The Reader’s Corner

The Reader’s Corner

Share

Your cozy escape awaits! Dive into new worlds and rediscover old favorites here. We're more than just books, we're a warm hug on a rainy day.

Photos from The Reader’s Corner's post 04/08/2025

အခု ၁ ကောင် မရှိရှာတော့ဘူးလို့ လှမ်းပြောလိုက်ချင်ရဲ့

The Reader’s Corner

29/07/2025

ဆရာဝန်တစ်ဦးရဲ့ဘဝခရီးနဲ့ သူ့ရဲ့inner crisisတွေ အကြောင်းကို ရေးထားတာပါ။ အဓိကအားဖြင့် ဆေးပညာနယ်ပယ်မှာ ငွေကြေးနဲ့ကျော်ကြားမှုအတွက် ကိုယ်ကျင့်တရားကိုစွန့်လွှတ်ခြင်းနဲ့ လူသားခြင်းစာနာထောက်ထားမှုကြား ကြားခံနေတဲ့ပဋိပက္ခတွေကို ဖော်ပြထားပါတယ်။

အဓိကဇာတ်ကောင် အင်ဒရူးမေဆန်

အင်ဒရူးဟာ အလုပ်အရမ်းကြိုးစားပြီး ဆင်းရဲသားတွေကိုကူညီဖို့ စိတ်အားထက်သန်တဲ့ ဆရာဝန်တစ်ယောက်ပါ။ သူတာဝန်ကျရာ ကျောက်မီးသွေးတွင်းရွာလေးမှာ သူ့ရဲ့အားထုတ်ကြိုးပမ်းမှုတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ တိုးတက်မှုတွေ ရှိလာခဲ့တယ်။ နောက်ပိုင်းမှာ လန်ဒန်ကိုပြောင်းရွှေ့ပြီး ချမ်းသာကြွယ်ဝတဲ့လူတန်းစားတွေကို ကုသရင်း ငွေကြေးနဲ့ဂုဏ်သတင်းအတွက် သူ့ရဲ့စံနှုန်းတွေ တဖြည်းဖြည်းပျက်ယွင်းလာတယ်။ နောက်ဆုံးမှာ အင်ဒရူးဟာ ကိုယ့်အမှားကိုယ် သိမြင်လာပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည့်မတ်ဖို့ ပြန်ကြိုးစားလာတဲ့အကြောင်းတွေကို စိတ်ဝင်စားဖွယ် ရေးသားထားပါတယ်။

ရဲတိုက် - မောင်ထွန်းသူ (ဘာသာပြန်)

20/07/2025

GOD says to man, "I heal you therefore I hurt, love you therefore punish."

'Stray Birds' by Rabindranath Tagore

Translated into 'ငှက်တေလေ' by Myint Soe (Hlaing)

11/07/2025

ဤမာန

The Reader’s Corner

08/07/2025

ကြည်အေး အနုပညာ

စာနည်းနည်း ဖတ်ပြထားပါတယ်

The Reader’s Corner

26/06/2025

ဒီစာအုပ်လေးက identity crisis ကာလနဲ့ ကြုံနေရတဲ့ ကိုယ့်အတွက် နွေးနွေးထွေးထွေးလေးနဲ့ နှစ်သိမ့်ပေးတဲ့ safe place လေးတစ်ခုလို ခံစားရတယ်။

လူတွေဟာ သူတို့မရွေးချယ်ခဲ့တဲ့ဘဝတွေကို စိတ်ထဲမှာ အလှဆုံးဆေးခြယ်တတ်ကြတယ်မဟုတ်လား။ ဥပမာ ငါသာ အဲဒီလမ်းကိုရွေးခဲ့ရင်ဆိုတဲ့ What if I had....ပေါင်းများစွာနဲ့ နောင်တတရားတွေ လူတိုင်းမှာ ရှိကြမှာပါ။ အောင်မြင်တဲ့ စီးပွားရေးသမား၊ ဆရာဝန်၊ အားကစားသမား၊ အနုပညာရှင်ဆိုပြီး ဘဝအမျိုးမျိုးကို စိတ်ကူးယဥ်ကြပြီး အဲဒီဘဝတွေထဲမှာ ကိုယ်ပျော်ရွှင်ရမယ့်ဘဝတခုခုရှိနေမှာပဲလို့ တွေးဖူးတဲ့သူတွေ အခု ဒီစာကိုဖတ်နေတဲ့သူတွေထဲမှာ ပါကြမယ် ထင်ပါတယ်။

