မဟာ စာသင်ဝိုင်း

မဟာ စာသင်ဝိုင်း Education is very important to everyone's life

12/05/2023

G-10 Biology( Chapter-1)နားလည်မှုစွမ်းရည် ကို သင်ကြားပီးစီးမှု ပြီးတာနင့် စစ်ဆေး
ကျောင့်းသား/သူတစ်ယောက်ခြင်းစီကိုမတူညီတဲ့ခေါင်းစဉ်တွေနှင့်Critical thinking skills တိုးတက်​အောင် presentation ပြုလုပ်ခိုင်းရာတွင် ကျောင်းသား/သူအချင်းချင်း Communication Open Mindedness တွေနင့် Presentation တစ်ခုစီတိုင်းရဲ Concept တွေကိုAnalyze လုပ်ပီးနားထောင်သူ ဆရာဆရာမတွေ Understandဖြစ်အောင် Creativityလုပ်ပြသွားတဲ့ကလေးတွေ အရမ်းတော်ပါတယ်..
ဆရာထက်တပည့်လက်စောင်း တယ်ဆိုတာဒါမျိုး 😊
ကျေနပ်တယ်.ဆက်ပြီးကြိုးစားကြပါ..
Bio Chapter1သင်တဲ့Teachay DMTTT ကိုလည်းအရမ်းကျေးဇူးတင်ပါတယ်..ကလေးတွေနားလည်အောင်စေတနာပါပါသင်ကြားပေးလို့ပိုပြီးကျေးဇူးတင်ရှိပါတယ်..🤓
MM
#မဟာစာသင်ဝိုင်း
#တောင်ကုတိမြို့
#ရခိုင်ပြည်နယ်

ဆရာတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးကကျောင်းသားတွေအပေါ် ဘယ်လောက်ထိသက်ရောက်မှုရှိနိုင်မလဲ ...??ဆရာဆိုတာ ကျောင်းသားတွေပေါ်မှာ လွှမ...
11/05/2023

ဆရာတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးကကျောင်းသားတွေအပေါ် ဘယ်လောက်ထိသက်ရောက်မှုရှိနိုင်မလဲ ...??
ဆရာဆိုတာ ကျောင်းသားတွေပေါ်မှာ လွှမ်းမိုးနိုင်စွမ်းရှိသူပါ။ စာသင်ခန်းထဲက ကိုယ့်ရဲ့အပြုအမူတွေဟာ ကျောင်းသားတွေပေါ်မှာ သက်ရောက်မှုရှိစေတာဖြစ်လို့ အပြုသဘောဆောင်တဲ့ သဘောထားတွေကို အမှန်တကယ် ကျင့်ကြံနိုင်ဖို့ အရေးကြီပါတယ် ...
ဆရာတစ်ယောက်ရဲ့
စိတ်အားထက်သန်မှု၊
သင်ခန်းစာ ကျွမ်ကျင်ပိုင်နိုင်မှု၊ 😊
ကျောင်းသားတွေကို ကူညီလိုစိတ်နဲ့
ဗဟုသုတပြည့်စုံကြွယ်ဝမှုတွေဟာ
စာသင်ခန်းအတွင်းမှာ စွမ်းဆောင်နိုင်မှုတွေအတွက် အင်မတန် အရေးပါပါတယ်..ထူးချွန်ထက်မြက်တဲ့ဆရာတွေဟာသူတို့ကိုယ်သူတို့ ယုံကြည်မှုရှိကြပါတယ်(%)
ကျောင်းသားအားလုံးဟာ သင်ယူနိုင်စွမ်းရှိတယ်လို့လည်း ယုံကြည်ထားကြတယ်ပညာရေးစနစ်ရဲ့အနှစ်သာရနဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်းနားလည်ကြတယ်..
ငွေကြေးထက် ကျောင်းသားတွေကို ပိုအာရုံစိုက်ကြတယ်
စာမေးပွဲအမှတ်ရလဒ်တွေထက် ကျောင်းသားတစ်ယောက်ချင်း အမှန်တကယ်သင်ယူတတ်မြောက်မှုကို ပိုအာရုံစိုက်ကြတယ်...
ကျောင်းသားတွေမှာလည်း အနှစ်သက်ဆုံး၊ သေဘာအကျဆုံးဆရာဆိုတာ ရှိကြပါတယ်။ သူတို့ကို ကူညီဖေးမပေးသူ၊ နားလည်စောင့်ရှောက်ပေးသူ၊ ခက်ခဲနေတဲ့သင်ခန်းစာတွေကို လွယ်ကူသွားအောင် သင်ပြေပးနိုင်သူ၊ သူတို့ သိလိုသမျှကို စိတ်ရှည်လက်ရှည်ဖြေကြားပေးနိုင်သူ၊ စာသင်ခန်းအတွင်းမှာ ဖိစီးမှုမဖြစ်စေဘဲ ပျော်ပျော်ရွှင်ရွှင် သင်ကြား ပြသပေးနိုင်တဲ့ဆရာတွေကို သူတို့ဘဝအတွက် အနှစ်သက်ဆုံးဆရာအဖြစ် မှတ်ယူတတ်ကြပါတယ်...
ဒါကြောင့် ဆရာတွေဟာ အပြုသဘောဆောင်တဲ့ စိတ္ထားကို အခြေပြုပြီး ကျောင်းသားတွေကို ပြုစုပျိုးထောင်ပေးဖို့ အရေးကြီးပါတယ်။ စာသင်ခန်းအတွင်းမှာလည်း အပြုသဘောဆောင်တဲ့စည်းကမ်းတွေကိုချမှတ်ပြီး ကျောင်းသားတွေ လိုက္နာ လာအောင် ပြုမူသင့်ပါတယ်။ ကျောင်းသားတစ်ဦးချင်းစီကို နားလည်သဘောပေါက်အောင် ကြိုတင်လေ့လာပြီး ပြုပြင်သင့်တဲ့အရာတွေကို အပြုသဘောဆောင်တဲ့ စည်းကမ်းတွေနဲ့ ပြုပြင်ပေးသွားနိုင်မယ်ဆိုရင် ဆိုးသွမ်းတဲ့ကျောင်းသားဆိုတာလည်း ရှိမှာမဟုတ်တော့သလို ဆရာတိုင်းဟာလည်း အထူးချွန်ဆုံးဆရာတွေ ဖြစ်လာမှာ မလွဲဧကန်ပါပဲ...😊

