Htoo Yadanar Aung Private School

Htoo Yadanar Aung Private School

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htoo Yadanar Aung Private School, School, No. (310), Nilar Street, Pyi Taw Thar Quarter, Taunggyi.

25/05/2026

🌟 𝗔𝗗𝗠𝗜𝗦𝗦𝗜𝗢𝗡𝗦 𝗡𝗢𝗪 𝗢𝗣𝗘𝗡! 🌟
🏫 𝗛𝘁𝗼𝗼 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗔𝘂𝗻𝗴 ပုဂ္ဂလိက မူလတန်းကျောင်းမှာ ကျောင်းအပ်လက်ခံနေပြီနော် ဖေဖေမေမေတို့ရေ!

မြန်မာအခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို နိုင်ငံတကာပညာရေး အစိတ်အပိုင်းတွေ ထည့်သွင်းပေါင်းစပ်ကာ သင်ကြားပေးသွားမှာ ဖြစ်ပြီး ...

🇬🇧 Cambridge English
➗ Singapore Mathematics
🇨🇳 Chinese Language

ဒီလို Extra Programs တွေကို Extra Fees တစ်ပြားမှ ထပ်ဆောင်းပေးစရာ မလိုဘဲ အခမဲ့ တက်ရောက်ခွင့် ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ...

📢 Early Bird Special အနေနဲ့ 👤 ပထမဆုံး အပ်နှံသူ အယောက် (၂၀) ကို 🔥 𝗔𝗗𝗠𝗜𝗦𝗦𝗜𝗢𝗡 𝗙𝗘𝗘𝗦 𝟭𝟬% 𝗗𝗜𝗦𝗖𝗢𝗨𝗡𝗧 လည်း ပေးသွားဦးမှာပါ။
(အသေးစိတ်ကို အောက်ပါ Link မှာ ဝင်ဖတ်ကြည့်နိုင်ပါတယ်)
https://www.facebook.com/share/p/1HzwG2UX9S/

ဒါကြောင့် ကိုယ့်ရင်သွေးလေးရဲ့ ပညာရေးအတွက် စိတ်အေးရချင်တယ်ဆိုရင် 𝗛𝘁𝗼𝗼 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗔𝘂𝗻𝗴 မှာအခုပဲ ကျောင်းအပ်နှံလိုက်ပါရှင်။

အတန်းတစ်တန်းချင်းစီမှာ ကျောင်းသားဦးရေ အကန့်အသတ်နဲ့ပဲလက်ခံမှာဖြစ်လို့ ခပ်မြန်မြန်လေး စာရင်းပေးထားဖို့တော့လိုမယ်နော်!

တခြား သိလိုတာရှိရင် Page Messenger ကို ဆက်သွယ်နိုင်သလို School Visit လာရောက်ပြီးတော့လည်း စုံစမ်းနိုင်ပါတယ်ရှင်။

𝗛𝘁𝗼𝗼 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗔𝘂𝗻𝗴 - 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗣𝗿𝗶𝗺𝗮𝗿𝘆 𝗦𝗰𝗵𝗼𝗼𝗹
📞 09 965 164 914 ,09 255 399 949
📍 အမှတ်(၃၁၀)၊ နီလာလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့။
#ထူးရတနာအောင် #မူလတန်းကျောင်း #တောင်ကြီး

Photos from Htoo Yadanar Aung Private School 's post 12/05/2026

🌠 𝗨𝗣 𝗧𝗢 𝟭𝟬𝟬% 𝗦𝗖𝗛𝗢𝗟𝗔𝗥𝗦𝗛𝗜𝗣 𝗖𝗛𝗔𝗡𝗖𝗘!