ဝတ္ထုထဲက Nora Seed ဆိုတဲ့ ကောင်မလေးလည်း အလားတူပဲ။ နက်ရှိုင်းတဲ့စိတ်ဒဏ်ရာတွေ စိတ်ပျက်အားလျော့မှုတွေနဲ့ အလုပ်အကိုင် မိသားစု အချစ်ရေးစတဲ့နယ်ပယ်အားလုံးမှာ ကျရှူံးမှုတွေ ကြုံခဲ့ရပြီး တစ်ဘဝလုံးမှားယွင်းနေသလို ခံစားနေရတဲ့ Nora ဟာ နောက်ဆုံးမှာ ဘဝကို လက်လျှော့ဖို့ ဆုံးဖြတ်လိုက်ပြီး ည ၁၂ နာရီတိတိမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘဲ ထူးဆန်းတဲ့နေရာတစ်ခုကို ရောက်သွားတယ်။ အဲဒီနေရာကတော့ သေခြင်းနဲ့ ရှင်ခြင်းကြားမှာရှိနေတဲ့ သန်းခေါင်ယံစာကြည့်တိုက်ပါပဲ။

စာကြည့်တိုက်ထဲက ​အဆုံးမရှိ ရွေ့လျားနေတဲ့ စာအုပ်စင်တွေပေါ်က စာအုပ်တိုင်းဟာ library ထဲ ရောက်လာသူတွေကို ဘဝတစ်ခုဆီကို ပို့ပေးမှာဖြစ်တယ်။ Nora အနေနဲ့ သူ မရွေးချယ်ဖြစ်ခဲ့တဲ့ ချစ်သူဇနီးမယားဘဝ၊ အိုလံပစ်ရေကူးချန်ပီယံ၊ ဂျာမနီမှာနေထိုင်တဲ့ပါမောက္ခ စတဲ့ဘဝတွေကို စမ်းသပ်နေထိုင်ကြည့်ဖို့ အခွင့်အရေးရလာတယ်။

The Midnight Library ကနေစတင်ခဲ့တဲ့ Nora ရဲ့ မိမိကိုယ်ကိုယ်ပြန်လည်ရှာဖွေခြင်းခရီးစဥ်ကနေတဆင့် ​စာဖတ်သူတွေပါ ကိုယ့်ကိုယ်ကိုယ် self-explore လုပ်နိုင်မယ့် ထူခြားတဲ့ self-help book ပါ။ တကယ်တော့ နောင်တဆိုတာ ဖြစ်နိုင်ခြေတွေကို စိတ်ကူးယဥ်တာပါပဲ။ ဝတ္ထုထဲက စာကြည့်တိုက်မှူး Ms.Elm ပြောသလိုပဲ လူတွေဟာ မဖြစ်ခဲ့တဲ့ဘဝတွေကို စိတ်ထဲမှာ ပြည့်စုံအောင် အလိုလိုဆေးခြယ်တတ်ကြတယ်။ ဒါပေမယ့် ကိုယ်တွေမသိတာက ဒီလိုရွေးခဲ့ရင်ကောင်းမှာပဲလို့ ထင်ရတဲ့အရာတွေဟာ တကယ်တမ်းမှာ လက်ရှိနဲ့အလားတူ ဒါမှမဟုတ် ပိုဆိုးနေတတ်တယ်ဆိုတာပါပဲ။

စာဖတ်သူတို့ နောင်တရမိတဲ့ မရွေးချယ်ခဲ့တဲ့လမ်းတခုခုကို စိတ်ကူးယဥ်ကြည့်ပါ။ အဲဒီလမ်းမှာ ဘာတွေပိုဆိုးနိုင်မလဲ။ လက်ရှိဘဝမှာ ကိုယ်မေ့လျော့နေတဲ့ အလှတရားတခုခုရှိမလား....

အဆုံးသတ်အနေနဲ့ The Midnight Library ရဲ့ အနှစ်သာရကတော့ ''The only way to learn is to live'' ပါပဲ။ ဘဝဆိုတာ ရွေးချယ်မှုတစ်ခုတည်းနဲ့ သတ်မှတ်လို့မရသလို ပြီးပြည့်စုံတဲ့ဘဝရယ်လို့လည်း မရှိပါဘူး။

Book Review by "Helen"

The Reader’s Corner

11/06/2025

ဆရာမ Harper Lee ရဲ့ To Kill a Mockingbird ကို တက္ကသိုလ်တုန်းက သင်ရပြီး သဘောကျခဲ့တယ်။ မကြာသေးခင်က ဘာသာပြန်စာအုပ်လည်း ဝယ်ဖတ်ဖြစ်ခဲ့တယ်။

