ပေါင်းကူး

ပေါင်းကူး ခ်စ္တပည့္မ်ား ဘာသာဂုွဏ္ထူး ဆြတ္ခူး?

13/08/2025
02/08/2025

ဖိုးမောင်လာပြီ မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌ရေဆိပ်အနား၊ ရွာတံခါးမှ ဂုတ်ကျား ကျယ်လောင်၊ ဆီးကြိုဟောင်သော်ဖိုးမောင်လာပြီ ဆ...
15/07/2025

ဖိုးမောင်လာပြီ

မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ဂုတ်ကျား ကျယ်လောင်၊ ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။

ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ၊ အသံမှာကား
ညခါ ငါးထောင်၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။

ဖိုးမောင်သံကြား၊ ကင်းသမားက
တံခါးကြီးအောက်၊ မလွယ်ပေါက်ကို
တယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်
ယာတွင် အုပ်ဆောင်း၊ ဝဲ တက်ချောင်းနှင့်
ခါးစောင်း ကိုယ်ကိုင်း၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်
လူပင်လေလား တစ္ဆေလား။

တစ္ဆေမကြောက်၊ မြွေမကြောက်ဘဲ
တယောက်တည်းပင်၊ ညဉ့်မှောင်တွင်၌
သူလျှင်ငါးရှာ၊ မကျွေးပါက
ထိုရွာသူသား၊ လူအများတို့
ငါးစို ငါးစိမ်း ငတ်ပေလိမ့်။

ဆောင်းတည၌
ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍
ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ
ဇီးကွက်က အော်၊ တောက်တဲ့ ကြော်စဉ်
ရွာပေါ်လွှမ်းအောင်၊ ဂုတ်ကျားဟောင်သည်
ဖိုးမောင် လာချိန်ပါတကား။

သို့ဖြစ်သော်ငြား၊ ခါတပါးသို့
တံခါးဝင်လို၊ သူ မဆိုဘဲ
'မောင်းကို ထုပါ၊ လူ စုပါဟေ့၊
ရွာကို ဘေးမှ၊ ကာကွယ်ကြလော့၊
ဓားပြ ငါ့အား၊ ဖမ်း၍ထား' ဟု
စကားမဆုံး၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒုန်း ဒိန်းသံ၊ ရွာလုံးညံသည်
ချောင်းယံ ပဲ့တင်ထပ်သတည်း။

ဖိုးမောင့်နိဂုံး၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ၊ ဟည်းလျက်ပါတည့်။

ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို့
မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုဆဲပင်။

မင်းသုဝဏ်
မြဝတီ မဂ္ဂဇင်း ၁၉၆၃ ဇန်နဝါရီ

03/07/2025
နှစ်အလိုက် ဖြေဆိုသည့် အရေအတွက်၊အောင်ချက်ရာခိုင်နှုန်းကို နှိုင်းယှဉ်ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်
09/06/2023

နှစ်အလိုက် ဖြေဆိုသည့် အရေအတွက်၊အောင်ချက်ရာခိုင်နှုန်းကို နှိုင်းယှဉ်ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်

06/06/2023

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန် ၉ ရက် နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာမည်

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန် ၉ ရက် နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး ၊ အဆိုပါအောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာန ကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အောင်စာရင်းထုတ်ပြန်မည့် ဇွန် ၉ ရက်၊ နံနက် ၄ နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည် ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို Website မှ အသိပေးထုတ်ပြန်ကြေညာမည့် အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယို အစီအစဉ်မှလည်း အောင်စာရင်း ထွက်သည့်နေ့တွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

Read More - - - >>> https://news-eleven.com/article/249223

►► (Zawgyi ဖြင့်ဖတ်ရန်)





■ Eleven Website:
https://news-eleven.com
■ Eleven Broadcasting YouTube:
https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube:
https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

01/05/2023

ကျောင်းသား ကျောင်းသူ မိဘများသိစေရန်

Grade 10, 11,12 သုံးနှစ်လုံးမှာ
Grade A ရမှ
ကိုယ်နှစ်သက်တဲ့တက္ကသိုလ်ကို
ရွေးချယ်လို့ရမှာဖြစ်ပြီး
Grade B,C ရတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာဝင်ခွင့်ရမှာပါ

#စနစ်သစ်ပညာရေးအကြောင်း
ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ

📖၂၀၂၀_၂၀၂၁ ပညာသင်နှစ်
Grade 10 (ဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ

📖၂၀၂၁_၂၀၂၂ ပညာသင်နှစ်
Grade 11 (ဧကဒသမတန်း)ကျောင်းတွင်းစစ်
စာမေးပွဲ

📖၂၀၂၂_၂၀၂၃ ပညာသင်နှစ်
Grade 12 (ဒွာဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ
နှင့် နိုင်ငံတော်အစိုးရစစ်စာမေးပွဲစာမေးပွဲနှစ်ခုရှိ
ပါသည်။

