Mulberry Academia Hub

Mulberry Academia Hub

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mulberry Academia Hub, Tutor/Teacher, No. 26 (3rd floor), East horse racing course Street, Tamwe.

"လူငယ်များအတွက် မီးပြတိုက်လေးတခု"
အခြေခံ A1 မှ C1 အထိ ဂျာမန်ဘာသာစကားအတန်းများစုံစမ်းနိုင်ပါတယ်။

We are a team of dedicated academics committed to advancing Myanmar society through knowledge, education, and meaningful engagement.

28/05/2026

အမေး .... A1 ကနေစမှာဆိုတော့ အခြေခံအဆင့် basic မသင်ဘူးပေါ့နော်။

မင်မင်တို့ .... 🙄

23/05/2026

ဂျာမန်စကားပြောမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိချင်ပါသလား ... ?
Niveau B1 Sprechen စကားပြောအတန်းလေးအကြောင်းပြောပါရစေ။

​👩🏻‍🏫 Tr. Mu Aye သင်ကြားပေးမှာဖြစ်ပြီး ဆရာမကတော့ သင်ကြားရေးအတွေ့အကြုံ ၅ နှစ်ရှိပြီဖြစ်တဲ့ ဂျာမန်လူမျိုး စိတ်ကုဆရာဝန်တစ်ဦးဖြစ်ကာ လက်ရှိ ထိုင်းနိုင်ငံက Private School တစ်ခုမှာလည်း စာသင်ကြားပေးနေသူ ဖြစ်ပါတယ်။

🌠 ​ဂျာမန်လို ၇၅ ရာခိုင်နှုန်းအထိ အသုံးပြုပြီး စကားပြောကို အဓိကထားလေ့ကျင့်ပေးမှာဖြစ်တဲ့အတွက် -
​— B1 တက်ပြီးသွားပေမယ့် စကားပြောမသွက်သေးသူများ
— ​Self-study လေ့လာနေပြီး Speaking အလေ့အကျင့် လိုအပ်နေသူများ
— ​Goethe Exam အတွက် Speaking အပိုင်းကို စိတ်ချလက်ချ ပြင်ဆင်ချင်သူများအနေနဲ့ လာရောက်လေ့လာဖို့ တိုက်တွန်းချင်ပါတယ်။

📌 ​ကျောင်းသား ၆ ယောက်သာ လက်ခံမှာဖြစ်လို့ ကိုယ့်ရဲ့ပါဝင်ခွင့်နည်းသွားမှာ စိုးရိမ်စရာမလိုသလို ...
.. အတန်းပြီးဆုံးပြီးနောက်တွင်လည်း သင်ခန်းစာတွေကို အချင်းချင်း ပြန်လည်ဆွေးနွေးပြီး အမြဲမပြတ် လေ့ကျင့်နိုင်ဖို့အတွက် Study Group ရှိမှာပါ။

အတန်းစတင်မည့်ရက် - ဇွန်လ ၁၃ ရက်နေ့
​အချိန်ဇယား - စနေ နဲ့ တနင်္ဂနွေ၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ မှ ၃ နာရီ
(သင်တန်းအချိန်နဲ့ စဖွင့်မယ့်ရက်ကို ကျောင်းသား/သူအများစုရဲ့ သဘောတူညီချက်နဲ့ အပြောင်းအလဲ ပြုလုပ်ပေးပါမယ်။)
​သင်တန်းကာလ - ၂ လခွဲ / ၁၀ ပတ်
​သင်တန်းကြေး - ၂၅၅,၀၀၀ ကျပ်
Platform - Zoom

အ​စမ်းတက်ရောက်ချင်သူများအတွက် (၁) ရက် အစမ်းတက်ရောက်ခွင့် ရှိမှာဖြစ်ပေမယ့် ၃ ဦးသာ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။

