Urgent အလိုရှိသည်
သင်တန်းကျောင်းတွင်လုပ်ကိုင်ရန်
Sales and Customer Service Female (2) posts
- ရုပ်ရည် ပြေပြစ်၍ ပြောဆိုဆက်ဆံမှု ကောင်းမွန်သူဖြစ်ရမည်
- လုပ်ငန်းအတွေ့ အကြုံရှိသူ ဦးစားပေးမည်
- အရောင်းပိုင်းကို အမှန်တကယ်စိတ်ဝင်စားပြီး ယုံကြည်မှုရှိတဲ့သူ
- အတွေ့အကြုံ အနည်းငယ်ရှိပြီး training ပေးရင် သေချာလိုက်လုပ်နိုင်သူ
- Emotional သိပ်မဖြစ်ဘဲ Challenge ကို လက်ခံနိုင်သူ
- ကိုယ့်တာဝန်ကိုယ် သေချာ ကျေပွန်တတ်သူ
- ကွန်ပျူတာအခြေခံ ရှိရမည်
လစာ - ညှိနှိုင်း + commission + bonus
အလုပ်လျှောက်ထားလိုပါက ကိုယ်ရေးအချက်အလက်များကို Viber +959777078041 (or) email : [email protected] သို့ ပြည့်စုံစွာ ပေးပို့ လျှောက်ထားနိုင်ပါသည်။
LINN Education
ပညာပြည့်ဝ အနာဂတ်လှစေဖို့ LINN Education မှာ တက်ရောက်လိုက်ပါ
01/04/2025
မဂ်လာပါ ကျောင်းသားတို့ရေ😍
လက်ရှိဖြစ်ပေါ်နေသော ငလျင်ဒဏ်ကျရောက်သွားသော ဒေသများကို LINN Education မှ ဆေးဝါးများ
နှင့် လိုအပ်သော အထောက်ပံ့ပစ္စည်းများကို လှူဒါန်းသွားမှာဖြစ်တဲ့အတွက် ကျောင်းသား/သူများ အနေနဲ့ စေတနာရှိသလောက် ပါဝင်လှူဒါန်းနိုင်ပါတယ်ရှင့်
ပါဝင်လှူဒါန်းမယ်ဆိုပါက
အောက်ဖော်ပြပါ kpay acc လေးမှာ ပါဝင်လှူဒါန်းနိုင်ပါတယ်ရှင့်❤️
အစစအရာရာ ဘေးအန္တရာယ်အပေါင်းမှ ကင်းရှင်းကြပါစေလို့ LINN Education မှ ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်ရှင်🙏🙏🙏
Kpay acc name - Aung Ko Myint
Kpay phone - 09 777 078 041
📌Kpay မှတ်ချက်မှာ နာမည်လေးတွေ ရေးပေးပါနော်
18/02/2025
ဂုဏ်ပြု မှတ်တမ်းတင်ခြင်း
သင်တန်းပြီးတာနဲ့ အင်တာဗျူး ချက်ချင်းဝင်ပြီး အရည်အချင်းပြည့်ဝတဲ့အတွက် အလုပ်ချက်ချင်း ခန့်အပ်ခံရတဲ့ LINN Eduaction မှ ဆေးဝါးကျွမ်းကျင် သင်တန်းသူလေး
မ ထူးပြည့်စုံဝင်း
မ ထူးပြည့်စုံဝင်းရဲ့ အောင်မြင်မှု အတွက် LINN Eduaction မှ အထူးပဲ ဝမ်းမြောက်ဂုဏ်ယူ ပီတိဖြစ်မိပါတယ်ရှင်
ကြိုးစားတဲ့ သူတိုင်းအတွက် အပြည့်အဝ ပံ့ပိုးမှု ပေးနိုင်တာ LINN Education Training Centre ပါ
သင်တန်းတက်ပြီးတာနဲ့ အလုပ်ချက်ချင်းရချင်တယ်ဆိုရင် တွေဝေမနေဘဲ LINN Education မှာ လာတက်ရောက်လိုက်ပါ
တန်းခွဲ သစ်များအတွက် စုံစမ်း အပ်နှံရန်
𝐋𝐈𝐍𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧
..........................
