26/07/2026
🌟 New Preschoolers Class Opening this August! (Age 3 to 5) 🌟
The early years are the most crucial foundation for a child's lifelong independence, curiosity, and love for learning.
At Taunggyi Montessori House by Diamond Hill, we are excited to announce the opening of our brand-new classroom tailored specifically for preschoolers aged 3 to 5 years old, starting this August! 🎉
In our carefully prepared Montessori environment, your little ones will:
✨ Develop fine and gross motor skills through hands-on learning materials.
✨ Enhance language and social-emotional coordination.
✨ Foster natural independence and self-confidence at their own pace.
Spaces for this foundational age group are highly limited to maintain our premium teacher-to-child ratio. Secure your child’s spot today and watch them thrive!
ရင်သွေးငယ်လေးတွေရဲ့ တစ်သက်တာလွတ်လပ်စွာတွေးခေါ်မှု၊ စူးစမ်းလိုစိတ်နဲ့ သင်ယူလိုစိတ်တို့အတွက် အခြေခံအကျဆုံးအချိန်ဟာ ဒီအရွယ်ပဲ ဖြစ်ပါတယ်။
Taunggyi Montessori House by Diamond Hill မှ အသက် (၃) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်လေးများအတွက် သီးသန့်ပြင်ဆင်ထားတဲ့ အတန်းသစ်ကို လာမည့် သြဂုတ်လ တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ် 🎉
ကျွန်မတို့ရဲ့ စနစ်တကျပြင်ဆင်ထားသော Montessori ပတ်ဝန်းကျင်မှာ သားသားမီးမီးတို့ဟာ:
✨ Hands-on learning materials များကို လေ့ကျင့်ခြင်းဖြင့် Gross Motor Skills များဖွံ့ဖြိုးလာခြင်း။
✨ ဘာသာစကားနှင့် Social-emotional coordination တိုးတက်လာခြင်း။
✨ မိမိကိုယ်တိုင် လုပ်ဆောင်နိုင်စွမ်းနှင့် ယုံကြည်မှုများကို ကိုယ်ပိုင်အရှိန်အဟုန်ဖြင့် တည်ဆောက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာပါ။
ကလေးတစ်ဦးချင်းစီကို အနီးကပ်ဂရုစိုက်နိုင်ရန်အတွက် အတန်းတွင်း လက်ခံမည့်ဦးရေကို အကန့်အသတ်ဖြင့်သာ လက်ခံသွားမည်ဖြစ်လို့ အခုပဲ စာရင်းပေးသွင်းပြီး ရင်သွေးငယ်လေးတွေရဲ့ အနာဂတ်အတွက် စိတ်ချလက်ချ ရွေးချယ်လိုက်ပါဦးမေမေတို့ရေ။
____________________________________________________
08/05/2026
Celebrating Mother’s Day with Creativity and Love! 💖
Our little Diamonds at Taunggyi Montessori House have been busy getting their hands colorful! To honor the upcoming Mother’s Day on the 10th, our Diamonds participated in a special Art and Craft Activity. 🎨✨
From choosing their favorite bright colors to carefully crafting handmade surprises and filled with love for their wonderful mommies. Seeing their concentration and joyful smiles was the highlight of our day!
Check out these adorable moments from our TMH 💎 classroom today!
29/04/2026
ဖေဖေ၊ မေမေတို့ရေ...
Montessori ဆိုတဲ့ စကားလုံးကို ခဏခဏ ကြားဖူးနေပေမဲ့ ဒီသင်ကြားရေးနည်းစနစ်က ဖေဖေ၊ မေမေ တို့ရဲ့ သားသား၊ မီးမီးလေးတွေ အတွက် တကယ်ရော ဘယ်လိုအကျိုးရှိစေမှာလဲဆိုတာ သိချင်နေပြီလား? 🤔
Montessori သင်ကြားရေးစနစ်ဆိုတာ ဘာလဲ?
