Spring Education Taunggyi - SET

Spring Education Taunggyi - SET

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Spring Education Taunggyi - SET, School, Mingalarpar Oo Taunggyi City Southern Shan State, Taunggyi.

08/02/2026

🇰🇷안녕하세요?(An-nyeong-ha-se-yo)

🇰🇷ကိုရီးယားဘာသာစကားကို အခြေခံမှစ၍ ကျွမ်းကျင်စွာ သင်ယူချင်သူများအတွက် SET ရဲ့ Korean Basic Class ‌🇰🇷

မင်္ဂလာပါခင်ဗျာ🙋‍♂️

ကျွန်တော်တို့ Spring Education Taunggyi-SET နှင့် Kokko Institute တို့ ပူးပေါင်းပြီး Sejong သင်ရိုး ဖြင့် သင်ကြားပေးမည့် Korean Language Course (Sejong Basic) အတန်းသစ်ကို စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

💡 ဒီသင်တန်းကို ဘယ်လိုလူတွေ တက်သင့်လဲ?

🇰🇷ကိုရီးယားဘာသာစကားကို အခြေခံ (ဗျည်း/သရ) မှစ၍ စတင်လေ့လာချင်သူများ။
🇰🇷 Sejong သင်ရိုးဖြင့် စနစ်တကျ လေ့လာလိုသူများ။
🇰🇷 ကိုရီးယားဇာတ်လမ်းတွဲနှင့် သီချင်းများကို စိတ်ဝင်စားပြီး ကိုရီးယားဘာသာစကားကိုပါ တတ်မြောက်လိုသူများ။
🖥️အလုပ်များ၍ အပြင်သင်တန်းမသွားနိုင်ဘဲ Online မှတစ်ဆင့် အချိန်ကုန်သက်သာစွာ သင်ယူလိုသူများ။

✨ ဒီသင်တန်းကနေ ဘာတွေရရှိမလဲ?

🇰🇷 ကိုရီးယားစာ၏ အခြေခံ ဗျည်း၊ သရ နှင့် အသံထွက်များကို မှန်ကန်စွာ လေ့လာသင်ယူနိုင်ခြင်း။
🇰🇷 အခြေခံ နေ့စဉ်သုံးစကားပြော (Greetings, Self-Introduction) များကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ခြင်း။
🇰🇷 Zoom ဖြင့် တိုက်ရိုက်သင်ကြားရသဖြင့် နားထောင်မှုနှင့် ပြောဆိုမှု စွမ်းရည်များ တိုးတက်လာခြင်း။
🇰🇷 အပတ်စဉ် သင်ခန်းစာ Video များကို ပြန်လည်လေ့လာနိုင်ခြင်း။

✨ သင်တန်းအသေးစိတ်

🗓️ စတင်မည့်ရက်: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့
⏰ အချိန်: အပတ်စဉ် စနေနေ့တိုင်း (နံနက် ၁၀:၀၀ မှ ၁၁:၃၀ အထိ)
⏳ သင်တန်းကာလ: (၅) လ
🎥 သင်ကြားမှု: အပတ်စဉ် Video သင်ခန်းစာများနှင့် Zoom Meeting မှတစ်ဆင့် တိုက်ရိုက်သင်ကြားမည်
💰 သင်တန်းကြေး: ၁၀၀,၀၀၀ ကျပ် (အပြီးအစီး)

📝 သင်တန်းတက်ရောက်လိုသူများအနေဖြင့် အောက်ပါ Link မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီခင်ဗျာ
🔗 Registration Link

https://forms.gle/4LoppuDvdxcgN4Pn9

📩 ကျွန်တော်တို့ SET မှယခုထပ်မံဖွင့်လှစ်လိုက်တဲ့ ဒီ Korea ဘာသာစကားသင်တန်းလေးအကြောင်း အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့် တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

😉ကိုရီးယားဇာတ်လမ်းတွဲကြည့်ရင် Subtitle မပါဘဲ နားလည်ချင်လား? ကိုယ့်ရဲ့ Bias ပြောတာတွေကို တိုက်ရိုက်သိချင်နေပြီလား? 🎬 အခုပဲ Spring Education Taunggyi-SET နဲ့ Kokko Institute တို့ရဲ့ Sejong Basic အတန်းမှာ လာတက်လိုက်တော့နော်!