MM
#မဟာစာသင်ဝိုင်း
#တောင်ကုတ်မြို့
#ရခိုင်ပြည်နယ်

Bloom Taxonomy ကို ၁၉၅၆ ခုနှစ်တွင် ချီကာဂိုတက္ကသိုလ်မှ psychologists ပညာရှင်အဖွဲ့တစ်ဖွဲ့က မူလထုတ်ဝေခဲ့သည်။  ၎င်း ကော်မတီကို ...
11/05/2023

Bloom Taxonomy ကို ၁၉၅၆ ခုနှစ်တွင် ချီကာဂိုတက္ကသိုလ်မှ psychologists ပညာရှင်အဖွဲ့တစ်ဖွဲ့က မူလထုတ်ဝေခဲ့သည်။ ၎င်း ကော်မတီကို ဦး​ဆောင်သည့်ဥက္ကဋ္ဌ Benjamin Bloom (1913-1999) ၏ အမည်ကို ခေါ်ဆိုခဲ့သည်။
Bloom's Taxonomy of Educational Objectives သည် ပညာရေးနယ်ပယ်တွင် အသိအမှတ်ပြုခံရဆုံးသော သင်ယူမှုသီအိုရီများထဲမှတစ်ခုဖြစ်သည်။
သင်ကြားတဲ့ဆရာများသည် ဘာသာရပ်ဆိုင်ရာသာမက ကျောင်းသားများကို အောင်မြင်စေလိုသော သင်ယူမှုအတိမ်အနက်ကို ပစ်မှတ်ထားသည့် သင်ယူမှုရလဒ်များကို ဖန်တီးရန် Bloom's Taxonomyကို အသုံးပြုလေ့ရှိကြသည်..
Bloom's Taxonomy ဆိုတာဘာလဲ?.🤔 Bloom Taxonomy စနစ်သည် လူသားတို့၏ သိမြင်မှုအဆင့်ကို ခွဲခြားသတ်မှတ်ရန်နှင့် ခွဲခြားသတ်မှတ်ရန် အသုံးပြုသည့် အမျိုးအစားခွဲစနစ်တစ်ခု ဆိုလိုသည်မှာ တွေးခေါ်မှု၊ သင်ယူမှုနှင့် နားလည်မှုတို့ဖြစ်သည်...