အစမ်းတက်ရောက်ခြင်း၊ သင်တန်းအချိန်စာရင်း၊ သင်တန်းကြေးခွဲသွင်းခြင်းနဲ့ အခြားဆွေးနွေးလိုတာများရှိပါက ဖုန်းနံပါတ် +95 9 959 471 182 ကို တိုက်ရိိုက် သို့မဟုတ် whatapp၊ viber၊ telegram တို့မှ တဆင့် ဆက်သွယ်နိုင်ပါတယ်။

ပြန်လည်စုံတွေ့ကြပါစို့ 🤗

Office: Yamato Academy၊ အမှတ် ၂၆ (တတိယထပ်)၊ အရှေ့မြင်းပြိုင်ကွင်းလမ်း (ရာပြည့် စျေးမျက်နှာချင်းဆိုင်)၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

#ဂျာမန်စာသင်တန်း #ဂျာမန်စာဂျာမန်စကား

Photos from Study & Work in Germany - For Myanmar's post 23/05/2026

ကျွန်တော်တို့ မိတ်ဆွေ Consultant ရဲ့ ဆောင်းပါးပါ။ ဂျာမနီကို အလုပ်သင်သွားဖို့ စိတ်၀င်စားသူတွေကို စာများပေမယ့် ဖတ်စေချင်ပါတယ်။

22/05/2026

EU နိုင်ငံတွေဆိုတာ အချို့သော agent တွေပြောသလို ပြည့်စုံနေတာ မဟုတ်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ ရွှေ့ပြောင်းမယ် စဥ်းစားထားရင် သေချာလေး ဘာသာစကား၊ ပညာရေး၊ အလုပ်အကိုင်ကအစ စုံစမ်းပြင်ဆင်စေချင်ပါတယ်။

Regards
Admin

🚨𝐁𝐫𝐞𝐚𝐤𝐢𝐧𝐠 𝐍𝐞𝐰𝐬🚨
🇫🇮ဖင်လန်မှာ မြန်မာကျောင်းသား ၃၅၀ ကျော် အေးဂျင့်ရဲ့ မတရားခေါင်းပုံဖြတ်ခြင်း ခံရမှု ဖင်လန်နယ်ခြားစောင့်တပ်ဖွဲ့ အပြင်းအထန် စုံစမ်းစစ်ဆေးနေ🇫🇮

ဖင်လန်နိုင်ငံမှာ ပညာသင်ဖို့ ရောက်နေကြတဲ့ မြန်မာကျောင်းသားတွေနဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာ သတင်းတစ်ခုကို ဝေမျှပေးချင်ပါတယ်။

လက်ရှိမှာ ဖင်လန်နယ်ခြားစောင့်တပ်ဖွဲ့ (Rajavartiolaitos) ကနေ မြန်မာကျောင်းသား ၃၅၀ ခန့်ကို လိုက်လံရှာဖွေနေပါတယ်။ အကြောင်းရင်းကတော့ သူတို့တွေဟာ ပညာရေးအေဂျင်စီအတု (သို့မဟုတ်) ပညာရေးအေးဂျင့်လို့ ဆိုသူရဲ့ မတရားခေါင်းပုံဖြတ် ငွေညှစ်ခြင်းကို ခံခဲ့ရလို့ပါပဲ။

ဒီအေးဂျင့်ဟာ ကျောင်းသားတွေဆီကနေ မတန်တဆ ငွေကြေးအမြောက် အမြားကို တောင်းခံခဲ့ပြီး၊ ကျောင်းသားအများအပြားလည်း အကြွေးနွံနစ်ပြီး ဖင်လန်နိုင်ငံမှာ အခက်အခဲတွေ့နေကြရပါတယ်။ လက်ရှိမှာ နယ်ခြားစောင့်တပ်ဖွဲ့ကနေ ဒါကို "ကြီးလေးတဲ့ ခေါင်းပုံဖြတ်မှု" (Törkeä kiskonta) အပါအဝင် တခြားပြစ်မှုတွေနဲ့ အကျယ်တဝံ့ စုံစမ်းစစ်ဆေးနေပါတယ်။

🇫🇮 ဖြစ်စဉ်အသေးစိတ်က ဘယ်လိုလဲ?