02/02/2026

Spring Education Taunggyi - SET မှ ၂၀၂၆ ပညာသင်နှစ်၊ စနစ်ဟောင်း ဒဿမတန်း‌ ဖြေဆိုမည့်သူများအတွက် အထူးကြေညာချက်

မင်္ဂလာပါခင်ဗျာ

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း / Grade 11 Old) အတန်းသစ်ကို SETမှ ဖွင့်လှစ်‌ပေးလိုက်ပါတယ်။

သင်တန်းအချိန်ဇယား🗓️

🗓️စတင်ရက်: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ
🕘သင်ကြားချိန်: နံနက် ၁၁:၀၀ မှ ညနေ ၅:၀၀ အထိ
(၁၂:၀၀ မှ ၁:၀၀ ) နာရီ ထမင်းစားနားချိန်
📝သင်ကြားရက်များ: တနင်္လာနေ့မှ သောကြာနေ့အထိ
⏳သင်တန်းကာလ: ၆ လ

📚ဖွင့်လှစ်မည့် ဘာသာတွဲများ:
စနစ်ဟောင်းဒသမတန်း အတွဲ (၇) တွဲအနက် ကျွန်တော်တို့ SET တွင် အောက်ပါ (၂) တွဲကိုသာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

၁။ အတွဲ (၁): မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ
၂။ အတွဲ (၇): မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ

ဤအတန်းတွင် ပါဝင်ဖြေဆိုနိုင်သူများကတော့

(က) စစ်အာဏာမသိမ်းမီ အခြေခံပညာ နဝမတန်း (စနစ်ဟောင်း) သို့မဟုတ် နည်းပညာအထက်တန်းကျောင်း ပထမနှစ် တက်ရောက်ဖူးပြီး ဒသမတန်း စစ်ဆေးရေး မဖြေဆိုရသေးသူများ။

(ခ) ဖြေဆိုပြီးသော်လည်း ရလဒ်များသည် တက္ကသိုလ်ဝင်ခွင့် သို့မဟုတ် သက်မွေးသင်တန်းများ၏ သတ်မှတ်ချက်နှင့် မပြည့်မီသော ဘာသာရပ်များရှိသူများ။ (မှတ်ချက်: မိမိ ထပ်မံဖြေဆိုလိုသော ဘာသာရပ်များကိုသာ ရွေးချယ်ဖြေဆိုနိုင်ပါသည်။)

(ဂ) BECAဖြေဆိုစဉ်က စည်းကမ်းချက်များနှင့် မကိုက်ညီမှုကြောင့် ရလဒ်ပယ်ဖျက်ခံခဲ့ရသူများ ပါဝင်ဖြေဆိုနိုင်ပါတယ်ခင်ဗျာ။

ကျောင်းဝင်ခွင့်ကို အောက်ပါ လင့်ခ်မှတစ်ဆင့် လျှောက်ထားရန် နိုင်ပါတယ်✨

https://forms.gle/scC7CA6vKroGq5hN6

စနစ်ဟောင်း ဒဿမတန်း ဖွင့်လှစ်ခြင်းနှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက Spring Education Taunggyi - SET page Messenger သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ✨

မိမိတို့၏ အနာဂတ်ပညာရေး ခရီးလမ်းတွင် အဆင့်မြင့်ပညာရေးကို လျှောက်လှမ်းဖို့ SET နှင့်အတူ စတင်လိုက်ပါ🎉

26/01/2026

📢 SET ကျောင်းသား‌ကျောင်းသူများအတွက် British Parliamentary Debate Training 🗣💬

SET မှာ အထက်တန်းအဆင့် တက်ရောက်နေကြတဲ့ ကျောင်းသားကျောင်းသူများခင်ဗျာ 👨🏻‍🏫

ကိုယ့်ရဲ့ အတွေးအခေါ်တွေကို ကျိုးကြောင်းခိုင်လုံစွာနဲ့ ယုံကြည်မှုရှိရှိ ဆွေးနွေးငြင်းခုံနိုင်တဲ့ လူငယ်တစ်ယောက် ဖြစ်လာဖို့ အဆင်သင့်ပဲလား? 👦🏻👧🏻

အခုဆိုရင် SET ကနေပြီးတော့ ကျောင်းသား/သူတွေအတွက် အင်မတန်အကျိုးရှိမယ့် British Parliamentary Debate Training လေးကို စီစဉ်ပေးလိုက်ပြီနော်!

📌 ဒီသင်တန်းလေးက ဘယ်သူတွေအတွက်လဲ?

✅ SET မှာ ပညာသင်ကြားနေတဲ့ Grade 10, 11 (New + Old), &12 ကျောင်းသား၊ ကျောင်းသူများ

✅ ဝေဖန်ပိုင်းခြားတွေးခေါ်မှု (Critical Thinking) ကို မြှင့်တင်ချင်သူများ

✅ လူအများရှေ့မှာ စကားပြောဆိုတင်ပြရမှာကို (Public Speaking) ယုံကြည်မှုရှိချင်သူများ

✅ ကျိုးကြောင်းဆင်ခြင်မှု (Logical Reasoning) စွမ်းရည်တွေကို အဆင့်မြှင့်တင်ချင်သူများ

✅အထူးသဖြင့် Debate ကို စိတ်ဝင်စားတယ်ဆိုရင်တော့ SET ရဲ့ British Parliamentary Debate Training မှာ တက်ရောက်ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်! 🌟