👦 ကျောင်းသား/သူများသင်ကြားမှုအတွက်ရရှိမယ့်နယ်ပယ်(၃)ခုကို ဖော်ပြခဲ့တယိ..
1.Cognitive Domain အသိပညာ သို့မဟုတ် ဉာဏစွမ်းရည်ဆိုင်ရာ သင်ယူခြင်း (ရှုပ်ထွေးသော ပြဿနာ နှင့်စိတ် ခံစားချက်များကိုဖြေရှင်းခြင်း)
2: Affective Domain(စိတ်နေသဘောထားများ၊ နှင့် စိတ်ခံစားမှုများ ကိုပြသည့်နယ်ပယ်
3.Psychomotor Domain(ပူးပေါင်းညှိနှိုင်းလုပ်ဆောင်နိုင်သည့်စွမ်းရည်ကိုပြသည်ကိုတိုင်းတာသည့်နယ်ပယ်)

ဆရာများသည် အများအားဖြင့် (ကျောင်းသားသင်ယူမှုဆိုင်ရာသင်ရိုးညွှန်းတမ်း ၊ သင်ခန်းစာများ၊ ပရောဂျက်များနှင့် အခြားသင်ယူမှုဆိုင်ရာ လှုပ်ရှားမှု။
မေးခွန်းထုတ်နည်းများကဲ့သို့သော သင်ကြားရေးနည်းလမ်းများကို အသိပေး လမ်းညွှန်ရန် Bloom ၏ အမျိုးအစားခွဲခြားသတ်မှတ်မှုကို အသုံးပြုကြသည်...

MM
#မဟာစာသင်ဝိုင်း
#တောင်ကုတိမြို့
#ရခိုငိပြည်နယ်

စာကိုမကျက်ပါနဲ့..... စာကိုနားလည်အောင် ဖတ်ပါ မှတ်ပါ...စာများများဖတ်ပါ...reader ကောင်းတစ်ယောက်ပာ leader ကောင်းတစ်ယောက် ဖြ...
09/05/2023

စာကိုမကျက်ပါနဲ့.....
စာကိုနားလည်အောင် ဖတ်ပါ မှတ်ပါ...
စာများများဖတ်ပါ...
reader ကောင်းတစ်ယောက်ပာ
leader ကောင်းတစ်ယောက်
ဖြစ်လာမှာပါ...
#မဟာ စာသင်ဝိုင်း
#တောင်ကုတ်မြို့
#ရခိုင်ပြည်နယ်

Grade 10 Grade 11Grade 12  သင်ရိုးသစ်ဘာသာရပ်များကို ဘာသာရပ်အတူးပြုသည့် တက္ကသ်ုလ်ဆရာ/ဆရာမမျါးကိုယ်တိုင် အ​ခြေခံကနေ တစ်ကယ်က...
08/05/2023

Grade 10
Grade 11
Grade 12 သင်ရိုးသစ်ဘာသာရပ်များကို ဘာသာရပ်အတူးပြုသည့် တက္ကသ်ုလ်ဆရာ/ဆရာမမျါးကိုယ်တိုင် အ​ခြေခံကနေ တစ်ကယ်ကျွမ်းကျင်အောင် ​မေလ1 ရက်နေ့ကနေပြီးစတင်သင်ကြားပေးနေပါပြီ...
စာသင်ဝ်ုင်းဖြစ်ပေမယ့်
စာသင်ကြားခြင်းတစ်ခုတည်းမဟုတ်ဘဲဘာသာကိုconceptမိမိ ​သေချာနားလည်အောင်လက်တွေ့practicalပိုင်းပါထည့်သွင်းသင်ကြားခြင်း
Chapter တစ်ခုပီးတိုင်းမေးခွန်းများနင့် Chapterလိုက်စာမေးပွဲစစ်ပေးခြင်း
Chapter တစ်ခုတွင် ပါဂင်သည့် Titles များကိုကျောင့်းသား/သူတစ်ဦးတစ်​ယောက်စီမဲနှိုက်၍ တစ်ယောက်ခြင်းစီရဲCreative Presentation ဖြင့်​ကျောင်းသား/သူ များဧ။်နားလည်မှုစွမ်းရည်ကို ဆွေးနွေးတင်ပြခြင့်း သုံးသပ်ခြင်း
Group Discussion များပြုလုပ့်ပေးခြင်းဖြင့်​ကျောင်းသား/သူအချင်းချင်းအသိပညာများဖလှယ်ခြင့်း
အဓိကအားဖြင့်အခြေခံကောင်းအောင်လေ့ကျင့်ပြုစုပျိုးထောင်ခြင်းနှင့်ကျောင်းသူ/သားတစ်ကယ်တတ်အောင်Teaching method များကို​ပြောင်းလဲသင်ကြားပေးခြင်း
နောက်ထပ်ကျုရှင်များထပ်တက်စရာမလိုသည့်တိုင်အောင်တတ်ကျွမ်းသည့်တက္ကသိုလ်ဆရာ/မကိုယ်တိုင်စနစ်တကျသင်ကြားပေးနေပါပြီ...
ကျောင်းအပ်နှံလိုပါကဆက်သွယ်ရန်ဖုန်းနံပါတ်..09699745499သို့ဆက်သွယ်နိုင်ပါတယ်..
#မဟာစာသင်ဝိုင်း
#တောင်ကုတ်မြို့
#ရခိုင်ပြည်နယ်

