Phebe Learning Academic Center

Phebe Learning Academic Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phebe Learning Academic Center, Education, Tamu.

ကျေးဇူးတော်သက်သက်ကြောင့်.. #အစိုးရအသိအမှတ်ပြုမူလတန်းကြိုကျောင်းအစိုးရအသိအမှတ်ပြု မူလတန်းကြိုကျောင်း တည်ထောင်ခွင့်လက်မှတ်...
15/08/2026

ကျေးဇူးတော်သက်သက်ကြောင့်..
#အစိုးရအသိအမှတ်ပြုမူလတန်းကြိုကျောင်း

အစိုးရအသိအမှတ်ပြု မူလတန်းကြိုကျောင်း တည်ထောင်ခွင့်လက်မှတ် ရရှိခဲ့ခြင်းအတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို အထူးပင် ချီးမွမ်းပါတယ်။

ဆုတောင်းပေးခြင်းဖြင့် အားပေးခဲ့ကြသူ တစ်ဦးချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်။

အရာရာတိုင်းဟာ မိမိတို့၏အစွမ်းအစကြောင့်မဟုတ်ဘဲ ကိုယ်တော်၏ ကျေးဇူးတော်သက်သက်ကြောင့်သာ ဖြစ်တယ်ဆိုတာကို ဝန်ခံရင်း

ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်အမြဲ ချီးမွမ်းပါသည်။ 🤍🙏

nanglo in bangmah hizo kei ung T**a.
Nong hehpih na Thupha hang Lungdam ung T**a.🙏🙏






Parent Education ဘာကြောင့် လိုအပ်သလဲ?ပညာရေးအကြောင်း ပြောကြတဲ့အခါ သင်ရိုးညွှန်းတမ်း၊ သင်ကြားနည်း၊ ဆရာ၊ ဆရာမများ၏ အရည်အသွေ...
28/07/2026

Parent Education ဘာကြောင့် လိုအပ်သလဲ?

ပညာရေးအကြောင်း ပြောကြတဲ့အခါ သင်ရိုးညွှန်းတမ်း၊ သင်ကြားနည်း၊ ဆရာ၊ ဆရာမများ၏ အရည်အသွေးတို့ကို အဓိကထား ဆွေးနွေးလေ့ရှိကြပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ် ပုံဖော်ပေးနေတဲ့ အရေးပါသော အစိတ်အပိုင်းတစ်ခုမှာ မိသားစုလည်း ပါဝင်ပါတယ်။

ကလေးတစ်ယောက်က စာသင်ခန်းထဲမှာ နာရီအနည်းငယ်သာ သင်ယူရပေမယ့် သူ့ရဲ့ အတွေးအခေါ်၊ စိတ်ခံစားမှု၊ အကျင့်စရိုက်နှင့် တန်ဖိုးထားမှုများရဲ့ အခြေခံကို မိသားစုအတွင်းမှာ ပိုမိုတည်ဆောက်ထားပါတယ်။ အဲ့ဒါကြောင့် ကျောင်းရဲ့ ပညာရေးနှင့် မိသားစုရဲ့ ပြုစုပျိုးထောင်မှုတို့က တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အားဖြည့်ပေးနိုင်မှ ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ဟန်ချက်ညီလာနိုင်မှာဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ ကလေးများ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်က ယခင်ကထက် ပိုမိုရှုပ်ထွေးလာတာကို တွေ့ရပါတယ်။ နည်းပညာ၊ လူမှုကွန်ရက်များ၊ သတင်းအချက်အလက်များနှင့် ပြောင်းလဲလာသော လူမှုဘဝပုံစံတွေက ကလေးများရဲ့ သင်ယူမှုနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအပေါ် အစဉ်အမြဲ သက်ရောက်လျက်ရှိတယ်ဆိုတာ အားလုံးသိရှိပြီးသားအရာဖြစ်ပါတယ်။။ ဒါကြောင့် မိဘဖြစ်ခြင်းက ချစ်ခြင်းမေတ္တာတစ်ခုတည်းနဲ့ လုံလောက်တဲ့ အခန်းကဏ္ဍ မဟုတ်တော့ဘဲ၊ ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နားလည်သဘောပေါက်နိုင်မယ့် အသိပညာကိုလည်း လိုအပ်လာပါတယ်။