ကောင်းမွန်တဲ့ ပညာရေးဆိုတာ မိဘတွေအတွက် ငွေကြေးအရ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်မနေသင့်ပါဘူးနော်။

ဒါကြောင့် 𝗛𝘁𝗼𝗼 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗔𝘂𝗻𝗴 ပုဂ္ဂလိက မူလတန်းကျောင်းမှာဆိုရင် ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုအလိုက် ထိုက်တန်တဲ့ Scholarship အခွင့်အလမ်းတွေကို စီစဥ်ပေးထားပါတယ်။

အတန်းတိုင်းမှာ ထူးချွန်တဲ့ ကလေးတွေကို
နောက်ပညာသင်နှစ်အတွက် -

🥇 ပထမရသူကို 100% ပညာသင်ဆု
🥈 ဒုတိယရသူကို 75% ပညာသင်ဆု
🥉 တတိယရသူကို 50% ပညာသင်ဆုတွေ ဂုဏ်ပြုပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် English နဲ့ Maths အစိုးရပညာရည်ချွန်ဆု
ရရှိတဲ့ G-5 ကျောင်းသား/ကျောင်းသူတွေဆိုရင် -

မြို့နယ်အဆင့် 30%
ခရိုင်အဆင့် 40% နဲ့
ဗဟိုအဆင့်ဆို 50% အထိ
ပညာသင်ဆုတွေ ထပ်ဆောင်းပေးသွားမှာဖြစ်လို့
🏆 𝗗𝗢𝗨𝗕𝗟𝗘 𝗦𝗖𝗛𝗢𝗟𝗔𝗥𝗦𝗛𝗜𝗣 ရယူနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါတင်ပဲလားဆိုတော့ ...
🌟 Early Bird Special အနေနဲ့ 🌟
ပထမဆုံး အပ်နှံသူ အယောက် (၂၀) အတွက်
𝗔𝗗𝗠𝗜𝗦𝗦𝗜𝗢𝗡 𝗙𝗘𝗘𝗦 𝟭𝟬% 𝗗𝗜𝗦𝗖𝗢𝗨𝗡𝗧 လည်း စီစဥ်ပေးထားပါသေးတယ်။

ဒါကြောင့် နိုင်ငံတကာအဆင့်မီ ပညာရေးကို သင့်တင့်တဲ့ ကုန်ကျစရိတ်နဲ့ ရယူလိုတယ်ဆိုရင် 𝗛𝘁𝗼𝗼 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗔𝘂𝗻𝗴 မှ နွေးထွေးစွာ ကြိုဆိုနေပါတယ်ရှင်။

(Curriculum နဲ့ Free Extra Programs တွေအကြောင်းကို အောက်ပါ Link မှာ ဖော်ပြပေးထားပါတယ်)
https://www.facebook.com/share/p/1B6ERGrnDp/

အသေးစိတ် သိရှိလိုပါက Page Messenger ကို ဆက်သွယ်နိုင်သလို School Visit လာရောက်ပြီးတော့လည်း စုံစမ်းနိုင်ပါတယ်။

𝗛𝘁𝗼𝗼 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗔𝘂𝗻𝗴 - 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗣𝗿𝗶𝗺𝗮𝗿𝘆 𝗦𝗰𝗵𝗼𝗼𝗹
📞 09 965 164 914
📍 အမှတ်(၃၁၀)၊ နီလာလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့။

#ထူးရတနာအောင် #မူလတန်းကျောင်း #တောင်ကြီး

Photos from Htoo Yadanar Aung Private School 's post 09/05/2026

🎓🌏 ကမ္ဘာသစ်ဆီ ခြေဆန့်ဖို့ နိုင်ငံတကာအဆင့်မီ ပညာရေးကို ရယူစို့!

မိဘတိုင်းက ကိုယ့်သားသမီးရဲ့ ပညာရေးနဲ့ ပတ်သက်လာရင် အကောင်းဆုံးတွေကိုပဲ ဖြည့်ဆည်းပေးချင်ကြပါတယ်။ ဒါပေမဲ့ ကျောင်းသင်ခန်းစာနဲ့တင် မလုံလောက်ဘဲ အပြင်မှာ သီးသန့်သင်တန်းတွေ ထပ်ထားရတဲ့အခါ ...
❌ မိဘတွေမှာ ငွေကုန်ကြေးကျ များရသလို
❌ ကလေးတွေမှာလည်း အရွယ်နဲ့ မမျှအောင် ပင်ပန်းရတတ်ပါတယ်။

