Cherry Myay College Alumni Network

Cherry Myay College Alumni Network

Share

To improve our networking among Cherry Myay Alumni

27/05/2026

Europe ရဲ့ နှလုံးသား ဂျာမနီမြေပေါ်မှာဖြစ်စေ၊ မိမိတို့ ဒေသတွင်း Global South နိုင်ငံတွေမှာ ဖြစ်စေ Master သို့မဟုတ် PhD တက်ရောက်ဖို့ မျှော်လင့်ပြင်ဆင်နေသူတွေအတွက်..." 🎓
ဂျာမနီအခြေစိုက် Bread for the World (Brot für die Welt) ပညာသင်ဆု အစီအစဉ်
လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်နေပြီး မိမိရဲ့ အရည်အချင်းကို ဥရောပရဲ့ ထိပ်တန်းပညာရေးစနစ်နဲ့ဖြစ်စေ၊ ဒေသတွင်း နိုင်ငံတကာတက္ကသိုလ်တွေမှာဖြစ်စေ မြှင့်တင်ချင်တဲ့ လူငယ်တွေအတွက် ဂျာမနီနိုင်ငံရဲ့ နာမည်ကျော် Bread for the World (Brot für die Welt) Full Scholarship အကြောင်း အသေးစိတ် သိရှိနိုင်မယ့် အခွင့်အရေး လာပါပြီ။
🎯ဝေမျှမှုမှာ ဘယ်အကြောင်းအရာတွေကို ဖော်ပြသွားမှာလဲ?
အောက်ဖော်ပြပါ ပညာသင်ဆုအမျိုးအစားများကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
• General information on the Bread for the World scholarship program
• The “Leadership for Change” program for studies in Germany
• Scholarship opportunities for refugees under the “Commitment for Change” program
• Opportunities related to local Fachkräfte within scholarship projects in the Global South, including CPCS
🌟 Webinar Details:
🗓 Date: 29.5.2026 (Friday)
⏰ Time: 2:00 PM (MMT)
💻 Platform: Zoom
ဂျာမနီနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ပညာသင်ဆုနဲ့ ကျောင်းတက်ချင်သူတွေ၊ အရည်အချင်းပြည့်မီဖို့ ဘာတွေပြင်ဆင်ရမလဲ သိချင်သူတွေအနေနဲ့ လုံးဝ (လုံးဝ) မလွတ်တမ်း တက်ရောက်သင့်တဲ့ ပွဲလေးဖြစ်လို့ အခုပဲ Schedule ထဲမှာ မှတ်သားထားလိုက်တော့နော်။ 🥰
တက်ရောက်လိုသူများ https://forms.gle/z4fFxizgZJzLz39t8 တွင် စာရင်းပေးသွင်းနိုင်ပါသည်။ Webinar မစတင်မှီ စာရင်းပေးသွင်းထားသည့် email address များကို Zoom Link information ပေးပို့လာမှာ ဖြစ်ပါတယ်…

20/05/2026

ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ ရိုးရာဟင်းတစ်ခွက်ကနေ ခေတ်မီတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်တယ်ဆိုတာ သင်သိပါသလား?"

MCC Family Special Webinar| Social Enterprise Spotlight

ဒီတစ်ခါမှာတော့ ကျွန်တော်တို့ရဲ့ ညီနောင်ကျောင်းတော်ကြီးဖြစ်တဲ့ Tounge La'Yat Community College မှ ဂုဏ်ယူစွာ ထွက်ပေါ်လာတဲ့ လုပ်ငန်းရှင်တစ်ဦး၊ "ထူရု ကရင်တာလပေါ့" ရဲ့ ပဲ့ကိုင်ရှင် Naw Wah Khu Say က စိတ်ဝင်စားဖွယ် ဝေမျှပေးသွားမှာပါ။

✨ ဘာတွေအကြောင်း ဆွေးနွေးသွားမလဲ?

Naw Wah Khu Say ဟာ ကရင်ရိုးရာ တာလပေါ့ဟင်းကို အိမ်တွင်းချက် သာမန်ဟင်းတစ်ခွက်အဆင့်ကနေ ဆန်းသစ်တဲ့ Packaging Design၊ ခေတ်မီစနစ်တွေနဲ့ ပေါင်းစပ်ပြီး ဈေးကွက်ဝင် ထုတ်ကုန်တစ်ခုဖြစ်အောင် ဘယ်လိုပုံဖော်ခဲ့သလဲ?