📝 အတန်းအသေးစိတ်

🗓 သင်တန်းရက်များ: ဖေဖော်ဝါရီလ ၁၃၊ ၁၄၊ ၁၅၊ ၂၀၊ ၂၁၊ ၂၂၊ ၂၇၊ ၂၈။ မတ်လ ၁၊ ၆၊ ၇၊ ၈
🗓လျှောက်လွှာပိတ်မည့်နေ့: ဖေဖော်ဝါရီလ ၆ ရက်
🕖သင်တန်းချိန်: ည ၇ နာရီ မှ ၉ နာရီ

📩 စိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသူတွေ အနေနဲ့ အောက်ပါ Link ကနေတစ်ဆင့် အခုပဲ စာရင်းပေးသွင်းလိုက်တော့နော်! 👇
🔗 https://forms.gle/LCHkFMb3gkqHMtfHA

ကိုယ့်ရဲ့ Debate စွမ်းရည်တွေကို ထုတ်ဖော်ပြသပြီး လောကကြီးကို အမြင်သစ်တွေနဲ့ ကြည့်ရှုနိုင်ဖို့ ဒီအခွင့်အရေးကို လက်မလွှတ်လိုက်နဲ့ဦးနော်!
SET ရဲ့ Debate Training မှာ အတူတူဆုံကြမယ်! 👋

25/01/2026

📢 SET ကျောင်းသား ကျောင်းသူများအတွက် အထူးစီစဉ်ထားသော Webinar Series _ 1

Spring Education Taunggyi - SET ရဲ့ ၂၀၂၆ ပညာသင်နှစ်သစ်မှာ ကျောင်းစာတွေအပြင် ဗဟုသုတအသစ်အဆန်းတွေနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာတွေ တိုးတက်လာစေဖို့အတွက် Education Webinar လေးတစ်ခု ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ ✨

ဒီ Webinar လေးမှာတော့ ကျောင်းသားကျောင်းသူတွေအတွက် အင်မတန်အကျိုးရှိစေမယ့် အောက်ပါအကြောင်းအရာတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ် -
🌐 Democracy, Resilience, and Education တို့ရဲ့ ဆက်နွယ်မှု
ဒီကနေ့ခေတ်မှာ ပညာရေးဆိုတာ စာအုပ်ထဲက သင်ခန်းစာတွေကို ကျက်မှတ်ရုံသက်သက်မဟုတ်တော့ပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ Webinar Series _ 1 မှာ ဆွေးနွေးမယ့် အချက် (၃) ချက်ဟာ လူငယ်တစ်ယောက်ရဲ့ ဘဝအတွက် အခြေခံအကျဆုံး တိုင်လုံးကြီးတွေပဲ ဖြစ်ပါတယ်။
💡Education (ပညာရေး) သည် အခြေခံအုတ်မြစ်: မှန်ကန်တဲ့ ပညာရေးကသာ ကလေးတွေကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့ အတွေးအခေါ်တွေ ပေးစွမ်းနိုင်တာပါ။
💡 Democracy (ဒီမိုကရေစီ) နှင့် ပညာရေး: ဒီမိုကရေစီစနစ် ရှင်သန်ဖို့အတွက် အပြန်အလှန် လေးစားမှုရှိပြီး အခွင့်အရေးနဲ့ တာဝန်ကို သိမြင်တဲ့ ပညာတတ်လူငယ်တွေဟာ မရှိမဖြစ် လိုအပ်ပါတယ်။
💡Resilience (ကြံ့ကြံ့ခံနိုင်မှု): စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပညာရေးကပေးတဲ့ အသိအမြင်တွေကနေတစ်ဆင့် စိတ်ဓာတ်မကျဘဲ ပြန်လည်ရုန်းထနိုင်တဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ရရှိစေတာဖြစ်ပါတယ်။
📌Webinar အသေးစိတ် အချက်အလက်များ

✨ခေါင်းစဉ်: Democracy, Resilience, and Education
📝ဟောပြောမည့်သူ: Kelvin @ Vensis
🗓️ နေ့ရက်: ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် (တနင်္လာနေ့)
🕕အချိန် : ညနေ ၆:၀၀ နာရီ မှ ၇:၀၀ နာရီအထိ

✨ ဘာကြောင့် တက်ရောက်သင့်တာလဲ?
SET ကျောင်းသား‌ကျောင်းသူတွေအတွက်သာ သီးသန့်စီစဉ်ထားတာဖြစ်လို့ ပညာရေးနဲ့ ပတ်သက်တဲ့ ထိုးထွင်းအမြင်သစ်တွေ ရရှိမှာဖြစ်သလို၊ မိမိတို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ကိုလည်း ဘယ်လိုမြှင့်တင်ရမလဲဆိုတာ လေ့လာနိုင်မှာဖြစ်ပါတယ်။
"အတွေးအခေါ်သစ်တွေနဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို တည်ဆောက်ဖို့ SET ရဲ့ ပထမဆုံး Webinar လေးမှာ ဆုံကြရအောင်!"