Parent Educationရဲ့ အနှစ်သာရက မိဘများကို သင်ကြားပေးရန် မဟုတ်ပါဘူး။ မိဘ‌တွေရဲ့ အတွေ့အကြုံများနဲ့ ကလေးဖွံ့ဖြိုးရေးဆိုင်ရာ လေ့လာတွေ့ရှိချက်များကို ချိတ်ဆက်ပြီးတော့ ပိုမိုထိရောက်တဲ့ ပြုစုပျိုးထောင်မှုနည်းလမ်းများကို အတူတကွ လေ့လာမျှဝေခြင်း ဖြစ်ပါတယ်။

မိဘတစ်ဦးက ကလေးရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုကို နားလည်လာတဲ့အခါ ပြဿနာတစ်ခုကို အပြစ်အဖြစ် မြင်မည့်အစား ဖွံ့ဖြိုးမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် သဘောပေါက်လာပါတယ်။ ကလေးရဲ့ အမှားကို အပြစ်ပေးရမည့် အကြောင်းအရာအဖြစ် မမြင်တော့ဘဲ သင်ယူရန် အခွင့်အရေးတစ်ခုအဖြစ် မြင်လာနိုင်ပါတယ်။ အဲ့ဒီလိုအမြင်ပြောင်းလဲမှုက မိဘနဲ့ ကလေးအကြား ဆက်ဆံရေးကို ပိုမိုနွေးထွေးစေပြီး ကလေးရဲ့ သင်ယူလိုစိတ်နဲ့ ကိုယ်ပိုင်ယုံကြည်မှုကိုလည်း အားကောင်းစေပါတယ်။

🏫PLAC ရဲ့ ယုံကြည်ချက်က ကလေးရဲ့ ပညာရေးကို အရည်အသွေးမြှင့်တင်လိုတယ်ဆိုရင် ဆရာ၊ ဆရာမများရဲ့သင်ယူမှုနှင့်အတူ မိဘများရဲ့ သင်ယူမှုကိုလည်း တန်ဖိုးထားရမည်
ဆိုတာကို နားလည်စေချင်တာပါ။

ဒါကြောင့် Teacher Training ကို စဉ်ဆက်မပြတ် ဆောင်ရွက်သကဲ့သို့၊ Parents Meeting များကို ကျော်လွန်ပြီး

👩‍❤️‍👨Parents Education အစီအစဉ်များကိုလည်း အကောင်အထည်ဖော်ရန်
ပြင်ဆင်လျက်ရှိပါတယ်။👫

🌈🧑‍🍳🧑‍🎨
ကလေးတစ်ယောက်ရဲ့ အကောင်းဆုံးအနာဂတ်ကို တည်ဆောက်ပေးနိုင်တဲ့ အင်အားက ကျောင်း၊ မိသားစုနှင့် ကလေးတို့နဲ့ အတူတကွ ပူးပေါင်းလက်တွဲမှု ပင် ဖြစ်တယ်ဆိုတာကို PLACက ယုံကြည်ပါတယ်။
🧑‍🎓🧑‍🎓






🔔ကလေးကို သင်ယူခွင့်ပေးနေတာလား…🔔သင်ယူဖို့ အချိန်မပေးတော့တာလား?👩‍❤️‍👨မိဘတိုင်းက ကိုယ့်ကလေးကို အကောင်းဆုံးပဲ ဖြစ်စေချင်ပါတယ...
26/07/2026

🔔ကလေးကို သင်ယူခွင့်ပေးနေတာလား…
🔔သင်ယူဖို့ အချိန်မပေးတော့တာလား?

👩‍❤️‍👨မိဘတိုင်းက ကိုယ့်ကလေးကို အကောင်းဆုံးပဲ ဖြစ်စေချင်ပါတယ်။

🏫ဒါကြောင့် ကျောင်း၊ ကျူရှင်အပြင် Olympic Math, Singapore Math, English, Music, ရေကူး၊ တိုက်ကွမ်ဒို၊ ကွန်ပျူတာ… စတဲ့ အတန်းတွေကိုပါ ထပ်တိုးသင်ပေးကြပါတယ်။

🫰ရည်ရွယ်ချက်က ကောင်းပါတယ်။

🔥ဒါပေမယ့် မေးသင့်တဲ့ မေးခွန်းတစ်ခုတော့ ရှိပါတယ်။

"ဒီအတန်းတွေက ကလေးအတွက် အကျိုးရှိနေလား၊ ဒါမှမဟုတ် အချိန်ဇယားကိုပဲ ပြည့်သွားစေလား?"

