23/09/2025
အရောင်များ
SawatDee TCL Thai Language Learning Center
23/09/2025
အရောင်များ
25/02/2025
ထိုင်စကားပြောများ
SawatDee ထိုင်း စာစကား သင်တန်းကို ဒီနေ့ကနေစပြီး သင်တန်းချိန်တွေ အကုန်လုံး ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်နေပါပြီရှင့်။ တက်ရောက်နေတဲ့ သင်တန်းချိန်တွေကို ပုံမှန်အတိုင်း ပြန်လည်တက်ရောက်နိုင်ပါပြီနော်။
ဒီရက်ပိုင်း ဆရာမတို့ ရပ်ကွက် ရေကြီးနေလို့
သင်တန်းလေး ခဏပိတ်ထားပါတယ်နော်
ရေကျသွားလို့ အသွားအလာအဆင်ပြေတာနဲ့
တန်းလာလို့ရပါတယ်ရှင့်
01/08/2024
𝑺𝒂𝒘𝒂𝒕𝑫𝒆𝒆𝑻𝒄𝒍 ထိုင်းစာ/စကား သင်တန်းမှာ လာတက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမလဲ❓🤔
✅ ထိုင်းဘာသာစကားကို အခြေခံကနေစပြီး သင်ကြားပေးတာမိုလို 𝑩𝒂𝒔𝒊𝒄 𝑳𝒆𝒗𝒆𝒍 ကို တိတိကျကျလေး လေ့လာသင်ကြားနိုင်မှာဖြစ်ပါတယ်။ ထိုင်း အက္ခရာ ဗျည်းတွေကအစ နံပါတ်တွေ၊ အရောင်တွေ၊ နေ့ရက်တွေကစလို သင်ကြားပေးမှာဖြစ်ပြီး သင်တန်းလာတက်တာနဲ့ ကိုယ်ပိုင်ထိုင်းနာမည်လေးပါရရှိဦးမှာဖြစ်ပါတယ်။
✅ သင်တန်းမှာ စာတွေချည်းပဲ သင်ပေးနေတာ မဟုတ်ပဲနဲ့ မိမိမျက်စိရှေ့မှာ မြင်နေတဲ့ အရာတွေရဲ့ အဓိပ္ပါယ်ကိုပါ မေးလိုရမှာဖြစ်ပြီး မိမိသိလိုရာတွေ ကို သင်တန်းချိန်အတွင်းစိတ်ကြိုက်မေးမြန်းနိုင်မှာဖြစ်ပါတယ်။
✅ ထိုင်းစာ/စကား သင်တန်းဆိုတော့ အခြေခံအဆင့် တက်မြှောက်ပြီးတာနဲ့ ဆရာမနဲ့ သင်သန်းသူ/သား အကြား ထိုင်းဘာသာ စကားရဲ့ နေ့စဥ်သုံးစကားလုံးတွေကို အဓိက အနေနဲ့ ပြောကြား သင်ကြားပေးမှာမိုလို ထိုင်းစာ/စကားနဲ့ နေ့တိုင်းအလိုလို အထိတွေ့ဖြစ်နေမှာပါ။ ဘာသာစကား တတ်မြှောက်ခြင်းအတွက် အထောက်အကူ ပိုဖြစ်စေပါတယ်။
✅ တစ်ရက်စာ တစ်ရက်ပြန်လည် စစ်ဆေးမေးမြန်းပေးတဲ့အပြင် အိမ်စာတွေကိုပါ ပုံမှန်ပေးတာကြောင့်မိုလို သင်တန်းချိန်ပြင်ပတောင်မှ ထိုင်းစာ/ စကားနဲ့ ထိတွေ့နေမှာဖြစ်ပါတယ်။
✅ 𝑺𝒂𝒘𝒂𝒕𝑫𝒆𝒆𝑻𝒄𝒍 ရဲ့ သင်ကြားရေးပုံစံက အချိန်တိုအတွင်းအထိရောက်ဆုံးဖြစ်အောင် သင်ကြားပေးနေတာမိုလို သင်တန်းအတွင်း သင်ကြားမှုတွေကိုသာ သေသေချာချာလိုက်နာပြီးသင်ကြားမယ်ဆိုရင်တော့ အချိန်တိုအတွင်းအထိရောက်ဆုံး တတ်မြှောက်သင်ယူနိုင်မှာပါ။
✅ သင်တန်းကြေးအနေနဲ့ တစ်လကို ဘတ် 500 သာ သတ်မှတ်ထားတာမိုလို အခြေခံလုပ်သားတွေကစလို့ လာရောက်သင်ကြားနိုင်တဲ့ စျေးနှုန်းဖြစ်ပါတယ်။ သင်ကြားရေးစာအုပ်တွေကိုလည်း သင်တန်းအတွင်းမှာ စျေးနှုန်းသက်သာစွာ ရောင်းချပေးထားတာမိုလို သင်တန်းကို ခဲတံ/ဘောပင် နဲ့ ဗလာစာအုပ်သာ ယူလာပေးဖိုပဲလိုပါတယ်။
