05/02/2026
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် လိုက်နာရမည့် အထူးသတိပေးချက်
ပြုပြင်ထားသော အမှတ်စာရင်းနှင့် ပညာရေးဆိုင်ရာ အထောက်အထားများ၊ ဉာဏ်ရည်တုနည်းပညာ (AI) ဖြင့် ဖန်တီးထားသော အမှတ်စာရင်းနှင့်အထောက်အထားစာရွက်စာတမ်းအတုများကို တင်သွင်းလာခြင်း လုံးဝ (လုံးဝ) မပြုကြပါရန်နှင့် စစ်ဆေးတွေ့ရှိသည့် မည်သည့်အခြေအနေတွင်မဆို -
* တက္ကသိုလ်ဝင်ခွင့်စိစစ်ရေးအဖွဲ့အနေဖြင့် လျှောက်လွှာကို ပယ်ဖျက်မှာဖြစ်ပြီး
* သက်ဆိုင်ရာတက္ကသိုလ်များအနေဖြင့် မိမိတို့တက္ကသိုလ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်မှုများ ရှိပါမည်။
> Black List သွင်းခြင်းနှင့် နောင်တွင် မည်သည့်အကြောင်းကြောင့်ဖြင့်မှ အဆိုပါတက္ကသိုလ်တက်ရောက်ခွင့် လျှောက်ထားခြင်းကို လက်မခံဘဲငြင်းပယ်ခြင်းများ ဖြစ်နိုင်သည့်အပြင် ရရှိခဲ့ဖူးသည့်မည်သည့် ပညာရေး မှတ်တမ်းကိုမဆို ပယ်ဖျက်ခံရနိုင်ပါသည်။
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့
ပညာရေးဝန်ကြီးဌာန
01/02/2026
စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်
(မြန်မာ့နွေဦးတက္ကသိုလ်)
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ကြားကာလ တက္ကသိုလ်များမှ ခေါ်ယူသော စတုတ္ထအကြိမ်တက္ကသိုလ်ဝင်ခွင့်
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက် မှ ၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နေ့ ထိ မြန်မာပညာရေးစနစ် (Myanmar Education System -MES) တွင် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။
လမ်းညွှန်စာအုပ် ရယူရန် - https://drive.google.com/file/d/1ByAXIUVqB5YiWaF1Oa3iQnbTK127YYWe/view?usp=sharing
မြန်မာပညာရေးစနစ် MES မှ တဆင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံလမ်းညွှန် - https://drive.google.com/file/d/1b73t7CwAf6n4BHL2ewH-LUj2IVfzJCey/view?usp=sharing
https://moe.nugmyanmar.org/he/uni-ent-26/
01/02/2026
ပျောက်ဆုံးသွားတဲ့ နှစ် (၅) နှစ်။
ဒီနေ့ဖေဖော်ဝါရီ (၁) ရက်နေ့ပါ။ လွန်ခဲ့တဲ့ ၅ နှစ်ကိုပြန်သတိရစေမယ့်နေ့ပါ။ ရုတ်တရက် ဆက်သွယ်ရေးလိုင်း၊ အင်တာနက်လိုင်းတွေပြတ်သွားပြီး စစ်အာဏာရှင်ကမတရားအာဏာထိမ်းလိုက်တယ်ဆိုတဲ့ သတင်းကိုကြားခဲ့ရတဲ့နေ့။ ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ဆို ၅ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။
ဒီကာလတွေက အဆုံးရှုံးတွေတကယ်များခဲ့ပါတယ်။ တန်ဖိုးဖြတ်မရနိုင်တဲ့အသက်တွေ၊ အနာဂတ်တွေ၊ ပညာတွေကစလို့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနဲ့အတူ ဘဝတွေတစ်စစီဆုံးရှုံးပျက်စီးခဲ့ရတဲ့ကာလတွေဖြစ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်၊ ဒီလိုအချိန်မှာ တစ်နိုင်ငံလုံးကပြည်သူအားလုံးက စစ်အာဏာရှင်ရဲ့အာဏာသိမ်းမှုကို လက်မခံနိုင်ကြောင်း တစ်ပြိုင်နက်တည်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါပေမယ့် ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုပြီး စစ်အာဏာရှင်ကတော့ ကိုယ်ကျိုးအတွက်ပဲကြည့်ခဲ့ပါတယ်။ လက်နက်အားကိုးနဲ့ ပြည်သူတွေရဲ့စိတ်ဓာတ်ကိုဖျက်ဆီးဖြိုခွင်းနိုင်မယ်လို့ထင်နေခဲ့ကြပုံပါ။
