ အကောင်းမြင်ဝါဒက ပိုအရေးကြီးတယ်
အခန်း (၅) : ဒုက္ခကို ကရုဏာနဲ့ကြည့်ရှုသုံးသပ်ခြင်း
အခန်း (၆) : ပျော်ရွှင်သောစိတ် ပျော်ရွှင်သောဦးနှောက်
အခန်း (၇) : ပျော်ရွှင်သောစိတ် ပျော်ရွှင်သောဦးနှောက်နှင့် ပတ်သက်သော ဓမ္မအမေးအဖြေများ
အခန်း (၈) : တွေးတတ်ရင် ဘဝမှာ ပျော်ရွှင်စရာတွေ နေရာတိုင်းမှာ ရှိတယ်
အခန်း (၉) : လူမှုဆက်ဆံရေး ကောင်းရင် ကျန်းမာရေးလည်းကောင်း၊ စိတ်ကိုလည်း ပျော်ရွှင်စေတယ်
အခန်း (၁၀) : စိတ်ခံစားမှုအလှ

ဆိုပြီး သင်ခန်းစာခေါင်းစဉ် (၁၀) မျိုးကို လေ့လာပြီး Certificate ရယူနိုင်ပါတယ်။

ဓမ္မမိတ်ဆွေတို့အနေဖြင့်
SSBU eLearn Application Download ရယူလိုပါက -
• Android- https://shorturl.at/wEHQ5
• IOS - https://shorturl.at/FGRS8
• Huawei AppGallery - https://appgallery.huawei.com/app/C108272841