𝗛𝘁𝗼𝗼 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗔𝘂𝗻𝗴 ပုဂ္ဂလိက မူလတန်းကျောင်းမှာဆိုရင်တော့ Government Curriculum အပြင်၊ နိုင်ငံတကာ ပညာရေးအစိတ်အပိုင်းတွေကို Extra Curriculrum အနေနဲ့ ထည့်သွင်းဖြည့်စွက်ထားလို့ ဒီအခက်အခဲကို ဖြေရှင်းပြီးသား ဖြစ်စေမှာပါ။
မြန်မာအခြေခံပညာ သင်ရိုးညွှန်းတမ်းကို ခိုင်မာအောင် သင်ကြားပေးမယ့်အပြင် ...
🇬🇧 Cambridge English
➗ Singapore Mathematics နဲ့
🇨🇳 Chinese Language တွေကိုပါ ထပ်ဆောင်းသင်ကြားပေးသွားမယ့် ပညာရေးစနစ် ဖြစ်ပါတယ်။

အကောင်းဆုံးအချက်ကတော့ အထက်ပါ Extra Programs တွေအားလုံးကို Extra Fees လုံးဝ ထပ်ပေးစရာမလိုဘဲ အခမဲ့ တက်ရောက်ခွင့် ရရှိမှာပါရှင်။

✔️ ဒါကြောင့် ကျောင်းတစ်ကျောင်းတည်းမှာတင် မြန်မာအခြေခံပညာရေးရော၊ နိုင်ငံတကာအဆင့်မီ အင်္ဂလိပ်စာနဲ့ သင်္ချာစွမ်းရည်တွေကိုပါ သင်ယူနိုင်စေမှာ ဖြစ်ပါတယ်။
သင်ကြားရာမှာလည်း အပြင်မှာ ကျူရှင်ထပ်ယူစရာ မလိုတဲ့အထိ ဖိဖိစီးစီး သေချာအလေးထားကာ သင်ကြားပေးသွားမှာပါ။

👩‍🏫 အခြေခံအားနည်းတဲ့ ကလေးတွေအတွက် ကျောင်းချိန်နောက်ပိုင်း ၃:၃၀ မှ ၄:၃၀ အထိ Study Guide စီစဥ်ပေးထားပါတယ်။ ✨ အဲ့အတွက်လည်း Study Guide Fees လုံးဝ ပေးစရာ မလိုပါဘူးနော်။
ဒါကြောင့် သားသားမီးမီးလေးတို့ရဲ့ အနာဂတ်ဘဝ လှပစေချင်တယ်ဆိုရင် ...
နိုင်ငံတကာအဆင့်မီ ပညာရေးကို သင့်တင့်တဲ့ ကုန်ကျစရိတ်နဲ့ ရယူနိုင်မယ့် 🏫 𝗛𝘁𝗼𝗼 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗔𝘂𝗻𝗴 မှာ စိတ်ချယုံကြည်စွာ ကျောင်းအပ်နှံလိုက်ပါရှင်။

ကျောင်းနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Page Messenger ကို ဆက်သွယ်နိုင်သလို School Visit လာရောက်ပြီးတော့လည်း စုံစမ်းနိုင်ပါတယ်။

𝗛𝘁𝗼𝗼 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗔𝘂𝗻𝗴 - 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗣𝗿𝗶𝗺𝗮𝗿𝘆 𝗦𝗰𝗵𝗼𝗼𝗹
📍 အမှတ်(၃၁၀)၊ နီလာလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့။
#ထူးရတနာအောင် #မူလတန်းကျောင်း #တောင်ကြီး