06/05/2023

မိမိအရည်အချင်းကိုမြှင့်တင်မနေတဲ့ဆရာ/ဆရာမတွေဟာ အရည်အချင်းရှိတဲ့ကျောင်းသူ/ကျောင်းသားတွေကို မမွေးထုတ်နိုင်ပါ😊
MM
#မဟာစာသင်ဝိုင်း
#တောင်ကုတ်တက္ကသိုလ် ရခ်ုင်ပြည်နယ်

06/05/2023

စာသင်ခြင်းဆိုတာ👩‍🏫
`စာသင်တယ်’ ဆိုတဲ့ကိစ္စကို လူတိုင်းလုပ်နိုင်တယ်လို့ ထင်နေကြတာက သိပ်ကိုအန္တရာယ်များတဲ့ကိစ္စ ဖြစ်ပါတယ်။
အခုနောက်ပိုင်း စာသင်တဲ့အလုပ်ကို တော်တော်များများ လုပ်လာကြတယ်။ အပြင်သင်တန်းတွေ၊ စာသင်ဝိုင်းတွေ မှိုလိုပေါလာကြတယ်။ အွန်လိုင်းသင်တန်းတွေဆို ပြောမနေနဲ့တော့။ Academic တွေကော language သင်တန်းတွေကော။ ထမင်းစားရေသောက်လောက် တတ်ပြီဆိုရင် သင်တန်းတွေကောက်ဖွင့်။ အလယ်တန်းကလေးက မူလတန်းကလေးကို စာပြန်သင်သလို တော်တော်များများ ဖြစ်လာကြတာတွေ့ရပါတယ်။
ဒီနေရာမှာ ပညာသင်တာနဲ့ knowledge sharing နဲ့ ကွဲပြားဖို့တော့လိုပါလိမ့်မယ်။ knowledge sharing က တော်ရုံလူ လုပ်နိုင်ပါတယ်။ ဘာမှခဲယဉ်းတဲ့ကိစ္စမဟုတ်ဘူး။ ကိုယ်သိတာကို တခြားသူတစ်ယောက်ယောက်ကို ပြန်ပြောတာပါပဲ။ တစ်နဲ့တစ် ပေါင်းရင် နှစ် ရတယ်ဆိုတဲ့အကြောင်းကို တခြားသူကို ပြန်ပြောပြတာပါ။ လူတိုင်းလုပ်နိုင်ပါတယ်။ အဲဒါဟာ ပညာသင်ပေးတယ်မခေါ်ပါဘူး။ အသိတစ်ခုကို မျှဝေပေးရုံပါပဲ။ knowledge sharing ပါပဲ။
`ပညာသင်ပေးတယ်' ဆိုတာကျတော့ လူတိုင်းလုပ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ တိတိကျကျ ပြောရရင် ကျွမ်းကျင်တဲ့/တော်တဲ့သူတိုင်းတောင် မလုပ်နိုင်ပါဘူး။
ဥပမာ- င်္သချာဘာသာရပ်ကို သင်ပေးတဲ့နေရာမှာ သင်္ချာဘာသာရပ်ကို ကျွမ်းကျင်တဲ့သူ ၁၀ ယောက်ရှိရင် အဲဒိ ၁၀ ယောက်စလုံး knowledge sharing လုပ်နိုင်ပါတယ်။ သို့သော် အဲဒိ ၁၀ ယောက်စလုံး သင်္ချာပညာကို မသင်ပေးနိုင်ပါဘူး။
ဆရာကြီးဦးဖေမောင်တင်ရဲ့စကားလေးတစ်ခွန်းကို သတိရပါတယ်။
“ဆရာ ဆိုတာ ကျောင်းသားမသိသေးတာကို သိအောင်သင်ပေးတဲ့သူကို ခေါ်တာမဟုတ်ဘူး။ ကျောင်းသားစိတ်ထဲမှာ အဲဒိပညာကို လေ့လာလိုစိတ် ပြင်းပြလာအောင် မီး.ထိုး.ပေးနိုင်တဲ့သူကို ခေါ်တာ” တဲ့။