Photos from SSBU eLearn's post 29/04/2023

“ပျော်ရွှင်သောစိတ် ပျော်ရွှင်သောဦးနှောက်ဖြင့် ချမ်းသာသုခကိုရှာဖွေခြင်း” အခမဲ့သင်တန်း ကို SSBU eLearn Application တွင် သင်တန်းတက်ရောက်နိုင်ပါပြီ
--
SSBU eLearn Application Download ရယူရန်
• Android- https://shorturl.at/wEHQ5
• IOS - https://shorturl.at/FGRS8
--
“ပျော်ရွှင်သောစိတ် ပျော်ရွှင်သောဦးနှောက်ဖြင့် ချမ်းသာသုခကိုရှာဖွေခြင်း” သင်တန်းကို ဘယ်လိုလူတွေ တက်ရောက်သင့်သလဲ?
(၁) နေ့စဥ်ပြဿနာတွေကြားမှာ ပျော်ရွှင်သောအကျင့်ကို တည်ဆောက်လိုသူများ
(၂) အကောင်းမြင်ဝါဒ ဆိုတဲ့အင်အားနဲ့ အခက်အခဲကို ကျော်လွှားလိုသူများ
(၃) ပျော်ရွှင်သောစိတ် ‌ပျော်ရွှင်သောဦးနှောက်ဖြင့် ချမ်းသာသုခကို ရှာဖွေလိုသူများ
(၄) လှပတဲ့စိတ်ခံစားမှု (The Beauty of Emotion) ဖြင့် လောကကိုအလှဆင်လိုသူများ
သင်တန်းအကြောင်းအကျဉ်းချုပ်
- ယခုသင်တန်းသည် ပျော်ရွှင်သော စိတ်၊ ပျော်ရွှင်သော ဦးနှောက်ဖြင့် ချမ်းသာသုခကို ရှာဖွေနိုင်ရန် မှန်ကန်သော စိတ်ထားဖြင့် ငွေကြေးနှင့် အချိန် အကုန်အကျ မများဘဲ စိတ်ချမ်းသာမှု ရရှိနိုင်ကြောင်းနှင့် ရရှိနိုင်ပုံကို ဗုဒ္ဓမြတ်စွာဘုရား၏ သစ္စာလေးရပ်အတွေးအခေါ်ပေါ်မူတည်၍ သိပ္ပံပညာ အထောက်အထားများဖြင့် တင်ပြထားပါသည်။
-နေ့စဥ် ပြဿနာတွေကြားမှာ ပြဿနာအားလုံးချုပ်ငြိမ်းကုန်ဆုံးသည်အထိ စောင့်ရန်မလိုဘဲ လူ့ဒုက္ခနိစ္စဓူဝ ပြဿနာများနှင့် နပန်းလုံးနေချိန်မှာပင် ပျော်ရွှင်သောအကျင့် နှင့် ခက်ခဲတဲ့ကာလမှာ အကောင်းမြင်ဝါဒတည်ဆောက်နိုင်ရန် အခန်း(၁၀)ခန်းခွဲပြီး ခေါင်းစည်းအသီးသီးခွဲပြီး တင်ပြပေးထားပါသည်။
သင်ကြားရမည့်သင်တန်းခေါင်းစဉ်များမှာ -
အခန်း (၁) : ငြိမ်းချမ်းရေးအတွက် ဒုက္ခသစ္စာတရား အတွေးအခေါ်
အခန်း (၂) : မည်မျှပင် ခက်ခဲပါစေ အကောင်းမြင်ဝါဒ ဆက်စွဲကိုင်ထားပ
အခန်း (၃) : အကောင်းမြင်ခြင်းနှင့် ပတ်သက်သော ဓမ္မအမေးအဖြေများ
အခန်း (၄) : ခက်ခဲတဲ့ကာလမှာ အကောင်းမြင်ဝါဒက ပိုအရေးကြီးတယ်
အခန်း (၅) : ဒုက္ခကို ကရုဏာနဲ့ကြည့်ရှုသုံးသပ်ခြင်း
အခန်း (၆) : ပျော်ရွှင်သောစိတ် ပျော်ရွှင်သောဦးနှောက်
အခန်း (၇) : ပျော်ရွှင်သောစိတ် ပျော်ရွှင်သောဦးနှောက်နှင့် ပတ်သက်သော ဓမ္မအမေးအဖြေများ
အခန်း (၈) : တွေးတတ်ရင် ဘဝမှာ ပျော်ရွှင်စရာတွေ နေရာတိုင်းမှာ ရှိတယ်
အခန်း (၉) : လူမူဆက်ဆံရေး ကောင်းရင် ကျန်းမာရေးလည်းကောင်း၊ စိတ်ကိုလည်း ပျော်ရွှင်စေတယ်
အခန်း (၁၀) : စိတ်ခံစားမှုအလှ
သင်ကြားမည့်ပုံစံ -
- သင်ကြားမည့်ပုံစံမှာ သင်ခန်းစာများကို SSBU eLearn Mobile Application မှတစ်ဆင့်လေ့လာရပါမည်။ Unit အလိုက် ဗီဒီယိုသင်ခန်းစာ၊ မှတ်စု ၊ Quiz များလေ့လာရပါမည်။ Unit အလိုက်သင်ခန်းစာများမှာ Quiz များကို အောင်မြင်အောင်ဖြေဆိုပေးပါမည်။
- Quiz များအကုန်အောင်မြင်ပြီးပါက Final End Course Test ဖြေဆိုပေးရမည်ဖြစ်ပြီး Final Assignment A4 တစ်မျက်နှာစာ Assignment (၁) ခု ကိုလည်း တင်ပေးရပါမည်။
- Unit Quiz, Final End Course Test နှင့် Final Assignment များ အောင်မြင်ပြီးပါက Certificate) ချီးမြှင့်ပေးမည် ဖြစ်ပါသည်။
သင်ကြားမည့်ဆရာ
- အောက်စဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ ဓမ္မာစရိယ, DPhil (Oxford)

07/03/2023

မင်္ဂလာပါ ဓမ္မမိတ်ဆွေများ ခင်ဗျာ......
SSBU eLearn Application မှ ဖွင့် ထားသော community group ဖြစ်ပါတယ်။ SSBU eLearn Application နှင့်ပတ်သက်သော သတင်းအချက်အလက်များကို group တွင် တင်ပေးသွားမှာဖြစ်ပါတယ်။ SSBU eLearn Application နှင့်ပတ်သက်သော သတင်းအချက်အလက်များကို သိရှိဖို့အတွက် ဓမ္မမိတ်ဆွေများ အနေနဲ့ group လေးကိုလဲ joinထားပေးပါအုန်း ခင်ဗျာ။https://www.facebook.com/groups/685394670256304/