အာဏာပိုင်တွေရဲ့ စုံစမ်းချက်အရ အဆိုပါ "ပညာရေးအေးဂျင့်" ဆိုသူဟာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်းမှာ သူနဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေ၊ လူတွေနဲ့ ပူးပေါင်းပြီး မြန်မာကျောင်းသား ၃၅၀ ယောက်ကို ဖင်လန်နိုင်ငံ အနှံ့အပြားမှာရှိတဲ့ အထက်တန်းလွန်နဲ့ သက်မွေးဝမ်းကျောင်းပညာရေး (Toisen asteen oppilaitos) ကျောင်းတွေမှာ တက်ရောက်နိုင်ဖို့ ဗီဇာလျှောက်ထားပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလိုလုပ်ပေးတဲ့နေရာမှာ, ကျောင်းဝင်ခွင့် ရဖို့၊ နေထိုင်ခွင့်ဗီဇာ (Oleskelulupa) ရဖို့နဲ့ ဘာသာစကား အရည်အချင်းစစ်ဆေးမှုတွေအတွက် ဆိုပြီး အကြောင်းပြကာ မတရားတောင်းဆိုတဲ့ ငွေပမာဏ အမြောက်အမြားကို ကောက်ခံခဲ့တာပါ။

အကျိုးဆက်အနေနဲ့ ကျောင်းသားအတော်များများဟာ အဲဒီအေးဂျင့်တွေဆီမှာ အကြွေးတင်ကျန်ခဲ့ပြီး ဖင်လန်နိုင်ငံကို ရောက်တဲ့အခါမှာလည်း အကာအကွယ်မဲ့ပြီး အလွန်အားငယ်စရာကောင်းတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေကြရပါတယ်။

🇫🇮သတင်းစကားနဲ့ အကူအညီတောင်းခံချက်🇫🇮

လက်ရှိမှာ ဖင်လန်နိုင်ငံ၊ ဖင်လန်ပင်လယ်ကွေ့ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ရာဇဝတ်မှုနှိမ်နင်းရေးဌာနကနေ ဒီအမှုကို အပြင်းအထန် စုံစမ်းစစ်ဆေးနေပါတယ်။ ဒါကြောင့် အခုလိုမျိုး မတရားအမြတ်ထုတ် ခေါင်းပုံဖြတ်ခံခဲ့ရတဲ့ မြန်မာကျောင်းသားတွေကို အာဏာပိုင်တွေထံ ဆက်သွယ်လာဖို့ အလေးအနက် မေတ္တာရပ်ခံထားပါတယ်။

တကယ်လို့ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်က သိရသလောက်သော်လည်းကောင်း ဒီလိုမျိုး ခေါင်းပုံဖြတ်ခံထားရတဲ့ အခြေအနေရှိခဲ့ရင် အောက်ပါလိပ်စာတွေကနေတစ်ဆင့် ယုံကြည်စိတ်ချစွာ သတင်းပို့ ဆက်သွယ်နိုင်ပါတယ်ဆိုပီးဖော်ပြထားတာကိုတွေ့ရပါတယ်။

အီးမေးလ် လိပ်စာ: [email protected]

WhatsApp ဖုန်းနံပါတ်: 050 331 1893

(ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တခြားသိရှိထားတဲ့ အချက်အလက် ဒါမှမဟုတ် သံသယဖြစ်ဖွယ် အခြေအနေတွေကိုလည်း သတင်းပေးပို့နိုင်တယ်လို့ ဆိုပါတယ်)


20/05/2026

ဂျာမနီရဲ့ အရှည်လျားဆုံး Main မြစ်ရှူခင်းကို ခံစားရင်း Deutsch Listening Test လေး လုပ်ကြည့်ရအောင်ပါ။ 🎧 🇩🇪

ဒီ Video ထဲက စကားပြောတွေကို အစကနေ အဆုံးအထိ အကုန်လုံး သဘောပေါက်တယ်ဆိုရင်တော့... သူငယ်ချင်းတို့ရဲ့ အကြားစွမ်းရည်က A2 Level ရောက်နေပါပြီ။