Montessori ဆိုတာ ကမ္ဘာကျော်ပညာရေးပညာရှင် Dr. Maria Montessori ဖော်ထုတ်ခဲ့တဲ့ "ကလေးဗဟိုပြု" သင်ကြားရေးစနစ် ဖြစ်ပါတယ်။ ကလေးတွေကို စာအုပ်ထဲကစာတွေကိုပဲ အလွတ်ကျက်ခိုင်းတာမျိုး၊ မှတ်ခိုင်းတာမျိုး မဟုတ်ဘဲ သားသား၊ မီးမီလေးတို့ရဲ့ ပင်ကိုယ်စွမ်းရည် (Natural Potential) ကိုတိုးတက်လာအောင် လွတ်လပ်စွာ စူးစမ်းသင်ယူခွင့်ပေးတဲ့ သင်ကြားရေးနည်းစနစ်ဖြစ်ပါတယ်ရှင် 🧩
Taunggyi Montessori House မှာ Dr. Maria Montessori သတ်မှတ်ခဲ့တဲ့ Learning Areas များဖြစ်တဲ့
🧽 Practical Life Exercises
🌈 Sensorial Training
🔡 Language
🧮 Mathematics
🌍 Culture Subjects
များအားလုံးအတွက် လိုအပ်တဲ့ Montessori Materials များ အသုံးပြု၍ ကလေးတွေအနေနဲ့ သူတို့ရဲ့ နေ့စဉ်ဘဝလိုအပ်ချက်တွေကို ကိုယ့်အားကိုယ်ကိုးပြီး လုပ်ဆောင်နိုင်ဖို့အတွက် လေ့ကျင့်လမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်။
Montessori စနစ်ရဲ့ ကောင်းကျိုးများ
၁။ လက်တွေ့သင်ယူမှု (Learning by Doing) 👐 သားသား၊ မီးမီလေးများ အရုပ်လေးတွေ၊ ကိရိယာလေးတွေကို ကိုင်တွယ်ကစားရင်း သင်္ချာ၊ ဘာသာစကားနဲ့ လူမှုရေးပညာရပ်တွေကို လက်တွေ့ကျကျ သင်ယူစေခြင်း၊
၂။ လွတ်လပ်စွာ ရွေးချယ်ခွင့် (Freedom within Limits) 🌈 သားသား၊ မီးမီးလေးများက မိမိစိတ်ဝင်စားရာကို လွတ်လပ်စွာ ရွေးချယ်သင်ယူခွင့်ရှိတာကြောင့် သင်ယူရတာကို ပျော်ရွှင်လာပြီး မိမိကိုယ်ကို ယုံကြည်မှု (Self-confidence) အပြည့်ရှိလာစေခြင်း၊
၃။ ဘက်စုံဖွံ့ဖြိုးမှု (Holistic Development) 🧠 ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ယုံ တင်မကဘဲ သင်ခန်းစာများ နားလည်မှု၊ စည်းကမ်းရှိမှုနဲ့ သားသား၊ မီးမီးတစ်ဦးတစ်ယောက်ချင်းစီရဲ့ အာရုံစူးစမ်းနိုင်မှုစွမ်းရည်များကိုပါ အချိုးကျကျ ဖွံ့ဖြိုးလာစေဖို့ ပြင်ဆင်ပေးခြင်း၊
___________________________________
🌟 Taunggyi Montessori House မှာ ဘာတွေ ထူးခြားမလဲ?
ကျွန်မတို့ဆီမှာတော့ Montessori စနစ်ရဲ့ အနှစ်သာရကို အပြည့်အဝ ရရှိနိုင်ဖို့
✅ ကလေးတွေအတွက် ဘေးကင်းလုံခြုံပြီး စိတ်ဝင်စားစရာကောင်းသော Prepared Environment ကို ပြင်ဆင်ပေးထားပါတယ်။
✅ ကျွမ်းကျင်ဆရာမများမှ ကလေးတစ်ဦးချင်းစီရဲ့ အားသာချက်ကို ဖော်ထုတ်ပေးမယ့် နွေးထွေးတဲ့ လမ်းညွှန်မှုများကို ပေးအပ်သွားမှာပါ။
✅ (Life-long Learner) ငယ်စဉ်ကတည်းက သင်ယူလိုစိတ် ပြင်းထန်တဲ့ ကလေးငယ်များဖြစ်အောင် အခြေခံမှစ၍ လေ့ကျင့်လမ်းညွှန်ပေးလျက်ရှိပါတယ်။
သားသား၊ မီးမီးတို့ရဲ့ပိုမိုကောင်းမွန်သော ပညာရေးအတွက် မှန်ကန်တဲ့ ပထမဆုံးခြေလှမ်းကို Taunggyi Montessori House နဲ့အတူ စတင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင် 🏫💖
For More Information
09 893 939 991 / 09 788 889 139
အမှတ် (၅၅) ၊ ရှမ်းလမ်း၊ ညောင်ရွှေဟော်ကုန်းရပ်၊ တောင်ကြီးမြို။
Taunggyi Montessori House
________________________________
24/04/2026
🌟ကလေးဗဟိုပြုသင်ကြားရေးစနစ်ဖြစ်တဲ့ Montessori Education နှင့် PEARSON Early Years Program ကို ပေါင်းစပ်သင်ကြားပေးမယ့်တောင်ကြီးမြို့ရဲ့ ပထမဦးဆုံး International Montessori Preschool 📢
Diamond Hill Private School ရဲ့ Nursery အတန်းကို ပိုမိုပြည့်စုံကောင်းမွန်တဲ့ သင်ကြားမှုဝန်းကျင်ဖြစ်စေဖို့အတွက် အခုအခါမှာ "Taunggyi Montessori House by Diamond Hill” အမည်ဖြင့် အမှတ် (၅၅) ၊ ရှမ်းလမ်း၊ ညောင်ရွှေဟော်ကုန်းရပ်မှာ အသစ်တိုးချဲ့ ပြောင်းလဲဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင် ✨
တောင်ကြီးမြို့မှ သားသား၊ မီးမီးလေးတွေရဲ့ ပညာရေးသာမက ဘက်စုံအရည်အသွေးကိုပါ အကောင်းဆုံး ဖြစ်စေမယ့် World Recognized Montessori သင်ကြားရေးစနစ်နဲ့ စနစ်တကျပြုစုပျိုးထောင်ပေးမယ့် Preschool တစ်ခုကို ရှာဖွေနေတယ်ဆိုရင် Taunggyi Montessori House ရှိပါတယ်နော်
____________________________________
For More Information
09 893 939 991 / 09 788 889 139
Taunggyi Montessori House
အမှတ် (၅၅) ၊ ရှမ်းလမ်း၊ ညောင်ရွှေဟော်ကုန်းရပ်၊ တောင်ကြီးမြို့။
Diamond Hill Private School
အမှတ် (၁၁၄) ၊ နဂါးပွက်ကျောင်းလမ်း၊ ကန်အောက်ရပ်ကွက်၊ တောင်ကြီးမြို့။
____________________________________