Photos from Htoo Yadanar Aung Private School 's post 07/05/2026

🏡 ကျောင်းဆိုတာ ကလေးတွေအတွက် ဒုတိယအိမ်ဆိုရင် ဆရာ/ဆရာမတွေဆိုတာက ဒုတိယမိဘတွေပါပဲ။
သင်ရိုးညွှန်းတမ်းတွေ ဘယ်လောက်ကောင်းကောင်း ...
လက်တွေ့သင်ကြားပေးမယ့် ဆရာ/ဆရာမတွေရဲ့ အရည်အချင်းနဲ့ စေတနာကသာ ကလေးတွေရဲ့ အနာဂတ်တိုးတက်မှုကို အဓိက အဆုံးအဖြတ်ပေးနိုင်တာပါ။
𝗛𝘁𝗼𝗼 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗔𝘂𝗻𝗴 ပုဂ္ဂလိက မူလတန်းကျောင်းမှာ သင်ကြားပို့ချပေးမယ့် ဆရာမတွေအားလုံးဟာ ပညာရေးဆိုင်ရာ ဘွဲ့၊ ဒီပလိုမာ အသီးသီးကို ရရှိထားကြတဲ့ 📜 Registered Private Teacher တွေ ဖြစ်ပါတယ်။
သက်ဆိုင်ရာ ဘာသာရပ်တွေမှာ ကျွမ်းကျင်ရုံသာမကဘဲ မြန်မာ့ပညာရေးရဲ့ အနှစ်သာရဖြစ်တဲ့ စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုတဲ့ နာသုံးနာနဲ့ ပြည့်စုံသူတွေလည်း ဖြစ်ပါတယ်။
ဒီလို ဆရာမတွေကနေ ဦးဆောင်ပြီးတော့ -

🧑‍🏫 မြန်မာအခြေခံပညာသင်ရိုးညွှန်းတမ်းအပြင်
🧑‍🏫 Extra Programs တွေအဖြစ် Cambridge English နဲ့ Singapore Mathematics တို့ကို Extra Class Fees ထပ်ပေးစရာမလိုဘဲ သင်ကြားပေးသွားမှာပါ။
🧑‍🏫 အပြင်မှာ ကျူရှင်ထပ်ယူစရာမလိုအောင်လို့ အခြေခံအားနည်းတဲ့ ကလေးတွေအတွက်လည်း ကျောင်းချိန်နောက်ပိုင်း ၃:၃၀ မှ ၄:၃၀ အထိ Study Guide စီစဥ်ပေးထားပါတယ်။
✨ အဲ့အတွက်လည်း Study Guide Fees လုံးဝ ပေးစရာ မလိုပါဘူးနော်။

ဒါကြောင့် သားသားမီးမီးလေးတို့ရဲ့ အနာဂတ်ဘဝ လှပစေချင်တယ်ဆိုရင် 𝗛𝘁𝗼𝗼 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗔𝘂𝗻𝗴 မှာ စိတ်ချယုံကြည်စွာ ကျောင်းအပ်နှံလိုက်ပါရှင်။
ကျောင်းနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက
Page Messenger ကို ဆက်သွယ်နိုင်သလို School Visit လာရောက်ပြီးတော့လည်း စုံစမ်းနိုင်ပါတယ်။
𝗛𝘁𝗼𝗼 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗔𝘂𝗻𝗴 - 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗣𝗿𝗶𝗺𝗮𝗿𝘆 𝗦𝗰𝗵𝗼𝗼𝗹
📍 အမှတ်(၃၁၀)၊ နီလာလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့။
#ထူးရတနာအောင် #မူလတန်းကျောင်း #တောင်ကြီး

05/05/2026

🌏🌷 ကမ္ဘာကြီးဟာ ပန်းဥယျာဥ်တစ်ခု ဆိုပါစို့ ...

ကလေးလေးတွေဆိုတာ အရောင်အသွေးစုံတဲ့ ပန်းပွင့်လေးတွေနဲ့ တူပါတယ်။ သူတို့လေးတွေကြောင့်သာ ဥယျာဥ်ဟာ လှပနေနိုင်တာ မဟုတ်ပါလား။

ဒါဆို ပန်းပွင့်လေးတွေ ဖူးပွင့်လာဖို့အတွက်ရော ဘာက အရေးကြီးဆုံးဖြစ်မလဲ❓

အဖြေက ပညာရေးမှာ ရှိပါတယ်။

ပညာရေးဟာ ကလေးတစ်ယောက်ရဲ့ အနာဂတ် လှပပွင့်လန်းဖို့ လိုအပ်တဲ့ မြေဆီမြေဩဇာ ဖြစ်သလို၊ ကမ္ဘာကြီးရဲ့ အနာဂတ်ကိုပါ ပုံဖော်ပေးနိုင်တဲ့ အခြေခံအုတ်မြစ်ဆိုရင် မမှားပါဘူးနော်။

အလျင်အမြန် တိုးတက်ပြောင်းလဲနေတဲ့ ဒီနေ့ခေတ်မှာ Future Ready ဖြစ်ဖို့ဆိုရင် ...

