Saw Maung

Saw Maung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Saw Maung, Personal coach, Tachileik, Tachileik.

12/03/2024
12/03/2024
Morning
12/03/2024

Morning

17/12/2023
ကပ်ဆိုက်တဲ့ အခါ.……….(1) ငါးပါးသီလ မြဲခြင်း(2) အသားငါး စားသုံးမှုနည်းခြင်း(3)ပရိတ်ရွတ်ပုံနေရာ ကျခြင်း တို့ဟာ    ကပ်ဘေးကို...
12/12/2023

ကပ်ဆိုက်တဲ့ အခါ.……….

(1) ငါးပါးသီလ မြဲခြင်း
(2) အသားငါး စားသုံးမှုနည်းခြင်း
(3)ပရိတ်ရွတ်ပုံနေရာ ကျခြင်း တို့ဟာ
ကပ်ဘေးကို အကောင်းဆုံးကာကွယ်ခြင်းပဲတဲ့။

ကပ်ဆိုက်တယ် ဆိုတာ လူသားတွေ လောဘ ,ဒေါသ , မောဟတွေ များလို့သဘာဝတရားကြီးက
ရပ်တန့်သွားအောင် ပညာပေးတာ။

ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းခြင်းရဲ့
အကျိုးကို သိပ္ပံကိရိယာတွေနဲ့တိုင်းလို့မရဘူး။

ကမ္ဘာလောကဓါတ်ကြီးဟာ သတ္တဝါတွေရဲ့ ကံတရားအတိုင်း ဖြစ်တည်နေတာ။

ဘုရားရှင်တွေ မပွင့်တဲ့ အချိန်သာသနာပ ကာလမှာလည်း
လူသားတွေ ငါးပါးသီလ လုံခြုံကြလို့ နတ်ကောင်း နတ်မြတ်တွေ ဝဠာဟာက ဆိုတဲ့ ရာသီဥတုကို စောင့်ကြပ်တဲ့နတ်တွေ
စောင့်ကြပ်ပေးကြတယ်။

အဲဒီ အခါမျိုးမှာ ဥတုမှန်ပြီး တိုင်းသူပြည်သားတွေ
လယ်ယာမြေလုပ်ကိုင်စားသောက်ရတာ ကောင်းမွန်တယ်။

အဲဒီအတွက် အငတ်ဘေး မဆိုက်ဘူး။

လူသားတွေ သီလပျက်ပြီ ဆိုရင် ဝဠာဟာကနတ်တွေဟာ သွားမြဲလမ်းက မသွားပဲ၊တခြားလမ်းက သွားတယ်။

အဲဒီအတွက် ဥတုတွေ ဖေါက်ပြန်တယ်။

လူသားတွေ ဥတုမမှန်တော့ လုပ်ကိုင်စားသောက်ရတာ ခက်ခဲကုန်တယ်။

ပြောချင်တာက ငါးပါးသီလ စောင့်ထိန်းတဲ့ အကျိူးဟာ
နည်းနည်းနောနောမဟုတ်ဘူး။

မမြင်ရတဲ့ နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်တာခံရတယ်။

ဒီသဘောတွေကို ဖန်ဆင်းရှင်က ဖန်ဆင်းလို့
အရာရာဖြစ်တာဆိုတဲ့ သူတွေ ဘယ်လို လက်ခံမလဲ။
ဒါက လွဲချော်မှု နံပါတ်တစ် ပါ ။

နံပါတ်နှစ် အသားငါး စားသုံးမှု နည်းခြင်းဟာ ကပ်ဘေးကို ကာကွယ်စေတယ် ဆိုတာ ဒီနေ့တော်တော်များများ လက်ခံနိုင်မှာ မဟုတ်ဘူး။

ရောဂါပိုး ဆိုတာ ကိုယ်ခံအားကောင်းမှ ခံနိုင်တာ
အသားငါး မစားရင်ကိုယ်ခံအား မကောင်းဘူး လို့
လက်ခံထားသူတွေဟာ ပိုများနေလိမ့်မယ်။

ကိုယ်စောင့်နတ် သာသနာစောင့်နတ်နဲ့ မိမိနဲ့ပဌာန်းဆက်ပါတဲ့ ပုဂ္ဂိုလ်တွေဟာ ပျက်စီးတော့မယ့် အကြောင်းအရာတွေအတွက် ကြိုတင်ပြီး သတိပေးချင်တယ်။