📩 Webinar link ကို ကျောင်းသား Group များထဲတွင် ကြိုတင်ပေးပို့ပေးသွားမှာဖြစ်လို့ အချိန်လေးမှတ်ထားပြီး တက်ရောက်ပေးကြဖို့ မမေ့နဲ့ဦးနော်!

Photos from Spring Education Taunggyi - SET's post 16/01/2026

ဂျပန်စာကို အခြေခံကနေ စနစ်တကျ သင်ယူချင်ပေမဲ့ သင်တန်းကြေး မြင့်မားတာကြောင့် စိတ်ညစ်နေရတဲ့ လူငယ်တွေအတွက် Spring Education Taunggyi - SET က သတင်းကောင်း ပါးပါရစေ
🎉

အခုဆိုရင် ကျွန်တော်တို့ SET မှ အိမ်မှာနေရင်း အေးအေးဆေးဆေး လေ့လာနိုင်မယ့် Japanese N5 & N4 Online Class အတန်းသစ်လေးကို စတင်ဖွင့်လှစ်ပေးလိုက်ပါပြီ။

🌟 ဘာကြောင့် ဒီအတန်းကို ရွေးချယ်သင့်တာလဲ?

💸သင်တန်းကြေးကို လူငယ်တွေ လက်လှမ်းမီနိုင်အောင် သက်သာဆုံး တစ်လ ၃၀,၀၀၀ ကျပ် တည်းနဲ့ စီစဉ်ပေးထားပါတယ်။
💻Online အတန်းဖြစ်တာကြောင့် အချိန်ကုန်၊ လူပင်ပန်း သက်သာစွာနဲ့ အိမ်ကနေပဲ ဖုန်းလေးတစ်လုံးရှိရုံနဲ့ တက်ရောက်နိုင်ပါတယ်။
📚ဂျပန်စာကို အခုမှ စလေ့လာမယ့်သူပဲဖြစ်ဖြစ်၊ Level တစ်ခုကို သေချာပြန်နွှေးချင်သူပဲဖြစ်ဖြစ် ဘယ်သူမဆို တက်ရောက်နိုင်အောင် သင်ကြားပေးမှာပါ။

🌟 N5 Level သင်တန်းအသေးစိတ်

📝သင်တန်းအဆင့်: N5 Level
📝သင်တန်းကြေး: တစ်လ ၃၀,၀၀၀ ကျပ် (သင်တန်းအပြီးအစီး ၁၂၀,၀၀၀ ကျပ်)
📝သင်ကြားမှုပုံစံ: Online Class
📝သင်တန်းချိန်: အပတ်စဉ် ကြာသပတေး၊သောကြာ၊စနေ ည ၇ နာရီမှ ၈နာရီ ၃၀ မိနစ်
📝သင်တန်းစမည့်ရက်: ဖေဖော်ဝါရီလ ၅ ရက်
📝သင်တန်းကာလ: လေးလ ( ဖေဖော်ဝါရီလမှ မေလအထိ)

🌟N4 Level သင်တန်းအသေးစိတ်

📑သင်တန်းအဆင့်: N4 Level
📑သင်တန်းကြေး: တစ်လ ၃၀,၀၀၀ ကျပ် (သင်တန်းအပြီးအစီး ၁၂၀,၀၀၀ ကျပ်)
📑သင်ကြားမှုပုံစံ: Online Class
📑သင်တန်းချိန်: အပတ်စဉ် ကြာသပတေး၊သောကြာ၊စနေ ည ၇ နာရီမှ ၈နာရီ ၃၀ မိနစ်
📑သင်တန်းစမည့်ရက်: ဖေဖော်ဝါရီလ ၅ ရက်
📑သင်တန်းကာလ: လေးလ ( ဖေဖော်ဝါရီလမှ မေလအထိ)

အတန်းအပ်နှံလိုပါက အောက်ပါ Registration Link လေးမှာ အချက်အလက်ဖြည့်စွက်ပြီး အလွယ်တကူ စာရင်းသွင်းနိုင်ပါတယ်။

🔗 Registration Link - https://forms.gle/oq3qF6of6tFnDy19A

သင်တန်းနဲ့ပတ်သက်ပြီး ပိုမိုအသေးစိတ်သိရှိလိုတာပဲဖြစ်ဖြစ်၊ အတန်းအပ်နှံချင်တာပဲဖြစ်ဖြစ် SET Page ရဲ့ Messenger ကနေတစ်ဆင့် အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ✨

"ဂျပန်စာကို အခြေခံခိုင်ခိုင်မာမာနဲ့ အတန်ဆုံးဈေးနှုန်းနဲ့ သင်ယူနိုင်ဖို့ SET မှာအပ်နှံလိုက်ပါ"

13/01/2026

Spring Education Taunggyi - SET ရဲ့ ၂၀၂၆ ပညာသင်နှစ်မှာ အပ်နှံဖို့ နောက်ဆုံး (၅) ရက်ပဲ ကျန်ပါတော့တယ်!