Photos from SSBU eLearn's post 03/03/2023

“လုပ်ငန်းခွင်မှာ တရားမှတ်နည်း” အခမဲ့သင်တန်း ကို SSBU eLearn Application တွင် သင်တန်းတက်ရောက်နိုင်ပါပြီ
--
SSBU eLearn Application Download ရယူရန်
• Android- https://shorturl.at/wEHQ5
• IOS - https://shorturl.at/FGRS8
--
“လုပ်ငန်းခွင်မှာ တရားမှတ်နည်း” သင်တန်းကို ဘယ်လိုလူတွေ တက်ရောက်သင့်သလဲ?
• နေ့စဉ်ဘဝမှာ အခြေခံတရားရှုမှတ်နည်း၊ ကရုဏာနှင့်မုဒိတာ ဘာဝနာနှစ်မျိုးကို အခြေအနေအားလျော်စွာ အသုံးပြုတတ်ရန် လေ့လာလိုသူများ။
• လုပ်ငန်းမှ စိတ်ဖိစီးမှုများ မိသားစုဘဝထဲသို့ ကူးစက်မလာစေရန် လုပ်ငန်းခွင်အတွင်း တရားမှတ်နည်းကို စနစ်တကျလေ့ကျင့်လိုသူများ။
• နေ့စဉ်လုပ်ငန်းခွင်တွင် မိမိနှင့်သူတစ်ပါး၏ စိတ်ခံစားမှုများကို နားလည်ပြီး စနစ်တကျကိုင်တွယ်တတ်လိုသူများ။
-
သင်တန်းအကြောင်းအကျဉ်းချုပ်
• ယခုသင်တန်းသည် လုပ်ငန်းခွင်နှင့် မိသားစုပတ်ဝန်းကျင်၌ပင် ဓမ္မအမြင်များ၊ ဓမ္မလေ့ကျင့်ခန်းများ လက်တွေ့အသုံးပြုနိုင်ကြောင်းကို Mindfulness-based compassion and empathetic joy meditation * သတိပဋ္ဌာန်အခြေခံသော ကရုဏာနှင့် မုဒိတာဘာဝနာကို ဗဟိုပြု၍ ဗုဒ္ဓမြတ်စွာဘုရား၏ စိတ်ပိုင်းဆိုင်ရာအဆုံးအမများကို တင်ပြထားပါသည်။ လုပ်ငန်းခွင်သည် စိတ်ဖိစီးမှု အများဆုံးခံစားကြရသော အဓိကနေရာတစ်နေရာဖြစ်သည့်အလျောက် လုပ်ငန်းခွင်၌ အဓိကလေ့ကျင့်နိုင်စေရန် အချိန်တိုတို တရားရှုမှတ်နည်း (၅၇)ပုဒ် ကို အခန်းကိုးခုခွဲပြီး ခေါင်းစည်းအသီးသီးဖြင့် စနစ်တကျခွဲထားပေးပါသည်။
သင်ကြားရမည့်သင်တန်းခေါင်းစဉ်များမှာ -
Unit 1 :သုံးလေးမိနစ် သတိပဋ္ဌာန်လေ့ကျင့်ခန်းများ Mindfulness Practices for Beginners
Unit 2 : ကရုဏာဘာဝနာ - Compassion Meditation
Unit 3 : မုဒိတာ ဘာဝနာ - Mudita Meditation
Unit 4 : စိတ်ဖိစီးမှု ကိုင်တွယ်နိုင်ရန် တရားရှုမှတ်နည်း
Unit 5 : အလုပ်ခွင်မှာ တရားရှုမှတ်နည်း - Meditation at Workplace
Unit 6 : ခန္ဓာကိုယ်မေတ္တာထားပြီး တရားရှုမှတ်ခြင်း
Unit 7 : ရပ်ကမ္မဋ္ဌာန်း (Standing Meditation)
Unit 8 : ဝေဒနာကိုကိုင်တွယ်ခြင်း
Unit 9 : ကျောင်းသားကျောင်းသူလေးများအတွက် တရားထိုင်နည်း
သင်ကြားမည့်ပုံစံ -
- သင်ကြားမည့်ပုံစံမှာ သင်ခန်းစာများကို SSBU eLearn Mobile Application မှတစ်ဆင့်လေ့လာရပါမည်။ Unit အလိုက် ဗီဒီယိုသင်ခန်းစာ၊ မှတ်စု ၊ Quiz များလေ့လာရပါမည်။ Unit အလိုက်သင်ခန်းစာများမှာ Quiz များကို အောင်မြင်အောင်ဖြေဆိုပေးပါမည်။
- Quiz များအကုန်အောင်မြင်ပြီးပါက Final End Course Test ဖြေဆိုပေးရမည်ဖြစ်ပြီး Final Assignment A4 တစ်မျက်နှာစာ Assignment (၁) ခု ကိုလည်း တင်ပေးရပါမည်။
- Unit Quiz, Final End Course Test နှင့် Final Assignment များ အောင်မြင်ပြီးပါက Certificate) ချီးမြှင့်ပေးမည် ဖြစ်ပါသည်။
သင်ကြားမည့်ဆရာ
- အောက်စဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ ဓမ္မာစရိယ, DPhil (Oxford)