✔️ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ တွေးခေါ်နိုင်စွမ်း၊ တီထွင်နိုင်စွမ်းနဲ့ ဘာသာစကား စွမ်းရည်တွေ လိုအပ်ပါတယ်။
✔️ တစ်ဖက်မှာလည်း ကိုယ့်မိခင် မြန်မာစာ မြန်မာစကားနဲ့ မြန်မာ့ယဥ်ကျေးမှုတွေကို ပစ်ပယ်မထားလိုက်သင့်ပါဘူး။
✔️ ဒီအတွက် အကောင်းဆုံးက မြန်မာပညာရေးနဲ့ နိုင်ငံတကာပညာရေးကို ပေါင်းစပ်လိုက်ခြင်းပါပဲ။

ကလေးတွေအတွက် ဒီလို မျှတပြည့်စုံတဲ့ Education Pathway ကို ပံ့ပိုးပေးချင်တာက 𝗛𝘁𝗼𝗼 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗔𝘂𝗻𝗴 ပုဂ္ဂလိက မူလတန်းကျောင်းရဲ့ အဓိက ရည်မှန်းချက် ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ -
🧑‍🏫 မြန်မာအခြေခံပညာရေး သင်ရိုးညွှန်းတမ်းအပြင်
🧑‍🏫 Extra Programs တွေအဖြစ် Cambridge English နဲ့ Singapore Mathematics တို့ကို Extra Class Fees ပေးစရာမလိုဘဲ သင်ယူနိုင်အောင် ထည့်သွင်းပေးထားပါတယ်။
🧑‍🏫 အပြင်မှာ ကျူရှင်ထပ်ယူစရာမလိုအောင် ဆရာ/ဆရာမတွေကနေ ကလေးတစ်ယောက်ချင်းစီကို ကိုယ့်ရင်‌သွေးလေးတွေလို သဘောထားပြီး သင်ကြားပေးသွားမှာပါ။

အခုလို မြန်မာပညာရေးနဲ့ နိုင်ငံတကာပညာရေးကို ပေါင်းစပ်ထားတဲ့ ခေတ်မီပညာရေးစနစ်က မိဘတွေရဲ့ ဆန္ဒနဲ့လည်း ထပ်တူကျမယ်လို့ ယုံကြည်ပါတယ်။

ဒါကြောင့် သားသားမီးမီးလေးတို့ရဲ့ အနာဂတ်ဘဝ လှပစေချင်တယ်ဆိုရင် 𝗛𝘁𝗼𝗼 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗔𝘂𝗻𝗴 မှ ကြိုဆိုနေပါတယ်ရှင်။

ကျောင်းနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက
Page Messenger ကို ဆက်သွယ်နိုင်သလို School Visit လာရောက်ပြီးတော့လည်း စုံစမ်းနိုင်ပါတယ်။

𝗛𝘁𝗼𝗼 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗔𝘂𝗻𝗴 - 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗣𝗿𝗶𝗺𝗮𝗿𝘆 𝗦𝗰𝗵𝗼𝗼𝗹
📍 အမှတ်(၃၁၀)၊ နီလာလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့။

#ထူးရတနာအောင် #မူလတန်းကျောင်း #တောင်ကြီး

01/05/2026

✊ မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုရင်း ...

အလုပ်သမားနေ့ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ သားသားမီးမီးတို့ ဗဟုသုတရအောင် မျှဝေပေးလိုက်ပါတယ်။

▪️မေဒေးလို့ခေါ်တဲ့ အလုပ်သမားနေ့သမိုင်းဟာ အမေရိကန်ပြည်ထောင်စုကနေ စတင်ခဲ့တာပါ။
▪️၁၉ ရာစုနှောင်းပိုင်းတုန်းက အလုပ်သမားတွေဟာ တစ်နေ့ကို ၁၆ နာရီကနေ နာရီ ၂၀ အထိ၊ နားရက်မရှိဘဲ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့ကြရတယ်။
▪️ဒါကြောင့် အလုပ်ချိန်လျှော့ပေါ့ပေးဖို့ အလုပ်သမားအခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတယ်။
▪️အလုပ်သမားထုကြီးရဲ့ အသက်သွေးချွေးပေါင်းများစွာ ရင်းပြီးနောက်၊ ၁၈၈၉ ခုနှစ်မှာတော့ တစ်နေ့တာ အလုပ်ချိန်ကို ၈ နာရီ ပြောင်းလဲသတ်မှတ်နိုင်ခဲ့ပါတယ်။