တော်လှန်ရေးကာလ အခုလို ၅ နှစ်ကြာအောင်တောင့်ခံနိုင်ခဲ့ကြတဲ့ ပြည်သူတွေရဲ့စိတ်ဓာတ်နဲ့ အင်အားဟာအံ့ဩဖို့ကောင်းလှပါတယ်။ တော်လှန်ရေးကာလတလျှောက် မတရားမှုကိုအနိုင်ရစေဖို့ အုတ်တစ်ချပ်၊ သဲတစ်ပွင့်ကစလို့ နိုင်ရာဝန်ကိုထမ်းပေးခဲ့ကြတဲ့တော်လှန်ပြည်သူတွေ၊ ရဲဘော် ရဲဘက်တွေအတွက် လှိုက်လှိုက်လှဲလှဲကျေးဇူးတင် ဂုဏ်ယူမိပါတယ်။ ခရီးလမ်းမှာ ကျန်ရစ်ခဲ့ရတဲ့ ရဲဘော်များကိုလည်း အလေးနီပြုရင်း နွေဦးတော်လှန်ရေးအမြန်အောင်မြင်နိုင်စေဖို့ အတူတူနိုင်ရာဝန်တွေဆက်ထမ်းရင်း ရှေ့ဆက်လျှောက်ပေးကြဖို့ မြန်မာ့နွေဦးတက္ကသိုလ်-mnou က တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
#မြန်မာ့နွေဦးတက္ကသိုလ်
ပျောက်ဆုံးသွားတဲ့ နှစ် (၅) နှစ်။
ဒီနေ့ဖေဖော်ဝါရီ (၁) ရက်နေ့ပါ။ လွန်ခဲ့တဲ့ ၅ နှစ်ကိုပြန်သတိရစေမယ့်နေ့ပါ။ ရုတ်တရက် ဆက်သွယ်ရေးလိုင်း၊ အင်တာနက်လိုင်းတွေပြတ်သွားပြီး စစ်အာဏာရှင်ကမတရားအာဏာထိမ်းလိုက်တယ်ဆိုတဲ့ သတင်းကိုကြားခဲ့ရတဲ့နေ့။ ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ဆို ၅ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။
ဒီကာလတွေက အဆုံးရှုံးတွေတကယ်များခဲ့ပါတယ်။ တန်ဖိုးဖြတ်မရနိုင်တဲ့အသက်တွေ၊ အနာဂတ်တွေ၊ ပညာတွေကစလို့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနဲ့အတူ ဘဝတွေတစ်စစီဆုံးရှုံးပျက်စီးခဲ့ရတဲ့ကာလတွေဖြစ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်၊ ဒီလိုအချိန်မှာ တစ်နိုင်ငံလုံးကပြည်သူအားလုံးက စစ်အာဏာရှင်ရဲ့အာဏာသိမ်းမှုကို လက်မခံနိုင်ကြောင်း တစ်ပြိုင်နက်တည်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါပေမယ့် ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုပြီး စစ်အာဏာရှင်ကတော့ ကိုယ်ကျိုးအတွက်ပဲကြည့်ခဲ့ပါတယ်။ လက်နက်အားကိုးနဲ့ ပြည်သူတွေရဲ့စိတ်ဓာတ်ကိုဖျက်ဆီးဖြိုခွင်းနိုင်မယ်လို့ထင်နေခဲ့ကြပုံပါ။
တော်လှန်ရေးကာလ အခုလို ၅ နှစ်ကြာအောင်တောင့်ခံနိုင်ခဲ့ကြတဲ့ ပြည်သူတွေရဲ့စိတ်ဓာတ်နဲ့ အင်အားဟာအံ့ဩဖို့ကောင်းလှပါတယ်။ တော်လှန်ရေးကာလတလျှောက် မတရားမှုကိုအနိုင်ရစေဖို့ အုတ်တစ်ချပ်၊ သဲတစ်ပွင့်ကစလို့ နိုင်ရာဝန်ကိုထမ်းပေးခဲ့ကြတဲ့တော်လှန်ပြည်သူတွေ၊ ရဲဘော် ရဲဘက်တွေအတွက် လှိုက်လှိုက်လှဲလှဲကျေးဇူးတင် ဂုဏ်ယူမိပါတယ်။ ခရီးလမ်းမှာ ကျန်ရစ်ခဲ့ရတဲ့ ရဲဘော်များကိုလည်း အလေးနီပြုရင်း နွေဦးတော်လှန်ရေးအမြန်အောင်မြင်နိုင်စေဖို့ အတူတူနိုင်ရာဝန်တွေဆက်ထမ်းရင်း ရှေ့ဆက်လျှောက်ပေးကြဖို့ မြန်မာ့နွေဦးတက္ကသိုလ်-mnou က တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
#မြန်မာ့နွေဦးတက္ကသိုလ်
31/01/2026
မြန်မာ့နွေဦးတက္ကသိုလ်ရှိ
မဟာဌာနကြီးများ၊ ဘာသာရပ်ဌာနများ နှင့် ပေးအပ်သောဘွဲ့များ
Faculties, Departments and Degrees of MNOU
17/07/2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာကဏ္ဍ
မြန်မာ့နွေဦးတက္ကသိုလ်
စာအမှတ်၊ ပညရ/ မနဥတ/Academic Affairs/၂၀၂၅ (၀၀၃)
ရက်စွဲ ၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၇) ရက်