မိဘတို့ရဲ့ ရင်သွေးငယ်တွေအတွက် အကောင်းဆုံး ပညာရေးပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ အချိန်မနှောင်းခင် အခုပဲ အပ်နှံလိုက်ပါ။

🌟 SET ရဲ့ ၂၀၂၆ ပညာသင်နှစ်မှာ ဘာတွေထူးခြားမလဲ?

ကျွန်တော်တို့ SET မှာ မူလတန်း မှ အထက်တန်းအထိ ကျောင်းသား၊ ကျောင်းသူများအတွက် အောက်ပါထူးခြားချက်များဖြင့် စနစ်တကျ သင်ကြားပေးနေပါပြီခင်ဗျာ

✅ Child-Centered Approach: ကလေးဗဟိုပြု သင်ကြားရေးစနစ်ကို အသုံးပြုထားလို့ ကလေးငယ်တွေဟာ ကိုယ်တိုင်စဉ်းစားတွေးခေါ်နိုင်စွမ်းရှိပြီး ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်မှာပါ။

✅ Exclusive English Course: ကျောင်းသင်ရိုးအပြင် SET ကျောင်းသားများအတွက်သာ သီးသန့်စီစဉ်ထားတဲ့ အင်္ဂလိပ်စာသင်တန်း။

✅ Development Programs: စာအုပ်ထဲကစာတင်မကဘဲ ဗဟုသုတစုံလင်စေပြီး ဘက်စုံတိုးတက်ဖို့အတွက် Exclusive Workshops တွေနဲ့ Webinars များ။

✅ Student Activities: ကလေးတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ ခေါင်းဆောင်မှုကဏ္ဍ မြှင့်တင်ပေးမယ့် ကျောင်းသားလှုပ်ရှားမှုပေါင်းစုံ။

🗓 Spring Education Taunggyi ရဲ့ ၂၀၂၆ ပညာသင်နှစ်

- ကျောင်းစတင်ဖွင့်လှစ်မည့်ရက်: ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်
- အပ်နှံရန်နောက်ဆုံးရက်: နောက်ထပ် (၅) ရက်သာ!
- သင်ကြားမှုပုံစံ: Online Class

📌ဒီ (၅) ရက်အတွင်း အပ်နှံမှသာ SET ရဲ့ ကျောင်းသားသီးသန့် အကျိုးခံစားခွင့်များကို ရရှိမှာဖြစ်လို့ အောက်ပါ Registration Link ကနေ မိနစ်ပိုင်းအတွင်း အမြန်ဆုံးအပ်နှံဖို့ တိုက်တွန်းပါရစေခင်ဗျာ🎉

🔗 Registration Link

https://forms.gle/z8j9ZDoSeBg7hxAh6

၂၀၂၆ ပညာသင်နှစ်အတွက် အတန်းအပ်နှံခြင်းအသေးစိတ်အချက်အလက်များကို အောက်ပါ post တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/share/p/184ivvQB7d/

၂၀၂၆ ပညာသင်နှစ်မှာအပ်နှံဖို့ အသေးစိတ်သိလိုသည်ဖြစ်စေ၊ ကျောင်းအပ်နှံချင်သည်ဖြစ်စေ SET Page Messenger သို့ အခုပဲ "Hi" လို့ ပို့လိုက်ပါခင်ဗျာ။



"ခေတ်မီတဲ့ သင်ကြားရေးစနစ်နဲ့အတူ အင်္ဂလိပ်စာပါ ကျွမ်းကျင်ပြီး အနာဂတ်ရဲ့ အခွင့်အလမ်းတွေကို SET နဲ့အတူ အရယူလိုက်ပါ။"

12/01/2026

Spring Education Taunggyi - SET ရဲ့ ၂၀၂၆ ပညာသင်နှစ်အတွက် ထူးခြားတဲ့ အစီအစဉ်ကောင်းလေးကို သတင်းပါးပါရစေ။ ✨

အခုလာမယ့် ၂၀၂၆ ပညာသင်နှစ်မှာ ထူးခြားချက်အနေနဲ့ ကျောင်းသင်ရိုးညွှန်းတမ်းတွေတင်မကဘဲ အင်္ဂလိပ်စာသင်တန်းကိုပါ တစ်ပါတည်း ထပ်တိုးသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

🌟 ၂၀၂၆ ပညာသင်နှစ်မှာ ဘာတွေထူးခြားသွားမလဲ?