knowledge sharing ကတော့ လူတိုင်းလုပ်နိုင်ပါတယ်။ ၆တန်းကျောင်းသားက ၅တန်းကျောင်းသားကို စာပြန်ပြလို့ ရတာပါပဲ။ သို့သော် အဲဒါကို ပညာသင်ပေးတယ်လို့ ခေါ်လို့မရပါဘူး။
အဲဒိ knowledge sharing အဆင့်ကို ပညာသင်ပေးတဲ့ဆရာအဖြစ် ခံယူနေခြင်းရဲ့နောက်ဆက်တွဲပြဿနာက `လူမှန်နေရာမှန်’ မဖြစ်ကြတော့တာပါပဲ။
သမိုင်းနဲ့ဘွဲ့ရပြီး သင်္ချာကျူရှင်ဆရာ လုပ်တယ်။ ဆေးကျောင်းဆင်းပြီး အင်္ဂလိပ်စာသင်တန်းဖွင့်တယ်။ Physics နဲ့ကျောင်းပြီးပြီး မူလတန်းပြဆရာလုပ်တယ်။ စသည် စသည်ဖြင့် လူမှန်နေရာမှန် မဖြစ်ကြတော့တဲ့အတွက် ကျောင်းသားတွေရဲ့စိတ်ထဲမှာ အဲဒိပညာကို ချစ်လာအောင် တန်ဖိုးထားလာအောင် ထပ်ထပ်ပြီးလေ့လာချင်လာအောင် မီးထိုးမပေးနိုင်ကြတော့ဘူး။
ကျောင်းသားတွေ ပညာရပ်ကို မချစ်တတ်ကြတော့ရင် ပညာရှင်တွေ မပေါ်ထွက်တော့ပါဘူး။ အဲဒါဟာ တိုင်းပြည်ဆုတ်ယုတ်ခြင်းပါပဲ။
ပါမောက္ခဆရာမကြီးတစ်ယောက် ပြောတဲ့စကားကို သိပ်သဘောကျတာပဲ။ မြန်မာစာဆရာ စာသင်တာကို သဘောကျပြီး အဲဒိကလေးက တက္ကသိုလ်မှာ မြန်မာစာအထူးပြုယူမှ တိုင်းပြည်တိုးတက်မှာ တဲ့။ အမှတ်များလို့/ အိမ်ကခိုင်းလို့မဟုတ်ဘဲ Bio ဆရာ သင်တာကို သဘောကျလို့ ဆေးတက္ကသိုလ်တက်တယ်ဆိုမှ တိုင်းပြည်တိုးတက်မှာ တဲ့။
ဘယ်သူဝင်သင်သင် သင်လို့ရတဲ့ နှစ်နှစ်လီ လေး ဆိုတာကို ဝင်သင်ရုံနဲ့ ဆရာ မဖြစ်နိုင်ပါ..

Nilar Aung Ata Det

ဘာနည်းနဲ့ပဲ သင်သင်၊ ဘယ် approach ဘယ် teaching method ကိုပဲ သုံးသုံး၊ ကျောင်းသားက မလိုချင်ရင်၊ စိတ်မပါရင်၊ motivation မရှ...
06/05/2023

ဘာနည်းနဲ့ပဲ သင်သင်၊ ဘယ် approach ဘယ် teaching method ကိုပဲ သုံးသုံး၊ ကျောင်းသားက မလိုချင်ရင်၊ စိတ်မပါရင်၊ motivation မရှိရင် ဆရာက ဘယ်လောက်ပဲ lesson plan တွေ ပြင်ဆင်သွားပါစေ ထိရောက်အောင် သင်ကြားပေးဖို့ မဖြစ်နိုင်ပါဘူး။
In the absence of student motivation, your lesson plan will flop.

