31/08/2019
အခြေခံပညာအထက်တန်းပြီးမြောက်ကြောင်း
လက်မှတ်( Secondary Education Completion
Certificate) ပေးအပ်ရန် စံ သတ်မှတ်ချက်(၇)ချက်
(၁) ကျောင်းခေါ်ချိန်ပြည့်မီခြင်း။
(၂) ပညာရည် စစ်ဆေးအကဲဖြတ်ခြင်း။
(၃) ဘာသာရပ်အလိုက် တတ်မြောက်မှု အဆင့်
သတ်မှတ်ခြင်း။
(၄) စာပေ၊ အနုပညာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်
စာကြည့်တိုက်ဆိုင်ရာကဏ္ဍများ၌ ပါဝင်လှုပ်ရှား
ဆောင်ရွက်ခြင်း။
(၅) လူမှု့ ရေးပြစ်ချက်ကင်း၍ ကျောင်းစည်းကမ်း
လိုက်နာခြင်း။
(၆) အားကစားနှင့် ကာယလှုပ်ရှားမှု့ များ
ဆောင်ရွက်ခြင်း။
(၇) ကျောင်းကောင်စီအသင်းအဖွဲ့နှင့် လူမှု့ ရေးအသင်း
များတွင် ပါဝင်ဆောင်ရွက်ခြင်း။
(၁)ကျောင်းခေါ်ချိန်ပြည့်မီခြင်းအပိုင်းတွင် ပညာသင်နှစ်
တစ်နှစ်၏ကျောင်းခေါ်ချိန်ကို ၇၅% သတ်မှတ်ပြီး
၇၅% အောက်ရရှိပါက SECC လက်မှတ် ထုတ်ပေး
မည်မဟုတ်ပါ။
စစ်ဘေး၊ သဘာဝဘေး၊ မသန်စွမ်းနှင့် ရွှေ့ ပြောင်း
လုပ်သားကလေးများအတွက် ကျောင်းခေါ်ချိန် ၅၀%
အထိ လျှော့ပေါ့သတ်မှတ်ရန်။
ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာ
ရေးကျောင်းများ၏ ကျောင်းခေါ်ချိန်ကို သက်ဆိုင်ရာ
ရုံးဌာနက ကြပ်မတ်ရမည်။
(၂) ပညာရည်စစ်ဆေးအကဲဖြတ်ခြင်းအပိုင်းတွင်
တတ်မြောက်မှု စစ်ဆေးခြင်း လေးကြိမ်ဝင်ရောက်
ဖြေဆိုလျှင် Grade-A သတ်မှတ်မည်။
ခိုင်လုံသော အကြောင်းပြချက်ဖြင့် ပျက်ကွက်လျှင်
ပြန်လည်အစားထိုးဖြေဆိုခွင့်ပြုနိုင်သည်။
(၃) ဘာသာရပ်အလိုက် တတ်မြောက်မှု အဆင့်
သတ်မှတ်ခြင်းအပိုင်းတွင်
*ပျမ်မျှရမှတ်၇၅ နှင့်အထက် Grade- A
*ပျမ်းမျှရမှတ် ၆၀ မှ ၇၄ အထိ Grade- B
*ပျမ်းမျှရမှတ် ၄၀ မှ ၅၉ အထိ Grade- C
*ပျမ်းမျှရမှတ် ၃၉ နှင့်အောက် Grade- D
စသည်ဖြင့် သတ်မှတ်မည်။
သတ်မြောက်မှုစစ်ဆေးအကဲဖြတ်ခြင်း လေးကြိမ်မှ
ရမှတ်များကို ပျမ်းမျှယူ၍ Grade သတ်မှတ်မည်။
ပျမ်းမျှရမှတ် ၄၀ အောက်ရရှိသော ဘာသာရပ်အများ
ဆုံး သုံးဘာသာကိုသာ ထပ်မံဖြေဆိုစေပြီး ပျမ်းမျှ
ရမှတ် ၄၀ နှင့်အထက်ရရှိမှသာ Grade C သတ်မှတ်
ရမည်။
(၄) စာပေ အနုပညာ Project Activities စာကြည့်
တိုက်ဆိုင်ရာကဏ္ဍများ၏လှုပ်ရှားမှုများတွင် ပါဝင်
ခြင်းအပိုင်းတွင်
* နိုင်ငံ့လက်ရွေးစင်၊ တိုင်းဒေသကြီး၊ပြည်နယ်
လက်ရွေးစင်ဖြစ်လျှင် Grade-A
*ခရိုင်၊ မြို့နယ်၊ ကျောင်းလက်ရွေးစင်ဖြစ်လျင်
Grade-B
*အများနှင့် အတန်းတွင်းစုပေါင်းပါဝင် လှုပ်ရှားလျင်
Grade -C
* ပါဝင်လှုပ်ရှားမှု မရှိလျင် Grade- D သတ်မှတ်ရမည်။
၅) လူမှုရေးပြစ်ချက်ကင်း၍ ကျောင်းစည်းကမ်း
လိုက်နာမှုအပိုင်းတွင်
* လူမှုရေးပြစ်ချက်များ လုံးဝမကျူးလွန်ဘဲ
ကျောင်းစည်းကမ်းလိုက်နာလျင် Grade- A
* သာမန်စည်းကမ်းတစ်ခုဖောက်ဖျက်လျင်
Grade -B
*သာမန်စည်းကမ်း နှစ်ခုမှ သုံးခုအထိ ဖောက်ဖျက်
လျင် Grade-C
*သာမန်စည်းကမ်း လေးခုနှင့်အထက် ဖောက်ဖျက်
လျင် Grade-D သတ်မှတ်ရမည်။
(၆) အားကစားနှင့် ကာယလှုပ်ရှားမှု ဆောင်ရွက်ခြင်း
အပိုင်းတွင်
*နိုင်ငံလက်ရွေးစင်၊ တိုင်းဒေသကြီး၊ပြည်နယ်
လက်ရွေးစင်ဖြစ်လျှင် Grade-A
*ခရိုင်မြို့နယ် ကျောင်းလက်ရွေးစင်ဖြစ်လျင်
Grade- B
* ကျောင်းတွင်ကိုယ်လက်လှုပ်ရှားမှုများတွင်
ပါဝင်ခဲ့လျင် Grade-C
*ကျောင်းတွင်း ကိုယ်လက်လှုပ်ရှားမှုတွင်
မပါဝင်ခဲ့လျင် Grade- D သတ်မှတ်ရမည်။
(၇) ကျောင်းကောင်စီ အသင်းအဖွဲ့ များနှင့် လူမှုရေး
အသင်းများတွင် ပါဝင်ဆောင်ရွက်ခြင်းအပိုင်းတွင်
* အသင်းအဖွဲ့  ငါးခုနှင့်အထက်တွင် တက်ကြွစွာ
ပါဝင်လှုပ်ရှားလျင် Grade-A
*အသင်းအဖွဲ့  သုံးခု(သို့) လေးခု တွင် တက်ကြွစွာ
ပါဝင်လှုပ်ရှားလျင် Grade-B
*အသင်းအဖွဲ့  တစ်ခု(သို့) နှစ်ခုတွင် တက်ကြွစွာ
ပါဝင်လှုပ်ရှားလျင် Grade -C
*ပါဝင်လှုပ်ရှားမှု မရှိလျင် Grade-D သတ်မှတ်
ရမည်။
(နေရိုင်း၊ အောင်မင်းသိန်း)
Crd-AEP private high school