✅ ထိုင်းစာ/စကားကို ဝါသနာပါလို့ပဲဖြစ်ဖြစ် အလုပ်အကိုင်အတွက်အသုံးပြုလိုတဲ့အတွက်ဖြစ်ဖြစ် မိမိကလေးငယ်တွေကို ဘာသာစကားပိုမို တက်မြှောက်စေချင်တဲ့အတွက်ပဲဖြစ်ဖြစ် ထိထိရောက်ရောက် သေသေချာချာ သင်ယူချင်တယ်ဆိုရင်တော့ 𝑺𝒂𝒘𝒂𝒕𝑫𝒆𝒆𝑻𝒄𝒍 ကို အမြန်ဆုံးလှမ်းလာခဲ့လိုက်ပါရှင့်။
📍 လိပ်စာ - အမှတ် 9/137, ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့၊
☎️ ဖုန်း 09 6850 63781
22/06/2024
ဆဝပ်ဒီ ထိုင်းစာ သင်တန်းရဲ့ တည်နေရာပြမြေပုံလေးပါရှင့်
သင်တန်းလာရောက်အပ်ချင်တဲ့ သင်တန်းသူ/သား အသစ်တွေအတွက်ရော ကျောင်းချိန်ပြီး ထိုင်းစာကို လေ့လာချင်တဲ့ ကလေးငယ်တွေ အတွက်ပါ အဆင်ပြေပြေနဲ့ လာရောက်အပ်နှံ နိုင်ရန်အတွက်ပါရှင့်။
04/06/2024
🙏 မင်္ဂလာပါရှင့် ဆဝပ်ဒီ ထိုင်းစာနှင့်စကား သင်တန်းမှ ကြိုဆိုလိုက်ပါတယ်။😍
❤️ဒီရက်ပိုင်း သင်တန်းလာတက်တဲ့ သင်တန်းသူ/သား ဦးရေလေးကလည်း များလာတာနဲ့ အမျှ CB မှာ လာမေးကြတဲ့သူတွေလည်း တော်တော်များများ စည်စည်ကားကားရှိပါတယ်ရှင့်။ အဲ့လို မေးတဲ့ လူတွေထဲမှာမှ အမေးအများဆုံး မေးခွန်းလေးတွေကို ထုတ်နှုတ်ပြီး ပြန်လည် မျှဝေဖြေကြားပေးစရာလေးတွေကလည်းပေါ်လာလို့ပါ။ အခုလိုဖြေကြားပေးတယ် ဆိုတာကလည်း သင်တန်းတက်ဖို့ လာရောက်မေးမြန်းတဲ့သူတွေ အဆင်ပြေစေဖို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် မေးချင်တဲ့ အကြောင်းအရာတွေကို မမေးပဲ နေနေကြတဲ့သူတွေလည်း ရှိကောင်း ရှိနေကြမှာမို့လို့ပါရှင့် စေတနာနဲ့ပါနော် ။
1️⃣ ထိုင်းစာ စကားက အချိန်ဘယ်လောက် သင်ရင် ပြောတတ်လဲ?
ဒီမေးခွန်းအတွက် အဖြေက တော်တော်နက်နဲတယ်လို့ ပြောရမှာပါ။ ဒီလောက် လျှင်မြန်သွက်လက်နေတဲ့ ခေတ်မှာ အရာရာကို အချိန် တိုတိုလေးအတွင်း ရချင် လိုချင် တတ်မြှောက်ချင်တာကတော့ လူ့သဘာဝပါပဲ။ ဒါပေမယ့် ဘာသာစကားသင်ယူတာမှ မဟုတ်ပဲ ဘယ်ပညာရပ်ကိုမဆိုသင်ယူမယ်ဆိုရင် အချိန်ဘယ်လောက်ကြာမလဲ မေးတာထက် မိမိကိုယ်ကို ဒီပညာရပ်အပေါ်မှာ ဘယ်လောက်ထိ စိတ်ပါဝင်စားလဲ ဆိုတဲ့ ကိစ္စက ပိုအရေးကြီးပါတယ်ရှင့်။ ဆရာမတို့ ဆဝပ်ဒီမှာ ပို့ချ သင်ကြားပေးလိုက်တဲ့ အတိုင်း သင်ယူလိုက်ပေမယ့် သင်ကြားချိန်ပြီးဆုံးသွားတဲ့ ကိုယ်ပိုင်အချိန်တွေမှာ ထိုင်းရုပ်ရှင် ဇာတ်လမ်းတွဲကြည့်တာတွေ သီချင်းနားထောင်တာတွေ ပို့ချသင်ကြားပေးလိုက်တဲ့ စာတွေကို ပြန်ပြီး လေ့ကျင့်လေ့လာတာတွေက ထိုင်းစကားတတ်ဖို့ ပိုပြီး လျှင်မြန်တဲ့ နည်းလမ်းတွေပါပဲရှင့်။
2️⃣ ထိုင်းစကားပဲ သီးသန့် သင်လို့ မရဘူးလား ?