ရိုးရာကိုလည်း ထိန်းသိမ်းရင်း ဒေသခံတောင်သူတွေနဲ့ အမျိုးသမီးတွေအတွက် ရေရှည်တည်တံ့တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဘယ်လိုဖန်တီးပေးနေသလဲ? ဆိုတဲ့ "ရိုးရာကို ခေတ်မီအောင် ဖန်တီးနည်း" နဲ့ "ခိုင်မာတဲ့ လူမှုစီးပွားပုံစံ (Social Enterprise) တည်ဆောက်နည်း" တို့ကို

ကိုယ်ပိုင် လုပ်ငန်းစတင်လာခဲ့တဲ့တစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံများအပေါ်အခြေခံပြီးတော့ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

📅 ကျင်းပမည့် အစီအစဉ်

• နေ့ရက်: ၂၂ ရက်၊ မေလ၊ ၂၀၂၆ (သောကြာနေ့)

• အချိန်: ညနေ ၇:၀၀ နာရီ (မြန်မာစံတော်ချိန်)

• နေရာ: Zoom Meeting

Register လုပ်ရန် နှင့် Zoom Link ရယူရန်

( https://docs.google.com/forms/d/e/1FAIpQLSf_pAVcgPzVCcKcvmrpaFm-rZXyqtHjeo4N6e_ZWUNd-gXPVw/viewform?usp=sharing&ouid=109721985334414797717)

Session မတိုင်ခင် Zoom Link ကို Registration ပြုလုပ်ထားတဲ့ Email ကနေတစ်ဆင့် ပို့လာဖို့ရှိပါမယ်နော်…

"ရိုးရာကို အခြေခံပြီး လူမှုပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မယ့် စီးပွားရေးလုပ်ငန်းတစ်ခု ဘယ်လိုစတင်မလဲ" ဆိုတာကို သိရှိနိုင်ဖို့ MCC မိသားစုဝင်များအားလုံး တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

05/05/2026

ချစ်ရတဲ့သူတွေနဲ့အတူရှိနေရင်း "အိုးမကွာ အိမ်မကွာ" ဘွဲ့ယူကြမယ် 🏠🎓✨

ချစ်ရတဲ့ မိသားစုနဲ့ ဝေးဝေးသွားစရာမလိုဘဲ အိမ်မှာနေရင်း ပညာသင်ယူနိုင်မယ့် "အိုးမကွာ အိမ်မကွာ" အခွင့်အရေးကြီး ရောက်ရှိလို့လာပါပြီ။

Prospect Burma ကနေ ပေးအပ်မယ့် Online Scholarship အကြောင်းကို သေချာနားလည်ပြီး အတူတူ ပြင်ဆင်နိုင်ဖို့အတွက် MCC မှ Webinar တစ်ခု Host လုပ်ပေးသွားဖို့ ရှိပါတယ်နော်…

📅 Date: 6th May 2026 (Wednesday)
⏰ Time: 6:00 PM (MMT)
📍 Platform: Zoom
Register လုပ်ရန် နှင့် Zoom Link ရယူရန် https://forms.gle/e7aPrB1onSmYpsbg9
Session မတိုင်ခင် Zoom Link ကို Registration ပြုလုပ်ထားတဲ့ Email ကနေတစ်ဆင့် ပို့လာဖို့ရှိပါမယ်
#အိုးမကွာအိမ်မကွာ

02/03/2026

🟦 Australia Awards Scholarships experience Sharing Session

အားလုံးပဲ မင်္ဂလာပါ.....
🟦 နိုင်ငံရပ်ခြားမှာ ပညာလေ့လာဆည်းပူးဖို့၊ ပညာသင်ဆုလျှောက်ထားဖို့ ပြင်ဆင်နေတဲ့၊ MCCမိသားစုဝင်များနဲ့ ပညာသင်ဆုအကြောင်းစိတ်ဝင်စားသူများအတွက် ယခု ဖေဖော်ဝါရီလမှာ ခေါ်ယူနေတဲ့Australia Awards Scholarships နဲ့ပက်သက်ပြီး experience Sharing Session တစ်ခု ကို MCC alumni Office နှင့် Lan Forward တို့ပူးပေါင်းပြီး ပြုလုပ်ပေးသွားဖို့ရှိပါတယ်…
ဒီအစီအစဉ်မှာတော့ Australia Scholarship Awardee များမှ scholarship အတွေ့အကြုံများအပေါ် အခြေခံပြီး ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