Interest and motivation ရွိမွ engagement ဆိုတာ ဖြစ်လာတာပါ။ မိမိသင်ပေးနေရတဲ့ ကျောင်းသားများကို နားလည်အောင်လုပ်ပါ။ စာကို စိတ်မဝင်စားဘူးဆိုတာ သင်ခန်းစာနဲ့ သူ့လက်တွေ့ဘဝနဲ့ ကင်းကွာနေလို့၊ lesson and real life needs တွေ ဘယ္လို ဆက်စပ်နေတယ်ဆိုတာကို ဆရာက ကျောင်းသားကို အဲဒီ relevance ကို မြင်အောင် မပြနိုင်လို့ဖြစ်လိမ့်မယ်။
If you can bridge the gap between your lessons and the real world, your lessons will be well-received by your students.

Crd
#မေတ္တာဖြင့်
Soe Than

Great teachers........တကယ့်ဆရာတွေဟာ......make memoriesအမှတ်ရစရာလေးတွေပေးခဲ့တယ်are student-centeredကျောင်းသားဗဟိုပြုစနစ်က...
06/05/2023

Great teachers........
တကယ့်ဆရာတွေဟာ......

make memories
အမှတ်ရစရာလေးတွေပေးခဲ့တယ်

are student-centered
ကျောင်းသားဗဟိုပြုစနစ်ကျင့်သုံးတယ်

build relationships
လူမှုဆက်ဆံရေးအလေးပေးတယ်

are dependable
အားကိုးထိုက်တယ်

are trustworthy
ယုံကြည်စရာကောင်းတယ်

value students and build their confidence
ကျောင်းသားတွေကို တန်ဖိုးထားပြီး မိမိကိုယ်ကိုယ်ယုံကြည်စိတ်ရှိအောင်လေ့ကျင့်ပေးတယ်

leave life-changing positive impacts
ကျောင်းသားတွေရဲ့ ဘဝကိုတိုးတက်ပြောင်းလဲစေမဲ့ အတွေ့အကြုံကောင်းတွေပေးတယ်

are always learning
အမြဲမပြတ်သင်ယူနေတယ်

are consistent and also flexible
စည်းကမ်းကို တသမတ်တည်းလိုက်နာပေမဲ့ ပျော့ပြောင်းတယ်

help students reach goals
ကျောင်းသားများရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်ကူညီပေးတယ်

inspire and model kindness
ကြင်နာမှုကို ဥပမာပြပြီး ကျောင်းသားတွေကိုပါ ကြင်နာတတ်သူဖြစ်စေနိုင်တယ်

show grace
ရည်မွန်မှု ကျက်သရေရှိတယ်

put students first
တပည့်တွေကိုသာ ပထမဦးစားပေးစဉ်းစားတယ်

are passionate about kids, their learning and their personal success
ကလေးတွေကို အလွန်ချစ်မြတ်နိုးပြီး သူတို့ရဲ့ စာသင်ကြားရေးနဲ့ အောင်မြင်ရေးအတွက် အလေးအနက်ထားတယ်

are a champion and an advocate for their students
သူတို့ရဲ့ တပည့်တွေအဖို့ ဆရာဟာ လူစွမ်းကောင်း ချန်ပီယံလည်းဟုတ် ကာကွယ်ပေးမဲ့ ရှေ့နေလည်းဟုတ်တယ်

are caring, humorous and empathetic
ဂရုစိုက်တတ်တယ်၊ ဟာသဉာဏ်ရှိပြီး စာနာသနားစိတ်ရှိတယ်

are life-long learners
တဘဝလုံးလေ့လာသင်ယူနေသူဖြစ်တယ်

are reliable
ယုံကြည်စိတ်ချရတယ်

are honest and dedicated
ရိုးသားပြီး အလုပ်ကိုကြိုးစားတယ်

encourage and support learning
စာလုပ်ချင်အောင် လေ့လာချင်စိတ်ရှိလာအောင် အားပေး ပံ့ပိုးတယ်

provide opportunities for service to others
ကလေးတွေ ပရဟိတလုပ်တတ်လာအောင်လည်း အခွင့်အရေးတွေဖန်တီးပေးတယ်

are collaborative and current
အခြားပညာရှင်များနဲ့ ပူးပေါင်းဆောင်ရွက်တတ်ပြီး သင်ကြားမှုနည်းစနစ်မှာလည်း ခေတ်နဲ့အမှီလိုက်တယ်

put faith and trust in students
ကျောင်းသားတွေကို အပြည့်အဝယုံကြည်မှုပေးနိုင်သူပါ။

ဒီအောက်က poster လေးကို သေဘာက်လို့ အချက်လေးတွေတစ်ခုစီကို ဘာသာပြန်လိုက်တာပါ။ ဆရာ ဆရာမမ်ား ကျန်းမာ ချမ်းသာကြပါစေ။