အကြောင်းအရာ။ ။ မြန်မာ့နွေဦးတက္ကသိုလ် ဒုတိယအကြိမ်ဘွဲ့နှင်းသဘင် တက်ရောက်ရမည့် ကျောင်းသား၊ ကျောင်းသူများစာရင်း ကြေညာခြင်း။
အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ တော်လှန်ရေးကာလအတွင်း တက္ကသိုလ် တက်လက်စ ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားရေး အဆက်မပြတ်သွားစေရန်ရည်ရွယ်၍ စတင်ဖွင့်လှစ်ခဲ့သည့် မြန်မာ့နွေဦးတက္ကသိုလ်တွင် ပညာသင်ကြားမှု ပြီးမြောက်သူများကို ဘွဲ့လက်မှတ်အပ်နှင်းရန် တက္ကသိုလ်၏ ပညာရေးအဖွဲ့မှ ဆုံးဖြတ်ပြီး ဖြစ်ပါသည်။
ထို့ကြောင့် မြန်မာ့နွေဦးတက္ကသိုလ် “ဒုတိယအကြိမ်ဘွဲ့နှင်းသဘင်အခမ်းနား” ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
မြန်မာ့နွေဦးတက္ကသိုလ်တွင် သက်ဆိုင်ရာဘာသာရပ်အလိုက် နောက်ဆုံးနှစ်စာမေးပွဲဖြေဆို အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများစာရင်းကို ထုတ်ပြန်ကြေညာအပ်ပါသည်။
ဘွဲ့လက်မှတ်ရယူနိုင်ရန်အတွက် အောက်ပါ registration form တွင် လိုအပ်သည့် အချက်လက်များ နှင့် ဘွဲ့လက်မှတ်ကြေး ၁၀၀၀၀ ကျပ်တို့ကို (၃၁-၀၇-၂၀၂၅ ) ရက် ကြာသပတေးနေ့ (ည ၁၂ နာရီ) နောက်ဆုံးထားဖြည့်သွင်းပေးရန်လိုအပ်ပါသည်။
ဘွဲ့လက်မှတ်ကြေးပေးရာတွင် Spring Development Bank (SDB) ဖြင့် သာ ပေးသွင်းရမည်။
Registration form link - https://edu.nugmyanmar.org/2_graduationMNOU
လျှောက်လွှာစတင်ခေါ်ယူသည့်နေ့ - ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၇) ရက် (ကြာသပတေးနေ့)
လျှောက်လွှာပိတ်မည့်နေ့ -၂၀၂၅ ခုနှစ် ဇူလိုင်လ (၃၁) ရက် (ကြာသပတေးနေ့)
ပူးတွဲ။ ဘွဲ့ယူရမည့် ကျောင်းသား၊ ကျောင်းသူများစာရင်း။
ဌာနမှူး
သင်တန်းရေးရာဌာန
မြန်မာ့နွေဦးတက္ကသိုလ်
#မြန်မာ့နွေဦးတက္ကသိုလ်
22/06/2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာကဏ္ဍ
မြန်မာ့နွေဦးတက္ကသိုလ်
https://www.mnou.university
စာအမှတ်၊ ပညရ/ မနဥတ/Student Affairs/၂၀၂၅ (၀၁၇)
ရက်စွဲ ၊ ၂၀၂၅ ခုနှစ် ဇွန်လ (၁၆) ရက်
အကြောင်းအရာ။ ။ ဆဋ္ဌမအသုတ် (ဒုတိယအကြိမ်) Six Batch (Second Time) ကျောင်းအပ်ခဲ့သော နေ့သင်တန်းနှင့် အဝေးသင် ကျောင်းသား၊ ကျောင်းသူများ Learning Management System (Moodle) ၌ အတန်းများ စတင်တက်ရောက်နိုင်ပြီဖြစ်ကြောင်း နှင့် ကျောင်းတက်ကာလ ကြေညာခြင်း။
၁။ အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ မြန်မာ့နွေဦးတက္ကသိုလ်တွင် နေ့သင်တန်း ၂၀၂၀ မတိုင်မီ အထိ တက်လက်စ Second Semester တက်ရန်ကျန် အတန်းများ (တတိယနှစ် (ဂုဏ်ထူးတန်း)၊ မဟာအရည်အချင်းစစ်သင်တန်း၊ ပထမနှစ် (မဟာတန်း) မှ တက်လက်စ ကျောင်းသား၊ ကျောင်းသူများ နှင့် အဝေးသင်တက်လက်စ (ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်) ကျောင်းသား၊ ကျောင်းသူများ ကို ၂၀၂၅ ခုနှစ် ဧပြီလ (၃၀) ရက်မှ ၂၀၂၅ ခုနှစ် မေလ (၂၁) ရက်အထိ Myanmar Education System (MES) တွင် ကျောင်းအပ်လက်ခံခဲ့ပြီး ကျောင်းသားကတ် (သို့) တက်လက်စ ကျောင်းသားဖြစ်ကြောင်း အထောက်အထားများနှင့် admission fees တို့ပေးသွင်းကာ တင်သွင်းခြင်းတို့ကို ၂၀၂၅ ခုနှစ် ဧပြီလ (၃၀) ရက်မှ ၂၀၂၅ ခုနှစ် မေလ (၂၂) ရက် အထိ ဖြည့်သွင်းရန် ကြေညာခဲ့ပြီးဖြစ်ပါသည်။