🟦 ဘယ်သူတွေ တက်ရောက်လို့ရလဲ?
🔷 MCC မိသားစုဝင်များ
🔷 Scholarship အကြောင်းသိရှိလိုသူတွေ၊ အဓိအားဖြင့် Australia Awards Scholarshipကိုလျှောက်ထားဖို့စိတ်အားထက်သန်သူတွေ၊ ပြင်ဆင်နေတဲ့သူတွေအတွက် မိမိတို့ ပညာသင်ဆုလျှောက်ဖို့ အထောက်အကူရနိုင်မယ့် အကျိုးရှိတဲ့ အခွင့်အရေးတစ်ခုဖြစ်တဲ့အတွက် စာရင်းပေးတက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…

🟦 Webinar Details
📆 Date – 07.03.2026 (Saturday)
🕡 Time - 3:00 PM- (Myanmar Time)
▶️ Place - (Zoom)

Registration ပြုလုပ်ရန် link

https://docs.google.com/forms/d/e/1FAIpQLScZGQX2S-I-xDLQmZuDQqZSFlFky5chOIUyVLePZol0U0FHgw/viewform

Registration ပြုလုပ်ပြီးပါက Online အတွက် Register ပြုလုပ်ထားသည့် Email လိပ်စာသို့ Zoom Link နှင့် Password ကို ယခု Sharing Session မစတင်မှီပေးပို့ပေးသွားမှာဖြစ်ပါသည်။

Photos from Cherry Myay College Alumni Network's post 09/01/2026

A Day Full of Heart🤍🤍🤍

Thank you to the alumni who came "Home" today to welcome Batch 9.

​Watching you guide the next generation was truly special. You didn’t just share advice; you made these new students feel like family instantly.

​To those who couldn’t be here today, we really missed your energy! Please know that no matter where you are, you are always part of this circle.

​Sending love to you all!


24/12/2025

Merry Christmas & Happy New Year to all of our Alumni! 🎄✨

Cherry Myay College Alumni မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ❤️

ပြီးဆုံးသွားတဲ့ ၂၀၂၅ ခုနှစ်မှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီး ကြိုးစားခဲ့ကြတဲ့ Alumni တစ်ယောက်ချင်းစီတိုင်းကို ဂုဏ်ပြုပါတယ်။ ရောက်ရှိလာတော့မယ့် ၂၀၂၆ နှစ်သစ်မှာလည်း - ✨ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းသစ်တွေ ရရှိပါစေ။ ✨ မိမိတို့မျှော်မှန်းထားတဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ပါစေ။ ✨ Cherry Myay အသိုင်းအဝိုင်းနဲ့လည်း အမြဲမပြတ် ထိတွေ့ဆက်ဆံနိုင်ပါစေ။

ပျော်ရွှင်စရာ နေ့ရက်လေးတွေကို ချစ်ခင်ရသူတွေနဲ့အတူ ဖြတ်သန်းနိုင်ကြပါစေနော်။ 🥂

Merry Christmas & Happy New Year all of our alumni! 🎄✨

Sending our warmest wishes for health and happiness to all our Cherry Myay College Alumni brothers and sisters. ❤️

We are proud of every single alumnus for your resilience and hard work in overcoming the challenges of 2025. As we welcome the New Year 2026, we wish you: ✨ New and better opportunities. ✨ Success in achieving your dreams and goals. ✨ A continued strong connection with the Cherry Myay community.