https://m.me/nursinglinn
𝟎𝟗𝟐𝟔𝟖𝟐𝟕𝟐𝟏𝟏𝟕 / 𝟎𝟗𝟕𝟔𝟑𝟖𝟑𝟖𝟎𝟕𝟒
𝐍𝐨.𝟐𝟎𝟒, 𝐊𝐲𝐞𝐢𝐤 𝐊𝐚𝐬𝐚𝐧 𝐑𝐨𝐚𝐝, 𝐓𝐚𝐦𝐰𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
#သွေးဖောက် #အလုပ်အကိုင်အခမဲ့
အင်တာဗျူး အမြန် ဝင်ရမည်။
LINN Education ကျောင်းသားများအား ဦးစားပေးမည်။ (အခြားသင်တန်းဆင်းများလည်း လျှောက်ထားနိုင်သည်။)
မဂ်လာတောင်ညွှန့်မြို့နယ်ရှိ အထူးကုဆေးခန်းတွင် တာဝန် ထမ်းဆောင်ရန် သူနာပြုအကူ Nurse aid - ( မ ) ဝန်ထမ်းအလိုရှိသည်။
⁃ သူနာပြုအကူ သင်တန်းဆင်းထားပြီးသူဖြစ်ရမည်။
⁃ ရိုးသားကြိုးစားပြီး သင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
⁃ ရေရှည်လုပ်ကိုင်နိုင်ရမည်။
အလုပ်လျှောက်လိုပါက CV form ကို ဒီအလုပ်ခေါ်စာ screenshot နှင့်တကွ Viber ph - +959 763 838 074 သို့ (၁)ပတ် အတွင်း အချက်အလက်ပြည့်စုံစွာ တင်ပြ လျှောက်ထားနိုင်သည်။ (အချက်အလက်မပြည့်စုံပါက ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ)
15/01/2025
အတန်းတွင်း Teamwork နဲ့ ကစားရတဲ့ Game Activities လေးတွေ လုပ်ဆောင်ပေးခြင်းဟာ လုပ်ငန်းခွင် ဝင်တဲ့ အခါမှာလည်း ပေါင်းသင်းဆက်ဆံရေး အပြင် စုပေါင်းလုပ်ကိုင်ခြင်းမှာလည်း အရည်အချင်းကို တိုးတက်စေပါတယ်
စာသင်တာအပြင် Activities တွေလည်း အမြဲ လုပ်နေရတဲ့ အတွက် သင်တန်းသားတွေ ပျင်းနေဖို့ အချိန်တောင်မရှိတော့ဘူး
စာလည်းသင် အရည်အချင်းအတွက်လည်း မပူရဘဲ ပျော်လည်း ပျော်ချင်ပါတယ်ဆိုသူ LINN Education ကို လာခဲ့ပါ
တန်းခွဲ သစ်များအတွက် စုံစမ်း အပ်နှံရန်
𝐋𝐈𝐍𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧
..........................
