22/05/2025
🍀ကောင်းကံလေးတွေစုပါ..။🍀
တစ်နေ့တစ်နေ့ ကျွန််မတို့ဟာ သိလျက်ဖြစ်စေ..မသိလျက်ဖြစ်စေ ကံတွေကို စုဆောင်းနေမိကြတာဖြစ်ပါတယ်..။ ဘဏ်မှာ နေ့စဉ်ငွေစုထားမိကြသလိုပဲ.. ကျွန်မတို့ရဲ့ နေ့စဉ်တွေးနေတဲ့ အတွေးလေးတွေ… ပြောနေတဲ့စကားလေးတွေ.. ပြုမူနေတဲ့အလုပ်လေးတွေကနေ ကံတွေအဖြစ် ကျွန်မတို့ရဲ့ ဘဝဘဏ်ထဲမှာ စုမိနေကြပါတယ်..။
တစ်နေ့တာမှာ ကောင်းတဲ့အတွေးလေးတွေနဲ့ပဲနေပြီး ကုသိုလ်ဖြစ်စရာ အာရုံလေးတွေနဲ့ နေခွင့်ရနေတာ.. ကိုယ့်မိသားစုနဲ့တကွ ကိုယ်နဲ့ဆက်သွယ်ပတ်သက်ရသူတိုင်းအပေါ် ချိုသာနှစ်လိုဖွယ်စကားလေးတွေနဲ့ ဆက်ဆံနေမိတာ… လူတိုင်းအပေါ် စိတ်ကောင်းစေတနာလေးတွေ.. ကိုယ်နဲ့နှိုင်းယှဉ်ပြီး ကိုယ်ချင်းစာနာစိတ်ကလေးနဲ့ တွေးကြံပြောဆိုပြုမူနေမိတာတွေဟာ… ကောင်းတဲ့ကုသိုလ်ကံလေးတွေကို စုဆောင်းနေမိတာပဲဖြစ်ပါတယ်…။
တချို့သောလူတွေရဲ့ဘဝဟာ အားကျစရာကောင်းလောက်အောင် အဆင်ပြေချောမွေ့သာယာနေတာဟာ… သူတို့ရဲ့စိတ်ကောင်းစေတနာကောင်းလေးတွေကြောင့် ကောင်းတဲ့ကုသိုလ်ကံတွေက အကျိုးပေးနေတာဖြစ်ပါတယ်..။ ဘဝမှာ ပြည့်စုံချမ်းသာပြီးအဆင်ပြေနေတာဟာ ဘဝဘဝက သူပြုခဲ့တဲ့ကောင်းကံအကျိုးတွေကို ခံစားနေရတာဖြစ်သလို အခုဘဝမှာလည်း ကောင်းတဲ့ကုသိုလ်ကံတရားတွေ ဆက်လက်စုဆောင်းနေလို့ဖြစ်ပါတယ်..။
သိလျက်နဲ့ပဲဖြစ်စေ.. မသိလို့ပဲဖြစ်စေ… ကိုယ့်ရဲ့နေ့တစ်နေ့တာကို မကောင်းတဲ့စိတ်အတွေးတွေ… သူများအပေါ် မနာလိုဝန်တိုတဲ့အတွေးတွေ.. အမုန်းစကားတွေ.. အတင်းအဖျင်းတွေ.. သူများပျက်ဆီးရာပျက်ဆီးကြောင်း ကြံစည်ပြောဆိုလုပ်ကိုင်နေမိပြီဆိုရင် မကောင်းတဲ့ အကုသိုလ်အဆိုးကံတွေကို စုဆောင်းနေမိပြီဆိုတာ သတိလေးထားဖို့လိုပါတယ်..။ ကိုယ်တွေးသမျှ.. ပြောသမျှ..လုပ်သမျှ အရာအားလုံးကို ကိုယ်ပဲတာဝန်ယူရမှာဖြစ်ပါတယ်..။ လိုချင်သည်ဖြစ်စေ.. မလိုချင်သည်ဖြစ်စေ.. ကိုယ်စုဆောင်းမိသမျှ ကိုယ်ပဲရရှိမှာဖြစ်ပါတယ်..။
တချို့သောသူတွေရဲ့ဘဝကိုကြည့်လိုက်ရင် အဆင်လည်းမပြေ.. အဆင်မပြေတော့ မလိုတမာစိတ်တွေ.. အမုန်းစိတ်တွေ.. သူတစ်ပါးပစ္စည်းကို မတရားယူချင်တဲ့စိတ်တွေ.. အပြောတွေ.. အလုပ်တွေ… သူတစ်ပါးပျက်ဆီးရာပျက်ဆီးကြောင်း တွေးကြံပြေဆိုလုပ်မိတဲ့ အကုသိုလ်ကံတွေကို စုဆောင်းမိပြီး ပို၍အဆင်မပြေ ပို၍ကံဆိုး.. ပို၍ဆင်းရဲဒုက္ခတွေနဲ့သာ ရင်ဆိုင်နေရပါတယ်..။