May you spend these happy holidays surrounded by your loved ones. 🥂

Warm wishes from, Alumni Office, Cherry Myay College 🌸

19/12/2025

ဒီနေ့ပြုလုပ်ခဲ့တဲ့ "Welcoming Batch 7 & Reforming Alumni Meet Up" လေးကို အချိန်ပေးတက်ရောက်ပေးခဲ့ကြတဲ့ စီနီယာ၊ ဂျူနီယာ တစ်ဦးတစ်ယောက်ချင်းစီကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

အွန်လိုင်းကနေဖြစ်ပေမယ့် အားလုံးရဲ့ ရွှင်လန်းတက်ကြွတဲ့ မျက်နှာလေးတွေ ပြန်မြင်ရတာ၊ အတွေ့အကြုံတွေ ဖလှယ်ခွင့်ရတာဟာ တို့ Cherry Myay အသိုက်အဝန်းအတွက် အရမ်းကို အဓိပ္ပာယ်ရှိတဲ့ အချိန်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် Batch 7 မောင်လေး၊ ညီမလေးတွေရဲ့ တက်ကြွမှုနဲ့ စီနီယာတွေရဲ့ လမ်းညွှန်မှုတွေက တို့ရဲ့ Alumni Network အသစ်အတွက် အားတက်စရာ အစပျိုးမှုတစ်ခုပါပဲ။ ❤️

တစ်ဖက်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့ပွဲလေးကို မတက်ရောက်နိုင်ခဲ့တဲ့ သူငယ်ချင်းတွေ၊ မောင်လေး၊ ညီမလေးတွေကိုလည်း လွမ်းနေမိပါတယ်နော်။ အားလုံးသာ ပါဝင်နိုင်မယ်ဆိုရင် တို့မိသားစုကြီးက ပိုပြီး ပြည့်စုံမှာ အသေအချာပါပဲ။

တို့တတွေရဲ့ ချိတ်ဆက်မှုတွေဟာ ဒီနေ့တင်တင် ပြီးသွားတာမဟုတ်ဘဲ ဒီကနေတစ်ဆင့် ပိုမိုခိုင်မာတဲ့ အနာဂတ်ဆီကို အတူတူ လှမ်းကြရအောင်။ နောက်ထပ် ပွဲလေးတွေမှာလည်း အားလုံး စုံစုံလင်လင်နဲ့ ပြန်ဆုံချင်ပါတယ်။

"Reconnecting the Cherry Myay Community" 🍒✨

18/12/2025

Cherry Myay College ရဲ့ ချစ်ခင်ရပါသော ကျောင်းသားဟောင်းများသို့...
ကျောင်းပြီးလို့ နယ်ပယ်အသီးသီးကို ရောက်ရှိနေကြပေမယ့် "ချယ်ရီမြေ" ဆိုတဲ့ နာမည်အောက်မှာ တို့တွေရဲ့ သံယောဇဉ်တွေက အမြဲရှိနေဆဲပါ။ ❤️

အခုတစ်ခါမှာတော့ အသစ်စက်စက် ကျောင်းပြီးသွားတဲ့ Batch 7 မောင်လေး၊ ညီမလေးတွေကို ကြိုဆိုရင်း၊ တို့ရဲ့ Alumni Network ကို ပိုမိုခိုင်မာအောင် ပြန်လည်ဖွဲ့စည်းဖို့ (Reforming) အတွက် Virtual Meet Up လေး ပြုလုပ်သွားဖို့ ရှိပါတယ်။

စီနီယာ၊ ဂျူနီယာတွေ အချင်းချင်း အတွေ့အကြုံတွေ ဖလှယ်ရင်း၊ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံတွေ့ဖို့ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်။ ✨

🗓 ကျင်းပမည့်ရက်: ၁၉ ဒီဇင်ဘာ ၂၀၂၅ (သောကြာနေ့) ⏰ အချိန်: ညနေ ၇:၀၀ နာရီ မှ ည ၈:၃၀ နာရီအထိ 📍 နေရာ: Zoom Meeting

အစီအစဉ်တွင် ပါဝင်မည့် အဓိကအချက်များ -

Batch 7 Welcome: ကျောင်းပြီးသွားတဲ့ ဂျူနီယာလေးများအားလုံးကို နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခြင်း။

Alumni Reform: ကျောင်းသားဟောင်းအဖွဲ့အစည်းကို ပိုမိုစနစ်ကျပြီး အချင်းချင်း ကူညီဖေးမနိုင်တဲ့ Community တစ်ခုဖြစ်အောင် တိုင်ပင်ဆွေးနွေးခြင်း။