အသားငါး စားထားသူတွေ ဆိုရင်သူတို့ အနားကပ်လို့မ
ရဘူး ။

အသားငါး စားထားသူဟာ အနံ့အသက် မကောင်းဘူး။

အိမ်မက်ပေးဖို့မလွယ်ဘူး နိမိတ်တွေပြဖို့ ခက်ခဲတယ်။

အသားငါး မစားခြင်းရဲ့ နောက်တမျိုး ရလဒ်က တိရစ္ဆာန်တွေအပေါ် မေတ္တာဓါတ် ပိုပြီးသက်ရောက်စေတယ်။

အထူးသဖြင့် တခြားသတ္တဝါတွေရဲ့ အကုသိုလ်ကံတွေကြောင့် ကိုယ်ပါရောပါသွားတတ်တဲ့ သဘောရှိတယ်။

ဒါကို ကိုယ်စောင့်နတ်တွေက သိပြီး သတိပေးချင်တယ်။

ဒါပေမယ့် သူတို့အနားကပ်လို့မရဘူး။

အဲဒီသဘောကြောင့် အသားငါး လျော့ခြင်းဟာ
ကပ်ဘေးကို လျော့ပါးစေတယ်လို့ပြောတာဒါက လွဲချော်မှု နံပါတ် နှစ်။

နံပါတ်သုံးက ပရိတ်ရွတ်ပုံ နေရာကျခြင်း ဆိုတာကတော့
တခြားဘာသာတွေ အတွက် ယုံကြည်မှုမရှိတဲ့ အတွက်
ပရိတ်က အရံအတား မဖြစ်စေဘူး။

ပရိတ်ရွတ်တဲ့ အခါ ဘုရားရှင်ရဲ့ တရားတော်မြတ်ရဲ့ အရှိန်အဝါဟာ ဖြည့်ဆည်းခဲ့တဲ့ ပါရမီတော်ကြောင့်
စင်္ကြာဝဠာတိုက်တစ်သောင်းထိ သြဇာအာဏာ သက်ရောက်တယ်။

ကပ်ဘေးကြောင့် လူတွေ သေကြတယ်။

အဲဒီ သေတဲ့ သူတွေကို ညအခါ ဘီလူး ,မြေဘုတ်,ပြိတ္တာတွေက လုယူစားသောက်ကြတယ်။

ဒါတွေကို ပကတိ မျက်စိနဲ့မမြင်နိုင်ကြတော့ မယုံကြည်ကြဘူး။

ပရိတ်ရွတ်တဲ့ အခါ ပရိတ်ရဲ့ သြဇာ ရွတ်ဖတ်သူရဲ့
သီလ ,သမာဓိ , ပညာကြောင့် ဘီလူးတွေ ပြိတ္တာတွေဟာ
ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။

ကပ်ဘေး ဖြစ်ချိန်မှာ အမနုဿ လို့ခေါ်တဲ့ သူတို့တွေဟာ
လူတွေကို မူးဝေအောင်လုပ်ကြတယ်။

ပူးကပ်ပြီး လူ့လောကကို အနိဋ္ဌာရုံတွေဖြစ်အောင် ကြိုးစားကြတယ်။

ပရိတ်ရွတ်ဖတ်ခြင်းနှင့် ပရိတ်ရေဖျန်းခြင်းကြောင့်
ဘီလူးတွေ ထွက်ပြေးရကြောင်း ဘုရားရှင်လက်ထက်က ကပ်ဘေးမှာဖြစ်ခဲ့ဘူးတာပဲ။

ပရိတ် အစွမ်းထက်ဖို့ အသံထွက် မှန်ရမယ်၊ယုံကြည်ရမယ်၊
ကံကြီးထိုက်သူမဖြစ်စေရ ဆိုတဲ့ အင်္ဂါသုံးချက်နဲ့ ညီရတယ်တဲ့ ။