📚Curriculum + English (Headway Series): ကျောင်းစာတွေကို စနစ်တကျ သင်ယူရမယ့်အပြင်၊ ခေတ်ကာလအရ မရှိမဖြစ်လိုအပ်တဲ့ အင်္ဂလိပ်စာ အရည်အချင်းကိုပါ တစ်နေရာတည်းမှာ တစ်ခါတည်း ဖြည့်ဆည်းပေးသွားမှာပါ။
📚Exclusive for SET Students: ဒီ English Course ဟာ SET မှာ ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံထားတဲ့ ကျောင်းသား/သူတွေအတွက်သာ သီးသန့် ထည့်သွင်းသင်ကြားပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။
📚Grade 5 မှ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူများအားလုံးအတွက် အကျုံးဝင်ပါတယ်။

🎒 သင်တန်းအသေးစိတ်

📝ပညာသင်နှစ်: ၂၀၂၆ ပညာသင်နှစ်
📝သင်ကြားမည့်အဆင့်: Grade 5 to Grade 12
📝သင်ကြားမှုပုံစံ: Online Class (စနစ်တကျ Curriculum နှင့် English Course တွဲဖက်သင်ကြားမှု)
📝ပြဌာန်းစာအုပ်: Headway Series by Oxford University Press

📩 အမြန်ဆုံး စာရင်းပေးသွင်းရန်

ဒါကြောင့် ကျောင်းစာရော ဘာသာစကားပါ တိုးတက်စေမယ့် ဒီအခွင့်အရေးကို လက်မလွှတ်ရအောင် SET ရဲ့ ၂၀၂၆ ပညာသင်နှစ်ကို အခုပဲ အောက်ပါ Link ကနေတစ်ဆင့် ဖြစ်စေ၊ Page Messenger ကနေဖြစ်စေ စုံစမ်းအပ်နှံနိုင်ပါတယ်ခင်ဗျာ။

SET ရဲ့ ၂၀၂၆ ပညာသင်နှစ်အကြောင်း အသေးစိတ်ကို အောက်ပါလင့်ခ်တွင် ဖတ်ရှုလေ့လာနိုင်ပါတယ်ခင်ဗျာ🎉

https://www.facebook.com/share/p/184ivvQB7d/

"ကျောင်းသင်ရိုးတင်မက အင်္ဂလိပ်စာပါ ကျွမ်းကျင်ဖို့ SET မှာ အတူတူ လေ့လာစို့"

09/01/2026

သားသားမီးမီးတို့ရဲ့ ပညာရေးအခြေခံခိုင်မာစေဖို့နဲ့ တောက်ပတဲ့အနာဂတ်ကို ပုံဖော်ပေးဖို့အတွက် SET မှ အခြေခံပညာ မူလတန်းအဆင့် ကျောင်းအပ်လက်ခံခြင်းကို စတင်နေပါပြီ။ ✨

🌟 SET ရဲ့ မူလတန်းအဆင့်ပညာရေးမှာ ဘာတွေထူးခြားမလဲ?

📝စနစ်သစ်သင်ရိုးညွှန်းတမ်း
ပညာရေးဝန်ကြီးဌာန (NUGMOE)မှ သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းများကို အခြေခံပြီး နားလည်လွယ်အောင် သင်ကြားပေးခြင်း။

📝ကျောင်းသားဗဟိုပြုသင်ကြားမှု
ကလေးငယ်များ စာသင်ခန်းထဲမှာ ပျော်ရွှင်ပြီး ကိုယ်တိုင်စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိလာအောင် ပြုစုပျိုးထောင်ပေးခြင်း။

📝Online Class ဖြစ်၍ အဆင်ပြေခြင်း
မိမိတို့၏အိမ်မှ လုံခြုံစိတ်ချစွာသင်ယူနိုင်သလို၊
မိဘများအနေနဲ့လည်း သားသားမီးမီးရဲ့ သင်ယူမှုကို အနီးကပ် စောင့်ကြည့်နိုင်ခြင်း။

📝အခမဲ့ပညာရေးစနစ်
မိဘများအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ကလေးငယ်များ စနစ်တကျ ပညာသင်ယူနိုင်မယ့် အခွင့်အရေးဖြစ်ခြင်း။

🏫SET ရဲ့ အခမဲ့မူလတန်းကျောင်း အစီအစဉ်

🗓️စတင်မည့်ရက်: ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်
📚သင်ကြားမည့်အဆင့်: KG မှ Grade 5 အထိ (မူလတန်းအဆင့်)
💻သင်ကြားမှုပုံစံ: Online Class (မည်သည့်နေရာမှမဆို တက်ရောက်နိုင်ပါသည်)
💸သင်တန်းကြေး: အခမဲ့