၂။ တင်သွင်းရမည့် အချက်အလက်များနှင့် admission fees ပေးသွင်းကာ အချက်အလက် မှန်ကန်သော ကျောင်းသား၊ ကျောင်းသူများကို Learning Management System (LMS) (Moodle) ၌ သင်ခန်းစာများ စတင်လေ့လာနိုင်ရန် moodle account နှင့် password များကို ကျောင်းသား၊ ကျောင်းသူတို့၏ Myanmar Education System (MES) account များထဲ၌ ထည့်သွင်းပေးထားပြီး ဖြစ်ပါသည်။
၃။ ကျောင်းတက်ရမည့် ကာလ (Moodle LMS ၌ စာလေ့လာကာလ) မှာ နေ့သင်တန်းများအတွက် ၂၀၂၅ ခုနှစ် ဇွန်လ (၁၆) ရက်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့ထိ (၄) လ ဖြစ်ပြီး အဝေးသင်အတန်းများအတွက် ၂၀၂၅ ခုနှစ် ဇွန်လ (၁၆) ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့ထိ (၆) လ ဖြစ်ပါသည်။ (Moodle LMS ၌ စာလေ့လာရမည့် ပုံစံအသေးစိတ်ကို အောက်တွင် link နှင့်တကွ တင်ထားပေးပါသည်။)
၄။ အချက်အလက်လိုအပ်နေသော ကျောင်းသား၊ ကျောင်းသူများကို email ဖြင့် ဆက်သွယ်၍ အချက်အလက် ပြန်လည်တောင်းခံမည်ဖြစ်ပြီး မှန်ကန်သော အချက်အလက်များ ပြန်လည်တင်သွင်း၍ စစ်ဆေးပြီးမှသာ Moodle LMS account ပေးမည် ဖြစ်ပါသည်။
၅။ MES ၌ ကျောင်းအပ်ခြင်း မပြီးဆုံးဘဲ ကျောင်းသားကတ် (သို့) တက်လက်စကျောင်းသားဖြစ်ကြောင်း အထောက်အထားများနှင့် admission fees ပေးသွင်းကာ form တင်သွင်းခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ MES ၌ ပြီးဆုံးအောင်ကျောင်းအပ်ခဲ့သော်လည်း ကျောင်းသားကတ် (သို့) တက်လက်စ ကျောင်းသားဖြစ်ကြောင်း အထောက်အထားများနှင့် admission fees slip တင်သွင်းခြင်း မရှိသော ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းတက်ခွင့် ရမည် မဟုတ်ပါ။
၆။ MES ၌ ကျောင်းအပ်ခြင်း မပြီးဆုံးဘဲ ကျောင်းသားကတ် သို့ တက်လက်စကျောင်းသားဖြစ်ကြောင်း အထောက်အထားများနှင့် admission fees ပေးသွင်းကာ တင်သွင်းခဲ့သော ကျောင်းသား၊ ကျောင်းသူများသည် နောက်တကြိမ် ကျောင်းအပ်လက်ခံပါက MES တွင် ကျောင်းပြီးဆုံးသည်အထိ အပ်ပါရန် နှင့် ယခုတကြိမ်တွင် သွင်းထားသော admission fees slip ကို ပြန်လည်အသုံးပြုကာ ကျောင်းအပ်နိုင်သည်။ (မပြီးဆုံးဘဲ တင်သွင်းခဲ့သူများသာ)
၇။ ကျောင်းအပ်ခြင်းတွင် မရိုးသားသော အချက်အလက်များ နှင့် တင်သွင်းခဲ့ကြောင်း တွေ့ရှိပါက ကျောင်းတက်ရောက်ခွင့် ရပ်ဆိုင်းမည် ဖြစ်ပြီး တက္ကသိုလ်ကောင်စီ နှင့် ပညာရေးအဖွဲ့ တို့၏ ဆုံးဖြတ်ချက်သာ အတည် ဖြစ်ပါသည်။
Moodle LMS aacount ကို MES တွင် ရှာဖွေ၍ စာလေ့လာနိုင်သည့် လမ်းညွှန်
ဝင်ရောက်ရမည့်link များ
MES >>> https://mes.moeedu.org/he-login
LMS Moodle >>>> https://he.moeedu.org/
ဝင်ရောက်ရမည့်ပုံစံအဆင့်ဆင့် (Laptop:Computer Version) - https://www.facebook.com/100086498222883/posts/130854619807812/
ဝင်ရောက်ရမည့်ပုံစံအဆင့်ဆင့် (mobile phone version) - https://www.facebook.com/100086498222883/posts/130859806473960/
ကျောင်းသား၊ ကျောင်းသူများ အား သင်ခန်းစာ များ လေ့လာရမည့်ပုံစံ၊ စာမေးပွဲများဖြေဆို ရမည့် ပုံစံ အသေးစိတ်
https://www.facebook.com/share/v/KGXxfoACs1DS7ZgB/?