ဒါ့ကြောင့် လယ်တီဆရာတော်ကြီးက ပရိတ်ရွတ်ပုံနေရာ ကျရမယ်လို့ ပြောခဲ့တာပါ။

ဒီသဘောတွေကတော့ ဗုဒ္ဓဘာသာဝင်တွေပဲ သိတယ်။

သိတာတောင် မယုံကြည်တဲ့သူက များတယ်
ဒါက လွဲချော်မှု နံပါတ် သုံး ပါပဲ။

အခုတော့လက်ဆေးကြ ,အပြင်မထွက်ကြနဲ့ ဆိုတဲ့
မျက်မြင်သဘော ကာကွယ်မှုတွေပဲတစ်ကမ္ဘာလုံး လုပ်နေကြတယ်။

မျက်မြင်သဘောနဲ့လည်း ကာကွယ်ရမယ် မမြင်နိုင်တဲ့ သဘောတွေနဲ့လည်းအခုတင်ပြခဲ့တဲ့အတိုင်း ကာကွယ်ကြမယ် ဆိုရင် မြန်မာပြည်သူတွေ ကပ်ဘေးကနေ ပိုပြီး လွတ်နိုင်ကြပါလိမ့်မယ်။

ဒီသဘောတွေကတော့ဗုဒ္ဓဘာသာဝင်တွေအတွက်
ကပ်ဘေးက လွတ်မြောက်စေနိုင်တဲ့အထူးအခွင့်အရေးဆိုတာ မမေ့ကြပါစေနဲ့ ။

#ပါမောက္ခချုပ်ဆရာတော်
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
#ပါချုပ်ဆရာတော် #တရား #တရားမှတ်စု

01/12/2023

#သင်္ဘောဆီးဖြူ (ဗိုက်တာမင်စီ အလွန်ကြွယ်ဝ)
*အစာအိမ်ရောဂါကို ကုသရန် အသီးကိုအရည်ညှစ်ပြီးသုံးကြသည်

*အိန္ဒိယနိုင်ငံတွင် အသဲအတွက် တွင်သာမက သွေးအားကောင်းစေဖို့ အသီးတွေကို စားသုံးကြသည်

*အမြစ် ကို ဝမ်းနှုတ်ဆေး အနေနဲ့လည်းသုံးကြသည်၊

*အမြစ်၏ ပြုတ်ရည် ကို ပန်းနာရင်ကြပ်ရောဂါများ သက်သာစေရန်အသုံးပြုနိုင်ပါသည်


*အရွက် ကို အဖျားရောဂါ ကုသရာမှာသုံးနိုင်သည်

အရွက်ပြုတ်ရည်ကို "အင်ပြင်များ" ကုသရာတွင်လဲ သုံးနိုင်သည်

*အရွက်ပြုတ်ရည်ကို သောက်ပါက ဝလာခြင်းမှ ကာကွယ်စေသည်
Credit

01/12/2023
01/12/2023

iOS 17 ရဲ့ အမိုက်စား Features တွေထဲက တစ်ခုဖြစ်တဲ့ NameDrop ကို စမ်းသပ်ကြည့်ပြီးပြီလား ?

ဒီ Feature လေးရဲ့ အလုပ်လုပ်ပုံကတော့ iPhone တစ်လုံးနဲ့ တစ်လုံး ထိလိုက်ရုံနဲ့ ကိုယ့်ရဲ့ contacts တွေကို swap လုပ်လို့ ရတဲ့အတွက် AirDrop လို ရိုးရိုးရှင်းရှင်း ကူးပြောင်းနိုင်တာပါပဲ။

ဖုန်းအသစ် လဲလိုက်ရင်လည်း အချက်အလက်တွေကို မြန်မြန်ဆန်ဆန် ကူးပြောင်းနိုင်တာကြောင့် အချိန်ကုန် သက်သာသွားစေတာပေါ့။

တကယ်လို့ iOS 17 တင်ပြီးတာတောင် NameDrop Feature ကို အသုံးပြုလို့ မရသေးရင် Settings > General > AirDrop > Bringing Devices Together လေးကို ဖွင့်လိုက်ပြီး Everyone for 10 Minutes ကို အမှန်ခြစ်ပေးလိုက်တာနဲ့ အထာကျနိုင်ပါပြီ။

နောက်ထပ် Features အသစ်တွေက ဘာတွေဖြစ်မလဲ ဆိုတာကို follow လုပ်ထားပေးပါနော်
Credit

Address

Tachileik
Tachileik

Website

Alerts

Be the first to know and let us send you an email when Saw Maung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category