To Kill a Mockingbird စာအုပ်ဟာ မေကွမ်းဆိုတဲ့ အမေရိကန်တောင်ပိုင်းရဲ့ ခြောက်ကပ်ကပ်မြို့လေးမှာ အခြေတည်ထားပြီး လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ မတရားမှုတွေကို ထောက်ပြထားတယ်။ လူမျိုးရေးအစွဲတွေ မြေနိမ့်ရာလှံစိုက်ကြတာတွေ prejudice လို့ခေါ်တဲ့ ဘက်လိုက်မုန်းတီးတာတွေပေါ့။ ဒါတွေကို စာရေးသူရဲ့ younger self က ဇာတ်ကြောင်းပြောနေတဲ့ပုံစံနဲ့ ရေးသားထားတဲ့ narrative style က ဝတ္ထုကိုထူးခြားနေစေတယ်။

ဥပမာ စကောက်ရဲ့ ''လူဖြူတစ်ယောက်က လူမည်းတစ်ယောက်ကို ဘာလို့မယုံရမှာလဲ'' လို့ မသိနားမလည်စွာနဲ့မေးလိုက်တဲ့မေးခွန်းက လူမျိုးရေးအစွဲတွေကို အလိုလိုဝေဖန်ပြီးသားဖြစ်နေသလိုမျိုး

ဒီစာအုပ်ထဲမှာ သဘောအကျဆုံးကတော့ ဉာဏ်ပညာကြီးမားသလောက် လူပေါ်လူဇော်မလုပ်တတ်တဲ့ စကောက်တို့ရဲ့အဖေ အာတီကတ်စ်ပါပဲ။ ရှေ့နေရုံးခန်းထဲမှာပဲ တကုပ်ကုပ်အလုပ်လုပ်နေပြီး သမားရိုးကျဆန်လွန်းတဲ့ သူတို့အဖေကို အစပိုင်းမှာ သားနဲ့သမီးက သိပ်အားမရခဲ့ကြဘူး။ သူတို့ဆီတည့်တည့်လာနေတဲ့ ခွေးရူးတစ်ကောင်ရဲ့ခေါင်းကို သေနတ်နဲ့ တစ်ချက်တည်းမှန်အောင်ပစ်ပြီး ကာကွယ်ပြမသွားခင်အထိပေါ့။

နောက်မှ သူတို့ရဲ့အိမ်စေအန်တီကြီး ကားလ်ဆီကနေတဆင့် သိလိုက်ရတာက သူတို့အဖေဟာ လက်တည့်လွန်းလို့ “တစ်တောင့်တစ်ကောင်” ဆိုတဲ့နာမည်ပြောင်ရှိခဲ့ဖူးတယ်ဆိုတာပါပဲ။ တိရစ္ဆာန်လေး တွေရဲ့ အသက်ဟာလည်း လူ့အသက်လိုပဲတန်ဖိုးရှိတဲ့အတွက် သေနတ်ပစ်တာကို စွန့်လွှတ်လိုက်သတဲ့လေ….

တစ်နေ့ မေကွမ်းမြို့မှာ တွမ်ရော်ဘင်ဆင်ဆိုတဲ့ လူမည်းတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ဗလကာရပြုကျင့်ပါတယ်ဆိုပြီး လီဆယ်တိုင်တန်းခံရတော့ အာတီကတ်စ်ဟာ အားလုံးကသူ့ကိုဝိုင်းဆန့်ကျင်မယ်ဆိုတာသိသိနဲ့တွမ်ဘက်က ရှေ့နေလိုက်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။

“ရှေ့နေတိုင်း တစ်သက်မှာတစ်ခါတော့ သူ့ကိုယ်ရေးကိုယ်တာကို ထိခိုက်တဲ့အမှုမျိုးနဲ့ ကြုံရတာချည်းပဲ။ ခုအမှုဟာ အဲဒီအမှုမျိုး ပဲ စကောက်၊ ကျောင်းမှာ သမီးတို့မောင်နှမကို မခံချင်အောင်ပြောတာတွေရှိလာလိမ့်မယ်။ ဖေဖေ့ကိုတစ်ခုလုပ်ပေးကြပါ။ အဲဒီလို အတိုက်အခိုက်တွေရှိလာရင် ခေါင်းကိုမော့ထားပါ။ လက်သီးဆုပ်ကိုဖြေလိုက်ပါ။ ခုချိန်ကစပြီးလက်သီးနဲ့တိုက်ပွဲမဝင်ပါနဲ့။ ခေါင်းနဲ့တိုက်ပွဲဝင်ပါ။”