https://m.facebook.com/story.php?story_fbid=382761737950431&id=100086498222883
https://youtu.be/vhoT-GvwMjs
pdf file - https://drive.google.com/file/d/1r3akNdHo8A1q58staKUaJjzwo1FZ6b97/view?usp=sharing
မော်ကွန်းထိန်း
(ကျောင်းသားရေးရာဌာနခွဲ)
သင်တန်းရေးရာဌာန
မြန်မာ့နွေဦးတက္ကသိုလ်
ဖြန့်ဝေခြင်း
၁။တက္ကသိုလ်ကောင်စီ၊ မြန်မာ့နွေဦးတက္ကသိုလ်။
၂။ပညာရေးအဖွဲ့၊ မြန်မာ့နွေဦးတက္ကသိုလ်။
၃။မဟာဌာနမှူးများ၊ မဟာဌာနများ၊ မြန်မာ့နွေဦးတက္ကသိုလ်။
၄။ဌာနမှူးများ၊ ဘာသာရပ်ဌာနများ၊ မြန်မာ့နွေဦးတက္ကသိုလ်။
၅။ကသုံးလုံး (K3CC) မြေပြင်ဌာနခွဲ၊ မြန်မာ့နွေဦးတက္ကသိုလ်။
၆။ဌာနမှူးများ (သင်တန်းရေးရာဌာန၊ စီမံရေးရာဌာန၊ ဘဏ္ဍာဌာန၊ လူထုဆက်ဆံရေးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာန၊ သုတေသနစင်တာ၊ စာကြည့်တိုက်၊ အရည်အသွေးအာမခံမှုစင်တာ၊ လေ့လာဆန်းစစ်အကဲဖြတ်ဌာန၊ နိုင်ငံတကာဆက်ဆံရေးရုံး)။
၇။မော်ကွန်းထိန်း (သင်တန်းရေးရာဌာန)၊ မြန်မာ့နွေဦး တက္ကသိုလ်။
၈။မော်ကွန်းထိန်း (စာမေးပွဲနှင့်ဘွဲ့နှင်းဌာနခွဲ)၊ မြန်မာ့နွေဦး တက္ကသိုလ်။
၉။ပူးပေါင်းတက္ကသိုလ်ကောင်စီများ။
၁၀။မိတ်ဖက်တက္ကသိုလ်ကောင်စီများ။
၁၁။ မြန်မာ့နွေဦးတက္ကသိုလ်၏ လူမှုကွန်ယက်များ (page and Telegram Channel) ။
22/03/2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာကဏ္ဍ
မြန်မာ့နွေဦးတက္ကသိုလ်
စာအမှတ်၊ ပညရ/ မနဥတ/Student Affairs/၂၀၂၅ (၀၀၈)
ရက်စွဲ ၊ ၂၀၂၅ ခုနှစ် မတ်လ (၂၂) ရက်
အကြောင်းအရာ။ ။ နေ့သင်တန်း တက်လက်စကျောင်းသား၊ ကျောင်းသူများ (၂၀၂၁ မတိုင်မီ Second Semester တက်ရန်ကျန်အတန်းများ)အတွက် Six Batch (ဆဋ္ဌမအကြိမ်) ကျောင်းအပ်လက်ခံခြင်း ပထမအသုတ် ကျောင်းသား၊ ကျောင်းသူများ admission fees ပေးသွင်းရမည့် Link ကြေညာခြင်း။
ရည်ညွှန်းချက်။ ။ ၂၀၂၅ ခုနှစ် မတ်လ ရက်စွဲပါ စာအမှတ် ပညရ/ မနဥတ/Student Affairs/၂၀၂၅ (၀၀၇) မြန်မာ့နွေဦးတက္ကသိုလ် ကျောင်းသားကျောင်းသူများကို Admission Fees စတင်ကောက်ခံမည်ဖြစ်ကြောင်းကြေညာခြင်း။
၁။ အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ မြန်မာ့နွေဦးတက္ကသိုလ်တွင် နေ့သင်တန်း ၂၀၂၀ မတိုင်မီ အထိ တက်လက်စ Second Semester တက်ရန်ကျန် အတန်းများ မှ တက်လက်စ ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၅ ခုနှစ် မတ်လ (၈) ရက်မှ ၂၀၂၅ ခုနှစ် မတ်လ (၂၂) ရက်အထိ Myanmar Education System (MES) တွင် ကျောင်းအပ်လက်ခံခဲ့ပြီး ဖြစ်ပါသည်။
၂။ ရည်ညွှန်းပါစာအရ ကျောင်းသား၊ ကျောင်းသူများသည် Admission fees ကို ပေးသွင်းရမည် ဖြစ်ပါသည်။
၃။ Myanmar Education System (MES) ၌ ကျောင်းအပ်နည်း လမ်းညွှန်တွင် ပါသည့်အတိုင်း ကျောင်းအပ် ပြီးစီးပါက အောက်ဖော်ပြပါ Form တွင်
(၁) MES ၌ ရရှိခဲ့သည့် student ID (ကျောင်းသားကုဒ်)
(၂) email
(၃)၂၀၂၀ မတိုင်ခင်က တက်ခဲ့သော တက္ကသိုလ်
(၄) အတန်း
(၅) ကျောင်းဝင်အမှတ် (သို့မဟုတ်) ခုံနံပါတ် နှင့်