၀င်ရောက်သရုပ်ဆောင်ပေးတဲ့ Tr.Felix ကိုလည်း ကျေးဇူးတင်ရှိပါတယ်။
​ဒါနဲ့... နောက်အပတ်ကျရင် Austria က တောင်ကြားမြို့လေးဆီ လည်ပတ်ခဲ့တဲ့ Video တင်ပေးသွားမှာမလို့ စောင့်မျှော်ပေးကြပါဦး။ 😉

18/05/2026

ဂျာမနီ Student Visa နဲ့ ပတ်သက်ပြီး လမ်းညွှန်မှုလိုအပ်နေသူများအတွက် ...
ဆွေးနွေးအကြံပေးခြင်းကို စတင်ဝန်ဆောင်မှုပေးသွားမယ့်အကြောင်း ကြေညာချင်ပါတယ်။

ကျွန်တော်တို့အနေနဲ့ အရင်က ဂျာမနီကျောင်းလျှောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မေးခွန်းတွေကို သိသလောက် အပေါ်ယံဖြေကြားပေးခဲ့ပါတယ်။ အဖွဲ့တွင်းမှာ ဂျာမန်တက္ကသိုလ် တက်ရောက်ဖူးတဲ့ကျောင်းသားတွေ၊ အလုပ်လုပ်ခဲ့တဲ့ ဆရာတွေရှိပေမယ့် ကျောင်းသားတစ်ယောက်စီရဲ့ နောက်ခံအခြေအနေ၊ ပညာရေးလမ်းကြောင်း၊ အသက်အရွယ်၊ ငွေကြေးအခြေအနေ စတာတွေ မတူညီကြတဲ့အတွက် လူတိုင်းကို တိကျသေချာတဲ့ လမ်းညွှန်မှု ပေးနိုင်ဖို့အတွက် ကန့်သတ်ချက်များ ရှိခဲ့ပါတယ်။

အခုတော့ ကျောင်းသားတွေကို ပိုမိုတိကျပြီး လက်တွေ့ကျတဲ့ အကြံပေးလမ်းညွှန်မှုတွေကို အတွေ့အကြုံပြည့်ဝသူတစ်ဦးနဲ့ ပူးပေါင်းပြီး Private Consultation Service ကို စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အကြံပေးဆွေးနွေးပေးမယ့်သူရဲ့ ကိုယ်ရေးအကျဥ်းကတော့
— ဂျာမနီပညာရေးစနစ် ၁၀ တန်း (Mittlere Reife)၊ နည်းပညာသက်မွေးကျောင်း (IT Ausbildung) နဲ့ နည်းပညာကောလိပ်တို့ကို အဆင့်ဆင့်တက်ရောက်ကာ တက္ကသိုလ်၀င်တန်း (Fachabitur) အောင်မြင်ခဲ့ပြီးနောက် ...
HAW Hamburg တက္ကသိုလ်မှ Business Informatics (Business + IT) ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။
ဒါ့အပြင် ဂျာမနီ IT လုပ်ငန်းခွင်တွင် နှစ်ပေါင်း ၂၀ နီးပါး အ​တွေ့အကြုံ ရှိသူလည်းဖြစ်ပါတယ်။

Student visa လမ်းကြောင်းကို စိတ်ဝင်စားသူများ၊ ကိုယ့် အနေအထားနဲ့ ကိုက်ညီမယ့် လမ်းကြောင်းကို သိချင်သူများ၊ Uni၊ Ausbildung နဲ့ Studienkolleg အစရှိတဲ့ ပညာရေးလမ်းကြောင်းတွေကို စနစ်တကျ ဆွေးနွေးလိုသူများအတွက် အားထားရမယ့် ဝန်ဆောင်မှုတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

အသေးစိတ်သိရှိလိုပါက chat box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Office : Yamato Japanese Language Academy၊ အမှတ် (၂၆) တတိယထပ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း (ရာပြည့်ဈေးရှေ့)၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