ဒါကြောင့် နေ့ရက်တိုင်းကို ကောင်းတဲ့စိတ်အတွေးလေးတွေနဲ့ စတင်ကြည့်စေချင်ပါတယ်..။ မကောင်းတဲ့အတွေးဝင်လာတာနဲ့ ချက်ချင်းသတိလေးထားပြီး ရပ်တန့်လိုက်ဖို့.. ကောင်းတဲ့ကုသိုလ်အတွေးလေးနဲ့ အစားထိုးလဲလှယ်လိုက်စေချင်ပါတယ်..။ မကောင်းတဲ့စကားတွေ မပြောမိအောင်.. နှုတ်ထွက်မကြမ်းတမ်းမိအောင်… အတင်းအဖျင်းအမုန်းစကားတွေ မပြောမိအောင် သတိလေးနဲ့ ထိန်းချုပ်စေချင်ပါတယ်…။ အတွေးလေးတွေ.. အပြောလေးတွေကို ချုပ်ထိန်းလာနိုင်တာနဲ့အမျှ သူတစ်ပါးဒုက္ခရောက်စေမယ့် ပျက်ဆီးရာပျက်ဆီးကြောင်းအလုပ်တွေကိုပါ မလုပ်မိအောင် ရှောင်နိုင်လာမှာ သေချာပါတယ်…။
ဒါဆိုရင် ကိုယ့်ရဲ့ဘဝဘဏ်ထဲမှာ ကောင်းတဲ့ကံလေးတွေပဲ စုဆောင်းလာမိမှာဖြစ်ပါတယ်..။ ကောင်းတဲ့ကံလေးတွေ အကျိုးပေးလာတဲ့အခါ ဘဝက အစစအဆင်ပြေချမ်းသာလာပြီး အလိုလို အေးချမ်းလာမှာသေချာပါတယ်…။
#လွန်းထားထား
#ကောင်းကံလေးတွေစုပါ။
#စိတ်စေတနာနဲ့တန်တဲ့ဘဝ
#စာအုပ်လေးထွက်ပါပြီ
20/05/2025
တာချီလိတ်မြို့စိန်ပလောင်လက်ဖက်ဆိုင်မှရရှိနိုင်သောမြန်မာအစားအစာများ- လက်လီ၊လက်ကားများလဲရရှိနိုင်ပါတယ်ရှင့်
*ဆိုင်လိပ်စာ*
ဗိုလ်ချုပ်လမ်း ရှမ်းရိုးမကွင်းရှေ့ passportရုံးဘေးအနီး
*စိန်ပလောင်လက်ဖက်ဆိုင်*
Phone- 09458264220. 09449191692
13/08/2024
တာချီလိတ်မြို့စိန်ပလောင်လက်ဖက်ဆိုင်မှာယွန်းထည်လေးတွေအစုံရတယ်။
05/07/2024
ချင်းမိုင်မြို့ကနေအားပေးတဲ့အမကြီးကျေးဇူးပါ။
28/06/2024
🙋♀️ကာကာတို့ရေ မင်မင်တို့ စိန်ပလောင်ဆိုင်မာ ထိုးမုန့်နှင့် လမုန့်တေ ရောက်နေပီနော် 🙆♀️
10/01/2024
တစ်ချို့ စျေးရောင်းရင် ဘာလို့အောင်မြင်တယ်ထင်လဲ.. ဗျူဟာရှိပါတယ်
၁ ။ ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ် ။
၂ ။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ်ပြန်တယ် ။
၃ ။ စကားချိုချိုသာသာ စျေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ် ။
၄ ။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ် ။
၅ ။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။စျေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ ။
၆ ။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ ။
၇ ။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူတတ်တယ်။ တန်ဖိုး ပိုရှိတယ် ။
၈ ။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ ။
၉ ။ စားသုံးသူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို ဆဲဆိုအပြစ်တင်ခြင်းဟာ စားသုံးသူကို မောင်းထုတ်တာပါ ။