With love,
Dr.Soe Than

ကိုယ်ပိုင်ဘဝရရှိဖို့ ကိုယ်တိုင်တည်ဆောက်စို့👨‍💻 ကိုယ်ပိုင်ဘဝရရှိဖို့ အမှန်တကယ်လိုအပ်ပါတယ်...ငယ်ရွယ်စဉ်ကာလ မိဘဆီက လက်ဖြန့်...
06/05/2023

ကိုယ်ပိုင်ဘဝရရှိဖို့ ကိုယ်တိုင်တည်ဆောက်စို့👨‍💻

ကိုယ်ပိုင်ဘဝရရှိဖို့ အမှန်တကယ်လိုအပ်ပါတယ်...
ငယ်ရွယ်စဉ်ကာလ မိဘဆီက လက်ဖြန့်တောင်းခဲ့စဉ်ကရော အမြဲတမ်း လွယ်လွယ်ကူကူရခဲ့ကြသလား..?😣
မဝယ်သင့်ဘူး၊မဝယ်ပေးနိုင်ဘူးဆိုတာတွေ ကြားဖူးကြမှာပါ....ရင်ဆိုင်ဖူးကြမှာပါ...
ဒီလိုနဲ့ အရွယ်လေးရောက်လာတော့ ချစ်သူဆီပူဆာကြတယ်.... ပူဆာတိုင်းရသလား....?😌
ဟော နောက်တစ်ဆင့် အိမ်ထောင်ကျတယ်... အိမ်ထောင်ဖက်ဆီကနေရော အလြယ္တကူ ပူဆာလို့ ရနိုင်သလား...?. 💑
ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာတွေရှိပေမဲ့.
နောက်ဆုတ်လိုက်ရတာအမျါးကြီးပါ😫😩
ဒါက....လွယ်ကူဆုံးနမူနာတွေပါ
မြင်သာထင်သာရှိလှပါတယ်....🙄🤔

လွယ်လွန်းတဲ့လမ်း မလိုက်ပါနဲ့တပည့်တို့ရေ....
တစ်ပါးသူဆီက မျှော်လင့်ရတာဟာ
တကယ်တော့ တစ်ချိန်ပြန်ပေးဆပ်ရမှာပါပဲ...
လွယ်လွန်းရင် ပိုခက်တတ်တယ်....

ဒါဆိုဘာလုပ်ရမှာလဲ....🤔
ကိုယ်တိုင်ရပ်တည်နိုင်ဖို့ အားစိုက်ထုတ်ရမှာပေါ့...
ကိုယ်တိုင်ရပ်တည်နိုင်ဖို့ အားထုတ်တဲ့အခါ
ပညာကအဓိက ပါဝင်နေပြီလေ....ပညာသင်ပြီး
ပညာကို အတွေ့အကြုံ၊ဗဟုသုတနဲ့ ကိုယ်ချင်းစာတရားလေး ပေါင်းထည့်လိုက်မယ်ဆိုရင်
တပည့်ရေ မင်းဘဝအမှန်တကယ် ပျော်ရွှင်ပြီး သာယာချမ်းမြေ့မှာ မလွဲဧကန်ပါပဲကွယ်...
ချစ်တပည့်တို့ကိုယ်ပိုင်ဘဝကို ကိုယ်တိုင်တည်ဆောက်နိုင်သူများဖြစ်ကြပါစေ...👩‍⚕️👨‍⚕️👩‍🏫

MM
#မဟာ စာသင်ဝိုင်း
#တောင်ကုတ်မြို့ ရခိုင်ပြည်နယ်

Address

ဗိုလ်တေဇလမ်း သိမ်တောင် တောင်ကုတ်မြို့
Taunggôk
07161

Alerts

Be the first to know and let us send you an email when မဟာ စာသင်ဝိုင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to မဟာ စာသင်ဝိုင်း:

Shortcuts

Share

Category