Experience Sharing: အလုပ်အကိုင်နှင့် ဘဝအတွေ့အကြုံများကို ပေါ့ပေါ့ပါးပါး ပြောဆိုဆွေးနွေးခြင်း။

ဒီဇင်ဘာလရဲ့ အေးမြတဲ့ ညနေခင်းမှာ Cherry Myay မိသားစုဝင်တွေ အချင်းချင်း အွန်လိုင်းကနေတစ်ဆင့် ပြန်လည်ဆုံတွေ့ရင်း နွေးထွေးတဲ့ အချိန်လေးတစ်ခုကို အတူတူ ဖန်တီးကြရအောင်နော်။

Photos from Cherry Myay College's post 18/12/2025

CMC Batch 7

06/10/2025

🌕✨ MCC Alumni တစ်ယောက်ချင်းစီတိုင်း သီတင်းကျွတ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်! ✨🌕

အခုလို သီတင်းကျွတ်မီးထွန်းပွဲတော် ကာလမှာ ကျွန်တော်တို့ အိမ်တွေ၊ စိတ်နှလုံးတွေ အလင်းရောင် ရနေသလိုမျိုး၊ သင်ယူမှုနဲ့ ချိတ်ဆက်မှုတွေကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ စိတ်တွေကိုပါ ထပ်ပြီး လင်းလက်တောက်ပအောင် လုပ်ကြရအောင်! 💡💛
အခွင့်အလမ်းတွေ ရနိုင်မယ့်၊ တစ်သက်လုံး စာတွေ လေ့လာလို့ရမယ့် နေရာကောင်းလေးဖြစ်တဲ့ American Center Learning Platform အကြောင်းကို MCC Alumni တွေအားလုံး စုပေါင်းပြီး အတွေ့အကြုံ မျှဝေကြမယ့် Session လေးကို လာရောက်ဖို့ စိတ်လှုပ်ရှားစွာနဲ့ ဖိတ်ခေါ်ချင်ပါတယ်။ 🌍📚
🗓 ရက်စွဲ – ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် (အင်္ဂါနေ့) 🕖 အချိန် – ည ၇:၀၀ နာရီ ကနေ ည ၈:၀၀ နာရီ အထိ 💻 ပလက်ဖောင်း – Zoom
Meeting Link- Topic: MCC Alumni Info Sharing Session
Time: Oct 7, 2025 07:00 PM Asia/Yangon
Join Zoom Meeting
https://us06web.zoom.us/j/9897988361?pwd=yZDzB3TmEk839DIxChHMzT0PsadG30.1&omn=82533318858

Meeting ID: 989 798 8361
Passcode: cmc2025

ဒီတစ်နာရီကြာ Session လေးမှာ ဘာတွေ သိရမလဲဆိုတော့– 🌟 American Center Learning Platform မှာ ဘာတွေ စိတ်ဝင်စားစရာ ကောင်းလဲ၊ ဘယ်လို အသုံးဝင် လဲ ဆိုတာတွေ 🎯 ဒါတွေက ကိုယ့်ရဲ့ ပညာရေး နဲ့ အလုပ်အကိုင် တိုးတက်ဖို့ ဘယ်လို ကူညီပေးနိုင်မလဲ 💬 Alumni သူငယ်ချင်းတွေ ဆီက လက်တွေ့ကျတဲ့ အတွေ့အကြုံကောင်းတွေ နဲ့ အကြံဉာဏ် လေးတွေ 🤝 MCC Alumni Network ကို အသုံးချပြီး အချင်းချင်း ဆက်သွယ် ပြီး လက်တွဲလုပ်ကိုင်နိုင်မယ့် လမ်းကြောင်းတွေ
အသစ်တစ်ခုခု သင်ယူချင်တာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ပြန်ဆုံချင်တာပဲ ဖြစ်ဖြစ်၊ ဒစ်ဂျစ်တယ် သင်ယူရေး ကိရိယာတွေကို ဘယ်လိုအကျိုးရှိအောင် သုံးရမလဲဆိုတာ သိချင်တာပဲ ဖြစ်ဖြစ်... ဒီ Session လေးက သင့်အတွက်ပါပဲ!
သီတင်းကျွတ်ကို မီးရောင်တွေနဲ့တင် မဟုတ်ဘဲ၊ အသိပညာ၊ ခင်မင်မှု နဲ့ စိတ်ဓာတ်ခွန်အား တို့နဲ့အတူ ပျော်ရွှင်စွာ ဆင်နွှဲကြရအောင်။ 🌸 အားလုံးကို အွန်လိုင်းမှာ တွေ့မယ်နော်! 💻✨