𝗛𝘁𝗼𝗼 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗔𝘂𝗻𝗴 - 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗣𝗿𝗶𝗺𝗮𝗿𝘆 𝗦𝗰𝗵𝗼𝗼𝗹
📍 အမှတ်(၃၁၀)၊ နီလာလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့။

#အလုပ်သမားနေ့
#ထူးရတနာအောင် #မူလတန်းကျောင်း #တောင်ကြီး

30/04/2026

🌕 ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ

မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ကိုယ်ရောစိတ်ပါ အေးချမ်းသာယာ ရှိပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သရင်း ...

သားသားမီးမီးတို့ ရွတ်ဖတ်သီဆိုဖို့ရာ ညောင်ရေသွန်းပွဲ ကဗျာလေးကို အမှတ်တရ မျှဝေပေးလိုက်ပါတယ်။

"ညောင်ရေလောင်းမယ် ဆုတောင်းမယ်။
ထိုနေ့ရောက်ရင်ကွယ်။
ဘုရားမွေးတယ် ထိုရက်နေ့၊
တို့တွေ ဘယ်မမေ့။
လပြည့်နေ့ပေါ့ နွေကဆုန်၊
ပူလို့ ဆွေဆွေ ခုန်။
ချမ်းမြေ့ရုံ ဆင်ကာနွှဲ၊
ညောင်ရေသွန်းတဲ့ပွဲ။"

𝗛𝘁𝗼𝗼 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗔𝘂𝗻𝗴 - 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗣𝗿𝗶𝗺𝗮𝗿𝘆 𝗦𝗰𝗵𝗼𝗼𝗹
📍 အမှတ်(၃၁၀)၊ နီလာလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့။

#ကဆုန်လပြည့် #ဗုဒ္ဓနေ့ #ညောင်ရေသွန်းပွဲ
#ထူးရတနာအောင် #မူလတန်းကျောင်း #တောင်ကြီး

29/04/2026

🙋‍♀️ တောင်ကြီးမြို့မှ မိဘများအတွက် သတင်းကောင်း

သားသမီးအတွက်ဆိုရင် အကောင်းဆုံးတွေကိုပဲ ဖြည့်ဆည်းပေးချင်တဲ့ ဖေဖေမေမေတို့အတွက် ...

🏫 ထူးရတနာအောင် ပုဂ္ဂလိက မူလတန်းကျောင်းကို
တောင်ကြီးမြို့မှာ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်ရှင်။

သူငယ်တန်း (Kindergarten) နဲ့
မူလတန်း (Grade 1–5) ကလေးများအတွက်

မြန်မာ့ပညာရေးကို အခြေခံခိုင်မာပြီး ကမ္ဘာ့ပညာရေးစင်မြင့်ဆီ ချောမွေ့စွာ ကူးပြောင်းနိုင်စေဖို့ရာ -

✔️ မြန်မာ၊ အင်္ဂလိပ် ဘာသာစကားနှစ်မျိုးဖြင့်
✔️ အရည်အချင်း ပြည့်မီတဲ့ ဆရာ/ဆရာမတွေကနေ
✔️ ခေတ်မီသင်ကြားရေးနည်းလမ်းများနဲ့ သင်ကြားပေးသွားမှာပါ။

ဒါကြောင့် သားသားမီးမီးလေးတို့ရဲ့ အနာဂတ်လှပစေဖို့ရာ နိုင်ငံတကာအဆင့်မီ ပညာရေးကို ပံ့ပိုးပေးလိုတယ်ဆိုရင် ...