✨ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဟာ သင်ယူချိန် တစ်ခုတည်းနဲ့ မဖွံ့ဖြိုးပါဘူး။

🫶အနားယူချိန်၊
လွတ်လပ်စွာ ကစားချိန်၊
အိပ်ရေးဝဝ အိပ်ချိန်၊
မိသားစုနဲ့ စကားပြောချိန်၊
ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး နေချိန်တွေကလည်း ဦးနှောက်ဖွံ့ဖြိုးဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေပါ။

သုတေသနတွေကလည်း အိပ်ရေးမဝခြင်းနဲ့ အနားယူချိန်မလုံလောက်ခြင်းဟာ ကလေးတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်း၊ မှတ်ဉာဏ်၊ သင်ယူနိုင်စွမ်းနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေနိုင်တယ် လို့ ဖော်ပြထားပါတယ်။

🧑‍🏫စာသင်ဆရာတစ်ယောက်အနေနဲ့ ကြုံဖူးတာတွေထဲမှာ...

စာကို စိတ်ဝင်စားတဲ့ ကလေးတွေရှိတယ်။

ကြိုးစားတဲ့ ကလေးတွေရှိတယ်။

ဒါပေမယ့် အိပ်ငိုက်နေတယ်။

တချို့ဆိုရင် toilet သွားခွင့်တောင်းပြီး toilet ထဲမှာ ခဏမှေးအိပ်တဲ့အထိ ပင်ပန်းနေကြတယ်။

🕵️အဲဒီအချိန်မှာ ပြဿနာက ကြိုးစားမှုနည်းတာ မဟုတ်ဘူး။ အနားယူချိန် မလုံလောက်တာ ဖြစ်နေတတ်ပါတယ်။

ဒါကြောင့်...

ကလေးကို အတန်းပေါင်းများစွာ တက်စေဖို့ထက်...

ကလေးနဲ့ ကိုက်ညီတဲ့ အတန်းကို ရွေးပေးတာက ပိုအရေးကြီးပါတယ်။အဲဒီလို ရွေးချယ်ပေးခြင်းက ကလေးကို ပိုပျော်ရွှင်စေပြီး ရေရှည်မှာလည်း ပိုတိုးတက်စေပါတယ်။

👩‍❤️‍👨မိဘတွေအနေနဲ့ "ငါ့ကလေး ဘာတွေသင်ထားလဲ" ဆိုတာထက် "ငါ့ကလေး ပျော်ပျော်ရွှင်ရွှင် သင်ယူနေသလား" ဆိုတာကို ပိုပြီး အလေးထားပေးစေချင်ပါတယ်။

အဆုံးမှာတော့...

🙅ကလေးတစ်ယောက်ရဲ့ အချိန်ဇယားကို ဆုတံဆိပ်တွေနဲ့ ဖြည့်ပေးတာထက်၊

😍သူ့ကလေးဘဝကို အနားယူချိန်၊ ကစားချိန်၊ သင်ယူချိန်တွေ မျှတစွာ ရှိအောင် ဖြည့်ပေးနိုင်ခြင်းက ပိုတန်ဖိုးရှိပါတယ်။

ကလေးတွေကို ပြိုင်ပွဲအတွက် မဟုတ်ဘဲ၊ ဘဝအတွက် ပြုစုပျိုးထောင်ကြရအောင်နော်။

(ပုံက Phebe Preschool မှာတက်နေတဲ့
သမီးလေးတို့မိသားစုပါ။
သမီးလေးကို ‌အကောင်းဆုံး ပံ့ပိုးနိုင်ဖို့ မကြာခဏ အကြံဉာဏ်တောင်းတတ်ပြီး ကြိုးစား လုပ်ဆောင်နေတဲ့ မိဘတွေ ဖြစ်ပါတယ်။
အရမ်းသဘောကျတဲ့ အရာတွေထဲက တခုက
တပတ်တခါ ပုံမှန် ကလေးကို အချိန်ပေးပြီး
မိသားစုအတွက်အချိန် သီးသန့် ဖန်တီးယူကြတာကိုပါ။🫶)