15/05/2026

Ausbildung လျှောက်ထားရာတွင် သတိပြုရန်နှင့် တရားဝင်လမ်းကြောင်းများ 🚨
​လတ်တလောမှာ Goausbildung နဲ့ AusbildungDe အစရှိတဲ့ Website တွေကိုကြည့်ပြီး "အတန်းပညာ ဘယ်လောက်ဆိုရင် ရပြီလဲ"၊ "ကိုယ်တိုင်လျှောက်လို့ရလား" စတဲ့ မေးခွန်းတွေ မကြာခဏ မေးလာကြတာ တွေ့ရပါတယ်။
​ဒီနေရာမှာ အတိအလင်း အသိပေးလိုတာက အဆိုပါ Website များဟာ ဂျာမန်အစိုးရရဲ့ တရားဝင် စာမျက်နှာများ မဟုတ်ကြပါဘူး။

​Ausbildung နှင့် ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ ဂျာမန်ဗဟိုအစိုးရရဲ့ တရားဝင် Website (၂) ခုသာ ရှိပါတယ်။ (ပြည်နယ်အစိုးရနဲ့ အစိုးရဆိုင်ရာ အဖွဲ့အစည်း website များလည်း ရှိပါသေးတယ်၊ အဲ့ဒါကိုတော့ နောက်မှ အသေးစိတ် ထပ်ပြောပြပါ့မယ်)။
​၁။ Make-it-in-Germany
​ဒီ Website မှာ Ausbildung နဲ့ ပတ်သက်တဲ့ လိုအပ်ချက်များ၊ Visa လျှောက်ထားမှု အဆင့်ဆင့်နဲ့ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။
​၂။ Arbeitsagentur.de
​ဒီဆိုဒ်ကတော့ Ausbildung အလုပ်အကိုင်အမျိုးအစားအလိုက် တိုက်ရိုက်ရှာဖွေနိုင်ရုံတင်မကဘဲ လိုအပ်ရင် အခမဲ့ Consultation (အကြံပေးဆွေးနွေးမှု) ပါ ရယူနိုင်ပါတယ်။

​အလုပ်မရှာခင်မှာ အထက်ပါ Arbeitsagentur Website မှာ အကောင့် (Account) အရင်ဖွင့်ရပါမယ်။ ဂျာမနီအစိုးရဌာနာကတရားဝင်ပြသထားတဲ့ အကောင့်ဖွင့်နည်း Video ကို Comment မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

​အကောင့်ဖွင့်ပြီးပြီဆိုရင်တော့ မိမိရဲ့ ကိုယ်ရေးရာဇဝင် (CV) ကို German Format အတိုင်း သေချာပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အဲ့ဒါတွေ အဆင်သင့်ဖြစ်ပြီဆိုမှ အလုပ်စတင်ရှာဖွေပါ။ အလုပ်ရှာတဲ့အခါမှာလည်း နိုင်ငံခြားသားများ (Incoming) ကို အဓိကလက်ခံတဲ့ အဖွဲ့အစည်းကြီးတွေကို ဦးစားပေး ရှာဖွေကြည့်စေချင်ပါတယ်။

​အထူးသတိပေးလိုသည်မှာ -
ခိုင်လုံမှုမရှိတဲ့ စီးပွားဖြစ် ချိတ်ဆက်ရေး ပလက်ဖောင်း (For-profit matching platforms) တွေကြောင့် ငွေကြေးဆုံးရှုံးမှုနဲ့ အခြားနစ်နာမှုတွေ မဖြစ်ရလေအောင် ဂျာမန်အစိုးရရဲ့ တရားဝင် Website တွေကိုသာ အသုံးပြုကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။

Viel Erfolg ☺


13/05/2026

Hallo ... ဂျာမန်စာကို လုပ်ငန်းခွင် ဒါမှမဟုတ် ကျောင်းတက်ဖို့ သင်တန်းကောင်းရှာနေတာလား ...?