၁၀ ။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို အမျိုးလို သဘောထားပါ ။ တတ်နိုင်သမျှ သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ ။
၁၁ ။ ရောင်းကုန် ပစ္စည်း ပြတ်သွားတယ်ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ ၊ စော်ကားတာနဲ့ အတူတူပဲ ။
၁၂ ။ စျေးနူန်း တစ်ခုတည်း ဖြစ်ပါစေ ၊ တခုခုကြောင့် စျေးလျှော့ရောင်းခြင်းဟာ ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ် ။ ကတိကို ထိခိုက်နိုင်စေပါတယ် ။
၁၃ ။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုလုပ်ပါနှင့် ၊ စားသုံးသူ ကြိုက်နှစ်သက်သော ပစ္စည်းကို ရောင်းချနေတာ မဟုတ်ပါ ။ စားသုံးသူ အကျိုးရှိစေတဲ့ ပစ္စည်းကို ရောင်းချနေတာပါ ။
၁၄ ။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ် ၊ လက်ဆောင်ကို လူတိုင်း နှစ်သက်တတ်ကြပါတယ် ။
၁၅ ။ ကလေးများဟာ ကျေးဇူးရှင်ပါ ။ စားသုံးသူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊ကလေးစျေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ ။ ( ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်းမလုပ်ဘူး) ဆိုတာ လူတွေသိပါစေ ။
၁၆ ။ အသစ်ထွင်ပါ။ ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲ ကြိုးစားပါ။
၁၇ ။ အရောင်းအဝယ် ကြီးကြီး သေးသေး အစွမ်းကုန် ကြိုးစားပါ။ ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။ဝယ်သူ များလာအောင် ဆွဲဆောင်နိုင်ကြပါလိမ့်မယ်။
ီ_ဘာ_ဘာ
မြန်မာပြည်ရဲ့ တခုတည်းသော အလီဘာဘာစာကြည့်တိုက်နဲ့ အလီဘာဘာတက္ကသိုလ် တည်ထောင်လာတာဟာ မကြာခင်မှာ ၂နှစ်တင်းတင်း ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်
၂နှစ်ပြည့်မြောက်တဲ့အထိမ်းအမှတ်အနေနဲ့ အဆိုပါ လူကြိုက်အများဆုံး အစီအစဉ်ကြီး(၂)ခုကို အထူးဈေးနှုန်းတွေနဲ့ မေတ္တာလက်ဆောင်ပေးသွားတော့မှာ ဖြစ်ပါတယ်
09/01/2024
နှုတ်တစ်လုံး လွန်ခြင်းသည် ကြီးပွါးချမ်းသာ၍ နေသောအခါ၌ အမှတ်မဲ့ ဖြစ်တတ်၏။သတိမထားမိချေ။အလွန်ခံရသောသူသည်ကား သေသေချာချာ မမေ့နိုင်ဘဲ ရှိလေသည်။ထိုသူသည် ရန်သူဖြစ်နိုင်၏။ရန်သူမှန်က အစွယ်အပွါး အဆိပ်ရှိမြဲပေတည်း၊မိမိထက် ဆင်းရဲအောက်ကျ နိမ့်ကျသူဟု သဘောထားကာ စကားကို အမှတ်မဲ့ မပြောအပ်ပေ၊လူတို့မည်သည်ကြီးပွါးချမ်းသာသည့်အခါ ကြီးကျယ်၍ ဆင်းရဲသည့်အခါ သေးနုပ်၏။မကောင်းကြံသောအရာ၌ကား မခြားနားကြပေ။လူမွဲသည်လည်း လူပြောင်ဖြစ်နိုင်၏။လူပြောင်သည်လည်း လူမွဲဖြစ်နိုင်၏။ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းစပ်ကြား ထရံတစ်ချပ်သာ ရှိ၏။ကျန်းမာခြင်းနှင့်မကျန်းမာခြင်း စပ်ကြား ပျဉ်ထောင်တစ်ချပ်သာ ခြား၏။သုခနှင့်ဒုက္ခစပ်ကြား ကန့်လန့်ကာ တစ်ခုသာခြား၏။