(၆) တက်လက်စအတန်း၏ ကျောင်းသားကတ် (သို့မဟုတ်) အဆိုပါအတန်းသို့ မရောက်မီ ရှေ့နှစ်မှ အောင်စာရင်း (သို့မဟုတ်) ၂၀၂၁ မတိုင်ခင် ရရှိထားသော ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာ (သို့မဟုတ်) ရှေ့နှစ်မှ အမှတ်စာရင်း
(အထက်ပါ ထဲမှ တစ်ခုခု ဖြစ်ရပါမည်၊ ဆယ်တန်းအောင်လက်မှတ်မရပါ)
(၇) admission fees ပေးသွင်းပြီးသည့် Slip/ Screenshot
စသည်တို့ကို မဖြစ်မနေ ပြန်လည် ဖြည့်သွင်းရန် လိုအပ်ပါသည်။
၆။ ဒေတာဖြည့်သွင်းခြင်းနှင့် Admission Fees ပေးသွင်းခြင်းကို ၂၉.၀၃.၂၀၂၅ (စနေနေ့) နောက်ဆုံးထား ဆောင်ရွက်ရမည်။
၇။ ထိုသို့ ဖြည့်သွင်းပြီးမှသာ ဒေတာများမှန်မမှန် စစ်ဆေးပြီး Learning Management System (Moodle) တွင် ကျောင်းတက်၍ သင်ခန်းစာများ လေ့လာနိုင်ရန် ID and password ကို ထုတ်ပေးမည် ဖြစ်ပါသည်။
၈။ Moodle ID and Password သည် MES ထဲတွင် ဖြည့်သွင်းထားပေးမည် ဖြစ်ပြီး ကျောင်းအပ်ကာလ ပြီးဆုံး၍ သင်ခန်းစာများ စတင်လေ့လာနိုင်ပြီဟု ကြေညာသည့် ကျောင်းဖွင့် ရက်တွင် ဖြည့်သွင်းထားပေးပါမည်။
၉။ Admission fees ပေးသွင်းရာတွင် NUG pay (or) Spring Development Bank (SDB) ဖြင့်သာ ပေးသွင်းရမည်။ ပေးသွင်းရမည့် QR ကို အောက်တွင် ဖော်ပြထားသလို Form တွင်လည်း ထည့်သွင်းပေးထားပါသည်။
၁၀။ Payment Note တွင် Student ID (eg. A00BBAA234) ကို မဖြစ်မနေ ထည့်သွင်းပေးရမည်။
၁၁။ သို့ဖြစ်ပါ၍ ဆဋ္ဌမအကြိမ် (ပထမအသုတ်) တွင် ကျောင်းအပ်ကြသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အောက်တွင်ပေးထားသော form ကို သတ်မှတ်ရက်အတွင်း မဖြစ်မနေ ဖြည့်သွင်းကြပါရန် နှင့် Admission fees ပေးသွင်းကြပါရန် အသိပေး အကြောင်းကြားပါသည်။
Linkကို နှိပ်၍ (သို့) QR ကို Scan ဖတ်၍ ဖြည့်သွင်းပါရန်
https://edu.nugmyanmar.org/mnouadmissionfee
မော်ကွန်းထိန်း
(ကျောင်းသားရေးရာဌာနခွဲ)
သင်တန်းရေးရာဌာန
မြန်မာ့နွေဦးတက္ကသိုလ်
မှတ်ချက်။
(၁) ၂၂-၀၃-၂၀၂၅ မှ ၂၉-၀၃-၂၀၂၅ ရက်အတွင်း
အပြီး ဖြည့်သွင်းကြပါရန် နှင့် Payment Note တွင် Student ID (eg. A00BBAA234) ကို မဖြစ်မနေ ထည့်သွင်းပေးရန်။
(၂) ပထမ Form ဖြည့်သွင်းပြီးသူများလည်း ယခု form ကို မဖြစ်မနေ ပြန်လည် ဖြည့်သွင်းရမည်။
https://www.facebook.com/share/p/1A7EsbDQy6/
20/03/2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာကဏ္ဍ
မြန်မာ့နွေဦးတက္ကသိုလ်
စာအမှတ်၊ ပညရ/ မနဥတ/Student Affairs/၂၀၂၅ (၀၀၇)
ရက်စွဲ ၊ ၂၀၂၅ ခုနှစ် မတ်လ (၁၈) ရက်
အကြောင်းအရာ။ ။ မြန်မာ့နွေဦးတက္ကသိုလ် ကျောင်းသားကျောင်းသူများကို Admission Fees စတင်ကောက်ခံမည်ဖြစ်ကြောင်းကြေညာခြင်း။
ရည်ညွှန်းချက်။ ။ မြန်မာ့နွေဦးတက္ကသိုလ် တက္ကသိုလ်ကောင်စီ၏ ၁၇-၀၃-၂၀၂၅ ရက်နေ့ ပြုလုပ်သော အစည်းအဝေး ဆုံးဖြတ်ချက်အရ။
၁။ အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ မြန်မာ့နွေဦးတက္ကသိုလ်သည် ကျောင်းသားကျောင်းသူများ အား ကျောင်းအပ်လက်ခံရာတွင် Admission Fees ကို ၁၈.၀၃.၂၀၂၅ ရက်နေ့မှ စတင်၍ ကောက်ခံမည်ဖြစ်ပါသည်။ (ယခု ကျောင်းအပ်နေသော Sixth Batch (First Time) လည်း အကျူံးဝင်ပါသည်။)