https://m.me/nursinglinn
𝟎𝟗𝟐𝟔𝟖𝟐𝟕𝟐𝟏𝟏𝟕 / 𝟎𝟗𝟕𝟔𝟑𝟖𝟑𝟖𝟎𝟕𝟒
𝐍𝐨.𝟐𝟎𝟒, 𝐊𝐲𝐞𝐢𝐤 𝐊𝐚𝐬𝐚𝐧 𝐑𝐨𝐚𝐝, 𝐓𝐚𝐦𝐰𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
#သွေးဖောက် #အလုပ်အကိုင်အခမဲ့
12/01/2025
Sunday Only အဆင့်မြင့် ဆေးဝါးကျွမ်းကျင် Class
(12.1.25) မှာ စတင်ဖွင်လှစ်လိုက်ပြီဖြစ်ပါတယ်
အလုပ်တဖက်နဲ့ မို့ အချိန်မပေးနိုင်တဲ့ သင်တန်းသားများအတွက်အထူးရည်ရွယ်ဖွင့်လှစ်ပေးထားတဲ့ သင်တန်းလေးကို မြိုင်မြိုင်ဆိုင်ဆိုင် တက်ရောက်ပေးကြတဲ့ သင်တန်းသားများရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်
LINN Education ရဲ့ ထုံးစံအတိုင်း သင်တန်းစတင်တဲ့ရက်မှာ သင်တန်းသားများကို မုန့် အအေးဖြင့် ဧည့်ခံခဲ့ပါတယ်
သင်တန်းတက်ပြီး လက်လီဆေးဆိုင်ဖွင့်မယ်၊ ဆေးဝါးပိုင်းဆိုင်ရာ အလုပ်အကိုင်ကို JOIN ချင်တယ်ဆိုရင် LINN Education မှာ တက်ရောက်လိုက်ပါ
တန်းခွဲ သစ်များအတွက် စုံစမ်း အပ်နှံရန်
𝐋𝐈𝐍𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧
..........................
https://m.me/nursinglinn
𝟎𝟗𝟐𝟔𝟖𝟐𝟕𝟐𝟏𝟏𝟕 / 𝟎𝟗𝟕𝟔𝟑𝟖𝟑𝟖𝟎𝟕𝟒
𝐍𝐨.𝟐𝟎𝟒, 𝐊𝐲𝐞𝐢𝐤 𝐊𝐚𝐬𝐚𝐧 𝐑𝐨𝐚𝐝, 𝐓𝐚𝐦𝐰𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
#သွေးဖောက် #အလုပ်အကိုင်အခမဲ့
09/01/2025
January လရဲ့ ပထမဆုံး အဆင့်မြင့် ဆေးဝါးကျွမ်းကျင် တန်းခွဲသစ်လေးကို ဒီနေ့ (9.1.2025) မှာ စတင်ဖွင့် လှစ်လိုက်ပါပြီ
နေရပ်အစုံအလင်ကနေ သင်တန်းကို လူကိုယ်တိုင်လာပြီး တက်ရောက်ပေးကြတဲ့ သင်တန်းသား သင်တန်းသူတိုင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်
သင်တန်းလာတက်ရောက်ကြသူများထဲမှာ
- လက်လီဆေးဆိုင်ဖွင့်လိုသူများ
- ဆေး Company ကြီးများမှာ အလုပ်ဝင်လိုသူများ
- နာမည်ရ လက္ကားဆေးဆိုင်ကြီးများမှာ အလုပ်ဝင်လိုသူများ အများဆုံး လာတက်ရောက်ကြပါတယ်
သင်တန်းသားတွေရဲ့ ဖြစ်မြောက်ချင်တဲ့ ပန်းတိုင်များကို ဖြည်ဆည်းပေးနိုင်ဖို့ LINN Education မှ သင်တန်းသားများအတွက် ခိုင်မာတဲ့ အလုပ်အကိုင်များကို အခမဲ့ ချိတ်ဆက်ပေးတဲ့ အပြင် လက်လီဆေးဆိုင်ဖွင့်လိုသူများကိုလည်း ဆေးဆိုင်တဆိုင်ဖြစ်မြောက်လာအောင် အကြံပေး ဆွေးနွေးပေးခြင်း၊ သဆေးဆိုင်တဆိုင်စာ ဆေးဝါးများ စီစည်ပေးခြင်း၊ ဆေးလက္ကားရယူနိုင်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်ရှင်
သင်တန်းတက်ပြီး အလုပ်အကိုင် အခမဲ့ ချိတ်ဆက်မှူ ရယူချင်ရင် LINN Education ကို လှမ်းလာခဲ့ပါ
တန်းခွဲ သစ်များအတွက် စုံစမ်း အပ်နှံရန်
𝐋𝐈𝐍𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧
..........................
