သျှင်စော

သျှင်စော If you want to change the world, you must change yourself first.

10/08/2026

Do something every day
that brings you closer
to your goals.

နေ့တိုင်း ကိုယ့်ရည်မှန်းချက်
ပန်းတိုင်တွေကို ရောက်သွားစေမယ့်
အရာတွေကိုပဲ လုပ်ဆောင်ပါ။

-Unknown

02/08/2026

"Sometimes God doesn't
give you what you want.
It's not because you
don't deserve it, but
because you deserve better."

"တစ်ခါတလေ ဘုရားသခင်က
မင်းလိုချင်တာ မပေးဘူး။
အဲဒါက မင်းနဲ့မထိုက်တန်လို့
မဟုတ်ဘူးနော်, မင်းက
ပိုကောင်းတာတွေနဲ့
ထိုက်တန်နေလို့ပါ။"

-Unknown

18/07/2026

"Your future needs you.
Your past does not."

"မင်းရဲ့အနာဂတ်က
မင်းကို လိုအပ်တယ်။
မင်းရဲ့အတိတ်ကတော့
မင်းကို မလိုအပ်တော့ဘူး။"

18/07/2026

"it does not matter
how long you live,
but how well you do it."

"ဘယ်လောက်အသက်ရှည်ရှည်
နေသွားခဲ့တယ်ဆိုတာထက်
အသက်ရှင်စဉ်မှာကောင်းတဲ့အရာတွေ
ဘယ်လောက်များများလုပ်သွားခဲ့တယ်
ဆိုတာက ပိုအရေးကြီးတယ်။"

-Martin Luther King

17/07/2026

"Believe you can and
you're halfway there."

"မင်းလုပ်နိုင်တယ်လို့
ယုံကြည်လိုက်တာနဲ့
ခရီးတစ်ဝက်
အောင်မြင်သွားပြီ။"

-Theodore Roosevelt

15/07/2026

ကျေးဇူးသိတတ်တဲ့စိတ်,
သိတဲ့အတိုင်းကျေးဇူးဆပ်တဲ့
အကျင့်ဟာ မြင့်မြတ်သူတွေမှာ
တွေ့ရတဲ့အမူအကျင့်တွေပါပဲ။

မိဘ,ဆရာသမား,ညီအစ်ကို
မောင်နှမတွေနဲ့ မိတ်ဆွေ
သူငယ်ချင်းတွေရဲ့ ကျေးဇူးများအပြင်
သဘာဝပတ်ဝန်းကျင် ရေမြေတောတောင်တွေရဲ့
ကျေးဇူးတွေကိုပါ မြင်အောင်ကြည့်ပြီး
ပြန်လည်ကျေးဇူးဆပ်ဖို့ အထူးလိုအပ်ပါတယ်။

ဘာလို့လဲဆိုတော့ ကျေးဇူးသိတဲ့သူ,
ကျေးဇူးဆပ်တဲ့သူရဲ့ကမ္ဘာကြီးက
သာယာလှပအေးမြနေလို့ပါပဲ။

15/07/2026

လူတစ်ယောက်ရဲ့
ကံကြမ္မာဟာ သူရဲ့ကိုယ်ကျင့်သီလ
ရိုးသားမှုနဲ့ အသိပညာပေါ်မှာ
အများကြီးမူတည်ပါတယ်။

ကိုယ်ကျင့်သီလကောင်းရင်
ကောင်းသလောက်,
ရိုးသားမှုရှိသလောက်,
အသိပညာရှိသလောက်
သူ့ကံကြမ္မာပြောင်းလဲနေမှာပါပဲ။

15/07/2026

ဘဝမှာသိထားရမှာက
ကိုယ်ဘာတွေရနေတယ်
ဆိုတာထက် ကိုယ်ဘယ်လိုလူ
ဖြစ်လာနေလဲဆိုတာကို
အမြဲ သတိထားပြီး သိနေရမယ်။

14/07/2026

ထိန်းသိမ်းစောင့်ရှောက်မှု
မရှိတဲ့အရာတွေက
ပျက်စီးမြန်တယ်။

လောကမှာ ဘယ်အရာမဆို
မစောင့်ရှောက်ဘဲထားမယ်,
မပြုပြင်ဘဲထားမယ်ဆိုရင်
လျင်လျင်မြန်မြန်နဲ့
ပျက်စီးသွားတတ်ကြတယ်။

ကိုယ့်ကိုယ်ကိုယ်လဲ
စောင့်ရှောက်ဖို့လိုသလို
ကိုယ့်ဝန်းကျင်ကိုလဲ
စောင့်ရှောက်ဖို့လိုပါတယ်။

22/06/2026

"Understand people
by their actions and
you will never be fooled
by their words."

"လူတွေရဲ့ လုပ်ရပ်တွေကို
မင်း သိသွားရင် သူတို့
စကားတွေနဲ့ လှည့်စားတာကို
ဘယ်တော့မှ မခံရတော့ဘူး။"

-Unknown

Address

Pyay Street
Taungdwingyi
19891350

Telephone

+959791938418

Website

Alerts

Be the first to know and let us send you an email when သျှင်စော posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to သျှင်စော:

Shortcuts

Share