📩 ကျောင်းအပ်နှံရန်နှင့် စုံစမ်းရန်

အောက်ပါ Registration Link လေးမှာ အချက်အလက်ဖြည့်စွက်ပြီး အလွယ်တကူ စာရင်းသွင်းနိုင်ပါတယ်။

🔗 Registration Form
https://forms.gle/z8j9ZDoSeBg7hxAh6

ကလေးတို့ရဲ့ ပညာရေးအတွက် အသေးစိတ် သိရှိလိုတာများရှိရင်ဖြစ်ဖြစ်၊ ကျောင်းအပ်နှံချင်ရင်ဖြစ်ဖြစ် SET Page ရဲ့ Messenger ကနေ အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

ဒါ့အပြင် ကျွန်တော်တို့ SET တွင် မူလတန်းအဆင့်သာမက အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် များအတွက်လည်း အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးလျက်ရှိပါတယ်ခင်ဗျာ။ ၂၀၂၆ ပညာသင်နှစ်အတွက် အတန်းအပ်နှံခြင်းအသေးစိတ်အချက်အလက်များကို အောက်ပါ post တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/share/p/184ivvQB7d/

"ရင်သွေးငယ်တွေရဲ့ အခြေခံပညာခိုင်မာဖို့ SET က အမြဲအသင့်ရှိနေမှာပါ"

08/01/2026

Spring Education Taunggyi - SET မှ ၂၀၂၆ ပညာသင်နှစ်၊ စနစ်ဟောင်း ဒဿမတန်း‌ ဖြေဆိုမည့်သူများအတွက် အထူးကြေညာချက်

မင်္ဂလာပါခင်ဗျာ

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း / Grade 11 Old) အတန်းသစ်ကို SETမှ ဖွင့်လှစ်‌ပေးလိုက်ပါတယ်။

သင်တန်းအချိန်ဇယား🗓️

🗓️စတင်ရက်: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ
🕘သင်ကြားချိန်: နံနက် ၉:၀၀ မှ နေ့လည် ၃:၀၀ အထိ
📝သင်ကြားရက်များ: တနင်္လာနေ့မှ သောကြာနေ့အထိ
⏳သင်တန်းကာလ: ၆ လ

📚ဖွင့်လှစ်မည့် ဘာသာတွဲများ:
စနစ်ဟောင်းဒသမတန်း အတွဲ (၇) တွဲအနက် ကျွန်တော်တို့ SET တွင် အောက်ပါ (၂) တွဲကိုသာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

၁။ အတွဲ (၁): မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ
၂။ အတွဲ (၇): မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ

ဤအတန်းတွင် ပါဝင်ဖြေဆိုနိုင်သူများကတော့

(က) စစ်အာဏာမသိမ်းမီ အခြေခံပညာ နဝမတန်း (စနစ်ဟောင်း) သို့မဟုတ် နည်းပညာအထက်တန်းကျောင်း ပထမနှစ် တက်ရောက်ဖူးပြီး ဒသမတန်း စစ်ဆေးရေး မဖြေဆိုရသေးသူများ။

(ခ) ဖြေဆိုပြီးသော်လည်း ရလဒ်များသည် တက္ကသိုလ်ဝင်ခွင့် သို့မဟုတ် သက်မွေးသင်တန်းများ၏ သတ်မှတ်ချက်နှင့် မပြည့်မီသော ဘာသာရပ်များရှိသူများ။ (မှတ်ချက်: မိမိ ထပ်မံဖြေဆိုလိုသော ဘာသာရပ်များကိုသာ ရွေးချယ်ဖြေဆိုနိုင်ပါသည်။)

(ဂ) BECAဖြေဆိုစဉ်က စည်းကမ်းချက်များနှင့် မကိုက်ညီမှုကြောင့် ရလဒ်ပယ်ဖျက်ခံခဲ့ရသူများ ပါဝင်ဖြေဆိုနိုင်ပါတယ်ခင်ဗျာ။

ကျောင်းဝင်ခွင့်ကို အောက်ပါ လင့်ခ်မှတစ်ဆင့် လျှောက်ထားရန် နိုင်ပါတယ်✨

https://forms.gle/scC7CA6vKroGq5hN6

စနစ်ဟောင်း ဒဿမတန်း ဖွင့်လှစ်ခြင်းနှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက Spring Education Taunggyi - SET page Messenger သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ✨

မိမိတို့၏ အနာဂတ်ပညာရေး ခရီးလမ်းတွင် အဆင့်မြင့်ပညာရေးကို လျှောက်လှမ်းဖို့ SET နှင့်အတူ စတင်လိုက်ပါ🎉