16/06/2025

⭐MCC ချယ်ရီမြေမိသားစုဝင်များအားလုံး မင်္ဂလာပါ...
နိုင်ငံရပ်ခြားတွေမှာ အဆင့်မြှင့်ပညာရေးကို ဆက်လက်ဆည်းပူးဖို့ စိတ်အားထက်သက်ပြီး ပြင်ဆင်နေတဲ့ကျွန်တော်တို့ MCC ချယ်ရီမြေမိသားစုဝင်များအတွက် အကျိုးရှိစေမယ့် Annual Event တစ်ခုပြန်လည်ယူဆောင်လာပါပြီ..

🟩 ကျောင်းသူကျောင်းသားဟောင်းများ၊ လက်ရှိတက်ရောက်နေသော ကျောင်းသားများနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသော မိသားစုဝင်များအတွက် ပညာသင်ဆုဆိုင်ရာ အခွင့်အရေးများရရှိစေရန် Myanmar Study Abroad Team နှင့်အတူ MCC Colleges ၄ခုတို့အတူ ပူးပေါင်းစီစဉ်ဆောင်ရွက်သော တစ်နှစ်တစ်ကြိမ်ပြုလုပ်သည့် “ပညာသင်ဆုအခွင့်အလမ်းများအကြောင်းမျှဝေခြင်း အစီအစဉ်ကိုအောက်ပါအတိုင်း ပြန်လည်ပြုလုပ်သွားမည် ဖြစ်ကြောင်းကို သတင်းကောင်းပါးအပ်လိုက်ပါတယ်။

🟩“ဆွေးနွေးပွဲ ရည်ရွယ်ချက်”
မြန်မာပြည်ဒေသအသီးသီးရှိ ကျောင်းသူ၊ကျောင်းသားလူငယ်များအား တက္ကသိုလ်ပညာသင်ဆုများနှင့် ပတ်သက်သော သတင်း အချက်အလက်များကို မျှဝေပေးပြီး ယင်းမှတဆင့် ပညာသင်ဆုနှင့်သော်လည်းကောင်း၊ မိမိအစီအစဉ်နှင့်သော်လည်းကောင်း နိုင်ငံခြားကျောင်းတက်ရန် ရည်ရွယ်ထားသူများအား ကူညီပံံ့ပိုးရန်ဖြစ်သည်။

✅Scholarship Information Sharing Session (ပညာသင်ဆုအခွင့်အလမ်းများအကြောင်းမျှဝေခြင်း)
နေ့ရက် - ၂၀.၆.၂၀၂၅ (သောကြာနေ့)
အချိန် - မနက် ၁၀-၁၂နာရီ
နေရာ - Zoom Video Conferencing Platform
ပညာသင်ဆုအခွင့်အလမ်းများအကြောင်းမျှဝေခြင်းအစီအစဉ်တက်ရောက်ရန် အမည်စာရင်းပေးသွင်းရမည့် လင့်ခ် Link

https://forms.gle/2Y9NcHCcWLf43s5i7

Note: မှတ်ချက်၊ စာရင်းပေးသွင်းမှုကို 19.6.2025 (Thursday) နေ့ မြန်မာစံတော်ချိန် ညနေ ၈နာရီနောက်ဆုံးထား၍ ပေးသွင်းပေးကြဖို့ မေတ္တာရပ်ခံ အသိပေးလိုပါသည်။
Registration ပြုလုပ်ပြီးပါက Register ပြုလုပ်ထားသည့် Email လိပ်စာသို့ Zoom Link နှင့် Password ကို ယခု Sharing Session မစတင်မှီပေးပို့ပေးသွားမှာဖြစ်ပါတယ်။

For more information, please contact via [email protected]
CMC OFFICE OF ALUMNI SUPPORT

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

No(1/63), Pan Tin Road, Phayar Phyu Quarter
Taunggyi
06011