အခုလိုမျိုးမေးရင် ရပါတယ်လို့ အလွယ်တကူဖြေပေးပြီး သင်တန်းရောက်တဲ့ အခါ နှုတ်တိုက် ကြက်တူရွေးစာအံသလို သင်ပေးလိုက်လို့ရပါတယ်။ ဒါပေမယ့် တကယ့်တကယ် အရေးတွေမှာ စာဖတ်ရမယ် ရေးရမယ် ပြောရမယ့် ကိစ္စတွေရှိလာရင် စကားသာ တတ်ပြီး စာမတတ်ရင် အလကားပါပဲရှင့်။ ဒါကြောင့်မို့လို့ SawatDee TCL မှာက ထိုင်းဘာသာကို အဓိက အနေနဲ့ အခြေခံကနေစပြီး စာကို သင်ပေးပါတယ်ရှင့်။ စာသင်လို့ စာတတ်တဲ့ အခါ စကားက အလိုအလျောက်တတ်ကျွမ်းပါတယ်။ ဒီထက်ပိုပြီးထိရောက်ချင်ရင်တော့ စာသင်နေတဲ့ အချိန်အတွင်းမှာ မိမိသိလိုတဲ့ ထိုင်းအဓိပ္ပါယ်တွေ သိချင်ရင် ဆရာမကို ကိုယ်တိုင်မေးပြီး သင်ကြားလို့လဲ ရပါတယ်ရှင့်။မိမိသလိုတဲ့ စကားလုံး ၅/၁၀ လုံးစာပဲ လေ့ကျင့်သွားရင် တစ်လ ကြာတဲ့ အခါ Meaning ဘယ်နှလုံးရနေပြီလဲ ဆိုတာက မိမိရဲ့ တိုးတက်မှု အမှန်ပါပဲရှင့်။
3️⃣သင်တန်းကို ဘယ်အချိန်အထိ တက်ရမှာလဲ? ဘယ်နှနှစ်အထိ တက်ရမှာလဲ?
SawatDee TCL မှာက သင်တန်းကို ဘယ်နှနှစ်တက်ရင် ရပြီဆိုပြီး အတိအကျ ပြောဆိုမှုမျိုးတွေတော့ မရှိပါဘူးရှင့်။ အဓိကက မိမိ ရဲ့ပြောဆိုနိုင်စွမ်း နဲ့ လေ့ကျင့်ခဲ့တဲ့ အခြေအနေပေါ် မူတည်ပြီး ၂/၃ နှစ်အထိ ပြောဆိုတတ်မြှောက်ရင် ရပ်လိုက်လို့ ရသလို ဝါသနာ အရ ၄/၅ နှစ်အထိ တက်ချင်ရင်လည်း ရပါတယ်။ ၁ နှစ်ကျော်အထိ တက်နေပြီး သူများကိုလည်း ဆရာမအနေနဲ့ ထိုင်းဘာသာစကားနဲ့ပဲ ပြောဆို ဆက်ဆံသွားမှာဖြစ်ပါတယ်။ အဲ့လိုအချိန်ကျရင် မိမိရဲ့ ထိုင်းဘာသာစကားအပေါ်နားလည်နိုင်စွမ်းကို ကိုယ်တိုင် သိရှိရမှာ ဖြစ်ပြီး ဘယ်လောက်လေ့လာသင့်ကြောင်း ကိုယ်တိုင်ချိန်ဆလို့ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ တတ်မြှောက်စွမ်းကို ချင့်ချိန်ပြီး သင်ကြားမှုရပ်နားမလား ဆက်လာသင်ကြားမလား ဆိုတာကတော့ ကိုယ်ပိုင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
4️⃣ကလေးလေးတွေနဲ့ရောသင်ရင် အဆင်ပြေပါ့မလား ?