Teacher Training လုပ်တဲ့အချိန်မှာ…"Teacher တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေထဲက ကိုယ့်မှာ အားနည်းနေသေးတဲ့ အချက်တစ်ခုက...
25/07/2026

Teacher Training လုပ်တဲ့အချိန်မှာ…

"Teacher တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေထဲက ကိုယ့်မှာ အားနည်းနေသေးတဲ့ အချက်တစ်ခုကို နာမည်မရေးဘဲ ရေးပေးပါ။" လို့ မေးဖြစ်ပါတယ်။

အဖြေတွေထဲမှာ အများဆုံးတွေ့ရတာက…

"စိတ်မရှည်ဘူး" ဆိုတဲ့ စကားလေးပါ။

အဲဒီအဖြေကို ဖတ်ရတဲ့အခါ အပြစ်တင်ချင်တာထက် ကိုယ့်ကိုယ်ကို ရိုးရိုးသားသား ပြန်သုံးသပ်နိုင်တဲ့ စိတ်ကို ပိုပြီး တန်ဖိုးထားမိပါတယ်။

စိတ်ရှည်ခြင်းဆိုတာ မွေးရာပါရှိပြီးသား အရည်အချင်းတစ်ခု မဟုတ်ပါဘူး။ ကလေးတွေကို ချစ်တဲ့စိတ်၊ နားလည်ပေးချင်တဲ့စိတ်၊ နေ့စဉ် သင်ယူလိုတဲ့စိတ်တွေနဲ့ တဖြည်းဖြည်း လေ့ကျင့်ယူရတဲ့ အရည်အချင်းတစ်ခုပါ။

Preschool ကလေးလေးတွေက မေးခွန်းတစ်ခုကို အကြိမ်ကြိမ်မေးနိုင်တယ်။
တူညီတဲ့အမှားကို ထပ်ခါထပ်ခါ လုပ်နိုင်တယ်။
တစ်နေ့က သင်ပေးထားတာကို နောက်တစ်နေ့မှာ မေ့သွားနိုင်တယ်။

ဒါပေမယ့်…
သူတို့က ဆရာ၊ ဆရာမရဲ့ မျက်နှာအမူအရာကို မှတ်မိတယ်။
အသံအနေအထားကို မှတ်မိတယ်။
နွေးနွေးထွေးထွေး ဆက်ဆံပေးခဲ့တာကို မှတ်မိတယ်။

အဲဒီအမှတ်တရလေးတွေကပဲ သူတို့ရဲ့ သင်ယူလိုစိတ်နဲ့ ယုံကြည်မှုကို တည်ဆောက်ပေးတာပါ။

ဒါကြောင့် Teacher ဖြစ်ချင်တဲ့သူတိုင်းကို ပြောချင်တာက…

မေတ္တာနဲ့ စိတ်ရှည်ပေးနိုင်တဲ့ Teacher ဖြစ်ဖို့ ကြိုးစားကြရအောင်။

ကလေးတစ်ယောက် ကြီးပြင်းလာတဲ့အခါ…
"ငါ့ကို ယုံကြည်ပေးခဲ့တဲ့ ဆရာမတစ်ယောက် ရှိခဲ့တယ်။"
"ငါ့ကို အလျင်မလိုဘဲ သင်ပေးခဲ့တဲ့ ဆရာမတစ်ယောက် ရှိခဲ့တယ်။"

ဆိုတဲ့ အမှတ်တရလေးတစ်ခု ကျန်ရစ်ခဲ့ရင်…
အဲဒါက Teacher တစ်ယောက်အတွက် အကြီးမားဆုံး အောင်မြင်မှုပါ။

🌱 ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်တာဟာ အသိပညာတစ်ခုတည်း မဟုတ်ပါဘူး။ Teacher တစ်ယောက်ရဲ့ မေတ္တာ၊ စိတ်ရှည်မှုနဲ့ နွေးထွေးတဲ့ နှလုံးသားလည်း ဖြစ်ပါတယ်နော်။ 💚