ဒါဆိုရင် ကျောင်းသားနည်းနည်းနဲ့ထိထိရောက်ရောက်သင်ယူလို့ရမယ့် အခြေခံ A1.1 နဲ့ A1.2 အတန်းတွေကို ဇွန်လမှာ ဖွင့်လှစ်တော့မှာပါ။

သင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေကတော့
🔹 Tr. Shin — ဂျာမန်ဧည့်လမ်းညွှန်အဖြစ် နှစ်ပေါင်း (၂၀) ခန့် လုပ်ကိုင်ခဲ့ပြီး ဂျာမနီတွင်လည်း နေထိုင်ခဲ့သူဖြစ်တဲ့အတွက် ဘာသာစကားသာမက ဂျာမန်နေ့စဥ်ယဥ်ကျေးမှုကိုပါ မျှဝေသင်ကြားပေးနိုင်သူဖြစ်ပါတယ်။

🔹 Tr. Mu Aye — ဂျာမန်လူမျိုး အငြိမ်းစား စိတ်ကုဆရာဝန်တစ်ဦးဖြစ်ပြီး သင်ကြားရေးအတွေ့အကြုံ (၅) နှစ်ကျော်ရှိသူဖြစ်ပါတယ်။

🔹 Tr. Chan — စာသင်သက် (၅) ရှိပြီး CELTA သင်ကြားရေးလက်မှတ်ရရှိထားသူပါ။ လက်ရှိ University of Bremen Germany မှာ master တက်ရောက်နေရတဲ့အတွက် အားလပ်ချိန်မှာ အကူဆရာအနေနဲ့ သင်ကြားပေးသွားမှာပါ။

📚 သင်ကြားရေးဆိုင်ရာ
• Schritte Plus Neu ဖတ်စာအုပ်ကို အသုံးပြုပါမယ်

• အခြေခံ Alphabet အသံထွက်မှစပြီး စနစ်တကျသင်ကြားပေးမှာဖြစ်ပါတယ်

• ပြန်လှန်ဆွေးနွေးကာ သင်ကြားသွားမှာဖြစ်လို့ တတ်နိုင်သမျှ Camera ဖွင့်ထားစေချင်ပါတယ်

• Online သင်ကြားမှာ ဖြစ်သော်လည်း ပြင်ပလှုပ်ရှားမှုများနှင့်ပါ လေ့ကျင့်သင်ယူရပါမယ် (comment မှာ နမူနာပြထားပါတယ်)

• Study Group ဖြင့် စာသင်ချိန်ပြင်ပတွင်လည်း ဆရာနှင့် ကျောင်းသားများ ဆွေးနွေးနိုင်အောင် စီစဉ်ထားပါတယ်။

📌 သင်တန်းပြီးဆုံးပါက နားထောင်မှုနဲ့ အပြောစွမ်းရည်ကို အဓိကထား စစ်​ဆေးမှာဖြစ်ပြီး ​ ဖြေဆိုနိုင်သူများကိုသာ Certificate ထုတ်ပေးသွားပါမယ်။

🎯 ဘယ်သူတွေ တက်သင့်လဲ ... ?
• ဂျာမန်ဘာသာစကားစတင်လေ့လာမယ့်သူများ

• လုပ်ငန်းခွင်လိုအပ်ချက်အရ စကားပြောတတ်ချင်သူများ

• A1 ပြီးထားသော်လည်း Hören und Sprechen အားနည်းသူများ

• စနစ်တကျ လမ်းညွှန်မှုလိုအပ်နေသော Self-study သမားများ

📅 A 1.1 အတန်းဆိုင်ရာ
• စတင်မည့်ရက် — ဇွန်လ ၆ ရက်နေ့ စနေနေ့ (ကျောင်းသားများသဘောတူညီချက်နှင့် စောဖွင့်နိုင်ပါသည်)

• သင်တန်းကာလ — ၂ လ ခွဲ (၃၁ ရက် / ၄၆.၅ နာရီ)
Fri — 7:15 PM – 8:45 PM၊ Sat — 5:00 PM – 6:30 PM၊ Sun — 5:00 PM – 6:30 PM