ဆယ်ကျော်သက်တော်တော်များများ စဥ်းစားမိမယ့်အချက်ပါပဲ။ SawatDee TCL ရဲ့ သင်ကြားမှုပုံစံက အရမ်းကြီး Serious မဖြစ်ပဲ Freedom ပုံစံဖြစ်တာမို့လို့ အားလုံးက စားပွဲဝိုင်းကြီးတစ်ဝိုင်းမှာ အတူတူ ထိုင်ပြီး ကိုယ်ရောက်ရှိနေတဲ့ အတန်းအဆင့်ကို ဆရာမဘက်ကနေတစ်ဦးချင်းစီ ထိထိရောက်ရောက်သင်ကြားပေးမှာဖြစ်တဲ့ အတွက် ကလေးနဲ့ လူကြီး ရောနေလို့ ဆိုပြီး အဆင်မပြေ မဖြစ်လိုက်ပါနဲ့နော်။ တကယ်လို့မှ အဲ့ဒီလိုမျိုး ရောရောနှောနှော မဖြစ်ချင်ဘူးဆိုရင် လူကြီး အချိန်ပိုင်းအတွက် အချိန်ပြန်ညှိပေးတာတွေ ဆောင်ရွက်ပေးပါတယ်ရှင့်။
သင်တန်းသားအသစ်တွေနဲ့ Cb မှာ မေးမြန်းသမျှတွေကို ထုတ်နှုတ်ပြီး ပြန်လည် ရေးသားပေးခြင်းသာဖြစ်ပါတယ်နော်။
စေတနာဖြင့် SawatDeeTCL
29/05/2024
ထိုင်းဘာသာရဲ့ စာနဲ့ စကားကို အမှန်တကယ် ထိထိရောက်ရောက် လေ့လာသင်ကြားလိုသူတွေအတွက် SawatDee TCL (ဆဝပ်ဒီ) ထိုင်းဘာသာစကားသင်တန်းလေးရှိပါတယ်နော်။ ကလေးရော လူကြီးပါ အခြေခံကအစ သင်ကြားပေးပြီး သင်တန်းချိန် 5 ချိန်အတွင်း မိမိနှစ်သက်ရာ သင်တန်းချိန်ကိုရွေးချယ်ပြီး သင်ယူနိုင်မှာဖြစ်ပါတယ်။ အင်္ဂလိပ် တရုတ် ဘာသာစကားတွေပြီးရင် မြန်မာလူမျိုးတွေ အတွက် သင်ကြားဖို့ အသင့်တော်ဆုံးက ထိုင်းဘာသာ စကားပါပဲ။ ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်လိုသူတွေ အတွက်ပဲဖြစ်ဖြစ်၊ ထိုင်းဘာသာစကားကို ဝါသနာပါလို့ တတ်မြှောက်ချင်တာပဲဖြစ်ဖြစ်၊ မိမိကလေးငယ်တွေကို အချိန်တိုအတွင်း ထိထိရောက်ရောက် ထိုင်းဘာသာစကားတတ်မြှောက်စေဖို့ SawatDee TCL (ဆဝပ်ဒီ) ထိုင်းဘာသာစကားသင်တန်းကို အခုပဲ ကြွမြန်းခဲ့ကြပါ။
သင်တန်းကြေး တစ်လ 500 ဘတ်သာ ကျသင့်မည်ဖြစ်ပြီး အခြေခံသင်ကြားရေး စာအုပ်များကိုလည်း SawatDee TCL (ဆဝပ်ဒီ) သင်တန်းမှာတင် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ သင်ကြားချိန်တွေမှာလည်းလူအရမ်းမများပဲ အသေးစိတ်ကို ထိထိရောက်ရောက် သင်ကြားနိုင်မှာဖြစ်တဲ့အတွက် ထိုင်းစကားကို သင့်ဘက်ကရဲရဲဝံ့ဝံ့ ပြောဆိုနိုင်လာအောင် တစ်ခါတည်း သင်ကြားပေးမှာပါ။
အသက်အရွယ် ငယ်သေးတဲ့ ကလေးငယ်လေးတွေကို ထိုင်းနိုင်ငံမှာ ကိုယ်တိုင်ကျောင်းတက်ရောက်ထားပြီးသား ဆရာမကိုယ်တိုင် စိတ်ရှည်ရှည်နဲ့ သင်ကြားပေးမှာမို့လို့ သင့် သားသမီးတွေကို ဂရုမစိုက်နိုင်မှာကိုလည်း မပူပါနဲ့နော်။
လိပ်စာ အမှတ် ၉/၁၃၇ ဆန်ဆိုင်း(ခ) တာချီလိတ်မြို့
ဖုန်း 09 6850 63781
ဆဝပ်ဒီ ထိုင်းစာ/စကား သင်တန်းမှ ကြိုဆိုပါတယ်ရှင့်။ 🙏🏼