စိတ်ရှည်သော ဆရာ၊ ဆရာမတစ်ယောက်က ကလေးတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲပေးနိုင်ပါတယ် လို့ ယုံကြည်ရင်းးး😇😇

(တခါတလေစိတ်မရှည်ဘူးလို့ဆိုကြပေမယ့်
Teacher trainingတုန်းက ကျောင်းရဲ့ ဆရာ၊ဆရာမများရဲ့ စိတ်ရှည်ခြင်း၊မေတ္တာပြခြင်း၊
ကလေးတယောက်ချင်းကို မကြာခဏချစ်တယ်နော်ပြောခြင်းရဲ့ အကျိုးကျေးဇူးအများကြီး ဆွေးနွေးကြရင်း အားပေးစကားပြောကြတာလေး သတိရလို့ အခြားteacher များအတွက်လည်း အားတခုဖြစ်ရင်ဆိုပြီး ပြန် share ခြင်းဖြစ်ပါတယ်)

✨ Movers Level Story Writing Feedback ဒီညတော့ မြန်မာကျောင်း G-4 ကျောင်းသားလေးက သူရေးထားတဲ့ story တပုဒ်၊သူ့သူငယ်ချင်းနဲ့ ...
24/07/2026

✨ Movers Level Story Writing Feedback

ဒီညတော့ မြန်မာကျောင်း G-4 ကျောင်းသားလေးက သူရေးထားတဲ့ story တပုဒ်၊
သူ့သူငယ်ချင်းနဲ့ ရေးထားတဲ့ story ကို
Feedback လုပ်ပေးပါဆိုလို့ တနာရီခွဲထိ spelling&punctuation,grammar,vocabulary,
sentence structureကို အတူပြန် လုပ်ကြပြီး
ကျန်တဲ့ content (ideas), Organization, Creativity, Conclusion ကို
feedback ပေးထားတာလေးကို ပြန်shareတာပါ။

Movers Level Story Writing တွင် ကျောင်းသားသည် စိတ်ကူးဖန်တီးနိုင်စွမ်း ကောင်းမွန်ပြီး အကြောင်းအရာများကို အစဉ်လိုက် ချိတ်ဆက်ရေးသားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်း၏ စီးဆင်းမှုမှာ သဘာဝကျပြီး ဖတ်ရှုရလွယ်ကူသည့် လက်ရာတစ်ခုဖြစ်တယ်လို့ ခံစားရတယ်။

တိုးတက်အောင် လေ့ကျင့်ရန် လိုအပ်သည့်အချက်က ဇာတ်လမ်း၏ နိဂုံးချုပ်ပိုင်းကို ပိုမိုပြည့်စုံစွာ ရေးသားနိုင်ရန်နဲ့ အဆုံးသတ်ကို ရှင်းလင်းစွာ ဖော်ပြနိုင်ရင်တော့ ဇာတ်လမ်းတစ်ပုဒ်လုံးရဲ့ အရည်အသွေးသည် ပိုမိုကောင်းမွန်လာမှာပါ။

မိဘများအနေဖြင့်လည်း ကလေးရဲ့ စာဖတ်ခြင်းနှင့် Story Reading အလေ့အကျင့်ကို ဆက်လက်အားပေးပံ့ပိုးပေးပါရင် စိတ်ကူးဖန်တီးနိုင်စွမ်းနှင့် အရေးအသားစွမ်းရည်တို့မှာ ပိုမိုတိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။

🏫ကျောင်းသား၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုဂုဏ်ပြုရင်း နောင်လာမည့် ရေးသားမှုများတွင် ယခုထက် ပိုမိုကောင်းမွန်သော လက်ရာများကို မြင်တွေ့ရမည်ဟု မျှော်လင့်ပါသည်။📝

22/07/2026

🌟 Learning Today, Leading Tomorrow 🌟

အသက် (၆) နှစ်အရွယ် သားသားလေး၏ Online English Four Skills Class သင်ယူနေသည့် အချိန်လေးကို မျှဝေပေးလိုက်ပါတယ်။ 📚💻