📖Grade 12 ကျောင်းတွင်းစစ်စာမေးပွဲဖြေဆို အောင်မြင်ပါက သင်ယူပြီးမြောက်ကြောင်းလက်မှတ် ရရှိမည်ဖြစ်ပါသည်။ထိုလက်မှတ်ဖြင့် ကောလိပ်များ၊
Instituteများ(ပညာရေးကောလိပ်၊GTI အစရှိသဖြင့်)
ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။

သို့သော်၂၀၂၃ ခုနှစ် မတ်လတွင်ကျင်းပပြုလုပ်သည့်
နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲသည်သာ
University များတက်ရောက်ခွင့်ရရှိမည့်
Grade အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်ပါသည်။

ထိုရလဒ် Grade အနေအထားအပေါ်မူတည်ပြီးမှသာ တက္ကသိုလ်များကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။

ထိုစာမေးပွဲတွင် Grade A ရထားသောကလေးသည် နှစ်သက်သလို တက္ကသိုလ်များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သော်လည်း၊ Grade B,C အစရှိသဖြင့် ရသောကလေးများသည် ထို Grade များကိုလက်ခံဖြေဆိုခွင့်ပြုသော တက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။

📖Grade များသည်လည်း ဘာသာရပ် တိုင်းအတွက်ကောင်းရန်မလိုပါ။မိမိ အဓိက ရွေးချယ်မည့်
တက္ကသိုလ်တစ်ခုကိုတော့ ကို G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။

ဥပမာ။ ။ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
English၊
Physics၊
Chemistry၊
Biology
လေးဘာသာ၏ Grade ကိုသာကြည့်၍
ဝင်ခွင့်ဖြေဆိုခွင့်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ပြီး၊
Engineering နှင့်
IT တက္ကသိုလ်များအတွက်ဆိုလျှင်
English၊
Math၊
Physics၊
Chemistry လေးဘာသာ၏
Grade များကိုသာ ကြည့်မည်ဖြစ်ပါသည်။

၊📖ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့
တက္ကသိုလ် ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။

၁၂ တန်း အစိုးရစစ် စာမေးပွဲကြီးတွင် (၆)ဘာသာ သာဖြေဆိုရပါမည်။ General Science ၊Social Science ဘာသာရပ်များ ဖြေရန်မလိုပါ။

ရှင်းအောင်ပြောရရင်
(၂ဘာသာ/၃ဘာသာ)ပေါင်းစည်းထားသော ဘာသာရပ်များစာမေးပွဲဖြေဆိုရန်မလိုအပ်ပါ။

မှတ်ချက်။ ။၁၂တန်းမှာ Grade လည်း
ကောင်းဖို့လိုသလို တက္ကသိုလ်ဝင်ခွင့်ဖြေရာမှာ
အဆင်ပြေ အောင်မြင်စေဖို့ G(10,11,12 )သုံးနှစ်စာသင်ခန်းစာတွေကိုလည်း ကျွမ်းကျင်ခဲ့ဖို့လိုပါတယ်။

📖Grade ကောင်းရုံနဲ့လည်တက္ကသိုလ်တက်ခွင့်ရမှာမဟုတ်ပါဘူး။ ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရမှာဖြစ်ပြီး
ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။

22/01/2021

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ဝင်ခွင့်ရ အမှတ်စာရင်းများ

အားလုံးပဲ မင်္ဂလာပါရှင့်။
ဒီနေ့ပိုစ်လေးကတော့ ၁၀ တန်းပြီးထားတဲ့ မောင်လေး၊ ညီမလေးတွေအတွက် ရည်ရွယ်ပြီးတင်လိုက်ပါတယ်။

တက္ကသိုလ်ဝင်တန်းအမှတ်တွေလည်းထွက်ပြီဆိုတော့ မိမိတို့ကြိုက်နှစ်သက်တဲ့ကျောင်းလျှောက်ကြမယ့် မောင်လေးညီမလေးတို့အတွက် အထောက်အကူဖြစ်စေဖို့ NMDC ရဲ့ တစ်မေဂျာချင်းစီ ၄ နှစ်စာ နောက်ဆုံးဖြတ်အမှတ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ✨✨

ကျောင်းဝင်ခွင့်လျှောက်လွှာများအတွက် သတင်းစာမှ တစ်ဆင့်ဖော်ပြပေးသွားမှာဖြစ်သလို NMDC Page ကနေလည်းကြေငြာပေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းဝင်ခွင့်အချက်အလက်တွေနဲ့ ဝင်ခွင့်ရကျောင်းသူ၊ ကျောင်းသားများကို အချိန်နဲ့တပြေးညီ ကြေငြာပေးသွားမှာမို့ NMDC Page တွေကို Like & Follow လုပ်ထားကြနော်။ ✨✨



21/01/2021

Address

Kan Tharyar Street
Taungdwingyi
04141

Telephone

+959951007642

Website

Alerts

Be the first to know and let us send you an email when ပေါင်းကူး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category