• သင်တန်းကြေး — ၂၅၅,၀၀၀ ကျပ်
• ကျောင်းသား (၁၀) ဦး ကန့်သတ်

A1.2 အတွက် ထပ်မံကြေညာပေးပါမယ်။ *

📌 ပညာရည်ထူးချွန်သူများအနေနဲ့လည်း အစမ်းတက်ရောက်လိုသော်လည်းကောင်း သင်တန်းကြေးခွဲသွင်းလိုသော်လည်းကောင်း ကျွန်တော်တို့နဲ့ လာရောက်ဆွေးနွေးနိုင်ပါတယ်။

အခြားသိလိုသည်များရှိပါက Chatbox သို့မဟုတ်
+၉၅ ၉၉၅၉ ၄၇ ၁၁၈၂ ကို viber/whatapp/telegram တို့တွင် ဆက်သွယ်နိုင်ပါသည်။

Yamato Academy အမှတ် (၂၆)၊ တတိယထပ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း (ရာပြည့်ဈေးရှေ့)၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ ဖော်ပြပါလိပ်စာသို့လည်းလာရောက်စုံစမ်းနိုင်ပါတယ်။

Bis bald 🤗



#ဂျာမန်စာသင်တန်း #ဂျာမန်စာဂျာမန်စကား

09/05/2026

Hallo 👋🏻
အတန်းတွေမစခင် အမြင်မတော်တာလေး တခုပြောပါရစေ။
အခုတလော လူမှုကွန်ရက်တွေပေါ်မှာ တယောက်၊ နှစ်ယောက်သော ဂျာမန်မြေနင်းစ vlogger မကျ influencer မကျတွေရဲ့ ခပ်စိပ်စိပ် ပြောစကားတခုကြားနေရပါတယ်။

" Grade (10) ၁၀ တန်း အောင်စရာမလိုပဲ ဂျာမနီမှာ အလုပ်လာလုပ်လို့ရပြီ။ " ဆိုတာပါ။
ဒါဟာ အချို့သော အလုပ်တွေအတွက် ဗဟိုအစိုးရက ပညာအရည်အချင်းသတ်မှတ်ချက်မထားတဲ့ ကိစ္စအပေါ် (မိမိ​ရောက်နေတဲ့နိုင်ငံအကြောင်းကျွမ်းဝင်မှုနည်းသေးတဲ့အတွက်) နားလည်မှု လွဲမှားရာက ထွက်ပေါ်လာတဲ့ ယူဆချက် ပြောစကားပဲဖြစ်ပါတယ်။

ဗဟိုအစိုးရ သတ်မှတ်ချက်မထားတာသည် မလိုဘူးဆိုတဲ့ သဘောထက် ပညာအရည်အချင်းလိုအပ်ချက်ကို သက်ဆိုင်ရာ အဖွဲ့အစည်း Träger အား ဆုံးဖြတ်ပိုင်ခွင့်ပေးထားတဲ့ သဘောသာဖြစ်ပါတယ်။ ဖြည့်ပြောလိုတာက သက်ဆိုင်ရာအဖွဲ့အစည်းသည် ဥရောပဒေသတွင်းက အထက်တန်းမပြီးဆုံးသူတယောက်နဲ့ တတိယကမ္ဘာနိုင်ငံတနိုင်ငံက အထက်တန်းမပြီးသူ တ​ယောက်ရဲ့ ပညာရေးရေချိန်ကို တူညီတယ် ယူဆမှာ မဟုတ်ပါဘူး။

နောက်ဆုံး သက်ဆိုင်ရာအဖွဲ့အစည်းက ခေါ်သည် ဆိုစေဦး။ အခြေခံပညာလုံလောက်မှု မရှိဘူးလို့ သံရုံးက ယူဆရင် Visa reject ခံရပါလိမ့်မယ်။

အဲ့တော့ ဂျာမန်အဖွဲ့အစည်းနဲ့ အလုပ်လုပ်ချင်တယ်ဆိုရင် အခြေခံပညာလောက်တော့တတ်မြောက်အောင် သင်ဖို့ တိုက်တွန်းလိုက်ချင်ပါတယ်