https://m.me/nursinglinn
𝟎𝟗𝟐𝟔𝟖𝟐𝟕𝟐𝟏𝟏𝟕 / 𝟎𝟗𝟕𝟔𝟑𝟖𝟑𝟖𝟎𝟕𝟒
𝐍𝐨.𝟐𝟎𝟒, 𝐊𝐲𝐞𝐢𝐤 𝐊𝐚𝐬𝐚𝐧 𝐑𝐨𝐚𝐝, 𝐓𝐚𝐦𝐰𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
#သွေးဖောက် #အလုပ်အကိုင်အခမဲ့
06/01/2025
𝐇𝐌𝐏𝐕 (𝐇𝐮𝐦𝐚𝐧 𝐌𝐞𝐭𝐚𝐩𝐧𝐞𝐮𝐦𝐨𝐯𝐢𝐫𝐮𝐬) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ
အခုတလောမှာ ပြန့်ပွားနေတဲ့ HMPV Virus ဟာ 2001 ခုနှစ်တည်းက ဖြစ်ပွားဖူးတဲ့ Virus တမျိုးဖြစ်ပါတယ်။
ဒီ Virus က လူ့ခန္ဓာကိုယ်ရဲ့ အသက်ရှူလမ်းကြောင်းစနစ် ကို ထိခိုက်စေတာဖြစ်ပြီး အသက်အရွယ် မရွေး ဖြစ်တတ်ပါတယ်
သာမန် ရောဂါကူးစက်မှုကနေ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါထိ ဖြစ်စေနိုင်ပြီး အသက်သေဆုံးနိုင်ပါတယ်
📌ရောဂါလက္ခဏာများ
- ချောင်းဆိုးခြင်း
- ဖျားခြင်း
- လည်ပင်းနာခြင်း
- နှာရည်ယို နှာပိတ်ခြင်း
- မော နုံးခြင်း
ရောဂါပြင်းထန်လာခဲ့ပြီဆိုရင်
- အသက်ရှူကြပ်ခြင်း
- လေပြွန်ရောင်ခြင်း
- အဆုတ်ရောင်ခြင်း တို့ကို ဖြစ်စေပါတယ်
😷ဘယ်လိုကူးစက်နိုင်လဲ??
- ရောဂါပိုး ရှိတဲ့သူက ချောင်းဆိုး နှာချေတဲ့အခါ နှာခေါင်းစည်း မတပ်ဆင်ထားရင် ကူးစက်နိုင်ပါတယ်
- ရောဂါပိုး ရှိသူထိတွေ့ခဲ့တဲ့ အသုံးအဆောင်များကနေ တဆင့်ကိုင်မိခြင်းကြောင့်လည်း ကူးနိုင်ပါတယ်
- ရောဂါပိုး ရှိသူကို အနီးကပ် ပြုစုစောင့်ရှောက်ရတဲ့ အခါမှာ ကူးစက်နိုင်ပါတယ်
HMPV Virus ရောဂါဟာ Covid ရောဂါလိုပဲ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတာဖြစ်ပြီး Covid လိုမျိုး အရမ်းပြင်းထန်တာမျိုး မဟုတ်ပါဘူး
ဒါပေမယ့်လည်း သေချာလေး ဂရုမစိုက်ရင် ကိုယ်ခံအားနည်းသူတွေအနေနဲ့ အသက်ဆုံးရှုံးနိုင်တဲ့ အထိ ဖြစ်နိုင်ပါတယ်
🧓ဘယ်လိုလူတွေ သတိထားသင့်လဲ ?
- ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုများ
- ကိုယ်ဝန်ဆောင်မိခင်များ
- ကိုယ်ခံအားနည်းသူများ
- ရောဂါ အခံရှိသူများ (ဆီးချိုရောဂါ၊ ကိုယ်ခံအားနည်းစေသော ရောဂါများ၊ HIV ရောဂါ)
- ပန်းနာရင်ကြပ် နှင့် အဆုတ်ရောဂါ အခံရှိသူများ အနေနဲ့ ရောဂါမကူးစက်အောင် အတတ်နိုင်ဆုံး ဆင်ခြင်နေထိုင်သင့်ပါတယ်
💊ရောဂါဖြစ်လာရင်ဘယ်လိုကုမလဲ??