၂။ မြန်မာ့နွေဦးတက္ကသိုလ်တွင် လက်ရှိတက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ (First Batch, Second Batch, Third Batch, Uni Entrance (1st), Uni Entrance (2nd) ကျောင်းသား၊ ကျောင်းသူများအားလုံး သည် semester တစ်ခုပြီးမြောက်၍ ဖြစ်စေ အတန်းတစ်တန်း အောင်မြင်၍ ဖြစ်စေ နောက် ပညာသင်ကာလ (Next Semester) သို့ ကူးပြောင်းသည့်အခါ Admission Fees အဖြစ် ၁၀၀၀၀ ကျပ် (စာဖြင့် တစ်သောင်းကျပ် တိတိ) ကို ပေးသွင်းကြရပါမည်။
၃။ ယခု ခေါ်ယူနေသော Six Batch အသုတ်တွင်လည်း လျှောက်ထားသည့် တက်လက်စ နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူများ သည် ပညာသင်ကာလ (Semester) တစ်ခုစာ Admission Fees - ၁၀၀၀၀ ကျပ် (စာဖြင့် တစ်သောင်းကျပ် တိတိ) နှင့် အဝေးသင်ကျောင်းသား၊ ကျောင်းသူများသည် ပညာသင်ကာလ (Semester) နှစ်ခုစာ Admission Fees ၂၀၀၀၀ ကျပ် (စာဖြင့် နှစ်သောင်းကျပ် တိတိ) ပေးသွင်းကြရမည်။ (မကြာခင် ပေးသွင်းရမည့် link ကို ကြေညာပါမည်။)
၄။ ယခုကောက်ခံမှုသည် Admission Fees သာလျှင်ဖြစ်ပြီး တခြားသော လခများ (ပညာသင်ကြားခ၊ ကျောင်းလခ (tuition fees)), အစရှိသည်တို့သည် အခမဲ့ ဖြစ်ပါသည်။
၅။ ထို့ပြင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာ (Student Certificate) ၊ အမှတ်စာရင်း (transcript)၊ ဘွဲ့လက်မှတ် များ ထုတ်ယူလိုပါကလည်း အမျိုးအစားတစ်ခုကို တစ်ကြိမ်လျှင် ၁၀၀၀၀ ကျပ် (စာဖြင့် တစ်သောင်းကျပ်) ပေးသွင်းရပါမည်။
၆။ ပေးသွင်းရာတွင် NUG pay နှင့် SDB (၂) မျိုးဖြင့်သာ လက်ခံပါမည်။
မော်ကွန်းထိန်း
(ကျောင်းသားရေးရာဌာနခွဲ)
သင်တန်းရေးရာဌာန
မြန်မာ့နွေဦးတက္ကသိုလ်
- ကျောင်းသား၊ ကျောင်းသူများအားလုံး၊ မြန်မာ့နွေဦးတက္ကသိုလ်
- ဘဏ္ဍာဌာန၊ မြန်မာ့နွေဦးတက္ကသိုလ်
#မြန်မာ့နွေဦးတက္ကသိုလ်
10/03/2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာကဏ္ဍ
မြန်မာ့နွေဦးတက္ကသိုလ်
စာအမှတ်၊ ပညရ/ မနဥတ/Student Affairs/၂၀၂၅ (၀၀၆)
ရက်စွဲ ၊ ၂၀၂၅ ခုနှစ် မတ်လ (၉) ရက်
အကြောင်းအရာ။ ။ နေ့သင်တန်း တက်လက်စကျောင်းသား၊ ကျောင်းသူများ (၂၀၂၁ မတိုင်မီ Second Semester တက်ရန်ကျန်အတန်းများ)အတွက် Six Batch (ဆဋ္ဌမအကြိမ်) ကျောင်းအပ်လက်ခံခြင်း ပထမအသုတ် ကျောင်းသား၊ ကျောင်းသူများ မဖြစ်မနေ သိရှိစေရန်။
၁။ အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ မြန်မာ့နွေဦးတက္ကသိုလ်တွင် နေ့သင်တန်း ၂၀၂၀ မတိုင်မီ အထိ တက်လက်စ Second Semester တက်ရန်ကျန် အတန်းများ တက်လက်စ ကျောင်းသား၊ ကျောင်းသူများကို အောက်ပါ အချိန်ဇယားအတိုင်း စတင်ခေါ်ယူထားပြီးဖြစ်ပါသည်။
၂။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ခေါ်ယူမည့် စာရင်းတွင် မိမိတို့ တက်ရောက်ရမည့် အတန်း၊ မေဂျာ ပါမပါ နှင့် အဆိုပါအတန်းများ၏ ကျောင်းအပ်လက်ခံမည့်ကာလကို သေချာစွာ ကြည့်ရှုလေ့လာကြရန် လိုအပ်ပါသည်။
၃။ ကျောင်းအပ်ရာတွင် Myanmar Education System (MES) တွင် ဝင်ရောက်၍ ကျောင်းအပ်ရပါမည်။