Photos from အောက်စဖိုဒ့်ဆရာတော် ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ's post 14/12/2022

SSBU eLearn Mobile Application

အခုလက်ရှိ application မှာ ရှိတဲ့ content ကတော့ ရယ်ဒီ ready အဖြစ်ဆုံးနဲ့ အလွယ်ကူဆုံး content နှစ်ခုကို တင်လိုက်တာပေါ့။ နောက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လူတွေလည်း သိပြီးသား ခေါင်းစည်းနှစ်ခု၊ ဘုန်းဘုန်း နာရီပေါင်းရာနဲ့ချီပြီး ဟောထားတဲ့ ဒီခေါင်းစည်းနှစ်ခုကို နာတဲ့ပုံစံမျိုးထက် ဖတ်ပြီးတော့ တွေးတဲ့ပုံစံမျိုး နဲ့ တရားနာတဲ့ပုံစံမျိုးဖြစ်အောင် ဒီခေါင်းစည်းနှစ်ခုကို ရွေးပြီးလုပ်တာဖြစ်ပါတယ်။

ဘုန်းဘုန်းတို့ SSBU ကနေ ပို့ချတဲ့ lecture တွေ course တွေ အများကြီးရှိပါတယ်။ အဲဒီ course တွေကို တင်နိုင်လားဆိုပြီးတော့ academic ကော်မတီထဲမှာ ဆွေးနွေးကြတာပေါ့။ အများစုက ကိုယ့်ကျောင်းသားကိုပို့ချတဲ့နည်းတဲ့ ပို့ချတတ်တယ်၊ ဒါပေမဲ့ general public ကို ပြန်ပြီးတော့ ဟောမယ့် အနေအထားမျိုး မရှိသေးဘူးပဲဆိုပါတော့၊ မရှိသေးဘူးဆိုတာထက် ချက်ချင်း ready မဖြစ်သေးဘူးဆိုပါတော့။

ဘုန်းဘုန်းတို့ request တွေ ရထားတာရှိပါတယ်၊ အချိန်သိပ်မရတဲ့ တက်သစ်စ လုပ်ငန်းရှင်လေးတွေ နောက်ပြီးတော့ အရွယ်လတ်ပိုင်း လုပ်ငန်းရှင်တွေ သူတို့တွေကနေ တောင်းဆိုတာလေးတွေ၊ သူတို့အတွက် course လေးတွေ လုပ်ပေးပါဆိုတာမျိုး ရှိပါတယ်။

အဲဒီဟာမျိုးကို သူတို့က အလုပ်ရှုပ်တဲ့လူတွေဆို‌တော့ ဘုန်းဘုန်းတို့က ဒီလို course လေး လုပ်ထားပြီးတော့ ဒီပေါ်မှာ တင်ထားလိုက်ရင် သူတို့က လေ့လာနိုင်တယ်ပေါ့။ ဒီဟာကို သူတို့အဆင်ပြေတဲ့အချိန်မှာ လေ့လာနိုင်တယ်။ အဲဒီဟာလေးကို ဘုန်းဘုန်းတို့ ဒီ programက facilitate လုပ်ပေးတာပေါ့။