- လုံလောက်စွာ အနားယူပါ
- ရေများများသောက်ပါ
- ရောဂါ လက္ခဏာ သက်သာစေတဲ့ အဖျားကျဆေးများ၊ ကိုယ်ခံအားကောင်းစေတဲ့ ဆေးများကို ဆရာဝန်နဲ့ တိုင်ပင်ပြီးသောက်ပါ
- ရောဂါ ပြင်းထန်လာရင် ဆေးရုံ ဆေးခန်းသို့ အမြန်ဆုံး သွားပါ
HMPV Virus ဟာ လတ်တလောမှာ ကုသစရာဆေး ၊ ကာကွယ်ဆေး မရှိသေးတဲ့ အတွက် ဖြစ်လာခဲ့ပြီဆိုရင် သေချာ ဆင်ခြင်နေထိုင်ဖို့ အရေးကြီးပါတယ်
👩⚕️ပိုးမကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ??
- လက်ကို မကြာခဏ သေချာဆေးကြောပါ
- လက်မဆေးရသေးဘဲ မျက်နှာ နှာခေါင်းကိုင်တွယ်တာမျိုး မလုပ်ပါနဲ့
- ဖျားနေတဲ့သူနဲ့ အနီးကပ်နေခြင်း ကိုရှောင်ပါ
- အသုံးအဆောင်များကို သန့်ရှင်းအောင်ထားပါ
- နှာခေါင်းစည်း Mask ဝတ်ဆင်ပါ
Dr. Win Ei San
LINN Eduction
ဒီလိုမျိုး ကျန်းမာရေး ဗဟုသုတများကို အမြဲ ဖတ်ရှုနိုင်ဖို့ LINN Education page ကို LIKE and FOLLOW လုပ်ဖို့ မမေ့နဲ့နော်
03/01/2025
သွေးမှတဆင့် ကူးစက်တဲ့ ရောဂါများ
သွေးကနေ တဆင့်ကူးစက်တဲ့ ရောဂါတွေကို Blood Borne Ppathogenတွေ လို့ခေါ်ပါတယ်
ရောဂါပိုးရှိသူများရဲ့ သွေးကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်စွာ ထိတွေ့မိခြင်းကြောင့် ရောဂါကူးစက်နိုင်ပါတယ်
သွေးမှ တဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကတော့
- အသည်းရောင်အသားဝါ B ပိုး (Hepatitis B Virus)
- အသည်းရောင်အသားဝါ C ပိုး (Hepatitis C Virus)
- ခုခံအားကျဆင်းမှု ရောဂါပိုး (HIV Virus)
- အသည်းရောင်အသားဝါ A ပိုး (Hepatitis A Virus)
- ကာလသားရောဂါ (Syphilis)
- ငှက်ဖျားရောဂါ (Malaria) တို့ဟာ ရောဂါပိုးရှိသူရဲ့ သွေးကို ထိတွေ့ ထိုးသွင်းမိတဲ့ အခါမှာ ကူးစက်ခံရတတ်ပါတယ်
ကူးစက်နိုင်ပုံနည်းလမ်းများ
- ရောဂါရှိသူရဲ့ သွေးသွင်းမိခြင်း
- ရောဂါရှိသူအား ထိုးသွင်းထားသော အပ်စူးမိခြင်း
- ရောဂါရှိသူရဲ့ သွေးနှင့် မိမိအနာ ထိတွေ့မိခြင်း
- မျက်လုံး ပါးစပ် နှာခေါင်းတိုနှင့် ထိတွေ့မိခြင်း တို့ကြောင့် ကူးစက်ခံရနိုင်ပါတယ်
ရောဂါရှိသူနဲ့ အမြဲ ထိတွေ့ ဆက်ဆံနေရတဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ အနီးကပ်ပြုစုစောင့်ရှောက်ရသူများဟာ အများဆုံး ကူးစက်နိုင်တာကို တွေ့ရပါတယ်
ရောဂါ မကူးစက်နိုင်အောင် ဘယ်လို ကာကွယ်မလဲ ??