အာတီကတ်စ်ရဲ့ရဲရင့်မှုဟာ ဆူညံတဲ့ဟိန်းဟောက်မှုမျိုးမဟုတ်၊ သူ့ရဲ့စကားလုံးတိုင်းဟာ ကျယ်လောင်မှုမရှိ ဒေါသမပါ။ သို့သော် သူ့ရဲ့စကားတိုင်းမှာ သဘောထားကြီးမှုနဲ့ ပြတ်သားမှုရှိတယ်။ သူ့ရဲ့ parentingကလည်း သိပ်နူးညံ့တယ်။

“သမီး ပထမဦးဆုံးနားလည်ထားဖို့က လူတွေနဲ့ အဆင်ပြေဖို့၊ သူတို့ရှုထောင့်ကနေ ဝင်ကြည့်တတ်ဖို့ပဲ။ အဲဒီလို မကြည့်တတ်မချင်း သမီးဘယ်သူ့ကိုမှ နားလည်နိုင်မှာမဟုတ်ဘူး။ သူတို့ဖိနပ်ကိုစီးပြီး သူတို့နေရာက ခံစားကြည့်တတ်ရမယ်”

ဇာတ်လမ်းတစ်လျှောက်လုံးမှာ မောင်နှမနှစ်ယောက်လုံးက မတူကွဲပြားစွာနဲ့သူတို့အဖေလိုလူမျိုးတွေဖြစ်လာကြသလိုပါပဲ။ တွမ်ရော်ဘင်ဆင်ရဲ့အမှုမှာ အာတီကတ်စ်ဘက်မှာရှိတဲ့ လူနည်းစုကလေးထဲမှာ စကောက်တို့မောင်နှမနှစ်ယောက်လည်းပါခဲ့ပါတယ်။

“တေးသီငှက်ကလေးတွေက လူတွေအတွက် သာယာတဲ့တေးသံလေးတွေ သီကျူးပေးတာကလွဲလို့ ဘာအန္တရာယ်မှ ပေးတာ မဟုတ်ဘူး။ အဲဒီလို အပြစ်ကင်းတဲ့တေးသီငှက်လေးတွေကို သတ်တာဟာ အကုသိုလ်မြောက်တယ်။ မသတ်ရဘူး။”

Review by "Helen"

The Reader’s Corner

14/05/2025

ခုတလော အနားမှာ အလွယ်တကူ ထားပြီး Computer screen ကနေ မျက်စိလွှဲချင်လာတဲ့အချိန်တွေမှာ တစ်မျက်နှာ နှစ်မျက်နှာစီ ကောက်ဖတ်မိနေတာက “အရိုး” ရဲ့ “ဝေနေယျ sketch များ” စာအုပ်ပါ။

အရိုးဆိုရင် သူ့ သီချင်းတွေကို နားထောင်ဖြစ်တယ်။ အရိုးသီချင်းတွေက နားထောင်ရတာ စိတ်လွတ်လပ်စေတယ်၊ ပေါ့ပါးတယ်၊ ရယ်ရတယ်၊ မတူတဲ့ ရှုထောင့် အမြင်ရတယ်။ ရှင်းရှင်းပြောရရင် ကြိုက်တယ်ပေါ့။ သူရေးတဲ့ စာအုပ်တွေတော့ မဖတ်ဖြစ်ခဲ့ဘူး။

တလောက ဝန်ကြီးများရုံးဘက်ရောက်တော့ The Lantern House စာအုပ်ဆိုင်ကို ဝင်ဖြစ်တယ်။ အဲ့မှာ ဟိုဒီ လျှောက်ကြည့်ရင်း အရိုး စာအုပ်တွေ တွေ့တော့ စိတ်ထဲ ဖတ်ကြည့်ချင်စိတ် ပေါ်လာတာနဲ့ တစ်အုပ်လောက် ဝယ်လိုက်ဦးမယ်ဆိုပြီး ဒီစာအုပ် ဝယ်လာခဲ့တာပါပဲ။ စာအုပ်လေးကလည်း ပါးပါးလေးနဲ့ အထဲမှာလည်း စာပုဒ်အတိုလေးတွေ ၁၉ ပုဒ်ဆိုတော့ စိတ်ထဲ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ကြည့်မယ်ပေါ့။ ပိုက်ဆံရှင်းတော့ ကောင်တာက ညီမလေးက “ဆရာ ရှိတယ် အမ၊ လက်မှတ်ထိုးပေးမယ်လေ” ဆိုလို့ အရိုး လက်မှတ်တောင် ရခဲ့သေးတယ်။ ဝယ်လာခဲ့ပြီး စာအုပ်စင်ပေါ် တင်ထားရာကနေ ခုတလောမှ စဖတ်ဖြစ်တာပါပဲ။

