24/09/2026
🇯🇵 ဂျပန်လုပ်ငန်းခွင်မှာ သိထားသင့်တဲ့ Manner ၁၀ ချက် 🇯🇵
ဂျပန်မှာ အလုပ်လုပ်တဲ့အခါ အလုပ်ကျွမ်းကျင်မှုတင်မကဘဲ Manner နဲ့ လူမှုဆက်ဆံရေးကောင်းမွန်မှု တို့ကလဲအရေးကြီးပါတယ်နော်။
① အချိန်တိကျပါစေ
အလုပ်ချိန်ထက် နောက်ကျမနေဘဲ အချိန်မီရောက်ရှိဖို့ ကြိုးစားပါ။
② နှုတ်ဆက်ခြင်းကို အလေးထားပါ
「おはようございます」
「お疲れ様です」
「ありがとうございます」 စတဲ့ စကားလေးတွေကို သင့်တော်တဲ့အချိန်မှာ အသုံးပြုပါ။
③ 敬語(けいご)ကို လေ့လာထားပါ
အထက်လူကြီး၊ လုပ်ဖော်ကိုင်ဖက်၊ Customer တွေနဲ့ ပြောဆိုတဲ့အခါ ယဉ်ကျေးတဲ့စကားအသုံးအနှုန်းတွေကို အသုံးပြုပါ။
④ အလုပ်ချိန်မှာ ဖုန်းအသုံးပြုမှုကို ထိန်းချုပ်ပါ
မလိုအပ်ဘဲ ဖုန်းသုံးတာက အလုပ်အပေါ် အာရုံစိုက်မှုနည်းတယ်လို့ မြင်နိုင်ပါတယ်။
⑤ သူများပြောတာကို သေချာနားထောင်ပါ
မသိတာရှိရင် ခန့်မှန်းပြီးလုပ်တာထက် ပြန်မေးပြီး သေချာနားလည်အောင်လုပ်ပါ။
⑥ 報連相(ほうれんそう)ကို လိုက်နာပါ
報告(ほうこく)— အခြေအနေကို တင်ပြခြင်း
連絡(れんらく)— လိုအပ်တာကို အသိပေးခြင်း
相談(そうだん)— အခက်အခဲရှိရင် တိုင်ပင်ခြင်း
⑦ လုပ်ဖော်ကိုင်ဖက်တွေကို လေးစားပါ
ကိုယ့်အလုပ်ပြီးရုံနဲ့ မပြီးပါဘူး။ Teamwork နဲ့ တစ်ယောက်နဲ့တစ်ယောက် ကူညီပေးနိုင်ဖို့လည်း အရေးကြီးပါတယ်။
⑧ အလုပ်ခွင်ကို သန့်ရှင်းသပ်ရပ်အောင်ထားပါ
ကိုယ်အသုံးပြုတဲ့နေရာကို ကိုယ်တိုင် သန့်ရှင်းစွာ ထိန်းသိမ်းပါ။
⑨ အမှားလုပ်မိရင် ချက်ချင်းတောင်းပန်ပြီး ပြင်ဆင်ပါ
「申し訳ありません」
「すみません」 လိုမျိုး သင့်တော်တဲ့စကားနဲ့ တောင်းပန်ပြီး နောက်တစ်ကြိမ် မဖြစ်အောင် သတိထားပါ။
⑩ သင်ယူလိုစိတ်ရှိပါစေ
မသိတာကို မေးဖို့ မရှက်ပါနဲ့။ တစ်နေ့ထက်တစ်နေ့ ပိုတိုးတက်အောင် လေ့လာနေတဲ့စိတ်ထားက အရေးကြီးပါတယ်။
ဂျပန်လုပ်ငန်းခွင်မှာ အလုပ်လုပ်တဲ့အခါ အဆင်ပြေဖို့ ဒီ10ချက်ကို လေ့လာမှတ်သားပြီး လက်တွေ့အသုံးချကြရအောင်နော် 🙌
--------------------------------------------
📍 Official Website
🌐 https://axelmyanmar.com
📩 အသေးစိတ်သိရှိလိုပါက Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
📍 လိပ်စာ
No. (11)A၊ မေတ္တာရိပ်မွန်အိမ်ရာ၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြိုနယ်၊ ရန်ကုန်မြို။
🚌 ကျောင်းသို ရောက်ရှိနိုင်သော YBS လိုင်းများ
145 / 25 / 65 / 95 / 27 / 76 / 86 / 75 / 3 / 72 / 113 / 9
🚏 ကျောင်းနှင့်အနီးဆုံးမှတ်တိုင်များ
တာမွေဈေးမှတ်တိုင် / တာမွေဗလီမှတ်တိုင် / တာမွေပလာဇာမှတ်တိုင်