- ရောဂါပိုးရှိသူကို ထိတွေ့ကိုင်တွယ်တဲ့ အခါ နှာခေါင်းစည်း၊ လက်အိတ်၊ စတဲ့ ကာကွယ်ရေးပစ္စည်းများကို ဝတ်ဆင်ပါ
- လက်ကို စနစ်တကျနဲ့ မကြာခဏဆေးကြောပါ
- အပ်မစူးမိအောင် သတိနဲ့ ကိုင်တွယ်ပါ
- ရောဂါပိုးရှိသူရဲ့ အသုံးအဆောင်များကိုလည်း သေချာပိုးသတ်ခြင်းပြုလုပ်ပြီး ကိုင်တွယ်ပါ
ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို အမြဲ ဖတ်ရှုပြီး ဗဟုသုတ ရယူဖို့ LINN Education page ကို Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်
တန်းခွဲ သစ်များအတွက် စုံစမ်း အပ်နှံရန်
𝐋𝐈𝐍𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧
..........................
https://m.me/linneducation
𝟎𝟗𝟐𝟔𝟖𝟐𝟕𝟐𝟏𝟏𝟕 / 𝟎𝟗𝟕𝟔𝟑𝟖𝟑𝟖𝟎𝟕𝟒
𝐍𝐨.𝟐𝟎𝟒, 𝐊𝐲𝐞𝐢𝐤 𝐊𝐚𝐬𝐚𝐧 𝐑𝐨𝐚𝐝, 𝐓𝐚𝐦𝐰𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
#သွေးဖောက် #အလုပ်အကိုင်အခမဲ့
03/01/2025
နှစ်သစ်ကူးမှာ သင်တန်းကြေး အတန်ဆုံးနဲ့ တက်ရောက်နိုင်မယ့် မဟာ အခွင့်အရေး
𝐋𝐈𝐍𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐫𝐞 ရဲ့ သင်တန်းများကို 𝟐𝟎% 𝐃𝐈𝐒𝐂𝐎𝐔𝐍𝐓
အစီအစဉ်နဲ့ အခုပဲ အပ်နှ့လိုက်ပါ
- သူနာပြုအကူ (အခြေခံ + အဆင့်မြင့်) သင်တန်း
- အဆင့်မြင့် ဆေးဝါးကျွမ်းကျင် သင်တန်း
- ဓာတ်ခွဲ နမူနာယူခြင်းနှင့် သွေးဖောက်ခြင်း သင်တန်း
- အဆင့်မြင့် ဆေးဝါးကျွမ်းကျင် ZOOM Online Class တို့ကို မူရင်းသင်တန်းကြေး ထက် 20% သက်သာပြီး တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်
𝐋𝐈𝐍𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 မှာ သင်တန်းတက်ပြီးတာနဲ့ အလုပ်ချိတ်ဆက်မှုက လည်း အခမဲ့ ဆိုတော့ သင်တန်းပြီးတာနဲ့ အလုပ်ရမယ့်အခွင့်အရေးမို့ လက်မလွတ်သင့်ပါဘူးနော်
ဆရာဝန်များကိုယ်တိုင်သင်ကြားပြီး ဆေးဆိုင်ဖွင့်လိုသူများအတွက်လည်း
ဆေးဆိုင်တဆိုင်စာ ဆေးဝါးများစီစဉ်ပေးခြင်း၊
ဆေးလက္ကားမှာယူနိုင်ခြင်း အပြင်
နာမည်ရ ဆေးဆိုင်ကြီးများမှာ အလုပ်ဝင်နိုင်ခြင်း တို့ကြောင့် သင်တန်းသားအများဆုံးရွေးချယ်ကြတဲ့ သင်တန်းဖြစ်ပါတယ်
ပြည်တွင်းပြည်ပ ဆေးရုံကြီး ဆေးခန်းကြီးများ ယုံကြည်စိတ်ချရသော အေဂျင်စီများနှင့် ချိတ်ဆက်ထားတာဖြစ်လို့ ဆေးရုံ ဆေးခန်းနှင့် သူနာပြုစုမှုလုပ်ငန်းများမှာလည်း အလုပ်ရရှိဖို့ သေချာချိတ်ဆက်ပေးထားတာဖြစ်ပါတယ်
သင်တန်းကြေးများကို 𝟐𝟎% 𝐃𝐈𝐒𝐂𝐎𝐔𝐍𝐓 နဲ့ တက်ရောက်နိုင်ဖို့
တန်းခွဲ သစ်များအတွက် စုံစမ်း အပ်နှံရန်
𝐋𝐈𝐍𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧
..........................