ဖတ်တော့ အရိုး ထုံးစံအတိုင်းပဲ။ ယုတ္တိရှိမရှိဆိုတာထက် ပေါ့ပေါ့ပါးပါးလေးတွေ၊ တွေးစရာ‌လေးတွေ၊ ပြုံးစရာလေးတွေ တွေ့ရတော့ သဘောကျသွားတယ်ပေါ့။ နေ့စဉ်ဘဝမှာ ပင်ပန်းစရာတွေ heavy ဖြစ်တာတွေ များလွန်းတော့ ဒီလို ခနတာ စိတ်လွတ်မြောက်ရာလေးတွေလည်း လိုအပ်ပါတယ်။

အပြီးထိတော့ မဖတ်ရသေးဘူး။ ပါးပါးလေးဆိုတော့ သွားလေရာ သယ်သွားပြီး စိတ်ပါရင် တစ်ပုဒ်ကောက်ဖတ်လိုက်၊ ခေါင်းဆေးချင်ရင် နောက်တစ်ပုဒ်ကောက်ဖတ်လိုက်ဆိုတာမျိုး ဆက်လုပ်လိုက်ပါဦးမယ်။

TH

The Reader’s Corner

05/05/2025

မုသာဝါဒ တဝက်တပျက် ပြောရတာဟာ လူမှုဆက်ဆံရေးမှာ ယဉ်ကျေးတဲ့ အမူအယာလို ဖြစ်နေတော့ သိပ်ခက်တယ်။

- ခိုင် -

စာအုပ် အစမှာ အသက်ရှူ ကြပ်တယ်။ အလယ်မှာ ပျော်တယ်။ အဆုံးမှာ...???

Do you think you can guess Kyi Aye?
Let's see!

The Reader’s Corner

23/04/2025

အများက ကြည်ကြည်ဟု ခေါ်ကြသော က‌ဗျာဆရာမ ကြည်အေးသည် ဒုတိယကမ္ဘာစစ်အတွင်းက အဖြစ်အပျက်ကို ပြန်လည်တွေးခေါ်ရင်း -

"ကျွန်မက ငယ်ငယ်ကတည်းက ကဗျာဝါသနာပါတာရှင့်" ဟု ပြောပြလေသည်။

---

ကြည်အေးသည် မိန်းမငယ်တစ်ဦး စိတ်ကူးများ၊ အိပ်မက်များကို အဖော်ပြုရင်း ငိုလိုက် ရယ်လိုက်၊ ကြောက်လိုက် ရဲလိုက်၊ တေလိုက် လေလိုက်၊ နောင်တရယောင် ပြုလိုက် ဖြစ်နေပုံကို ကဗျာဖြင့်ဖော်ရာတွင် အလွန့်အလွန် ကျွမ်းကျင်လိမ္မာသည်။ ကဗျာဖြင့် ခံစားမှုတစ်ခုခုကို ဖော်သောအခါ ကြည်အေးသည် ရှိုးတိုးရှန့်တန့် မရှိ၊ ပွင့်လင်းရဲရင့်လေသည်။ ဤရဲရင့်မှုသည် ကြည်အေးကဗျာများကို အခြားခေတ်ပြိုင်ကဗျာများနှင့် ခြားနားလိုက်လေသည်။

ကြည်အေးနှင့် တွေ့ဆုံခြင်း
(မိုးဝေမဂ္ဂဇင်း အယ်ဒီတာ အဖွဲ့၊ ၁၉၇၀)

"လွမ်းအိပ်မက်" မှ ကောက်နှုတ်ချက်
---

"လွမ်းအိပ်မက်" မှာ ကြည်အေး အစောပိုင်းနှင့် နောက်ပိုင်း ရေးသားခဲ့တဲ့ အင်္ဂလိပ်/မြန်မာ ကဗျာများ၊ စာများအပြင် သူ့ စာအုပ်များမှာ သူကိုယ်တိုင် ရေးသားခဲ့တဲ့ အမှာစာများ စုစည်း ပါဝင်ပါတယ်။
ကြည်အေး ပရိသတ် တစ်ယောက်အနေနဲ့ ဖတ်ရတာ ကျေနပ်အားရတဲ့ စာအုပ်ပါပဲ။

The Reader’s Corner

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Website

Address

Taunggyi