အလုပ်အကိုင်ဖြောင့်တန်း၍နေသော လူချမ်းသာများသည် သင်္ခါပုတီးတို့ အမြဲစိပ်သင့်ကြလေသည်။ပုတီးစိပ်ရုံမဟုတ် စိတ်အမူအရာ၊နှုတ်အမူအရာ အမြဲသတိပြု၍ ထိန်းကြလေသည်။
ပညာသတိရှိသော သူဌေးသူကြွယ် မင်းစိုးအရာရှိ စသည်တို့သည် အများအားဖြင့် ယဉ်ကျေးသိမ်မွေ့သူများ ဖြစ်ကြသည်မှာ အခြားကြောင့်မဟုတ်၊ထိုသဘောတရားကို ကောင်းစွာ သိမြင်ကြခြင်းကြောင့် ဖြစ်လေသည်။
💡ဣစ္ဆာသယ စိတ်ပညာ
#တန်ဖိုး_၁၅၀ဘတ်💎✨
#စာမျက်နှာ_၂၄၅🗒🌟
ထိုင်းနိုင်ငံအနှံ့ပို့ပေးပါသည်။
#စာချစ်သူအားလုံးစိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...🌸🌼
Mr.Book💙
01/01/2024
ဘဝမှာ ပိုပြီး ကျေးဇူးတင်ရမယ့်သူက ကိုယ့်ကို အသက်ကယ်ခဲ့တဲ့သူ မဟုတ်ဘဲ အသက်ရှင်ချင်အောင် လုပ်ပေးတဲ့သူ တဲ့ ။
မှတ်မိနေတဲ့ ရုပ်ရှင်ဇာတ်လမ်းတစ်ခုထဲက စာသားလေးပေါ့ ။ တကယ်တော့ ဘဝမှာ ဒုက္ခရောက်တဲ့အချိန်တွေ အများကြီး ရှိခဲ့ဖူးတယ် ။ အသက်ဆက်ပြီး မရှင်သန်ချင်လောက်အောင်ထိ ဘဝကို စိတ်ပျက်စိတ်ကုန်ခဲ့ရတဲ့ အချိန်တွေ အများကြီး ရှိခဲ့ဖူးတယ် ။
ဘဝမှာ ဒုက္ခတွေနဲ့ကြုံတော့ ဒုက္ခတွင်းထဲကနေ ကယ်ထုတ်ခဲ့ကြတဲ့သူတွေ ရှိသလို ၊ ကျောခိုင်း ချန်ခဲ့ကြတဲ့သူတွေလဲ ရှိတယ် ။ အသက်ဆက်ပြီး ရှင်သန်ဖို့ အကြောင်းပြချက်တွေ မဲ့နေခဲ့တဲ့အချိန်မှာ ဆက်ပြီး အသက်ရှင်ချင်အောင် လုပ်ပေးခဲ့ကြတဲ့သူတွေ ရှိတယ် ။အခက်အခဲတွေကြားမှာ ဖေးမခဲ့ကြသလို ၊ ကျိုးကြေနေခဲ့တဲ့ ဘဝရဲ့ အဓိပ္ပာယ်တွေကို တစ်စစီ ပြန်ရှာပြီး ကောက်ဆက်ပေးခဲ့ကြတယ် ။
သူတို့ကြောင့်ပဲ မနက်ဖြန်တွေရဲ့ နေရောင်ခြည်တွေကို ထပ်ပြီး မြင်ခွင့်ရချင်ခဲ့တယ် ။ ချစ်တဲ့သူတွေကို ဆက်ပြီး ပွေ့ဖက်ချင်ခဲ့တယ် ။ အခက်အခဲတွေရှေ့မှာ ထွက်မပြေးဖို့ ၊ သတ္တိရှိရှိ ရင်ဆိုင်တတ်ဖို့ အားအင်တွေ ဖြစ်ခဲ့တယ် ။
ဘဝကို ဒီထက်ပိုပြီး အများကြီး ကောင်းမွန်အောင် ကြိုးစားကြည့်ချင်သေးတယ် ။ အကြောက်တရားတွေကို ရင်ဆိုင်ကြည့်ချင်သေးတယ် ။ မနက်ဖြန်တွေမှာ ဒီကနေ့ထက် ပိုပြီး ပျော်စရာကောင်းလိမ့်မလား ရင်ခုန်ကြည့်ချင်သေးတယ် ။ သေချာတာကတော့ ဆက်ပြီး ရှင်သန်ကြည့်ချင်သေးတယ် ။
#စူးရှမေ
#အဝါရောင်စုဘူးထဲမှာပျော်ရွှင်ခြင်းတွေရှိတယ်