ကလေးများ၏ အသက်အရွယ်နှင့် ကိုက်ညီသော သင်ကြားရေးနည်းလမ်းများကို အသုံးပြု၍ Listening, Speaking, Reading, Writing စွမ်းရည် (၄) မျိုးလုံးကို အခြေခံမှစတင်ကာ တစ်ဆင့်ချင်း ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

🌈 ပျော်ရွှင်စွာ သင်ယူပြီး ယုံကြည်မှုရှိရှိ အင်္ဂလိပ်ဘာသာစကားကို အသုံးပြုနိုင်စေရန် ရည်ရွယ်သင်ကြားပေးပါသည်။



18/07/2026

🌱 Preschool အရွယ်က ဖွံ့ဖြိုးမှုသည် အနာဂတ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါသည်။

သားသားမီးမီးလေးတွေရဲ့ ဖွံ့ဖြိုးမှုကို မိဘများနဲ့ ပံ့ပိုးပေးသူများက သေချာစောင့်ကြည့်လေ့လာပြီး သင့်လျော်တဲ့ ပံ့ပိုးမှုတွေ ပေးနိုင်ဖို့ အရေးကြီးပါတယ်။

Early Childhood အရွယ်ဟာ ကလေးတွေရဲ့ သင်ယူနိုင်စွမ်းနဲ့ ဘက်စုံဖွံ့ဖြိုးမှုကို အခြေခံတည်ဆောက်တဲ့ အရေးကြီးဆုံးအချိန်ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့...

💛 ပေါင်းသင်းဆက်ဆံရေး (Social Skills)
🗣️ ဘာသာစကားဖွံ့ဖြိုးမှု (Language Development)
📖 စာဖတ်၊ စာရေးအတွက် အခြေခံကျွမ်းကျင်မှုများ (Early Literacy)
🏃‍♀️ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (Physical Development)
🧠 စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှု ဖွံ့ဖြိုးမှု (Social-Emotional Development)
..တို့ကို အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ နည်းလမ်းတွေနဲ့ ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။

ကလေးတစ်ယောက်ချင်းစီရဲ့ ဖွံ့ဖြိုးနှုန်းက မတူညီနိုင်တာကြောင့် အခြားကလေးတွေနဲ့ နှိုင်းယှဉ်တာထက် ကိုယ့်ကလေးရဲ့ တိုးတက်မှုကို ဂရုတစိုက် စောင့်ကြည့်ပြီး လိုအပ်တဲ့အချိန်မှာ အချိန်မီ ပံ့ပိုးပေးနိုင်ဖို့က ပိုပြီး အရေးကြီးပါတယ်။

🌈 ဒါ့အပြင် လုံခြုံမှုရှိပြီး နွေးထွေးအားပေးတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးခြင်းက ကလေးတွေရဲ့ ယုံကြည်မှု၊ သင်ယူလိုစိတ်နဲ့ ဘက်စုံဖွံ့ဖြိုးမှုကို အားဖြည့်ပေးနိုင်ပါတယ်။

ထို့ကြောင့် ဘက်စုံဖွံ့ဖြိုးတဲ့ သားသားမီးမီးလေးတွေ ဖြစ်ပေါ်လာစေဖို့ ECCD ဆရာ၊ဆရာမများအနေဖြင့် ကလေးတစ်ယောက်ချင်းစီရဲ့ ဖွံ့ဖြိုးမှုအဆင့်များကို စနစ်တကျ လေ့လာစောင့်ကြည့်ပြီး အသက်အရွယ်နှင့် ဖွံ့ဖြိုးမှုအဆင့်အလိုက် သင့်လျော်သော သင်ယူမှုအတွေ့အကြုံများ၊ လှုံ့ဆော်မှုများနှင့် ပံ့ပိုးကူညီမှုများကို ထိရောက်စွာ ပေးအပ်နိုင်ရန် အရေးကြီးပါသည်။

✨ ယနေ့ပေးတဲ့ ပံ့ပိုးမှုက မနက်ဖြန်ရဲ့ အောင်မြင်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်ပါတယ်။

12/07/2026

💛 Phebe Preschool မှ မေတ္တာဖြင့် အသိပေးအပ်ပါသည်။

ချစ်ခင်လေးစားရပါသော မိဘများရှင့်...