၄။ MES တွင် စာရင်းသွင်းကျောင်းအပ်ရမည့် ပုံစံနှင့် အသေးစိတ်ကို အသေးစိတ်ကြေညာထားပါသည်။ သေချာစွာ လေ့လာ၍ ကျောင်းအပ်ကြပါရန် အသိပေးပါသည်။
MES Link - https://mes.moeedu.org/login
MES တွင် ကျောင်းအပ်ရန် အဆင့်ဆင့် (Laptop Version) - https://www.facebook.com/share/p/1BGc1TjU8y/
MES တွင် ကျောင်းအပ်ရန် အဆင့်ဆင့် (Phone Version) –
https://www.facebook.com/share/p/1BGc1TjU8y/
၅။ Myanmar Education System (MES) ၌ ကျောင်းအပ်နည်း လမ်းညွှန်တွင် ပါသည့်အတိုင်း ကျောင်းအပ် ပြီးစီးပါက အောက်ဖော်ပြပါ Google Form တွင်
(၁) MES ၌ ရရှိခဲ့သည့် student ID (ကျောင်းသားကုဒ်)
(၂) email
(၃)၂၀၂၀ မတိုင်ခင်က တက်ခဲ့သော တက္ကသိုလ်
(၄) အတန်း
(၅) ကျောင်းဝင်အမှတ် (သို့မဟုတ်) ခုံနံပါတ် နှင့်
(၆) ကျောင်းသားကတ် (သို့မဟုတ်) အဆိုပါအတန်းသို့ မရောက်မီ ရှေ့နှစ်မှ အောင်စာရင်း (သို့မဟုတ်)၂၀၂၁ မတိုင်ခင် ရရှိထားသော ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာ (သို့) အမှတ်စာရင်း
စသည်တို့ကို မဖြစ်မနေ ပြန်လည် ဖြည့်သွင်းရန် လိုအပ်ပါသည်။
၆။ ထိုသို့ ဖြည့်သွင်းပြီးမှသာ Learning Management System (Moodle) တွင် ကျောင်းတက်၍ သင်ခန်းစာများ လေ့လာနိုင်ရန် ID and password ကို ထုတ်ပေးမည် ဖြစ်ပါသည်။
၇။ Moodle ID and Pasျword သည် MES ထဲတွင် ဖြည့်သွင်းထားပေးမည် ဖြစ်ပြီး ကျောင်းအပ်ကာလ ပြီးဆုံး၍ သင်ခန်းစာများ စတင်လေ့လာနိုင်ပြီဟု ကြေညာသည့် ကျောင်းဖွင့် ရက်တွင် ဖြည့်သွင်းထားပေးပါမည်။
၈။ သို့ဖြစ်ပါ၍ ဆဋ္ဌမအကြိမ် (ပထမအသုတ်) တွင် ကျောင်းအပ်ကြသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အောက်တွင်ပေးထားသော form ကို မဖြစ်မနေ ဖြည့်သွင်းကြပါရန် အသိပေး အကြောင်းကြားပါသည်။ Linkကို နှိပ်၍ (သို့) QR ကို Scan ဖတ်၍ ဖြည့်သွင်းပါရန်)
https://edu.nugmyanmar.org/6admissiondata
မော်ကွန်းထိန်း
(ကျောင်းသားရေးရာဌာနခွဲ)
သင်တန်းရေးရာဌာန
မြန်မာ့နွေဦးတက္ကသိုလ်
ဖြန့်ဝေခြင်း
၁။တက္ကသိုလ်ကောင်စီ၊ မြန်မာ့နွေဦးတက္ကသိုလ်။
၂။ပညာရေးအဖွဲ့၊ မြန်မာ့နွေဦးတက္ကသိုလ်။
၃။မဟာဌာနမှူးများ၊ မဟာဌာနများ၊ မြန်မာ့နွေဦးတက္ကသိုလ်။
၄။ဌာနမှူးများ၊ ဘာသာရပ်ဌာနများ၊ မြန်မာ့နွေဦးတက္ကသိုလ်။
၅။ကသုံးလုံး (K3CC) မြေပြင်ဌာနခွဲ၊ မြန်မာ့နွေဦးတက္ကသိုလ်။
၆။ဌာနမှူးများ (သင်တန်းရေးရာဌာန၊ စီမံရေးရာဌာန၊ ဘဏ္ဍာဌာန၊ လူထုဆက်ဆံရေးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာန၊ သုတေသနစင်တာ၊ စာကြည့်တိုက်၊ အရည်အသွေးအာမခံမှုစင်တာ၊ လေ့လာဆန်းစစ်အကဲဖြတ်ဌာန၊ နိုင်ငံတကာဆက်ဆံရေးရုံး)။
၇။မော်ကွန်းထိန်း (သင်တန်းရေးရာဌာန)၊ မြန်မာ့နွေဦး တက္ကသိုလ်။
၈။မော်ကွန်းထိန်း (စာမေးပွဲနှင့်ဘွဲ့နှင်းဌာနခွဲ)၊ မြန်မာ့နွေဦး တက္ကသိုလ်။
၉။ပူးပေါင်းတက္ကသိုလ်ကောင်စီများ။
၁၀။မိတ်ဖက်တက္ကသိုလ်ကောင်စီများ။
၁၁။ မြန်မာ့နွေဦးတက္ကသိုလ်၏ လူမှုကွန်ယက်များ (page and Telegram Channel) ။