နောင်ခမ်းအောင်ဆုပန် ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
သမိုင်းအကျဉ်း-
နောင်ခမ်းအောင်ဆုပန် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည်၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ ဥက္ကဌ ဆရာတော်ဘဒ္ဒန္တပညာသီရိ နှင့် ဟိုပုံးမြို့၊ နောင်တောင်းပရဟိတကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တရာဇိန္ဒသီရိတို့မှ ဦးစီးဦးဆောင်ပြုကာ အရှင်ကောသလ္လမှ ၁၃၇၂-ခုနှစ်၊ ဒုတိယ၀ါဆိုလဆန်း(၁၄)ရက်နေ့တွင် နောင်ခမ်းအောင်ဆုပန် ပရဟိတဟူသော အမည်ဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ နောင်ခမ်းအောင်ဆုပန် ပရဟိတကျောင်းတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်လျှက်ရှိပြီး၊ ၁၃၇၄-ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော်(၆)ရက် (၂၀၁၂- သြဂုတ်လ(၈)ရက်)နေ့တွင် စာအမှတ်-၀၀၁/၄၇-၁၃/၃/သာ-မဟနဖြင့် နိုင်ငံတော်ကျောင်းအဖြစ် အသိအမှတ်ပြုခြင်းကို ခံရပါသည်။ နောင်ခမ်းအောင်ဆုပန် ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် နယ်စပ်ဒေသရှိ တိုင်းရင်းသား ကလေးငယ်များတို့အား အသိပညာ/အသတ်ပညာများတို့နှင့် လောကီ/လောကုတ္တရာနှစ်ဖြာသောကောင်းကျိုးကို ဖြစ်ထွန်းစေပြီး လောကီပညာရေးတွင်လည်း သူငယ်တန်းမှ သတ္တမတန်းအထိ အခြားအခြားသော ကွန်ပျူတာပညာများ ဗဟုသုတများအပါအ၀င် လောကုတ္တရာပညာများကိုသင်ကြားပို့ချပေးနေသည့်အတွက်ကြောင့်၊ ၁၃၇၄-ခုနှစ်တွင် စာအမှတ် ၂၀၀/၁၁(ဘက)/သထပ-၀၃၆-၂၀၁၃-မေလ ၁၀ရက်နေ့စွဲဖြင့် သာသနာရေးဝန်ကြီးဌာန သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအဖြစ် အသိအမှတ်ပြုခြင်းကိုလည်း ထပ်မံရရှိခဲ့ပါသည်။ သို့ပါသောကြောင့်-ယခုအခါတွင် နောင်ခမ်းအောင်ဆုပန်ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဟူသောအမည်ဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ ကလေးသူငယ်များတို့သည် လူတော် လူကောင်းများဖြစ်လာနိုင်စေရန် ခေတ်မှီသော အတတ်ပညာ အသိပညာများဖြင့် စွမ်းစွမ်းတမံပြုစုပျိုးထောင်ပေးနေသည့် နေရာဖြစ်သည့်အလျောက် အခမဲ့ပညာဒါနများ ဖြန့်ဝေရာ နေရာတခုလည်းဖြစ်ပါသည်။ နွေရာသီကျောင်းပိတ်ရက်တွင်လည်း ကလေးများအချိန်ကို အကျိုးရှိရှိအသုံးချနိုင်ကြစေရန် ကွန်ပျူတာ, အင်္ဂလိပ်စာ, ယဉ်ကျေးမှုနှင့် ကောင်းကျိုး မကောင်းကျိုးကို စဉ်းစားဝေဖန် ပိုင်းခြား တွေးတောတတ်ရန်(R.W.C.T) ကလေးဗဟိုပြု (C.C.A)နည်းစနစ်တို့ဖြင့် ကလေးတို့ရဲ့ စွမ်းရည်မြင့်သင်တန်းများကိုလည်း သင်ကြားပို့ချပေးနေပါသည်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလို-ပရဟိတကျောင်းများ ကြာကြာရပ်တည် နိုင်ဖို့အရေးသည်လည်း အလှုရှင်များအပေါ်မှာများစွာ မူတည်ပါသည်။ သို့အတွက်ကြောင့်- ပရဟိတကျောင်းများအား လူဒါန်းခြင်းဖြင့် မပြည့်သေးသော ရေအိုးကို ဖြည့်ရာရောက်သည့်အတွက် မိမိတို့၏ စစ်မှန်သောစေတနာဖြင့် ပရဟိတကလေးငယ်များ ပညာသင်ကြားခွင့် ရရှိသလို၊ မိမိတို့၏ စစ်မှန်သောစေတနာဖြင့်လည်း လာရောက်လို့ လှုဒါန်းနိုင်ကြပါစေ။