2026–2027 ပညာသင်နှစ် ကျောင်းဖွင့်ချိန် ၁ လကျော် ရှိလာပြီဖြစ်ပြီး မိဘများ၏ ယုံကြည်မှု၊ အားပေးမှုများကြောင့်

🌼 Nursery
🌼 Pre-KG 1
🌼 Online Class

အတန်းများ၏ သတ်မှတ်လူဦးရေ ပြည့်သွားပြီ ဖြစ်ပါသည်။

Phebe Preschool ကို ယုံကြည်ရွေးချယ်ပေးကြသည့် မိဘတစ်ဦးချင်းစီကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ 💕

Pre-KG 2 အတန်းအတွက်တော့ July လအတွင်း ကျောင်းသား/သူ (၃) ဦးသာ ထပ်မံလက်ခံပေးသွားမည် ဖြစ်ပါသည်။

🌿 2027–2028 ပညာသင်နှစ် အတွက်

📚 Preschool Classes
(Nursery, Pre-KG 1, Pre-KG 2)
📚 Online Classes
📚 English Four Skills
📚 Grammar

အတန်းများအတွက် Waiting List စတင် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါသည်။(ကျောင်းသား ဉီးရေ ကန့်သတ်ထားသောကြောင့် ကြိုတင် စာရင်းမသွင်းထားပါက သတ်မှတ်ကျောင်းသားဦးရေ ပြည့်ပါက လက်ခံစဉ်းစားမယ်မဟုတ်ပါ)

Phebe Preschool အနေဖြင့် ကလေးတိုင်းကို ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုတို့ဖြင့် သင်ကြားပေးကာ အသိပညာသာမက ယုံကြည်မှု၊ စည်းကမ်း၊ လူမှုဆက်ဆံရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အစဉ်အမြဲ ကြိုးစားသွားပါမည်။

မိဘများ၏ ယုံကြည်မှုသည် ကျွန်မတို့အတွက် အဖိုးတန်ဆုံး အားပေးမှုဖြစ်ပါသည်။

💛 Phebe Preschool နှင့်အတူ ကလေးတို့၏ ပျော်ရွှင်စွာ သင်ယူကြီးထွားမည့် ခရီးလမ်းကို ဆက်လက်လျှောက်လှမ်းကြရအောင်နော်။

📩 အသေးစိတ်စုံစမ်းလိုပါက Page Messenger မှတစ်ဆင့် အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သတ်မှတ်လူဦးရေ ဒီနေ့ပဲ ပြည့်သွားပါပြီရှင်။2027-28 ပညာသင်နှစ်အတွက် waiting list ပေးလို့ရပါတယ်။
12/07/2026

သတ်မှတ်လူဦးရေ ဒီနေ့ပဲ ပြည့်သွားပါပြီရှင်။
2027-28 ပညာသင်နှစ်အတွက် waiting list ပေးလို့ရပါတယ်။

10/07/2026

မူကြို ဘွဲ့နှင်းသဘင် အခမ်းအနားတွင် နေပါလီအက ဖြင့် စွမ်းရည်ပြ ကပြခဲ့ကြသော
သားလေး— ဇေလက်ယျာ၊ ရန်နိုင်လင်း၊ ဟိန်းမင်းဇော် တို့ဖြစ်ပါတယ်ရှင်။

👏သားလေးတို့ရဲ့ ယုံကြည်မှုအပြည့်နဲ့ လှပစွာ တင်ဆက်ကပြနိုင်ခဲ့မှုအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

🙏ဆက်လက်ပြီးလည်း ကျန်းမာပျော်ရွှင်စွာဖြင့် ပညာရပ်များကို သင်ယူအောင်မြင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 💐❤️

At our Preschool Graduation Ceremony, these wonderful boys showcased their talents with a Nepalese dance performance.
They are Zay Let Yar, Yan Naing Lin, and Hein Min Zaw.

👏We are so proud of their confidence and wonderful performance.

🙏Wishing them continued happiness, good health, and every success in their learning journey ahead. Congratulations, boys! 🎓🌸

Address

Tamu

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Phebe Learning Academic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category