01/01/2026

မြန်မာ့လူ့အဖွဲ့အစည်းရှိ လူမှုစံသတ်မှတ်ချက်များကို အနီးကပ်ချဉ်းနင်းလေ့လာခြင်း

မင်္ဂလာပါခင်ဗျာ ✨

မကြာခင် ဒီဇင်ဘာလ 5 ရက် 6 ရက် နဲ့ 7 ရက်နေ့တို့မှာ ကျွန်တော်တို့ SET မှ ဆရာမများနှင့် အထက်တန်းကျောင်းသားကျောင်းသူများအတွက် 2026 ခုနှစ်ရဲ့ ပထမဆုံး workshop လေးတစ်ခုကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီ workshop မှာတော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အရိုးစွဲနေပြီးဖြစ်တဲ့ လူမှုစံသတ်မှတ်ချက်များကို ချဉ်းနင်းလေ့လာသွားကြမှာဖြစ်ပါတယ်။

ဒါ့အပြင်
📌ဂျန်ဒါရဲ့ သဘောသဘာဝ၊
📌မြန်မာ့လူမှူအသိုင်းအဝိုင်းမှာရှိတဲ့ဖိုဝါဒကြီးစိုးမှု၊
📌ဂျန်ဒါခွဲခြားမှုများကနေ ပဋိပက္ခအသွင်ကူးပြောင်းသွားပုံများနှင့်
📌လူ့အသိုင်းဝိုင်းရဲ့ သက်မှတ်ချက်များမှ ကျွန်တော်တို့ကို စနစ်တကျခွဲခြားဆက်ဆံစေမှုများကို မီးမောင်းထိုးပြပြီး ရှေးရိုးစွဲအယူဝါဒများလျော့ပါးစေဖို့နဲ့ အတွေးအမြင်အသစ်တွေ ရင့်သန်စေဖို့ ဆရာမ Christina မှ သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။

📝သင်တန်းအသေးစိတ်
🗒️ခေါင်းစဉ် - မြန်မာ့လူ့အဖွဲ့အစည်းရှိ လူမှုစံသတ်မှတ်ချက်များကို အနီးကပ်ချဉ်းနင်းလေ့လာခြင်း
🗓️နေ့ရက် - ၂၀၂၆ ဇန်နဝါရီလ ၅၊၆၊၇
🕖အချိန် - မြန်မာစံတော်ချိန် ည ၇ နာရီမှ ၉ နာရီ
📍နေရာ - ZOOM platform

ဒါကြောင့် စိတ်ပါဝင်စားတဲ့ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများအနေနဲ့ အခမဲ့ စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်ခင်ဗျာ🎉

01/01/2026

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေခင်ဗျာ🎉✨

28/12/2025

ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက်ညမှာတော့ ကျွန်တော်တို့ SET မှ ဆရာဆရာမများ အားလုံးစုံလင်စွာ အစည်းအဝေးလုပ်ပြီး ၂၀၂၆ ပညာသင်နှစ်မှာ ပိုမိုကောင်းမွန်တဲ့ သင်ကြားရေးစနစ်တွေ ပေးနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ကြေညာထားခဲ့တဲ့ ၂၀၂၆ activity plan အတိုင်း ကျောင်းသား‌ကျောင်းသူများအတွက် ကျောင်းစာအတွက်ရော ကျောင်းစာပြင်ပဗဟုသုတများတိုးတက်စေဖို့အလို့ငှာ webiner များ၊ workshop များ၊ club activity များ လုပ်ဆောင်နိုင်ရန်အတွက် အစီအစဉ်များကို စနစ်တကျ ချမှတ်ခဲ့ကြပါတယ်။ ဆရာ၊ဆရာမများအချင်းချင်း ၂၀၂၅ ပညာသင်နှစ်မှာ ရရှိခဲ့တဲ့ သင်ကြားရေးအတွေ့အကြုံတွေကို အပြန်အလှန်ဖလှယ်ခဲ့ကြတဲ့အပြင် အားသာချက်တွေကိုလည်း ပိုပြီးတိုးတက်အောင်၊ အားနည်းချက်တွေလည်း လျော့သထက်လျော့အောင် ဝိုင်းဝန်းပြီး အကြံဉာဏ်များ ပေးခဲ့ကြပါတယ်။

Spring Education Taunggyi - SET မှ ဆရာ၊ဆရာမအားလုံးက‌တော့ ၂၀၂၆ ပညာသင်နှစ်မှာ အားသွန်ခွန်စိုက်နဲ့ ပညာအမွေလက်ဆင့်ကမ်းဖို့ အဆင်သင့်ဖြစ်နေပါပြီခင်ဗျာ။

ကျွန်တော်တို့ SET ရဲ့ ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမှူကာလမကြာခင်ပြီးဆုံးတော့မှာဖြစ်တဲ့အတွက် အောက်ပါ link မှာ အသေးစိတ်လေ့လာဖတ်ရှူပြီး ကျောင်းအပ်နှံနိုင်ပါပြီခင်ဗျာ။

https://www.facebook.com/share/p/184ivvQB7d/




Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mingalarpar Oo Taunggyi City Southern Shan State
Taunggyi
06011