✨ အနာဂတ်ကြယ်ပွင့်လေးတို့ မွေးဖွားရာ ထူးရတနာအောင်မှ ကြိုဆိုလိုက်ပါတယ်။

ကျောင်းနဲ့ပတ်သက်ပြီး အသေးစိတ် စုံစမ်းသိရှိလိုပါက page messenger ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

𝗛𝘁𝗼𝗼 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗔𝘂𝗻𝗴 - 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗣𝗿𝗶𝗺𝗮𝗿𝘆 𝗦𝗰𝗵𝗼𝗼𝗹
📍 အမှတ်(၃၁၀)၊ နီလာလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့။

#ထူးရတနာအောင် #မူလတန်းကျောင်း #တောင်ကြီး

26/03/2026

🌟 အလုပ်ခေါ်ယူနေပါသည်
Primary Programme (Primary 1 မှ 5 ထိ)
ကျောင်းသားများ၏ ပညာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ကို အထူးဂရုစိုက်ပြီး သင်ကြားပေးနိုင်မည့်သူများကို ဖိတ်ခေါ်ပါတယ်ရှင်။

📚 Main Course Teacher

တာဝန်များ
-Primary ကျောင်းသားများအတွက် သင်ခန်းစာများ သင်ကြားပို့ချခြင်း
-Child Psychology အခြေခံများကို အသုံးပြုပြီး ကလေးများ၏ စိတ်ပိုင်း၊ လူမှုရေးနှင့် သင်ယူမှု ဖွံ့ဖြိုးမှုကို ပံ့ပိုးခြင်း
-Lesson Plan နှင့် သင်ထောက်ကူများ ပြင်ဆင်ခြင်း
-ကျောင်းသားတိုးတက်မှုကို စောင့်ကြည့်၍ Feedback ပေးခြင်း
-ကျောင်းသားလိုအပ်ချက်အလိုက် Extra curricular Activities များ ရေးဆွဲနိုင်ခြင်း
လိုအပ်ချက်များ
-ပညာရေး သို့မဟုတ် ဆက်စပ်ဘာသာရပ်တွင် ဘွဲ့ရရှိသူ
-Child Psychology နားလည်မှုရှိသူ ဦးစားပေး
-Teaching Experience ရှိသူ
-English Communication ကောင်းမွန်သူ

👩‍🏫 Assistant Teacher

တာဝန်များ
-Main Teacher ကို သင်ကြားရေးတွင် ကူညီပံ့ပိုးခြင်း
-Child Psychology အခြေခံအသုံးပြု၍ Classroom Management ကူညီခြင်း
-သင်ထောက်ကူများ ပြင်ဆင်ခြင်း
လိုအပ်ချက်များ
-Diploma / Bachelor Degree
-Child Psychology အခြေခံနားလည်မှုရှိလျှင် ပိုမိုကောင်းမွန်၊စိတ်ရှည်၊ တာဝန်ယူမှုရှိသူ
-English Communication လုပ်နိုင်သူ ဦးစားပေး

🎓 Student Service Officer

တာဝန်များ
-ကျောင်းသားများ၏ အခြေအနေများကို နားလည်ပြီး ပံ့ပိုးပေးခြင်း
-မိဘများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း
-Child Psychology နားလည်မှုဖြင့် Student Support ပေးခြင်း
-Student Records နှင့် Admin Tasks များ စီမံခန့်ခွဲခြင်း
လိုအပ်ချက်များ
-Bachelor Degree
-Child Psychology Knowledge ရှိသူ ဦးစားပေး
-Communication Skill ကောင်းမွန်သူ
-Computer Basic အသုံးပြုနိုင်ရမည်
-English Basic Skill ရှိသူ ဦးစားပေးမည်

📩 လျှောက်ထားလိုပါက — CV ကို Page Messenger သို့မဟုတ်
ကျောင်းလိပ်စာ- အမှတ်(၃၁၀)၊နီလာလမ်း၊ပြည်တော်သာရပ်ကွက် သို့လည်း ကိုယ်တိုင်လာရောက်ပေးပို့လျှောက်ထားနိုင်ပါသည်။

📩 email address- [email protected] သို့လည်း ပေးပို့လျှောက်ထားနိုင်ပါသည်။

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Website

Address

No. (310), Nilar Street, Pyi Taw Thar Quarter
Taunggyi