Content တွေ အားလုံးကတော့ ဘုန်းဘုန်းတို့ဆီကနေ ပေးတာပါပဲ။ Quiz တွေ အားလုံး ဘုန်းဘုန်းကိုယ်တိုင် စစ်ပြီးတော့ — တချို့ဟာတွေ ဘုန်းဘုန်းကိုယ်တိုင် ရေးတယ်၊တချို့ဟာတွေ ဦးဇင်းလေးတွေ ရေးပြီးတော့ ဘုန်းဘုန်းက ပြန်ပြင်ပေးတယ်— ပေးထားတာ၊ အဲဒီလိုဟာမျိုးတွေပေါ့။ ဒါကတော့ အလွယ်ဆုံး ဒီမှာ အဆင်သင့်ဖြစ်ဆုံး ခေါင်းစည်းနှစ်ခုကို ပေးလိုက်တာ။

နောက်ပိုင်းကျရင်တော့ ဆက်လက်ပြီးတော့ ခေါင်းစည်းတွေ တင်ပေးသွားဖို့ ရှိပါတယ်။ အဲဒီ တင်သွားမယ့်အထဲမှာ SSBU က ပါမောက္ခဆရာတော် ကထိက ဆရာတော်တွေ ကထိကဆရာလေးတွေရဲ့သင်ကြားပို့ချချက်တွေလည်းပဲ သူတို့အဆင်သင့်ဖြစ်တာနဲ့ တင်ပေးမယ်။

SSBU eLearn Application နာမည်ကတော့ ဘုန်းဘုန်းတို့ digital လောကမှာ ချက်ချင်းမှတ်မိတဲ့ ခေါင်းစဉ်တခုကို ရွေးလိုက်တာပေါ့။ တကယ်လို့ အများသိပ်မသိတဲ့ ခေါင်းစည်း၊ ဒါမှမဟုတ် ခေါင်းစည်းက devotional ဘက်ကို တော်တော်လေး ဆန်နေတယ်ဆိုရင် အဲဒီကျတော့ အသက်အရွယ်ပိုင်းမှာ စကားသွားပြောပြန်ပြောရော။

အဲဒီတော့ digital literate ဖြစ်တဲ့ အရွယ်ပိုင်းတွေ၊ digital platform ကို ပိုအသုံးပြုတဲ့ generation ကို reach out လုပ်တဲ့ ပုံစံမျိုးပါ၊ အဲဒီကြိုးစားမှုလေးပါပဲ။ ဒါပေမဲ့ contents နဲ့ ပတ်သက်ပြီးတော့ generation တွေကိုလည်း ဒီထက်ပိုပြီးတော့ ကျယ်ပြန့်အောင် ကြည့်ရမယ်၊ နောက် contents တွေအနေနဲ့ ပိုပြီးတော့ ကျယ်ပြန့်‌အောင် ကြည့်ရမယ်။

အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာဓမ္မသာမိ

(၂၁.၁၁.၂၀၂၂) ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တွင် ဟောကြားတော်မူခဲ့သော ❝ခက်ခဲတဲ့ နေ့ကို မုဒိတာရဲ့ အင်အားနဲ့ ဖြတ်ကျော်ဖူးပါသလား - Rely on a joyous moment to get through a hard day?❞ တရားတော် မှာ SSBU eLearn application နှင့် ပတ်သက်ပြီး မိန့်ကြားခဲ့သော သြဝါဒကို ကောက်နုတ်ရေးသားပူဇော်ပါသည်။

SSBU eLearn Application Download ရယူရန်
• Android- https://shorturl.at/wEHQ5
• IOS - https://shorturl.at/FGRS8
သင်တန်းနှင့်ပတ်သက်၍ မေးမြန်လိုပါက SSBU eLearn page message box ကနေတဆင့် မေးနိုင်ပါသည်။

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Telephone

Address

Phaya Phyu Taunggyi, Shan State
Taunggyi
06101