Viele Grüße
​Admin

#ဂျာမန်စာအလုပ်အကိုင်

09/05/2026

🚨 Kandidat ausgewhlt !
လူရွေးချယ်ပြီးသွားပါပြီ။

အတန်းအကူက အမြဲတမ်းလိုနေမှာ မလို့ ယခုအကြောင်းပြန်ရွေးချယ်မခံ ရသူတွေ အနေနဲ့ စိတ်ဓာတ်မကျပါနဲ့ ကျွန်တော်တို့ နောက်အတန်းသစ်တွေဖွင့်ရင်လည်း အကြောင်းပြန်ပေးပါမယ်။
တကယ့် ဂျာမန် အစိုးရ/ပုဂ္ဂလိက ရုံးတွေလည်း ကြာတတ်ပါတယ်။ ကိုယ်စာပို့ထားလို့ ၁ လ ၂ လ အတွင်း အကြောင်း မပြန်နိုင်ရင်လည်း စိတ်မညစ်ပါနဲ့။

Viele Grüße
​Admin

🚨 Kandidat ausgewählt !

🌟 𝐃𝐞𝐮𝐭𝐬𝐜𝐡-𝐏𝐫𝐚𝐤𝐭𝐢𝐤𝐚𝐧𝐭 𝐠𝐞𝐬𝐮𝐜𝐡𝐭 ! 🌟
အလုပ်သင်ကျောင်းသား ရှာဖွေနေပါတယ်။

Certified native ဂျာမန်စာဆရာ၊ ဆရာမများနှင့် လက်တွဲလုပ်ကိုင်ရန် စိတ်ဝင်စားသော အလုပ်သင်ကျောင်းသားရှာဖွေနေပါတယ်။

𝐀𝐮𝐟𝐠𝐚𝐛𝐞𝐧 (တာဝန်များ)
- ကျောင်းသားများနှင့်အတူ အတန်းတက်ရောက်ရမည်ဖြစ်ပြီး Zoom နှင့် Chat group အတွင်း စာမေးစာဖြေကိစ္စများတွင် ကူညီပေးရမှာဖြစ်ပါတယ်။

- Remote arbeiten ဖြစ်ပြီး လိုအပ်မှသာ ရုံးသို့ လာရောက်ရမှာဖြစ်ပါတယ်။

𝐀𝐧𝐟𝐨𝐫𝐝𝐞𝐫𝐮𝐧𝐠𝐞𝐧 (လိုအပ်ချက်များ)
- သင်ကြားရေးနှင့် ဘာသာစကားလေ့လာမှုကို စိတ်အားထက်သန်သူဖြစ်ရပါတယ်။

- B.A (German) သို့မဟုတ် Goethe Zertifikat A1/A2 ရရှိထားသူ သို့မဟုတ် B1 ဖြေဆိုရန် ပြင်ဆင်နေသူ ဖြစ်ရပါမယ်။

- တပတ် (၃) ရက် ညပိုင်းလုပ်ရမှာဖြစ်ပြီး အနည်းဆုံး (၄) လ တာဝန်ယူ လုပ်ကိုင်နိုင်သူဖြစ်ရပါမယ်။

📌 𝐆𝐮𝐭 𝐳𝐮 𝐰𝐢𝐬𝐬𝐞𝐧
- စာသင်ကြားရန် မဟုတ်သောကြောင့် သင်ကြားရေးအတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါတယ်။

- (၄) လပြည့်ပြီးပါက အကူဆရာအဖြစ် အစမ်းခန့်သွားမှာဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက Comment သို့မဟုတ် Messenger Chatbox တွင် မေးမြန်းနိုင်ပါတယ်။

#ဂျာမန်စာအလုပ်အကိုင်

Want your school to be the top-listed School/college in Tamwe?

Click here to claim your Sponsored Listing.

Location

Category

Website

Address

No. 26 (3rd Floor), East Horse Racing Course Street
Tamwe

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:30
Wednesday 08:00 - 21:30
Thursday 08:00 - 21:30
Friday 08:00 - 21:30
Saturday 08:00 - 21:30
Sunday 08:00 - 21:30