https://m.me/linneducation
𝟎𝟗𝟐𝟔𝟖𝟐𝟕𝟐𝟏𝟏𝟕 / 𝟎𝟗𝟕𝟔𝟑𝟖𝟑𝟖𝟎𝟕𝟒
𝐍𝐨.𝟐𝟎𝟒, 𝐊𝐲𝐞𝐢𝐤 𝐊𝐚𝐬𝐚𝐧 𝐑𝐨𝐚𝐝, 𝐓𝐚𝐦𝐰𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
#သွေးဖောက် #အလုပ်အကိုင်အခမဲ့
01/01/2025
20% Discount နဲ့ သင်တန်းအပ်ပြီးကြပြီလား?
နှစ်သစ်ကူး အထူးအစီအစဉ်အဖြစ် သင်တန်းကြေး 20% Promotion နဲ့ တက်ခွင့်ရမယ့် အခွင့်အရေး ကို လက်လွတ်မခံဘဲ လာရောက်အပ်နှံကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်
LINN Education က သင်ကြားမှုမှာလည်း အရည်အသွေးကောင်း သင်တန်းပြီးတာနဲ့ အလုပ်အကိုင်ကလည်း ရှာဖွေချိတ်ဆက်ပေးပြီးသားဆိုတော့ ပေးရတဲ့ သင်တန်းကြေးထက် အများကြီး ပြန်ရတဲ့ အတွက် သင်တန်းသားတိုင်း ရွေးချယ်မှု အများဆုံး ဖြစ်ပါတယ်ရှင်
သင်တန်းသားဦးရေပြည့်ရင် Discount အစီစဉ်လေးလည်း ပြီးဆုံးသွားမှာမို့ Discount လေး ရအောင်အမြန်လာရောက်အပ်နှံဖို့ မမေ့နဲ့နော်
တန်းခွဲ သစ်များအတွက် စုံစမ်း အပ်နှံရန်
𝐋𝐈𝐍𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧
..........................
https://m.me/linneducation
𝟎𝟗𝟐𝟔𝟖𝟐𝟕𝟐𝟏𝟏𝟕 / 𝟎𝟗𝟕𝟔𝟑𝟖𝟑𝟖𝟎𝟕𝟒
𝐍𝐨.𝟐𝟎𝟒, 𝐊𝐲𝐞𝐢𝐤 𝐊𝐚𝐬𝐚𝐧 𝐑𝐨𝐚𝐝, 𝐓𝐚𝐦𝐰𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
#သွေးဖောက် #အလုပ်အကိုင်အခမဲ့
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Tamwe
13102
Opening Hours
| Monday | 09:00 - 05:30 |
| Tuesday | 09:00 - 05:30 |
| Wednesday | 09:00 - 05:30 |
| Thursday | 09:00 - 05:30 |
| Friday | 09:00 - 05:30 |
| Saturday | 09:00 - 05:30 |
| Sunday | 09:00 - 05:30 |